ယုံကြည်စိတ်ချရဆုံးသော မိတ်ဆွေရင်း မိတ်ဆွေစစ်
မင့်စ်လမ်း(Street MINSKAYA)။ မြန်မာနိုင်ငံ၏မြို့တော် နေပြည်တော်ရှိ ထီးဟန်နန်းဟန်တော်ဝင်ဆန်သော လမ်းအမည်များအကြားတွင် ဤလမ်း၏အမည်ကထူးခြားနေသည်။ ဘယ်လာရုစ်သမ္မတနိုင်ငံသမ္မတကြီး မြန်မာနိုင်ငံသို့ ပထမဆုံးလာရောက်သည့် တရားဝင်ချစ်ကြည်ရေးခရီးစဉ်အတွင်း ဘယ်လာရုစ်သမ္မတနိုင်ငံ၏မြို့တော် မင့်စ်မြို့၏အမည်ကို ဂုဏ်ပြုပြီး ဖွင့်လှစ်လိုက်သည့် ဤလမ်း၏အမည်က နှစ်နိုင်ငံအကြား ချစ်ကြည်ရင်းနှီးမှု မှတ်တမ်းတစ်ခုအဖြစ် အနာဂတ် ကာလတစ်လျှောက်တွင် တည်တံ့ခိုင်မြဲနေမည်ဖြစ်သည်။
