Skip to main content

Jul 06, 2023

(၄၄) ကြိမ်မြောက် အာဆီယံမူးယစ်ဆေးဝါးဆိုင်ရာ အဆင့်မြင့်အရာရှိကြီးများ အစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများ (44th ASEAN Senior Officials Meeting on Drug Matter and Its Related Meeting- ASOD) ကို မြန်မာနိုင်ငံက အလှည့်ကျအိမ်ရှင်အဖြစ် မြန်မာနိုင်ငံရဲတပ်ဖွဲ့ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှူးရုံး အစည်းအဝေးခန်းမ၌ ဗီဒီယိုကွန်ဖရင့်ဖြင့် ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Jul 06, 2023

ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်ရှိ မြန်မာ့သစ်လုပ်ငန်းဆင်ဝိုင်းမှ ဆင်မ ဇာနန်းလှ၊ အသက် ၃၃ နှစ်က ဆင်ဖြူတော် (အထီး) ကလေး (၁) စီးအား ၂၀၂၂ ခုနှစ် ဇူလိုင် (၂၃) ရက် နံနက် မင်္ဂလာအချိန် ၆ နာရီခွဲတွင် မွေးဖွားခဲ့ပြီး အဆိုပါ ဆင်ဖြူတော်လေးမှာ မွေးဖွားစတွင် အရပ်အမြင့် ၂ ပေ ၅ လက်မ၊ ကိုယ်လုံး လုံးပတ် ၃ ပေ ၁ လက်မ၊ ကိုယ်အလေးချိန် ပေါင် ၁၈၀ ခန့်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Jul 06, 2023

၂၀၂၃ ခုနှစ်၊ ဥပဒေရေးရာဝန်ကြီးဌာန၏ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲနှင့် ငါးမျိုးစိုက် ထည့်ခြင်းအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် သတ်မှတ်နေရာများ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Jul 06, 2023

ရန်ကုန်မြို့နှင့် မန္တလေးမြို့အတွက် ရည်ညွှန်းလက်ကားဈေးနှုန်းများနှင့် ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ တိုင်းဒေသကြီး/ပြည်နယ်မြို့တော်များအတွက် ရည်ညွှန်းလက်လီဈေးနှုန်းများ

ဆက်လက်ဖတ်ရှုရန်

Jul 06, 2023

အကြမ်းဖက်အုပ်စုအဖြစ် ကြေညာထားသော CRPH ၊ NUG နှင့် ယင်းတို့၏ လက်ဝေခံအဖွဲ့အစည်းများ၊ ယင်းတို့နှင့်ဆက်နွှယ်နေသောအဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် ပြည်သူလူထုကို အကြောက်တရားများဖြစ်ပေါ်စေပြီး အစိုးရယန္တရားများ ပျက်ပြားစေရန် ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်း၊ ခြိမ်းခြောက်ခြင်းများကို လူမှုကွန်ရက်များမှတစ်ဆင့် နည်းမျိုးစုံဖြင့် ပြုလုပ်လျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Jul 06, 2023

အမုန်းစကားကို ဆန့်ကျင်ကြ၊ တားဆီးကြရမည်

ဆက်လက်ဖတ်ရှုရန်

Jul 06, 2023

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနသည် တောင်သူလယ်သမားများ၏ စိုက်ပျိုးရေးလုပ်ငန်းများတွင် သဘာဝဓာတ်မြေဩဇာများ အသုံးပြုနိုင်ရေးအတွက် ရုရှားဖက်ဒရေးရှင်းနိုင်ငံ ရော့စ်ကွန်ကရက်ရင်းနှီးမြှုပ်နှံမှုရန်ပုံငွေအဖွဲ့၏ ရင်းနှီးမြှုပ်နှံမှုနှင့် နည်းပညာများအပါအဝင် သဘာဝဓာတ်မြေဩဇာစက်ရုံများတည်ဆောက်နိုင်ရေး ညှိနှိုင်းဆောင်ရွက်လျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Jul 06, 2023

လယ်ယာကဏ္ဍရေရှည်ဖွံ့ဖြိုးတိုးတက်စေရေးအတွက် စိုက်ပျိုးရေးကွင်းဆက်တစ်လျှောက်ရှိ သက်ဆိုင်သူများအားလုံး ကြုံတွေ့နေကြရသည့် နည်းပညာလိုအပ်ချက်များနှင့်အခက်အခဲများကို ဝိုင်းဝန်းဆွေးနွေးအဖြေရှာရန် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနတွင် လစဉ်ကျင်းပလျက်ရှိသည့် ဗုဒ္ဓဟူးနေ့စကားဝိုင်းကို ယနေ့တွင် (၂၃)ကြိမ်မြောက်အဖြစ်ကျင်းပပြီး “ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ်မှုနှင့် အစားအစာဘေးအန္တရာယ်ကင်းရှင်းရေး” ခေါင်းစဉ်ဖြင့် ဆွေးနွေးသည်။

ဆက်လက်ဖတ်ရှုရန်

Jul 06, 2023

ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနနှင့် နေပြည်တော်ဟိုတယ်ဆိုင်ရာလုပ်ငန်းရှင်များအသင်းတို့ပူးပေါင်း၍ ၂၀၂၃ ခုနှစ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ကောင်စီ ဒက္ခိဏသီရိခရိုင် နေပြည်တော်ဟိုတယ်ဇုန်အတွင်းရှိ နေပြည်တော် ဟိုတယ်ဆိုင်ရာလုပ်ငန်းရှင်များအသင်းရုံးနေရာ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Jul 06, 2023

e-ID စနစ်လုပ်ငန်းကော်မတီဥက္ကဋ္ဌ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်သည် မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးအောင်၊ တာဝန်ရှိသူများနှင့်အတူ ယမန်နေ့မွန်းလွဲပိုင်းက မန္တလေးတိုင်းဒေသကြီး ပြည်ကြီးတံခွန်မြို့နယ် ဦးစီးမှူးရုံးသို့ သွားရောက်ကြည့်ရှုစစ်ဆေးခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Jul 06, 2023

၁။ မြန်မာနိုင်ငံတွင် ၁၄-၅-၂၀၂၃ ရက်နေ့တွင် ဖြစ်ပွားခဲ့သည့် အလွန့်အလွန်အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်းမိုခါကြောင့် ဘေးသင့်ပြည်သူများအတွက် ပါဝင်လှူဒါန်းလိုသော စေတနာရှင်ပြည်သူများအနေဖြင့် မြန်မာကျပ်ငွေစာရင်းအမှတ် OA -011834 နှင့် နိုင်ငံခြား ငွေစာရင်းအမှတ် 1DA- 0300086 သို့ ထည့်ဝင်လှူဒါန်းနိုင်ကြောင်း ကြေညာခဲ့ပါသည်။

ဆက်လက်ဖတ်ရှုရန်

Jul 06, 2023

ကျောင်းသားလူငယ် ဖြောင့်မတ်တည်ကြည်မှုမြှင့်တင်ရေး ပညာပေးအစီအစဉ်ကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ဒက္ခိဏသီရိမြို့နယ်ရှိ အမှတ်(၁၈) အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Jul 06, 2023

ရခိုင်ပြည်နယ် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌ၊ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းသည် ဒုတိယဝန်ကြီးများ၊ ပြည်နယ်ဝန်ကြီးများ၊ တာဝန်ရှိသူများနှင့်အတူ ယနေ့မွန်းလွဲပိုင်းက စစ်တွေတက္ကသိုလ်၌ ဆိုင်ကလုန်းမုန်တိုင်း (မိုခါ)တိုက်ခတ်မှုကြောင့် ထိခိုက်ပျက်စီးခဲ့သော စာသင်ဆောင်၊ စာသင်ခန်း၊ ကျောင်းသား အိပ်ဆောင်များ ပြန်လည်ပြုပြင်နေမှုနှင့် ပြုပြင်ပြီးစီးမှုအခြေအနေကို သွားရောက်ကြည့်ရှုစစ်ဆေးသည်။

ဆက်လက်ဖတ်ရှုရန်

Jul 06, 2023

ပြည်သူ့ဘဏ္ဍာရေးစီမံခန့်ခွဲမှု အထူးမွမ်းမံသင်တန်းအမှတ်စဉ်(၅) သင်တန်းဆင်းပွဲအခမ်းအနားကို ယနေ့မွန်းလွဲပိုင်းတွင် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်သူ့ဘဏ္ဍာရေးစီမံခန့်ခွဲမှုသင်တန်းကျောင်း(နေပြည်တော်)၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Jul 06, 2023

လူမှုရေးဆိုင်ရာ အသိပညာမြင့်မားရေးသင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန စုပေါင်းခန်းမ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Jul 06, 2023

တရုတ်ပြည်သူ့သမ္မတနိုင်ငံ ကွမ်တုံးပြည်နယ်ရှန်းကျန်းမြို့၌ ကျင်းပလျက်ရှိသော China- ASEAN Forum on Emerging Industry သို့ တက်ရောက်နေသည့် စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းနှင့် မြန်မာကိုယ်စားလှယ်အဖွဲ့သည် ယနေ့နံနက်ပိုင်းတွင် Parallel Forum ဖြစ်သော China - ASEAN Sub-Forum on NEV Industry Cooperation အခမ်းအနားသို့ တက်ရောက်သည်။

ဆက်လက်ဖတ်ရှုရန်

Jul 06, 2023

အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာပွင့်ဆန်းသည် ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး တိုင်းရင်းသားရေးရာဝန်ကြီး၊ တာဝန်ရှိသူများနှင့်အတူ သင်္ဃန်းကျွန်းမြို့နယ်ရှိ Center for Vocational Training (Myanmar) သို့ရောက်ရှိပြီး လုပ်ငန်းခွင်တွင် ဝင်ရောက်လုပ်ကိုင်နေသော မြန်မာလူငယ်များကို အသက်မွေးဝမ်းကျောင်းဆိုင်ရာပညာရပ်များ သင်ယူလေ့လာနိုင်ရန်နှင့် လူငယ်များလုပ်ငန်းခွင်အတွင်း ကျွမ်းကျင်မှုစွမ်းရည်များ တိုးတက်စေရေးအပြင် အသိပညာအတတ်ပညာဗဟုသုတဖွံ့ဖြိုးတိုးတက်စေရေးအတွက် ဖွင့်လှစ်ပို့ချသော အသက်မွေးဝမ်းကျောင်းသင်တန်းများတွင် လက်တွေ့သင်ကြားမှုဆိုင်ရာ သရုပ်ပြခြင်းကို လှည့်လည်ကြည့်ရှုစစ်ဆေးသည်။

ဆက်လက်ဖတ်ရှုရန်

Jul 06, 2023

နိုင်ငံတော်၏ ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့နှင့် မွန်ပြည်သစ်ပါတီ (NMSP) ကိုယ်စားလှယ်အဖွဲ့တို့ ငြိမ်းချမ်းရေးတွေ့ဆုံဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုဗဟိုဌာန၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Jul 06, 2023

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ၂၀၂၃ ခုနှစ် ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲ အခမ်းအနားကျင်းပရေးဦးစီးကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပရာ ၂၀၂၃ ခုနှစ် ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲ အခမ်းအနားကျင်းပရေးဦးစီးကော်မတီ နာယက၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း တက်ရောက်အမှာစကားပြောကြားသည်။

ဆက်လက်ဖတ်ရှုရန်

Jul 06, 2023

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ကူဝိတ်နိုင်ငံဝန်ကြီးချုပ် His Highness Sheikh Ahmad Nawaf Al-Ahmad Al-Sabah နှင့် ယနေ့ မွန်းလွဲ ၁၂ နာရီခွဲတွင် တယ်လီဖုန်းဖြင့် ဆက်သွယ်ဆွေးနွေးသည်။

ဆက်လက်ဖတ်ရှုရန်