Skip to main content

Oct 03, 2025

မြန်မာနိုင်ငံအိုလံပစ်ကော်မတီ ဥက္ကဋ္ဌ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနနှင့် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်သည် တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် မန္တလေးတိုင်းဒေသကြီးရှိ အားကစားနှင့်ကာယပညာသိပ္ပံ (မန္တလေး)ရှိ Synthetics မီတာ ၄၀၀ ပြေးလမ်းပါ ဘောလုံးကွင်း တည်ဆောက်ပြီးစီးမှုနှင့် Syn-thetics မီတာ ၄၀၀ ပြေးလမ်း အခြေအနေကို ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများအား လိုအပ်သည်များ အမြန်ဆုံးပြုပြင်နိုင်ရေး ဆောင်ရွက်သွားရန်မှာကြားသည်။

ဆက်လက်ဖတ်ရှုရန်

Oct 03, 2025

မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်ဥက္ကဋ္ဌ ဦးပေါ်လွင်စိန်နှင့် ကော်မရှင်အဖွဲ့ဝင် ဦးကျော်စိုးတို့ဦးဆောင်သော ကြည့်ရှုစစ်ဆေးရေးအဖွဲ့သည် ကော်မရှင်ဥပဒေပုဒ်မ ၄၃၊ ၄၄ ပြဋ္ဌာန်းချက်များနှင့်အညီ ၂၀၂၅ ခုနှစ် စက်တင်ဘာ ၂၉ ရက်မှ အောက်တိုဘာ ၂ ရက်အထိ ရှမ်းပြည်နယ် တောင်ကြီးမြို့ရှိ ရှမ်းရိုးမဘိုးဘွားရိပ်သာ၊ တောင်ကြီးမြို့မရဲစခန်းအချုပ်ခန်း၊ ကျိုင်းတုံမြို့ရှိ ကျိုင်းတုံအကျဉ်းထောင်၊ ကျိုင်းတုံမြို့မရဲစခန်း အချုပ်ခန်းနှင့် အမျိုးသမီးသက်မွေးအတတ်ပညာသင်ကျောင်း(ကျိုင်းတုံ)များကို သွားရောက်ကြည့်ရှု စစ်ဆေးခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Oct 03, 2025

အလုပ်သမားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းရှိန်သည် ယနေ့ မွန်းလွဲပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီးရှိ အလုပ်သမားရေးရာ တာဝန်ရှိသူများနှင့်အတူ ရန်ကင်းမြို့နယ်ရှိ ကျွမ်းကျင်မှုလေ့ကျင့်ရေးသင်တန်းကျောင်း(ရန်ကင်း)၌ ARA Academy နှင့် Dual Tech Vocational Training Institute တို့ပူးပေါင်းစီစဉ်ဖွင့်လှစ်နေသည့် ရုရှားဘာသာစကားနှင့် အပူပေးစနစ်/ လေအေးပေးစနစ်သင်တန်းများကို ကြည့်ရှုအားပေးသည်။

ဆက်လက်ဖတ်ရှုရန်

Oct 03, 2025

ကုန်သွယ်မှုနှင့်ကုန်စည်စီးဆင်းမှုများ မှန်ကန်မြန်ဆန်စေရေးဗဟိုကော်မတီ (၃/၂၀၂၅) ကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ မွန်းလွဲပိုင်းတွင် နေပြည်တော် ရုံးအမှတ်(၃) အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Oct 03, 2025

ရန်ကုန်မြို့နှင့် မန္တလေးမြို့အတွက် ရည်ညွှန်းလက်ကားဈေးနှုန်းများနှင့် ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ တိုင်းဒေသကြီး/ပြည်နယ် မြို့တော်များအတွက် ရည်ညွှန်းလက်လီစျေးနှုန်းများ

ဆက်လက်ဖတ်ရှုရန်

Oct 03, 2025

အမျိုးသားအဆင့် လျှပ်စစ်သုံးယာဉ်နှင့်ဆက်စပ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ဦးဆောင်ကော်မတီ ဒုတိယဥက္ကဋ္ဌ စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ချာလီသန်းသည် ယနေ့မွန်းလွဲပိုင်းတွင် ပဲခူးတိုင်းဒေသကြီး စက်မှုဇုန်ရှိ မြင့်မြတ်မောင် ကုမ္ပဏီလီမိတက်၏ SKD စနစ်ဖြင့် လျှပ်စစ်သုံးမော်တော်ယာဉ်များ တပ်ဆင်ထုတ်လုပ်သည့်စက်ရုံ၌ Dongfeng အမှတ်တံဆိပ် လျှပ်စစ်သုံးမော်တော်ယာဉ်များ တပ်ဆင်ထုတ်လုပ်နေမှုကို လှည့်လည်ကြည့်ရှုသည်။

ဆက်လက်ဖတ်ရှုရန်

Oct 03, 2025

မြန်မာနိုင်ငံရဲတပ်ဖွဲ့ကို အများပြည်သူတို့အနေဖြင့် အမှုအခင်းများပေါ်ပေါက်လာလျှင် တိုင်ကြားအရေးယူဖမ်းဆီးနိုင်သည့် အဖွဲ့အစည်းအဖြစ် သာမန်အားဖြင့် နားလည်ထားကြသည်။ အမှန်တွင် မြန်မာနိုင်ငံရဲတပ်ဖွဲ့သည် တပ်မတော်၏ အဓိက အရန်အင်အားဖြစ်ပြီး ရပ်ရွာအေးချမ်းသာယာရေးနှင့် တရားဥပဒေစိုးမိုးရေးတာဝန်များအပြင် “သစ္စာ၊ သမာဓိ၊ သတ္တိ”ဆိုသည့် ဆောင်ပုဒ်ကို ဦးထိပ်ပန်ဆင်ပြီး ပြည်သူ့အကျိုးစီးပွားကို ပိုမိုဆောင်ကြဉ်းနိုင်သည့် ရဲတပ်ဖွဲ့ဖြစ်သည်။

ဆက်လက်ဖတ်ရှုရန်

Oct 03, 2025

တပ်မတော်စစ်ကြောင်းများက အကြမ်းဖက်သောင်းကျန်းသူများ ယာယီစိုးမိုးထားသည့် ကျောက်မဲမြို့ကို အောက်တိုဘာလ ၁ ရက်နေ့ ညနေပိုင်းတွင် အပြည့်အဝ ပြန်လည်စိုးမိုးထိန်းချုပ်လိုက်ပြီးနောက် အောက်တိုဘာလ ၂ ရက်နေ့တွင် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ဝန်ထမ်းများ မြို့တွင်းသို့ ပြန်လည်ဝင်ရောက်လာကြသည်။

ဆက်လက်ဖတ်ရှုရန်

Oct 03, 2025

ပြန်ကြားရေးနှင့် တိုးတက်ခိုင်မာအားကောင်းသည့် လူမှုအသိုက်အဝန်းဖော်ဆောင်ရေး လုပ်ငန်းကော်မတီ ညှိနှိုင်းအစည်းအဝေးကို ယနေ့ မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ ပြန်ကြားရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Oct 02, 2025

PDF အမည်ခံ အစွန်းရောက်အကြမ်းဖက်သမားများသည် သာသနာတော်အကျိုးသယ်ပိုးလျက်ရှိသော ရဟန်းသံဃာတော်များ၊ အေးချမ်းစွာနေထိုင်လျက်ရှိသော အပြစ်မဲ့အရပ်သားပြည်သူများ၊ နိုင်ငံ့ဝန်ထမ်းများနှင့် အရွယ်မရောက်သေးသူ ကလေးသူငယ်များအား သေဆုံး၊ ထိခိုက်ဒဏ်ရာရရှိစေရန်နှင့် အကြောက်တရားလွှမ်းမိုးစေရန် ရည်ရွယ်ချက်များဖြင့် အကြမ်းဖက်လုပ်ရပ်များအား လူမဆန်စွာ ဖောက်ခွဲရေးပစ္စည်းကိရိယာများအသုံးပြု၍ မိုင်းထောင်ဖောက်ခွဲခြင်း၊ အဝေးမှပစ်ခတ်ဖောက်ခွဲခြင်းများ၊ အကြောင်းမဲ့ဖမ်းဆီး သတ်ဖြတ်ခြင်းများအား ယုတ်မာရိုင်းစိုင်း၍ အသိတရားကင်းမဲ့စွာ ကျူးလွန်လုပ်ဆောင်လျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Oct 02, 2025

တပ်မတော်အနေဖြင့် ပြည်သူလူထုအေးချမ်းစွာနေထိုင်နိုင်ရေးနှင့် လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အကြမ်းဖက်သောင်းကျန်းသူများ ခေတ္တထိန်းချုပ်ထားသည့် မြို့နယ်၊ ကျေးရွာ၊ ဒေသအချို့တို့၌ အကြမ်းဖက်ချေမှုန်းမှုစစ်ဆင်ရေး (Counter-Terrorism Operation)များကို ဆောင်ရွက်လျက်ရှိရာ အကြမ်းဖက်သောင်းကျန်းသူများ ခေတ္တထိန်းချုပ်ထားခဲ့သည့် ကျောက်မဲမြို့အား အောက်တိုဘာ ၁ ရက်နေ့တွင် တပ်မတော်က ပြန်လည်ထိန်းချုပ်နိုင်ခဲ့မှုအပေါ် ဒေသခံတိုင်းရင်းသားပြည်သူများက ဝမ်းမြောက်စွာ အားပေးထောက်ခံမှုနှင့်အတူ တပ်မတော်စစ်ကြောင်းများအား ကြိုဆိုအားပေးခဲ့ကြသည်။

ဆက်လက်ဖတ်ရှုရန်

Oct 02, 2025

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ယနေ့ညနေပိုင်းတွင် ကော်မရှင်အတွင်းရေးမှူး တွဲဖက်အမှုဆောင်ချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦးနှင့် ကော်မရှင်အဖွဲ့ဝင်များ၊ ပြည်ထောင်စုဝန်ကြီးများ၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများ၊ တာဝန်ရှိသူများလိုက်ပါ၍ ပြင်ဦးလွင်ဘူတာကြီးသို့ သွားရောက်ကြည့်ရှုစစ်ဆေးသည်။

ဆက်လက်ဖတ်ရှုရန်

Oct 02, 2025

အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာနနှင့် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်သည် ယနေ့တွင် ကချင်ပြည်နယ် မြစ်ကြီးနားမြို့ရှိ အားကစား အဆောက်အအုံများ၏ အခြေအနေကိုကွင်းဆင်းကြည့်ရှု စစ်ဆေးသည်။

ဆက်လက်ဖတ်ရှုရန်

Oct 02, 2025

ဆောက်လုပ်ရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးမြင့်သည် မန္တလေးတိုင်းဒေသကြီးလမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးအောင်ဇော်ဦးနှင့်အတူယနေ့တွင် မန္တလေးတိုင်းဒေသကြီးအတွင်းရှိ လမ်းလုပ်ငန်းများဆောင်ရွက်နေမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးသည်။

ဆက်လက်ဖတ်ရှုရန်

Oct 02, 2025

မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ(၃) ဦးသက်ထွန်းအောင်သည် တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ဆောက်လုပ်ရေးအထူးအဖွဲ့(၆)မှ တာဝန်ယူတည်ဆောက်နေသော မြန်မာနိုင်ငံတော်ဗဟိုဘဏ် မန္တလေးဘဏ်ခွဲ အဆောက်အအုံအသစ်တည်ဆောက်ပြီးစီးမှုကို ကြည့်ရှုစစ်ဆေးပြီး သတ်မှတ်ကာလအတွင်း အချိန်မီပြီးစီးရေး၊ သတ်မှတ်အရည်အသွေးစံချိန်စံနှုန်းကိုက်ညီမှုရှိရေး၊ လုပ်ငန်းခွင်အတွင်း ဘေးအန္တရာယ်ကင်းရှင်းစေရန်ဆောင်ရွက်ရေးတို့ကို မှာကြားသည်။

ဆက်လက်ဖတ်ရှုရန်

Oct 02, 2025

စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင်သည် ကာတာနိုင်ငံ ဒုတိယဝန်ကြီးချုပ်နှင့် ကာကွယ်ရေးဝန်ကြီးဟောင်း Dr. Khalid Bin Mohammed Al Attiyah ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား ယနေ့မွန်းလွဲပိုင်းက နေပြည်တော်ရှိ စွမ်းအင်ဝန်ကြီးဌာန ရေနံ့သာခန်းမ၌ လက်ခံတွေ့ဆုံဆွေးနွေးသည်။

ဆက်လက်ဖတ်ရှုရန်

Oct 02, 2025

မြန်မာစံချိန်စံညွှန်းသတ်မှတ်ခြင်း

ဆက်လက်ဖတ်ရှုရန်

Oct 02, 2025

အကြမ်းဖက်အုပ်စုအဖြစ်ကြေညာထားသည့် CRPH ၊ NUG နှင့် ယင်းတို့၏ လက်ဝေခံအဖွဲ့အစည်းများ၊ ယင်းတို့နှင့်ဆက်နွှယ်နေသော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် အစိုးရယန္တရားများပျက်ပြားစေရန် ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်းများပြုလုပ်ခဲ့မှုအပေါ် ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူသွားမည်ဖြစ်ကြောင်းနှင့် ထိုသို့လှုံ့ဆော်သူ၊ ဝါဒဖြန့်သူများအား ဆက်လက်ဖော်ထုတ်အရေးယူသွားမည်ဖြစ်ကြောင်း မိဘပြည်သူများ သိရှိနိုင်ရေးအသိပေးသတင်းထုတ်ပြန် ပြီးဖြစ်သည်။

ဆက်လက်ဖတ်ရှုရန်

Oct 02, 2025

တိုင်ဖွန်းမုန်တိုင်း (BUALOI) အကြွင်းအကျန်များအရှိန်ကြောင့် မြန်မာနိုင်ငံအတွင်း တိုင်းဒေသကြီး၊ ပြည်နယ်အချို့တွင် နေရာကွက်ပြီး မိုးများရွာသွန်းလျက်ရှိ သော်လည်း ဆည်တမံများ ရေဝင်ရောက်မှုနှင့် တမံကြံ့ခိုင်မှုကို စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန တာဝန်ရှိသူများက အချိန်နှင့်တစ်ပြေးညီ စောင့်ကြည့ စစ်ဆေးလျက်ရှိရာ တမံများ၏ဘေးကင်းလုံခြုံမှုအတွက် စိုးရိမ်ဖွယ်မရှိကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုရန်

Oct 02, 2025

အပြည်ပြည်ဆိုင်ရာ သက်ကြီးပုဂ္ဂိုလ်များနေ့ အခမ်းအနားကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၌ ကျင်းပရာ မြန်မာနိုင်ငံသက်ကြီးရွယ်အိုများဆိုင်ရာကော်မတီဥက္ကဋ္ဌ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ စိုးဝင်းနှင့် ကော်မတီဝင်ဒုတိယဝန်ကြီးများ၊ နေပြည်တော်နှင့် ရန်ကုန်မြို့တော် စည်ပင်သာယာ ရေးကော်မတီမှ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာများ၊ မြန်မာနိုင်ငံသက်ကြီးရွယ်အိုများဆိုင်ရာ ကော်မတီဝင်များ၊ ဖိတ်ကြားထားသူများနှင့် တာဝန်ရှိသူများတက်ရောက်ကြသည်။

ဆက်လက်ဖတ်ရှုရန်