နေပြည်တော် ဇွန် ၁၆
မြန်မာနိုင်ငံစာရင်းကောင်စီက ကြီးမှူးကျင်းပသည့် လက်မှတ်ရပြည်သူ့စာရင်းကိုင် (ပထမပိုင်း) သင်တန်း အမှတ်စဉ် - ၅၀ နှင့် ဒီပလိုမာစာရင်းကိုင် (ဒုတိယပိုင်း) သင်တန်းအမှတ်စဉ် - ၄၄ သင်တန်းဖွင့်ပွဲကို ယနေ့နံနက် ၉ နာရီခွဲတွင် နေပြည်တော်ရှိ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး နဝရတ်ခန်းမ၌ Hybrid စနစ်ဖြင့် ကျင်းပသည်။
အခမ်းအနားတွင် ပြည်ထောင်စုစာရင်းစစ်ချုပ် မြန်မာနိုင်ငံစာရင်းကောင်စီဥက္ကဋ္ဌ ဒေါ်နိုင်သက်ဦးက နိုင်ငံပိုင်နှင့် ပုဂ္ဂလိပိုင်ကဏ္ဍနှစ်ရပ်လုံးရှိ စာရင်းလုပ်ငန်းများတွင် စာရင်းပညာရှင်၊ စာရင်းကျွမ်းကျင်သူများအဖြစ် ရပ်တည်ဆောင်ရွက်နိုင်ရန် ဖွင့်လှစ်သင်ကြားသည့်သင်တန်းများဖြစ်ပါကြောင်း၊ အတတ်ပညာပိုင်းဆိုင်ရာ အရည်အချင်းများသာမက ကျင့်ဝတ်သိက္ခာမြင့်မားသူများဖြစ်ရန်လည်း လိုအပ်ပါကြောင်း ပြောကြားသည်။
ထို့နောက် အဆင့်မြင့်စာရင်းကိုင်နှင့် စာရင်းစစ်သင်တန်းကျောင်း (နေပြည်တော်) တာဝန်ခံက သင်တန်းဆိုင်ရာ အချက်အလက်များကို ရှင်းလင်းပြောကြားသည်။
လက်မှတ်ရ ပြည်သူ့စာရင်းကိုင် (ပထမပိုင်း) သင်တန်းအမှတ်စဉ် - ၅၀ နှင့် ဒီပလိုမာစာရင်းကိုင် (ဒုတိယပိုင်း) သင်တန်းအမှတ်စဉ် - ၄၄ တို့ကို ယနေ့မှစတင်၍ ဘာသာရပ် ခြောက်ခုစီဖြင့် အဆင့်မြင့်စာရင်းကိုင်နှင့် စာရင်းစစ်သင်တန်းကျောင်း ရန်ကုန်နှင့် နေပြည်တော်တို့တွင် ဖွင့်လှစ်သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်
