နေပြည်တော် ဇူလိုင် ၆
၂၀၂၆ ခုနှစ် ဝန်ကြီးဌာနပေါင်းစုံ ရိုးရာခြင်းလုံးပြိုင်ပွဲ (ဆဋ္ဌမနေ့) ကို နေပြည်တော် ဝဏ္ဏသိဒ္ဓိအားကစားရုံ (A) ၌ ဆက်လက်ကျင်းပလျက်ရှိရာ ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်သည် ယနေ့ဗိုလ်လုပွဲ ပွဲစဉ် ယှဉ်ပြိုင်ကစားမည့် ပညာရေးဝန်ကြီးဌာန အမျိုးသမီးအသင်းအား တွေ့ဆုံအားပေးစကား ပြောကြားသည်။
ထို့နောက် ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဟန်ဝင်းအောင်၊ ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်၊ မြန်မာနိုင်ငံ ရိုးရာခြင်းလုံးအဖွဲ့ချုပ်မှ နာယက ဦးစိုးတင့်၊ ဥက္ကဋ္ဌ ဦးရဲဝင်းထွဋ်တင်၊ တာဝန်ရှိသူများနှင့် အားကစားဝါသနာရှင်ပရိသတ်များသည် Linking Event – 3 (အမျိုးသမီး) ပြိုင်ပွဲ ဗိုလ်လုပွဲ ပွဲစဉ်အဖြစ် ပညာရေးဝန်ကြီးဌာနအသင်းနှင့် ဆောက်လုပ်ရေးဝန်ကြီးဌာနအသင်းတို့ ယှဉ်ပြိုင်ကစားနေမှုကို ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်
