စက်သုံးဆီ အထိတ်တလန့်ဝယ်ယူမှု သတိပြု… အထိတ်တလန့်ဝယ်ယူခြင်း အကြောင်းအကျိုး
အရှေ့အလယ်ပိုင်းဒေသတင်းမာမှုများ အရှိန်တက်၍ ပြင်းထန်လာချိန်တွင် နိုင်ငံအသီးသီး၌ ဈေးကွက်အလှုပ်အခတ်များ ရှိလာသည်။ ထိုဈေးကွက်များထဲတွင် အသိသာဆုံးမှာ နေ့စဉ်လှုပ်ရှား၊ အသုံးပြုနေကြရသော စက်ကိရိယာ၊ ယာဉ်ယန္တရားများအတွက် အရေးပါသည့် စက်သုံးဆီဈေးကွက်ဖြစ်သည်။ နိုင်ငံအချို့ရှိ စက်သုံးဆီအရောင်းဆိုင်များ၌ ယာဉ်ကြီး၊ ယာဉ်ငယ်အသွယ်သွယ်တို့ တစ်မျှော်တစ်ခေါ် တန်းစီနေကြသည်ကို သတင်းများတွင် မြင်တွေ့နေရ၏။
