ဒစ်ဂျစ်တယ် စီးပွားရေးအကြောင်း သိကောင်းစရာ အမေး / အဖြေ အစီအစဉ်
ဒစ်ဂျစ်တယ်စီးပွားရေး တည်ထောင်နိုင်ရန် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်မှု၏ အရေးပါပုံများ၊ ပညာရေးနှင့် သင်ကြားရေးတွင် ပြောင်းလဲလာမှုများနှင့်ပတ်သက်ပြီး ဗဟုသုတမျှဝေပေးမည့် ဒစ်ဂျစ်တယ်စီးပွားရေးအကြောင်း သိကောင်းစရာ အမေး/အဖြေအစီအစဉ်ကို မြန်မာ့အသံနှင့် ရုပ်မြင်သံကြားမှ ယနေ့ ညနေ ၆ နာရီခွဲတွင် ထုတ်လွှင့်ပြသခဲ့ရာ ပြည်သူများ သိရှိနိုင်ရန်အတွက် ပြန်လည်ဖော်ပြလိုက်ပါသည်။
ကျွန်တော် အစဉ်လေးစားရသော ရန်ကုန်တက္ကသိုလ်
၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာလ ၁ ရက်နေ့ သည် ရန်ကုန်တက္ကသိုလ်၏ နှစ်တစ်ရာပြည့် မွေးနေ့ ဖြစ်ပါသည်။ နှစ်တစ်ရာပြည့်မှသည် နှစ်တစ်ထောင်၊ နှစ်တစ်သောင်းတိုင်အောင် တည်တံ့ခိုင်မြဲ ရှည်ကြာပါစေဟု ဆုမွန် ကောင်းတောင်း မေတ္တာပို့သအပ်ပါသည်။
အဓိပတိလမ်းမပေါ်မှာ လျှောက်ဖူးခဲ့ပါသည်
ရန်ကုန်တက္ကသိုလ် နှစ် (၁၀၀) ပြည့် အကြိုလှုပ်ရှားမှု ပုံရိပ်များကို TV ဖန်သားပြင်မှ ညစဉ် ညစဉ် ကြည့်ရှုခံစားရင်း ပညာရေးတက္ကသိုလ်မှ ဘွဲ့ရခဲ့သူဖြစ်သော်လည်း အဓိပတိလမ်းမပေါ်မှာ လျှောက်လှမ်းခဲ့ဖူးပါသည်ဟု တင်ပြလိုစိတ်လေး ပေါ်ပေါက်လာကာ ဂုဏ်ယူဝင့်ကြွားစွာ ဟစ်ကြွေးချင်ပါတော့သည်။
ကံ့ကော်ရပ်ဝန်းမှ ကျွန်မ၏ဆရာများ
ရန်ကုန်တက္ကသိုလ်ရာပြည့်နှင့်အတူ ကျွန်မ၏စိတ်အာရုံ တွင် ငယ်စဉ်ကလေးဘဝမှစ၍ ပညာသင်ကြားပေးခဲ့သည့် ဆရာ ဆရာမများ၏ရုပ်ပုံလွှာများ အစီအရီပေါ်လာ ပါသည်။ ငယ်စဉ်ကလေးဘဝမှစ၍ ယခုအချိန်အထိ သင်ဆရာ၊ မြင်ဆရာ၊ ကြားဆရာတို့မှာ များပြားလှပါ သည်။ ကံ့ကူလက်လှည့်ဆရာများ၏ ကျေးဇူးတရားများ ကလည်း ကြီးမားလှပြီး ရင်ထဲတွင် အမြဲကိန်းအောင်းကာ မှတ်မှတ်ထင်ထင်ရှိပါသည်။
