Skip to main content

Sep 23, 2025

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော်သည် ယမန်နေ့က ရှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီးခရိုင် ကလောမြို့နယ်ရှိ စိုက်ပျိုးရေးနှင့် မွေးမြူရေးသိပ္ပံကျောင်း(ဟဲဟိုး) ၏ သင်ကြားရေးလုပ်ငန်းများကို ကြည့်ရှုစစ်ဆေးသည်။

ဆက်လက်ဖတ်ရှုရန်

Sep 23, 2025

မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးနှင့် China Media Group(CMG)တို့ ပူးပေါင်းကျင်းပသည့် အတူဆွေးနွေးခြင်း၊ အတူတည်ဆောက်ခြင်း၊ အတူမျှဝေခြင်း “ကမ္ဘာလုံးဆိုင်ရာစီမံခန့်ခွဲမှုအစီအမံ” အကောင်အထည်ဖော်ခြင်းဆိုင်ရာ တရုတ်-မြန်မာဆွေးနွေးပွဲကို ယနေ့မွန်းလွဲပိုင်းတွင် ရန်ကုန်မြို့ အလုံမြို့နယ်ရှိ တရုတ်ယဉ်ကျေးမှုစင်တာ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Sep 23, 2025

မြန်မာနိုင်ငံအိုလံပစ်ကော်မတီဥက္ကဋ္ဌ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနနှင့် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်သည် တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ဝဏ္ဏသိဒ္ဓိအားကစားကွင်းရှိ လက်ဝှေ့လေ့ကျင့်ရေးရုံ၌ (၃၃)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင် ဝိတ်တန်းများအလိုက် အင်အားပြည့်ဝင်ရောက်ယှဉ်ပြိုင်နိုင်ရန်အတွက် ဂျူဒိုနှင့် လက်ဝှေ့အားကစားအဖွဲ့များ အရှိန်အဟုန်မပြတ် ကြိုးစားလေ့ကျင့်ပြင်ဆင်နေမှုကို ကြည့်ရှုအားပေးသည်။

ဆက်လက်ဖတ်ရှုရန်

Sep 23, 2025

ကျန်းမာရေးဝန်ကြီးဌာနသည် ကိုဗစ်-၁၉ ရောဂါ စောင့်ကြပ်ကြည့်ရှုခြင်းလုပ်ငန်းများကို စဉ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိရာ (၁၄-၉-၂၀၂၅)ရက်နေ့၊ ည (၈:၀၀)နာရီမှ (၂၁-၉-၂၀၂၅)ရက်နေ့၊ ည (၈:၀၀)နာရီအထိ ရက်သတ္တပတ်အတွင်း ဓာတ်ခွဲနမူနာစုစုပေါင်း (၇၉၀)အား စစ်ဆေးပြီးစီးခဲ့ရာ ကိုဗစ်-၁၉ ရောဂါဓာတ်ခွဲအတည်ပြုလူနာသစ် မတွေ့ရှိရပါ။ အစီရင်ခံကာလအတွင်း ပြင်းထန်လူနာ၊ အထူးကြပ်မတ်ကုသပေးသော လူနာနှင့် ကိုဗစ်-၁၉ ရောဂါဖြင့် သေဆုံးလူနာမရှိပါ။

ဆက်လက်ဖတ်ရှုရန်

Sep 23, 2025

ဝန်ထမ်းအဖွဲ့အစည်းအကြီးအမှူး အတည်ပြုခန့်ထားခြင်း

ဆက်လက်ဖတ်ရှုရန်

Sep 23, 2025

မျက်မှောက်ကာလတွင် ဖြစ်ပွားလျက်ရှိသော လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးနှင့် အကြမ်းဖက်မှုတားဆီးရေးဆိုင်ရာ ကိစ္စရပ်များနှင့်ပတ်သက်၍ ပရိသတ်များ၏ ရင်တွင်းခံစားချက် စကားသံများအား သဇင် FM ၏ “ပြည်သူ့ကြားကပြည်သူ့စကား”အစီအစဉ်မှ “လူအခွင့်အရေးအတွက်၊ ဒီမိုကရေစီအတွက်လုပ်နေပါတယ်ဆိုသော အကြမ်းဖက် PDF များ အင်အားနည်းလာပြီဖြစ်သောကြောင့် အသက်မပြည့်သေးသော စာသင်အရွယ်ကလေးငယ်များကို ခြိမ်းခြောက်၍ အတင်းအဓမ္မလူသစ်စုနေ” ခေါင်းစဉ်ဖြင့် စက်တင်ဘာ ၂၄ ရက် မွန်းလွဲ ၁ နာရီ တွင် ထုတ်လွှင့်တင်ဆက်ပေးသွားမည်ဖြစ်သည်။

ဆက်လက်ဖတ်ရှုရန်

Sep 23, 2025

တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင်ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာတားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Sep 23, 2025

မြေဩဇာကော်မတီ၏ (၄၅)ကြိမ်မြောက် အစည်းအဝေးကို စက်တင်ဘာ ၁၈ ရက်တွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Sep 23, 2025

မြန်မာနိုင်ငံ လုပ်သားများကျွမ်းကျင်မှုစံသတ်မှတ်ပြဋ္ဌာန်းရေးအဖွဲ့(NSSA)၏ အမျိုးသားအဆင့် အလုပ်အကိုင်ဆိုင်ရာကျွမ်းကျင်မှု အသိအမှတ်ပြုလက်မှတ်ပေးအပ်ပွဲကို စက်တင်ဘာ ၁၉ ရက်က ရန်ကုန်တိုင်းဒေသကြီး ကျွမ်းကျင်မှုလေ့ကျင့်ရေးသင်တန်းကျောင်း(ရန်ကင်း)၌ ကျင်းပရာ အလုပ်သမားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းရှိန်၊ ရန်ကုန်တိုင်းဒေသကြီး တိုင်းရင်းသားရေးရာဝန်ကြီး၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ကျွမ်းကျင်မှုစစ်ဆေးအကဲဖြတ်ရေးနှင့် အသိအမှတ်ပြုရေးကော်မတီ(ACC)နှင့် အလုပ်အကိုင်ဆိုင်ရာ ကျွမ်းကျင်မှုလေ့ကျင့်ရေးကော်မတီဝင်များ၊ ကျွမ်းကျင်မှုအသိအမှတ်ပြု လက်မှတ်ရယူမည့် ကျွမ်းကျင်လုပ်သားများ တက်ရောက်ကြသည်။

ဆက်လက်ဖတ်ရှုရန်

Sep 23, 2025

လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအေးကျော်သည် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယမန်နေ့နံနက်ပိုင်းက ရှမ်းပြည်နယ်(တောင်ပိုင်း) ကလောမြို့နယ်အတွင်းရှိ ၁၃၂ ကေဗွီကလောပင်မဓာတ်အားခွဲရုံ Control Room နှင့် Switch Yard အတွင်း ဓာတ်အားထိန်းချုပ် ပို့လွှတ်ဖြန့်ဖြူးနေမှုအခြေအနေကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး ထရန်စဖော်မာနှင့် လိုင်းထိန်းသိမ်းရေးများကို အမြဲမပြတ်စစ်ဆေးစောင့်ကြည့်ရန်မှာကြားကာ ဝန်ထမ်းများအတွက် စားသောက်ဖွယ်ရာများ ပေးအပ်သည်။

ဆက်လက်ဖတ်ရှုရန်

Sep 23, 2025

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနနှင့် အမျိုးသားစီမံကိန်းဝန်ကြီးဌာန၊ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနနှင့် ပြန်ကြားရေးဝန်ကြီးဌာနတို့ပူးပေါင်း၍ ဆက်သွယ်ရေး၊ သတင်း၊ ပြန်ကြားရေးကဏ္ဍနှင့် သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှု စကားဝိုင်းဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန စုပေါင်းခန်းမ၌ကျင်းပရာ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း၊ အမြဲတမ်းအတွင်းဝန်၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် အရာထမ်း၊ အမှုထမ်းများတက်ရောက်ကြသည်။

ဆက်လက်ဖတ်ရှုရန်

Sep 23, 2025

၂၀၂၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာသန်းခေါင်စာရင်း၏ ပြည်ထောင်စုအစီရင်ခံစာ အောင်မြင်စွာထုတ်ပြန်နိုင်ရေးအတွက် ဗဟိုသန်းခေါင်စာရင်းကော်မရှင် ဆဋ္ဌမအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၉ နာရီခွဲက နေပြည်တော်ရှိ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Sep 23, 2025

အစိုးရအနေဖြင့် နိုင်ငံတော်အား ပါတီစုံဒီမိုကရေစီလမ်းကြောင်းပေါ်တွင် ခိုင်ခိုင်မာမာ ဆက်လက်လျှောက်လှမ်းနိုင်ရေး ဆောင်ရွက်ပေးလျက်ရှိသည်။ နိုင်ငံရေးအရ မှန်မှန်ကန်ကန် ဆောင်ရွက်သွားနိုင်ရန် အဓိကဖြစ်သည်။ တပ်မတော်အနေဖြင့်လည်း ပြည်သူများလိုလားသည့် ပါတီစုံဒီမိုကရေစီစနစ်ကို မှန်မှန်ကန်ကန်ဖြင့် ခိုင်ခိုင်မာမာဆက်လက်လျှောက်လှမ်းနိုင်ရန် ဆောင်ရွက်ရန်ရှိသည်များကို သဘောတူထားပြီးဖြစ်သည်။ ပါတီစုံဒီမိုကရေစီစနစ်တွင် အထွေထွေရွေးကောက်ပွဲသည် အသက်တမျှအလွန်အရေးကြီးသည်။

ဆက်လက်ဖတ်ရှုရန်

Sep 23, 2025

တရားမဝင်ကုန်သွယ်မှုများနှင့် မူးယစ်ဆေးဝါး သယ်ဆောင်ရောင်းဝယ်မှုများမှာ အကြမ်းဖက်လက်နက်ကိုင် သောင်းကျန်းသူအဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များနှင့် တစ်နည်းနည်းဆက်စပ် နေလေ့ရှိသကဲ့သို့ပင် ၎င်းအဖွဲ့အစည်းများ ရေရှည်ရှင်သန် ရပ်တည်ရေးအတွက် အရေးပါသည့် ဝင်ငွေရနည်းလမ်းများလည်း ဖြစ်နေလေ့ရှိရာ ထိထိရောက်ရောက် ဖော်ထုတ်တားဆီးနှိမ်နင်းသွားနိုင်ရန် လိုအပ်သည်။

ဆက်လက်ဖတ်ရှုရန်

Sep 22, 2025

၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကျင်းပမှုကို ပျက်ပြားစေရန်ရည်ရွယ်၍ လူမှုကွန်ရက်စာမျက်နှာများ၊ အများပြည်သူဆိုင်ရာနေရာများ၌ ဟောပြောခြင်း၊ ပြောဆိုခြင်း၊ စည်းရုံးလှုံ့ဆော်ခြင်း၊ ဆန္ဒပြခြင်း၊ စာရေးသားခြင်း၊ ရုပ်ပုံပိုစတာများချိတ်ဆွဲခြင်း စသည်တို့ဖြင့် နှောင့်ယှက်ဟန့်တားဖျက်ဆီးခြင်းများကို လုံခြုံရေးတပ်ဖွဲ့ဝင်များက ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲများကို နှောင့်ယှက်ဟန့်တားခြင်းမှ ကာကွယ်ပေးရေးဥပဒေနှင့်အညီ စုံစမ်းဖော်ထုတ်ပြီး ထိရောက်စွာအရေးယူခြင်းများ ဆောင်ရွက်လျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Sep 22, 2025

တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များအား ယနေ့နံနက်ပိုင်းတွင် မြန်မာနိုင်ငံစစ်မှုထမ်းဟောင်းအဖွဲ့ ဗဟိုအမှုဆောင်အဖွဲ့ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ခင်အောင်မြင့်(အငြိမ်းစား)၊ တနင်္သာရီတိုင်းဒေသကြီး စစ်မှုထမ်းဟောင်း ကြီးကြပ်ရေးအဖွဲ့နာယက တိုင်းမှူး ဗိုလ်ချုပ် ကျော်ကျော်ဟန်နှင့် တာဝန်ရှိသူများက ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ် တိုင်းရန်အောင်ခန်းမ၌ သွားရောက်တွေ့ဆုံသည်။

ဆက်လက်ဖတ်ရှုရန်

Sep 22, 2025

၂၀၂၅ ခုနှစ်၊ (၃၂)ကြိမ်မြောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဒိုင်း တပ်မတော် (ကြည်း၊ ရေ၊ လေ) (အမျိုးသား/အမျိုးသမီး) မြန်မာ့သိုင်းပြိုင်ပွဲဖွင့်ပွဲကို ယနေ့မွန်းလွဲပိုင်းတွင် ရန်ကုန်တိုင်းစစ်ဌာနချုပ် နဝဒေးအားကစားရုံ၌ပြုလုပ်ရာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကိုယ်စား တိုင်းမှူး ဗိုလ်ချုပ်ပြည့်စုံလင်းနှင့် တာဝန်ရှိသူများ၊ အရာရှိ၊ စစ်သည်၊ မိသားစုများ၊ ဒိုင်အဖွဲ့ဝင်များနှင့် ပြိုင်ပွဲဝင်အားကစားသမားများ တက်ရောက်ကြသည်။

ဆက်လက်ဖတ်ရှုရန်

Sep 22, 2025

ရန်ကုန်မြို့နှင့် မန္တလေးမြို့အတွက် ရည်ညွှန်းလက်ကားဈေးနှုန်းများနှင့် ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ တိုင်းဒေသကြီး/ပြည်နယ် မြို့တော်များအတွက် ရည်ညွှန်းလက်လီဈေးနှုန်းများ

ဆက်လက်ဖတ်ရှုရန်

Sep 22, 2025

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီးသည် ယမန်နေ့က ရန်ကုန်တိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာနပိုင် အုတ်ကျင်းသိုလှောင်ရုံအား မျိုးစေ့၊ ပိုးသတ်ဆေးနှင့် စိုက်ပျိုးရေးသွင်းအားစုများ သိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းအတွက် ငှားရမ်းလုပ်ကိုင်လျက်ရှိသည့် မာလာမြိုင် အများနှင့်သက်ဆိုင်သောကုမ္ပဏီလီမိတက်နှင့် အင်းစိန်မြို့နယ် အနောက်ကြို့ကုန်းရှိ ငါးလုပ်ငန်းဦးစီးဌာနပိုင် အဆောက်အအုံငှားရမ်း၍ စိုက်ပျိုးရေးလုပ်ငန်းသုံး ပလတ်စတစ်ပစ္စည်းများ ထုတ်လုပ်လျက်ရှိသည့် စိုးအဏ္ဏဝါကုမ္ပဏီ၏ လုပ်ငန်းဆောင်ရွက်နေမှုများ၊ Fresh & Green ကုမ္ပဏီမှ အနောက်ကြို့ကုန်းရှိ စိုက်ပျိုးရေးဦးစီးဌာနပိုင်မြေအား ငှားရမ်း၍ ကောက်ပဲသီးနှံ၊ အသားငါး၊ သစ်သီးဝလံနှင့် ဟင်းသီးဟင်းရွက်များအအေးခန်းစက်ရုံတို့ကို ကြည့်ရှုစစ်ဆေးသည်။

ဆက်လက်ဖတ်ရှုရန်

Sep 22, 2025

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုးသည် ယနေ့နံနက်ပိုင်း တွင် ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်၊ အမြဲတမ်းအတွင်းဝန်၊ တာဝန်ရှိသူများနှင့်အတူ တောင်ကြီးမြို့ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနအောက်ရှိ ရက်ကန်းနှင့် အသက်မွေးပညာသင်တန်းကျောင်း၌ လက်ရက်ကန်း ခြောက်လသင်တန်း၊ ချည်မျှင်နှင့် အထည်အလိပ်ကျွမ်းကျင် တစ်နှစ်သင်တန်း တက်ရောက်လျက်ရှိသော သင်တန်းသူများ၏ လက်တွေ့ဆောင်ရွက်နေသည့် ပအိုဝ်းခေါင်းပေါင်း၊ ဓနုလုံချည်နှင့် ဒေသခံတိုင်းရင်းသားဝတ်စုံများ ရက်လုပ်နေမှုကိုလည်းကောင်း၊ စက်ရက်ကန်းရက်လုပ်ခြင်း၊ ချားပုတ်ခြင်း၊ ချည်ချခြင်းနှင့် ဂျပ်ခုတ်လုပ်ငန်း လက်တွေ့သင်ယူနေမှုကိုလည်းကောင်း၊ ရက်ကန်းသင်တန်းကျောင်းအလိုက် ပအိုဝ်းတိုင်းရင်းသားဝတ်စုံရက်လုပ်နေမှုကိုလည်းကောင်း၊ စားရိပ်သာနှင့် သင်တန်းသူအိပ်ဆောင်များကိုလည်းကောင်း လှည့်လည်ကြည့်ရှုသည်။

ဆက်လက်ဖတ်ရှုရန်