Skip to main content

စာဆိုဗိမာန်သို့ လာရောက်လေ့လာကြည့်ရှုနိုင်

ရန်ကုန် ဇူလိုင် ၂၂

မြန်မာ့စာပေယဉ်ကျေးမှုအမွေအနှစ်များကို ထိန်းသိမ်းစောင့်ရှောက်ရန်နှင့် ပြည်သူများလေ့လာမှတ်သားသိရှိနိုင်စေရန် ခေတ်အဆက်ဆက် မြန်မာစာဆိုတော်ကြီးများအား ဂုဏ်ပြုချီးမြှင့်ရာရောက်စေမည့် စာဆိုဗိမာန်ကို ဇူလိုင် ၂၅ ရက်ရက်မှစ၍ အပတ်စဉ် အင်္ဂါ၊ ကြာသပတေးနှင့် စနေနေ့များတွင် အများပြည်သူသို့ အခမဲ့ ဖွင့်လှစ်ပြသသွားမည်ဖြစ်သည်။ စာပေဝါသနာရှင်များ၊ ကျောင်းသား ကျောင်းသူများနှင့် မိဘပြည်သူများအနေဖြင့် အဆိုပါနေ့များတွင် နံနက် ၁၀ နာရီမှ ညနေ ၄ နာရီအထိ လာရောက်လေ့လာနိုင်ရန် ဖိတ်ခေါ်ထားသည်။

စာဆိုဗိမာန်ကို ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာတောင်ညွန့်မြို့နယ် ဗိုလ်မင်းခေါင်လမ်း ဥယျာဉ်ရပ်ကွက် အမှတ် ၁၈ (A) တွင် ဖွင့်လှစ်ထားသည်။

သတင်းစဉ်