Skip to main content

Jul 10, 2023

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ဒုတိယဝန်ကြီးချုပ်နှင့် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး တင်အောင်စန်းသည် ယနေ့နံနက်ပိုင်းတွင် နိုင်ငံတကာ ကုန်သွယ်မှုအတွက်အရေးပါသည့် သီလဝါဆိပ်ကမ်းဒေသရှိ နိုင်ငံတကာဆိပ်ကမ်းတံတားများနှင့် ရန်ကုန်ဘူတာကြီးဝင်းအတွင်းရှိ Rail Bus Engine-RBE စက်ခေါင်းရုံများသို့ သွားရောက်ကြည့်ရှုစစ်ဆေးသည်။

ဆက်လက်ဖတ်ရှုရန်

Jul 10, 2023

၁။ ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ(၁၉)ရက်နေ့တွင် ကျင်းပပြုလုပ်မည့် (၇၆)နှစ်မြောက်အာဇာနည်နေ့အခမ်းအနားကို ဗဟန်းမြို့နယ်ရှိ အာဇာနည်ဗိမာန်တွင် ကျင်းပပြုလုပ်မည်ဖြစ်ရာ အခမ်းအနားကျင်းပမည့်နံနက် ၀၄၀၀ နာရီအချိန်မှ အခမ်းအနားပြီးဆုံးသည်အထိ အနောက်ရွှေဂုံတိုင်လမ်းအား ရေတာရှည်လမ်းဟောင်းမှလည်းကောင်း၊ ဓမ္မစေတီလမ်းအား ဦးဝိစာရ-ဓမ္မစေတီလမ်းဆုံမှလည်းကောင်း၊ ဓမ္မစေတီလမ်းအား အင်းယားမြိုင်လမ်းဆုံမှလည်းကောင်း၊ အာဇာနည်လမ်းအား အနောက်ရွှေဂုံတိုင်လမ်းနှင့် ဦးဝိစာရလမ်းဆုံမှလည်းကောင်း၊ အာဇာနည်လမ်းအား ဦးထောင်ဘိုလမ်းနှင့် အာဇာနည်လမ်းဆုံမှလည်းကောင်း၊ ဦးဝိစာရလမ်းအား ဦးဝိစာရအဝိုင်းမှ ဦးဝိစာရ-ဓမ္မစေတီ လမ်းဆုံအထိလည်းကောင်း၊ ရွှေတိဂုံဘုရားမြောက်ဘက်မုခ်(သွေးဆေးကန်)လမ်းတို့အား ခေတ္တပိတ်ထားမည်ဖြစ်ပြီး လမ်းပိတ်/လမ်းလွှဲဆောင်ရွက်သွားမည်ဖြစ်ပါသည်။

ဆက်လက်ဖတ်ရှုရန်

Jul 10, 2023

၂ဝ၂၂ ခုနှစ်အတွက် ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ ကလေးသူငယ်များနှင့် လက်နက်ကိုင်ပဋိပက္ခဆိုင်ရာအစီရင်ခံစာကို ၂၇-၆-၂ဝ၂၃ ရက်တွင် စာရွက်စာတမ်းအမှတ်၊ A/77/895-S/2023/ 363 ဖြင့်ထုတ်ပြန်ခဲ့ကြောင်းနှင့် ယင်းအစီရင်ခံစာဆိုင်ရာ ကုလသမဂ္ဂလုံခြုံရေးကောင်စီတံခါးဖွင့် အစည်းအဝေးကို ၅-၇-၂ဝ၂၃ ရက်၌ ကျင်းပခဲ့ကြောင်းတွေ့ရှိရသည်။ အစည်းအဝေးတွင် အထူးကိုယ်စားလှယ်နှင့် နိုင်ငံအချို့က မြန်မာနိုင်ငံနှင့်ပတ်သက်၍ တာဝန်မဲ့ ရည်ညွှန်းပြောကြားမှုများ ရှိခဲ့သည်ကို တွေ့ရှိရသည်။

ဆက်လက်ဖတ်ရှုရန်

Jul 10, 2023

ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာနအောက်ရှိ ဆေးတက္ကသိုလ်များတွင် ပညာသင်ကြားမှုများ အောင်မြင်ပြီးဆုံးခဲ့သည့် ကျောင်းသား ကျောင်းသူစုစုပေါင်း ၆၀၄ ဦးတို့သည် ၂၀၂၃ ခုနှစ် ဇူလိုင်လမှစတင်၍ သင်ကြားရေးဆေးရုံကြီးများတွင် အလုပ်သင်ဆရာဝန်အဖြစ် တစ်နှစ်တိတိ စတင်တာဝန်ထမ်းဆောင်နေကြပြီဖြစ်သည်။ သင်တန်းကာလပြီးမြောက်ပါက လက်ထောက်ဆရာဝန်များအဖြစ် နိုင်ငံ့တာဝန်များကို ဆက်လက်ထမ်းဆောင်ကြမည်ဖြစ်သည်။

ဆက်လက်ဖတ်ရှုရန်

Jul 10, 2023

နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြည်သူတို့၏ဘဝများ သာယာဝပြောရေးတို့အတွက် အကြီးမားဆုံးသောအန္တရာယ်ဖြစ်သည့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကို နိုင်ငံတော်က အလေးထားဆောင်ရွက်လျက်ရှိသည်။ မိမိတို့၏ လူ့အဖွဲ့အစည်းအတွင်း ကျယ်ပြန့်နက်ရှိုင်းစွာ အမြစ်တွယ်လျက်ရှိသော အဂတိလိုက်စားမှုများကို တိုက်ဖျက်ရာတွင် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်သည် အသိပညာပေးခြင်း၊ တားဆီးကာကွယ်ခြင်းနှင့် စုံစမ်းစစ်ဆေးအရေးယူဆောင်ရွက်ခြင်းဟူသော နည်းလမ်းသုံးခုဖြင့် ဆောင်ရွက်လျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Jul 09, 2023

၁။ မြန်မာနိုင်ငံတွင် ၁၄-၅-၂၀၂၃ ရက်နေ့တွင်ဖြစ်ပွားခဲ့သည့် အလွန့်အလွန်အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်း(မိုခါ)ကြောင့် ဘေးသင့်ပြည်သူများအတွက် ပါဝင်လှူဒါန်းလိုသော စေတနာရှင်ပြည်သူများအနေဖြင့် မြန်မာကျပ်ငွေစာရင်းအမှတ် OA -011834 နှင့် နိုင်ငံခြားငွေစာရင်းအမှတ် 1DA- 0300086 သို့ ထည့်ဝင်လှူဒါန်းနိုင်ကြောင်း ကြေညာခဲ့ပါသည်။

ဆက်လက်ဖတ်ရှုရန်

Jul 09, 2023

အကြမ်းဖက်အုပ်စုအဖြစ်ကြေညာထားသော CRPH ၊ NUG နှင့် ယင်းတို့၏ လက်ဝေခံအဖွဲ့အစည်းများ၊ ယင်းတို့နှင့်ဆက်နွှယ်နေသောအဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် ပြည်သူလူထုကို အကြောက်တရားများဖြစ်ပေါ်စေပြီး အစိုးရယန္တရားများ ပျက်ပြားစေရန် ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်း၊ ခြိမ်းခြောက်ခြင်းများကို လူမှုကွန်ရက်များမှတစ်ဆင့် နည်းမျိုးစုံဖြင့် ပြုလုပ်လျက်ရှိပါသည်။

ဆက်လက်ဖတ်ရှုရန်

Jul 09, 2023

ဆိုင်ကလုန်းမုန်တိုင်း(မိုခါ)တိုက်ခတ်မှုကြောင့် ပျက်စီးမှုများဖြစ်ပေါ်ခဲ့သည့် စစ်တွေမြို့ရှိ မုန်တိုင်းဒဏ်သင့် ဒေသခံပြည်သူများနှင့် ဌာနဆိုင်ရာဝန်ထမ်းများ၏ စားသောက်ရေးအဆင်ပြေစေရန်နှင့် မိမိတို့အလိုရှိရာ စားသောက်ကုန်ပစ္စည်းများကို ဈေးနှုန်းသက်သာစွာဖြင့် ဝယ်ယူစားသောက်နိုင်ရေးအတွက် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်၊ နယ်မြေခံတပ်မတော်သားများနှင့် တာဝန်ရှိသူများက နေ့စဉ်ရောင်းချပေး လျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Jul 09, 2023

ကျန်းမာရေးဝန်ကြီးဌာနသည် COVID-19 သံသယလူနာများ၊ ဓာတ်ခွဲအတည်ပြုလူနာနှင့် အနီးကပ်ထိတွေ့ခဲ့သူများနှင့် အသွားအလာ ကန့်သတ်ထားရှိသူများအား COVID-19 ရောဂါ ရှိ၊ မရှိ ဓာတ်ခွဲစစ်ဆေးခြင်း ပုံမှန်ဆောင်ရွက်လျက်ရှိပြီး (၈-၇-၂၀၂၃) ရက်နေ့၊ ည (၈:၀၀) နာရီမှ (၉-၇-၂၀၂၃) ရက်နေ့၊ ည (၈:၀၀)နာရီအတွင်း ဓာတ်ခွဲနမူနာစုစုပေါင်း (၆,၂၃၄)ခုအား စစ်ဆေးပြီးစီးခဲ့ရာ COVID-19 ရောဂါဓာတ်ခွဲအတည်ပြုလူနာသစ် (၂၂) ဦး တွေ့ရှိရပါသည်။ ထို့ကြောင့် ယနေ့အတွက် ရောဂါပိုးတွေ့ရှိမှုရာခိုင်နှုန်းမှာ (၀.၃၅) ရာခိုင်နှုန်းရှိပါသည်။

ဆက်လက်ဖတ်ရှုရန်

Jul 09, 2023

၁။ မြန်မာနိုင်ငံတွင် ၁၄-၅-၂၀၂၃ ရက်နေ့တွင် ဖြစ်ပွားခဲ့သည့် အလွန့်အလွန်အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်း (မိုခါ)ကြောင့် ဘေးသင့်ပြည်သူများအတွက် ပါဝင်လှူဒါန်းလိုသော စေတနာရှင်ပြည်သူများအနေဖြင့် မြန်မာကျပ်ငွေစာရင်းအမှတ် OA -011834 နှင့် နိုင်ငံခြား ငွေစာရင်းအမှတ် 1DA- 0300086 သို့ ထည့်ဝင်လှူဒါန်းနိုင်ကြောင်း ကြေညာခဲ့ပါသည်။

ဆက်လက်ဖတ်ရှုရန်

Jul 09, 2023

တနင်္သာရီတိုင်းဒေသကြီး မြိတ်ကျွန်းစု၌ မွေးမြူထုတ်လုပ်ပြီး ပြည်ပပို့ကုန်အဖြစ် နိုင်ငံခြားဝင်ငွေ ရရှိလျက်ရှိသည့် ပနားမီးပုစွန်ဖြူကို တရုတ်နှင့်ဂျပန် နိုင်ငံသို့ တင်ပို့လျက်ရှိကြောင်း တနင်္သာရီတိုင်းဒေသကြီး ငါးလုပ်ငန်းဦးစီးဌာနမှ သိရသည်။

ဆက်လက်ဖတ်ရှုရန်

Jul 09, 2023

ဒေသခံပြည်သူများ  ကုန်စည်ပို့ဆောင်မှုနှင့်  သွားလာမှုများ အဆင်ပြေ ချောမွေ့စေရေးအတွက်  ကချင်ပြည်နယ် မြစ်ကြီးနားမြို့နှင့်  မိုးကောင်းမြို့အထိ မြန်မာ့မီးရထား ပြန်လည်ပြေးဆွဲနိုင်ရေးအတွက် ရထားသံလမ်းများရှိ ချုံနွယ်ပေါင်းမြက်များ ခုတ်ထွင်ရှင်းလင်း ခြင်းကို ဇွန် ၂၉ ရက်မှ ဇူလိုင် ၁  ရက် အထိ ပထမအကြိမ် ဆောင်ရွက်ပေးပြီး ယနေ့တွင်  ဒုတိယအကြိမ် မြစ်ကြီးနားမြို့ နန်းကွေ့ဘူတာရုံမှ မြစ်ကြီးနားဘူတာကြီးသို့ သွားရောက်သည့်  ရထားသံလမ်း ဝဲ/ ယာရှိ ချုံနွယ်ပေါင်းမြက်များကို မြောက်ပိုင်း တိုင်းစစ်ဌာနချုပ် ကွပ်ကဲမှုအောက်ရှိ နယ်မြေခံ တပ်မတော်သားများနှင့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များက  စုပေါင်း ရှင်းလင်းဆောင်ရွက်ကြသည်။

ဆက်လက်ဖတ်ရှုရန်

Jul 09, 2023

ရန်ကုန်မြို့နှင့် မန္တလေးမြို့အတွက် ရည်ညွှန်းလက်ကားဈေးနှုန်းများနှင့် ပြည်ထောင်စုနယ်မြေ နေပြည်တော်တိုင်းဒေသကြီး/ပြည်နယ် မြို့တော်များအတွက် ရည်ညွှန်းလက်လီဈေးနှုန်းများ

ဆက်လက်ဖတ်ရှုရန်

Jul 09, 2023

စင်ကာပူနိုင်ငံ ပညာရေးဝန်ကြီးဌာနနှင့် စင်ကာပူနိုင်ငံ သိပ္ပံပညာဌာနတို့ ပူးပေါင်း၍ SEAMEO အဖွဲ့ဝင်များ ကြီးမှူးကျင်းပသည့် SEAMEO Singapore Student Challenge (SSSC-2023) သို့ မြန်မာနိုင်ငံ ကိုယ်စားပြု ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသည့် ဒဂုံမြို့နယ် အမှတ် (၁) အခြေခံပညာ အထက်တန်းကျောင်းမှ ကျောင်းသား ကျောင်းသူများသည် အာဆီယံ ၁၀ နိုင်ငံတွင် ဒုတိယဆုကို ဆွတ်ခူးရရှိခဲ့ပြီး ယနေ့မွန်းလွဲပိုင်းတွင် ရန်ကုန်မြို့သို ပြန်လည်ရောက်ရှိခဲ့ရာ အခြေခံပညာ ဦးစီးဌာန ဒဂုံအမှတ် (၁) အထက်တန်းကျောင်းမှ တာဝန်ရှိသူများ၊ ကျောင်းအကျိုးတော်ဆောင်များ၊ မိဘဆရာအသင်းနှင့် ပြိုင်ပွဲဝင် ကျောင်းသား ကျောင်းသူတို့၏ မိဘများက ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ လှိုက်လှိုက်လှဲလှဲ ကြိုဆိုခဲ့ကြသည်။

ဆက်လက်ဖတ်ရှုရန်

Jul 09, 2023

စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ချာလီသန်းသည် ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်း ဒေသကြီး အင်းစိန်မြို့နယ် ဆေးဝါးစက်ရုံ(အင်းစိန်)သို့ သွားရောက်ကြည့် ရှုစစ်ဆေးသည်။

ဆက်လက်ဖတ်ရှုရန်

Jul 09, 2023

၂၀၂၃ ခုနှစ် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန မိုးရာသီသစ်ပင်စိုက်ပျိုးပွဲကို ယနေ့ နံနက် ၉ နာရီခွဲက နေပြည်တော်ရှိ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန သရက်ခြံအနီး၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Jul 09, 2023

နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင် ဒုတိယဝန်ကြီးချုပ်နှင့် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးတင်အောင်စန်းသည် ယနေ့တွင် မြန်မာ့ဆက်သွယ်ရေး လုပ်ငန်း နည်းပညာဌာန၏ လုပ်ငန်းဆောင်ရွက်နေမှု အခြေ အနေများကို ကြည့်ရှုစစ်ဆေးပြီး ပြည်တွင်း လေကြောင်းလိုင်းများ၊ လေဆိပ် Operator များမှ တာဝန် ရှိသူများနှင့် တွေ့ဆုံသည်။

ဆက်လက်ဖတ်ရှုရန်

Jul 09, 2023

ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြား စီးပွားဆက်သွယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော် ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် တရုတ်နိုင်ငံ နိုင်ငံတကာဖွံ့ဖြိုးတိုးတက်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ (China International Development Cooperation Agency- CIDCA) ၏ ဖိတ်ကြားချက်အရ တရုတ်ပြည်သူ့သမ္မတနိုင်ငံ ပေကျင်းမြို့၌ ဇူလိုင် ၉ ရက် မှ ၁၀ ရက်အထိ ကျင်းပမည့် ဖွံ့ဖြိုးမှုမျှဝေခြင်းအတွက် ကမ္ဘာလုံးဆိုင်ရာ ဆောင်ရွက်ချက်ဖိုရမ်၏ ပထမအကြိမ် အဆင့်မြင့်ညီလာခံနှင့် ရှမန်မြို့၌ ဇူလိုင် ၁၂ ရက်တွင် ကျင်းပမည့် ၂၀၂၃ ခုနှစ် သမုဒ္ဒရာ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုနှင့် စီမံခန့်ခွဲမှုဆိုင်ရာ ဆွေးနွေးပွဲဖွင့်ပွဲ အခမ်းအနားတို့သို့ တက်ရောက်ရန် ယနေ့နံနက်ပိုင်းတွင် လေကြောင်းခရီးဖြင့် ရန်ကုန်မြို့မှ တရုတ်ပြည်သူ့ သမ္မတနိုင်ငံသို့ ထွက်ခွာသွားသည်။

ဆက်လက်ဖတ်ရှုရန်

Jul 09, 2023

(၅၇) ကြိမ်မြောက် ကျောက်ကပ်အစားထိုးခွဲစိတ်ကုသမှုကို ဇူလိုင် ၆ ရက်က အထူးကု ဆေးရုံကြီး (ခုတင်-၅၀၀) ရန်ကုန်၌ အောင်မြင်စွာ ဆောင်ရွက်နိုင်ခဲ့ကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုရန်

Jul 09, 2023

သစ်တောသစ်ပင်များသည် သဘာဝပတ်ဝန်းကျင်ကို မျှတကောင်းမွန်အောင်ဖြစ်ပေါ်ရေးနှင့် သက်ရှိများ ရှင်သန်ဖြစ်ထွန်းရေးအတွက် များစွာအကျိုးပြုလျက်ရှိသည်။ သစ်တောသစ်ပင်များ၏ အကျိုးကျေးဇူးဖြစ်ထွန်းမှုများမှာ များပြားလှသည်။ သစ်တောသစ်ပင်များသည် လူသားများ အကျိုးဖြစ်ထွန်းရေးအတွက် စဉ်ဆက်မပြတ် အထောက်အကူပြုလျက်ရှိသည်။ ထို့ကြောင့် သစ်တောသစ်ပင်များ ဖွံ့ဖြိုးတိုးတက်ရေးကို ဝိုင်းဝန်းကြိုးပမ်းကြရမည် ဖြစ်သည်

ဆက်လက်ဖတ်ရှုရန်