Skip to main content

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲ ကျင်းပ

နေပြည်တော် ဇူလိုင် ၄

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၏ ၂၀၂၆ ခုနှစ် မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲကို ယနေ့နံနက်ပိုင်းက နေပြည်တော်ဥတ္တရသီရိမြို့နယ် ငလိုက်ရေလှောင်တမံ၌ ကျင်းပသည်။

သစ်ပင်စိုက်ပျိုးပွဲတွင် ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်နှင့် ဒုတိယဝန်ကြီးများ၊ တာဝန်ရှိသူများက သတ်မှတ်နေရာများ၌ ရတနာတန်းဝင်ကျွန်းနှင့် မဟော်ဂနီပင်များကို စိုက်ပျိုးကြပြီး ဝန်ထမ်းများ၏ စုပေါင်းသစ်ပင်စိုက်ပျိုးမှုကို ကြည့်ရှုအားပေးကြသည်။

ယမန်နေ့နံနက်ပိုင်းကလည်း ပြည်ထောင်စုဝန်ကြီးသည် ရုံးအမှတ် ၄၃ ၌ မြေပြန့်ကော်ဖီပင်များကို ဝန်ထမ်းများနှင့်အတူ စိုက်ပျိုးခဲ့ကြကြောင်း သိရသည်။     

 သတင်းစဉ်