Skip to main content

Mar 06, 2025

မြန်မာနိုင်ငံအဆောက်အအုံဆိုင်ရာ စံချိန်စံညွှန်း လမ်းညွှန်ချက်များ (Myanmar National Building Code - 2025) အကောင်အထည်ဖော်ရေးလုပ်ငန်း ကော်မတီအစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး လှိုင်မြို့နယ်ရှိ မြန်မာနိုင်ငံ အင်ဂျင်နီယာအသင်းချုပ်ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Mar 06, 2025

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမြင့်စိုးသည် ဧရာဝတီတိုင်းဒေသကြီး လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးနေမျိုးအောင်နှင့်အတူ ယနေ့မွန်းလွဲပိုင်းက ဧရာဝတီတိုင်းဒေသကြီး ညောင်တုန်းမြို့နယ် အုန်းပင်စုကျေးရွာသို့ သွားရောက်၍ ကျေးရွာသူကျေးရွာသားများ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့်တွေ့ဆုံပြီး ဒုတိယဝန်ကြီးက ကျေးရွာကုန်ထုတ်လမ်း ဆောင်ရွက်ပေးထားပြီးဖြစ်၍ သီးနှံများပန်းတိုင်အထွက်နှုန်းရရှိရေး၊ နေကြာအပါအဝင် ဆီထွက်သီးနှံများ စိုက်ပျိုးရေး၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနက ကျေးလက်နေပြည်သူများ အလုပ်အကိုင်အခွင့်အလမ်း ပေါများရေးနှင့် မိသားစုဝင်ငွေတိုးရေးစီမံကိန်းသင်တန်းများ ဖွင့်လှစ်ပေးရေးမှာကြားသည်။

ဆက်လက်ဖတ်ရှုရန်

Mar 06, 2025

မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှုအထူးရန်ပုံငွေ စီမံကိန်း(၂၀၂၁)ဖြင့် ရန်ကုန်နည်းပညာတက္ကသိုလ်က ဆောင်ရွက်သည့် ဆိုလာပြားများ၏ စွမ်းဆောင်ရည် လက္ခဏာများနှင့် အမျိုးအစားရွေးချယ်ခြင်းဆိုင်ရာ သုတေသနစီမံကိန်း ပိတ်သိမ်းပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက ရန်ကုန်မြို့ရှိ Sky Star ဟိုတယ်၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Mar 06, 2025

တရားလွှတ်တော်ရှေ့နေများကောင်စီ အစည်းအဝေးအမှတ်စဉ် (၁/၂၀၂၅) ကို ယနေ့နံနက် ၉ နာရီတွင် နေပြည်တော်ရှိ ဥပဒေရေးရာ ဝန်ကြီးဌာနအစည်းအဝေးခန်းမ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Mar 06, 2025

အလယ်အလတ်အဆင့်အရာထမ်း သင်တန်းအမှတ်စဉ် (၁၂) သင်တန်းဆင်းပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် နိုင်ငံ့ဝန်ထမ်းတက္ကသိုလ် (အောက်မြန်မာပြည်) ရတနာသိင်္ဃခန်းမ၌ ကျင်းပရာ ပြည်ထောင်စုရာထူးဝန်အဖွဲ့ဝင် ဦးစိုးတင့်၊ ပါမောက္ခချုပ်နှင့် တာဝန်ရှိသူများ သင်တန်းသား သင်တန်းသူများ တက်ရောက်ကြသည်။

ဆက်လက်ဖတ်ရှုရန်

Mar 06, 2025

​​​​​​​၁။      အာဆီယံအတွင်းရေးမှူးချုပ်ရုံးအနေဖြင့် အာဆီယံ၏ ဂုဏ်ပုဒ်၊ အာဆီယံစိတ်ဓာတ်နှင့် အောက်ဖော်ပြပါ သတ်မှတ်ထားသည့် နယ်ပယ်များတွင် အာဆီယံအသိုက်အဝန်း ထူထောင်ရေးတို့ကို မြှင့်တင်ပေးနိုင်သည့် လူပုဂ္ဂိုလ်နှင့်အဖွဲ့အစည်းတို့၏ ဆောင်ရွက်မှုများနှင့် အောင်မြင်မှုများကို အသိအမှတ်ပြုသည့်အနေဖြင့် ၂၀၂၅ ခုနှစ် အာဆီယံဆု (ASEAN Prize 2025)ကို ပေးအပ်ချီးမြှင့်ရန်အတွက် အဆိုပြုလွှာများ ခေါ်ယူလျက်ရှိပါသည်-

ဆက်လက်ဖတ်ရှုရန်

Mar 06, 2025

မြန်မာနိုင်ငံ၏ စိုက်ပျိုးရေးနှင့်စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု အထောက်အပံ့ကောင်းများ ရရှိစေရန်ရည်ရွယ်၍ မြန်မာ-အိန္ဒိယချစ်ကြည်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအသင်းက ဦးဆောင်ကျင်းပသည့် နိုင်ငံငါးနိုင်ငံမှ စီးပွားရေးလုပ်ငန်းရှင်များ တွေ့ဆုံဆွေးနွေးပွဲကို ရန်ကုန်မြို့ မင်္ဂလာတောင်ညွန့်မြို့နယ် ကန်ရိပ်သာလမ်းရှိ Esperado Lake View Hotel ၌ မတ် ၃ ရက်မှ ၅ ရက်အထိ ကျင်းပလျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Mar 06, 2025

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်းနှင့် ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင်မောင်ဝင်းတို့သည် ယမန်နေ့မွန်းလွဲပိုင်းတွင် ဧရာဝတီတိုင်းဒေသကြီး ကန်ကြီးထောင့်မြို့နယ် ဝါးဒူးကျေးရွာ၌ ကျင်းပသည့် ၂၀၂၅ ခုနှစ် (၆၃) နှစ်မြောက် တောင်သူလယ်သမားနေ့ အခမ်းအနားပိတ်ပွဲသို့ တက်ရောက်သည်။

ဆက်လက်ဖတ်ရှုရန်