Skip to main content

၂၀၂၆ ခုနှစ် နှစ်ကုန်ပိုင်းတွင် အားကောင်းသော အယ်လ်နီညိုအခြေအနေသို့ ရောက်ရှိနိုင်

နေပြည်တော် ဇွန် ၁၁

အီကွေတာအနီးရှိ အပူပိုင်းပစိဖိတ်သမုဒ္ဒရာ၏ ပင်လယ်ရေမျက်နှာပြင် အပူချိန်နှင့် လေထုဖြစ်စဉ်များမှာ အားအနည်းငယ်ရှိသော အယ်လ်နီညိုအခြေအနေသို့ ရောက်ရှိနေသည်။ နိုင်ငံတကာမိုးလေဝသဌာနများ၏ သင်္ချာပုံစံပြုမော်ဒယ်များခန့်မှန်းချက်အရ ၂၀၂၆ ခုနှစ် နှစ်ကုန်ပိုင်းတွင် အားကောင်းသော အယ်လ်နီညိုအခြေအနေသို့ ရောက်ရှိနိုင်သည်ဟု ခန့်မှန်းရသည်။

ဇွန် ၁၁ ရက် မွန်းလွဲ ၁၂ နာရီ ၁၅ မိနစ် ၁၆ စက္ကန့်က ရန်ကုန်မြို့မှ အနောက်တောင်ဘက် ၂၃ မိုင်၊ ကော့မှူးအနောက် မြောက်ဘက် တွံတေးမြို့အနီးကို ဗဟိုပြုကာ မြေအောက် အနက် ၆ မိုင်မှ မဂ္ဂနီကျု ၄ ဒသမ ၀ အဆင့်မြေငလျင်ငယ်တစ်ခုလှုပ်ခတ်သွားကြောင်း ငလျင်အက်ပလီကေးရှင်း ဖော်ပြချက်များအရ သိရသည်။

အဆိုပါလှုပ်ခတ်မှုကြောင့် ဒေါပုံ၊ သာကေတ၊ သင်္ဃန်းကျွန်း၊ ကမာရွတ် (လှည်းတန်း)၊ လှိုင်၊ စမ်းချောင်း၊ လှိုင်သာယာ၊ အလုံနှင့် သန်လျင်မြို့နယ်များတွင် နေထိုင်သူများက ငလျင လှုပ်ခတ်မှုကို သိသိသာသာ ခံစားခဲ့ကြရ သည်။

“မွန်းလွဲ ၁၂ နာရီ ၁၅ မိနစ်ဝန်းကျင်မှာ လှုပ်ခတ်ခဲ့တာကို သတိထားမိတယ်။ ၁၂ နာရီခွဲလောက်မှာ တစ်ခါခံစားရတယ်။ အသံပါပါတယ်။ အချိန်နည်းနည်းပဲ ကြာပေမယ့် အိမ်ကတော့ ယိမ်းထိုးသွားတာပဲ” ဟု သင်္ဃန်းကျွန်းမြို့နယ်နေ မချစ်စုက ပြောသည်။

ယခု ဇွန်လအတွင်း ရန်ကုန်၊ နေပြည်တော်၊ မန္တလေးနှင့် တမူးမြို့များအပါအဝင် မြန်မာနိုင်ငံတစ်ဝန်းတွင် ငလျင်လှုပ်ခတ်မှုအကြိမ်ရေ ၅ ကြိမ်ထက်မနည်းရှိလာခဲ့ပြီဖြစ်ကြောင်း သိရသည်။

TWA