Jan 01, 2020
ယနေ့သည် ခရစ်နှစ် ၂၀၁၉ ခုနှစ်ကုန်ဆုံး၍ ခရစ်နှစ်သစ် ၂၀၂၀ ပြည့်နှစ်သို့ စတင်ရောက်ရှိသောနေ့ ဖြစ်သည်။ အနောက်တိုင်း ပြက္ခဒိန်နှစ် သတ်မှတ်ချက်အရ နှစ်တစ်နှစ်ကုန်ဆုံးပြီး နှစ်သစ်သို့ကူးပြောင်းရောက်ရှိသော ကာလတွင် အရှေ့တိုင်းအယူအဆကို အဓိကဦးစားပေးသော မြန်မာနိုင်ငံအဖို့ ငြိမ်းချမ်းသာယာပျော်ရွှင်မှု အပေါင်းတို့နှင့် ပြည့်စုံကြပါစေရန် ဆုတောင်းမေတ္တာပို့သ အပ်ပါသည်။
Jan 01, 2020
နှစ်သစ်မှာ လောကတစ်ခုလုံး ငြိမ်းချမ်းပါစေ...
ခရစ်နှစ် ၂၀၂၀ သို့ ဝင်ရောက်လာခဲ့ပြီတည်း။
နှစ်သစ်ရောက်ပြီဆိုသည့်အခါ လူအများစုအဖို့ ဟိုဘက်နှစ် ၂၀၁၉ မှသည် သည်ဘက်နှစ် ၂ဝ၂ဝ ဆီသို့ ကူးပြောင်းလာခဲ့ပြီကော ဟုဆိုသည့် သာမန်ခံစားမှုမျှမဟုတ်ဘဲ စိတ်လှုပ်ရှားမှုများ၊ စိတ်ကူးသစ် ဉာဏ်သစ် ပြောင်းလဲလိုစိတ်အသစ်များဖြင့် အတွေးလျှံနေကြ လေ့ရှိသည်။
Dec 28, 2019
ယခုဆိုလျှင် ရန်ကုန်မြို့သည် လူဦးရေ ခြောက်သန်းကျော်အထိရှိနေသည့် မဟာမြို့ကြီးတစ်မြို့အဖြစ် ကြီးထွားနေခဲ့ပြီဖြစ်သည်။ ပြဿနာများကလည်း ထင်ထင်ရှားရှား ပေါ်ပေါက်နေပြီဖြစ်သည်။ လွန်ခဲ့သော နှစ်နှစ်၊ သုံးနှစ်ခန့်ကနှင့် နှိုင်းယှဉ်လျှင် များစွာပိုမိုဆိုးရွားလာနေပြီဖြစ်သည့် မြို့တွင်း သွားလာရေးခက်ခဲမှု အကျပ်အတည်းကြီးကို ကြုံနေရပြီ။ အများပြည်သူသုံး ခရီးသွားလာရေးစနစ်က ကျယ်ပြန့်ထွန်းကားမှုမရှိဘဲ လမ်းများပေါ်တွင် အတောင့်လိုက်ဖြစ်ကာ ကျပ်တည်းနေသည့် လမ်း ပိတ်ဆို့မှုများက ကြီးစိုးနေသည်။ ဓာတ်ဆီ၊ ဒီဇယ် ညှော်နံ့၊ မီးခိုးငွေ့များနှင့်အတူ ညစ်ညမ်းလှသည့် ဆိုးဆိုးရွားရွား အနံ့အသက်များ၊ ဆူညံပွက်လောရိုက်နေသည့် ဆူညံသံ ညစ်ည