Nov 26, 2025
စင်ကာပူနိုင်ငံ၌ ကျင်းပပြုလုပ်သည့် (၂၆)ကြိမ်မြောက် အာဆီယံကြည်းတပ်ဦးစီးချုပ်များ အစည်းအဝေး (26th ASEAN Chiefs of Army Multilateral Meeting-26th ACAMM)သို့ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင် ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းကိုယ်စား တက်ရောက်ရန်အတွက် စင်ကာပူနိုင်ငံသို့ ရောက်ရှိနေသည့် ညှိနှိုင်းကွပ်ကဲရေးမှူး(ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီးကျော်စွာလင်း ဦးဆောင်သော မြန်မာ့တပ်မတော်ကိုယ်စားလှယ်အဖွဲ့သည် ယနေ့နံနက်ပိုင်းတွင် စင်ကာပူနိုင်ငံရှိ Pan Pacific Hotel ၌ ကျင်းပပြုလုပ်သည့် (၂၆)ကြိမ်မြောက် အာဆီယံကြည်းတပ်ဦးစီးချုပ်များအစည်းအဝေး(26th ACAMM) နှင့် (၁၃)ကြိမ်မြောက် အာဆီယံလုပ်သက်ရင့်အရာခံဗိုလ်များ နှစ်ပတ်လည်အစည်းအဝေး (13rd ASMASM)တို့၏ ပူးတွဲဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ခဲ့သည်။ အစည်းအဝေးတွင် စင်ကာပူကာကွယ်ရေးဝန်ကြီး ချန်ချွန်စင်း (Mr. Chan Chun Sing)က အဖွင့်မိန့်ခွန်းပြောကြားခဲ့ပြီး တက်ရောက်လာကြသော အာဆီယံကြည်းတပ်ဦးစီးချုပ်များနှင့် ကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင်များက အစည်းအဝေးခေါင်းစဉ်ဖြစ်သော “ရာသီဥတုပြောင်းလဲမှုများနှင့်အတူ ပိုမိုထိရောက်သော HADR လုပ်ငန်းစဉ်များကြိုတင်ပြင်ဆင်ရေး (Climate Adaptation in HADR Operations)" နှင့်အညီ အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြကာ နေ့လယ်ပိုင်းတွင် အစည်းအဝေးပြီးဆုံးခဲ့သည်။ ထို့နောက် (၂၆)ကြိမ်မြောက် အာဆီယံကြည်းတပ်ဦးစီးချုပ်များအစည်းအဝေး (26th ACAMM)၏ ပူးတွဲကြေညာချက်အား လက်မှတ်ရေးထိုးခဲ့ကြပြီး တက်ရောက်လာကြသည့် အာဆီယံကြည်းတပ်ဦးစီးချုပ်များနှင့် ကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင်များနှင့်အတူ အမှတ်တရစုပေါင်းမှတ်တမ်းတင်ဓါတ်ပုံရိုက်ခဲ့ကြသည်။
Nov 26, 2025
ရာဇသတ်ကြီးပုဒ်မ ၅၀၅-က ဖြင့် ကြားနာစစ်ဆေးဆဲအမှုများကို ပိတ်သိမ်းခြင်း
Nov 26, 2025
ရန်ကုန်မြို့နှင့် မန္တလေးမြို့အတွက် ရည်ညွှန်းလက်ကားဈေးနှုန်းများနှင့် ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ တိုင်းဒေသကြီး/ပြည်နယ် မြို့တော်များအတွက် ရည်ညွှန်းလက်လီဈေးနှုန်းများ
Nov 26, 2025
ဝန်ထမ်းအဖွဲ့အစည်းအကြီးအမှူး အတည်ပြုခန့်ထားခြင်း
Nov 26, 2025
ရန်ကုန်ပညာရေးတက္ကသိုလ်သည် မြန်မာ့ပညာရေးကဏ္ဍတွင် ဦးဆောင်ဦးရွက်ပြုနိုင်မည့် ပညာရှင်များကို နှစ်စဉ်မွေးထုတ်ပေးနေသော ဦးဆောင်ပညာရေးတက္ကသိုလ်တစ်ခုဖြစ်ပြီး ၂၀၂၅-၂၀၂၆ ပညာသင်နှစ်အတွက် တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာအောင်မြင်သော ကျောင်းသား ကျောင်းသူ ၆၀၀ ကျော် ရန်ကုန်ပညာရေးတက္ကသိုလ်တွင် ဝင်ခွင့်ရကြောင်း သိရသည်။
Nov 26, 2025
(၃၃) ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင် မြန်မာနိုင်ငံကိုယ်စားပြု ပါဝင်ယှဉ်ပြိုင်ကြမည့် အားကစားအဖွဲ့များ၏ အားကစားအောင်နိုင်ရေးနှင့် မျှော်မှန်းဆုတံဆိပ်များရရှိရေး ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
Nov 26, 2025
၂၀၂၅-ပညာသင်နှစ် ကျန်းမာရေးဝန်ကြီးဌာန၊ ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာန၊ ဆေးတက္ကသိုလ်များအတွက် နိုင်ငံတော်မှထုတ်ပြန်ထားသော ဒေသစရိတ်ခံစားခွင့်ရှိသည့် သွားလာရေးနှင့် လူမှုရေးခက်ခဲသောဒေသများနှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ (၆) ခု (နာဂ၊ ဓနု၊ ပအိုဝ်း၊ ပလောင်၊ ကိုးကန့်၊ ဝ) တို့မှ ၂၀၂၅-ခုနှစ်၊ တက္ကသိုလ်ဝင် စာမေးပွဲအောင်မြင်ပြီး အခြေခံပညာသင်တန်း (GRADE-10, GRADE-11, GRADE-12) များကို ၎င်းဒေသများတွင် ဆက်တိုက်ပညာသင်ကြားခဲ့သော ကျောင်းသား ကျောင်းသူများအား ဆေးတက္ကသိုလ်ဝင်ခွင့်လျှောက်လွှာခေါ်ယူထားပါကြောင်း၊ သတ်မှတ်အရည်အချင်းနှင့်ပြည့်စုံသူများ လျှောက်ထားနိုင်ပါကြောင်း ဖော်ပြအပ်ပါသည်။
Nov 26, 2025
ရန်ကုန်တိုင်းဒေသကြီး ကိုကိုးကျွန်းမြို့နယ်နှင့် ဧရာဝတီတိုင်းဒေသကြီး ဟိုင်းကြီးကျွန်းမြို့နယ်အတွင်းရှိ ကျေးရွာများနှင့် ပတ်ဝန်းကျင်ကျေးရွာများမှ ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးရန်အတွက် တပ်မတော်ပင်လယ်သွား ဆေးရုံရေယာဉ် (သံလွင်) ဖြင့် ရောက်ရှိနေ သည့် တပ်မတော်မှ ပါရဂူများ၊ ဆေးမှူးများနှင့် သူနာပြုများ ပါဝင်သော တပ်မတော်နယ်လှည့်အထူးဆေးအဖွဲ့သည် ယနေ့တွင် ငပုတောမြို့နယ် ကျုံကူးကျေးရွာ စိတ္တသုခဘုန်းတော်ကြီးကျောင်း၌ အခြေပြု၍ ကျုံကူးကျေးရွာနှင့် ပတ်ဝန်းကျင်ကျေးရွာများမှ ဒေသခံပြည်သူ ၅၃၃ ဦးအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆက်လက်ဆောင်ရွက်ပေးသည်။
Nov 26, 2025
ဧရာဝတီတိုင်းဒေသကြီး ဝါးခယ်မမြို့နယ် ကနစိုးကုန်းကျေးရွာ၌ အခြေပြု၍ ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေးခဲ့သည့် တပ်မတော်မြစ်တွင်းသွား ဆေးရုံရေယာဉ် (ရွှေပုဇွန်)၊ မြစ်ရေယာဉ် (စကု) တို့နှင့်အတူ လိုက်ပါလာသော တပ်မတော်မှ ပါရဂူများ၊ ဆေးမှူးများ၊ သူနာပြုများပါဝင်သော နယ်လှည့်အထူးကုဆေးအဖွဲ့သည် ယနေ့နံနက်ပိုင်းတွင် အဆိုပါရွာမှ ပြန်လည်ထွက်ခွာ၍ မွန်းလွဲပိုင်းတွင် မြောင်းမြမြို့နယ် တောင်ကလေးကျေးရွာသို့ ရောက်ရှိရာ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ရပ်မိရပ်ဖများ၊ ဆရာ ဆရာမများနှင့် ကျောင်းသား ကျောင်းသူများက သောင်းသောင်းဖြဖြ ကြိုဆိုနှုတ်ဆက်ကြသည်။
Nov 26, 2025
၂၀၂၅ ခုနှစ်၊ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး ၁၆ ရက်တာလှုပ်ရှားမှုအခမ်းအနားကို နေပြည်တော် ရုံးအမှတ် ၂၃ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန စုပေါင်းအစည်းအဝေးခန်းမ၌ ကျင်းပသည်။
Nov 26, 2025
နိုင်ငံတော်၏ စိုက်ပျိုးရေးနှင့်မွေးမြူရေးကဏ္ဍအတွက် လိုအပ်လျက်ရှိသည့် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အကူပြုစေရန် အောက်မြန်မာပြည်တွင် အသစ်ဖွင့်လှစ်လိုက်သည့် စိုက်ပျိုးရေးနှင့် မွေးမြူရေးတက္ကသိုလ် (မအူပင်) ၏ ပထမနှစ်သင်တန်းများကို စတင်သင်ကြားပို့ချလျက်ရှိရာ နိုဝင်ဘာ ၂၄ ရက်က စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာတင်ထွဋ်နှင့် တာဝန်ရှိသူများက သင်ကြားသင်ယူရေးဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေးကြ သည်။
Nov 26, 2025
ရုရှားဖက်ဒရေးရှင်းနိုင်ငံ နိုင်ငံပိုင်အဏုမြူစွမ်းအင်ကော်ပိုရေးရှင်းအေဂျင်စီ (ROSATOM) နှင့် သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာနတို့ ပူးပေါင်းစီစဉ်သော သိပ္ပံပွဲတော် ၂၀၂၅ (Science Festival 2025) ဒုတိယနေ့ကို ယနေ့တွင် နေပြည်တော်ကောင်စီ Naypyitaw State Polytechnic University (NSPU) ၌ ဆက်လက်ကျင်းပသည်။
Nov 26, 2025
သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ အောင်ဇေယျသည် နိုဝင်ဘာ ၂၂ ရက်က ရန်ကုန်မြို့ ဗဟန်းမြို့နယ်ရှိ စက်မှုနည်းပညာလေ့ကျင့် သင်ကြားရေးသင်တန်းကျောင်း၌ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်နှင့် ပူးပေါင်းဖွင့်လှစ်သည့် ဆန်စပါးကြိတ်ခွဲထုတ်လုပ်မှု နည်းပညာသင်တန်းများဆိုင်ရာ လက်တွေ့သုံးစက်ပစ္စည်းပြင်ဆင်ထားရှိမှုများ၊ Woodworking နည်းပညာဌာနရှိ အိမ်တွင်းအလှဆင်နှင့် ပရိဘောဂပစ္စည်းများ လက်တွေ့ထုတ်လုပ်ထားရှိမှုများကို ကြည့်ရှုစစ်ဆေးသည်။
Nov 26, 2025
လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်သည် တာဝန်ရှိသူများနှင့်အတူ ယနေ့မွန်းလွဲပိုင်းက ဧရာဝတီတိုင်းဒေသကြီး ကျုံပျော်မြို့ ဧရာမင်းခန်းမ၌ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ကျုံပျော်မြို့နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများက အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပျက်စီး၊ ပျောက်ဆုံးသွားသည့် ဒေသခံပြည်သူများနှင့် နိုင်ငံသားစိစစ်ရေးကတ် မရရှိသေးသူများအား ပန်းခင်းစီမံချက်အဆင့် (၃) ဖြင့် ဆောင်ရွက်ပေးနေမှုကို ကြည့်ရှုအားပေးသည်။
Nov 26, 2025
၂၀၂၅ ခုနှစ် အကြိမ် (၆၀) မြောက် မြန်မာ့ကျောက်မျက်ရတနာပြပွဲနဝမနေ့ကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ မဏိရတနာကျောက်စိမ်းခန်းမ၌ ဆက်လက်ကျင်းပရာ နံနက်ပိုင်းမှစတင်၍ ပြည်တွင်း၊ ပြည်ပရတနာကုန်သည်များသည် မဏိရတနာကျောက်စိမ်းခန်းမ အပြင်ဘက် သတ်မှတ်နေရာများအလိုက် ခင်းကျင်းပြသထားသည့် အုပ်စု (စီ) မှ ကျောက်စိမ်းအတွဲများကို စိတ်ကြိုက်လေ့လာကြည့်ရှုကြသည်။
Nov 26, 2025
ပြန်ကြားရေးဝန်ကြီးဌာန ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဦးစီးဌာန စာဆိုဗိမာန် RC သုံးထပ်အဆောက်အအုံတည်ဆောက်နေမှုနှင့် စာပေဗိမာန်ပြည်သူ့စာကြည့်တိုက်အဖြစ် ပြောင်းရွှေ့ဖွင့်လှစ်ရန် ဆောင်ရွက်နေမှုအခြေအနေများ ရှင်းလင်းတင်ပြခြင်းကို ယနေ့မွန်းလွဲပိုင်းက နေပြည်တော်ရှိ ပြန်ကြားရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ပြုလုပ်သည်။
Nov 26, 2025
မန္တလေးတိုင်းဒေသကြီး သမဝါယမအသင်းစုချုပ်နှင့် Agri Sun ကုမ္ပဏီတို့ အကျိုးတူပူးပေါင်းဆောင်ရွက်သည့် တန် ၁၅၀ ဆန်စက်ဖွင့်ပွဲကို ယနေ့နံနက်ပိုင်းက မန္တလေးတိုင်းဒေသကြီး ပြည်ကြီးတံခွန်မြို့နယ် အကွက်အမှတ် (၅၉၀) ၌ ကျင်းပသည်။
Nov 26, 2025
ဒီနေ့မှာတော့ အမေရိကန်နိုင်ငံအစိုးရရဲ့ မြန်မာနိုင်ငံသားများအပေါ်မှာ TPS (Temporary Protected Status) ပေးထားတာကနေ ရပ်ဆိုင်းလိုက်တဲ့ သတင်းထုတ်ပြန်ချက်နဲ့ ပတ်သက်ပြီး မီဒီယာများရဲ့ မေးမြန်းချက်ကို ပြန်လည်ဖြေကြားမှာဖြစ်ပါတယ်။ ဒီနေ့အမေရိကန် ပြည်တွင်းလုံခြုံရေးဝန်ကြီးဌာန Department of Homeland Security ရဲ့ ထုတ်ပြန်ကြေညာချက်နဲ့ အမေရိကန်နိုင်ငံသားနှင့် လူဝင်မှုကြီးကြပ်ရေးအဖွဲ့ရဲ့ ထုတ်ပြန်ကြေညာချက်အရ အမေရိကန်နိုင်ငံရောက် မြန်မာနိုင်ငံသားများကို TPS ပေးထားတာကနေ ရပ်ဆိုင်းလိုက်တယ်ဆိုတဲ့ သတင်းကြားသိရပါတယ်။
