Jan 21, 2026
မြန်မာအနေဖြင့် လူမျိုးသုဉ်းစေရန် ရည်ရွယ်ချက်မရှိကြောင်းကို ရွာများတွင် ဖြစ်ပွားခဲ့မှုများကို အသေးစိတ်ခွဲခြားစိတ်ဖြာလေ့လာလျှောက်လဲမည်ဖြစ်ကြောင်း။
Jan 21, 2026
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးချစ်ဆွေသည် မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံ သံအမတ် ကြီး H.E. Mr. Abhay Thakur နှင့် (၉) ကြိမ်မြောက် မြန်မာ-အိန္ဒိယ နှစ်နိုင်ငံကုန်သွယ်ရေး ပူးတွဲကော်မတီအစည်းအဝေးသို့ တက်ရောက်ရန် နေပြည်တော်၌ ရောက်ရှိနေသည့် အိန္ဒိယနိုင်ငံကူးသန်းရောင်းဝယ်ရေးနှင့် စက်မှုဝန်ကြီးဌာန ကူးသန်းရောင်းဝယ်ရေးဦးစီးဌာန Additional Secret-ary Sh. Nitin Kumar Yadav တို့ ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား ယနေ့ညနေပိုင်းတွင် နေပြည်တော် ရုံးအမှတ် (၃) စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။
Jan 21, 2026
တရုတ်ပြည်သူ့ သမ္မတနိုင်ငံ မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ အထူးရန်ပုံငွေအထောက်အပံ့ဖြင့် “မြန်မာနိုင်ငံ မဲခေါင်မြစ်ဝှမ်းဒေသအတွင်းရှိ သဘာဝဆေးဖက်ဝင်အပင် မျိုးစိတ်များ စဉ်ဆက်မပြတ်အသုံးပြုခြင်းနှင့် ထိန်းသိမ်းကာကွယ်ခြင်းစီမံကိန်း” ၏ စီမံကိန်းပြီးမြောက်ခြင်း အလုပ်ရုံဆွေးနွေးပွဲဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ သစ်တောဦးစီးဌာန အင်ကြင်းခန်းမတွင် ကျင်းပသည်။
Jan 21, 2026
ဂမ်ဘီယာနှင့် မြန်မာနိုင်ငံတို့၏ အမှုနှင့်ပတ်သက်၍ ကြားနာပွဲ (Oral Hearing ) ကို ဇန်နဝါရီ ၁၂ ရက်မှ ၂၉ ရက်အထိ နယ်သာလန်နိုင်ငံသည် ဟိတ်ဂ်မြို့ရှိ အပြည်ပြည်ဆိုင်ရာတရားရုံး၌ ပြုလုပ်လျက်ရှိရာ မြန်မာနိုင်ငံ၏ ပထမအကျော့တင်ပြလျှောက်ထားခြင်းကို ဇန်နဝါရီ ၁၉ ရက် ဒေသစံတော်ချိန် နံနက် ၁၀ နာရီမှ ညနေ ၆ နာရီအထိ ပြုလုပ်ခဲ့ရာ ရှေးဦးစွာ မြန်မာ၏ရှေ့နေ Mr. Sam-Bloom Cooper နှင့် မြန်မာနိုင်ငံ၏ ဦးဆောင်ရှေ့နေ Mr.Christopher Staker တို့က တုံ့ပြန်ချေပလျှောက်လဲခဲ့သည်။
Jan 21, 2026
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုးသည် အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များနှင့်အတူ ယနေ့ မွန်းလွဲပိုင်းက ပြည်ထောင်စုနယ်မြေ နေပြည်တော်ပျဉ်းမနားမြို့နယ် သူဌေးကုန်းကျေးရွာရှိ သမဝါယမအသင်းစုပိုင် ဘက်စုံစိုက်ပျိုးမွေးမြူရေးခြံသို့ သွားရောက်ကြည့်ရှုစစ်ဆေးသည်။
Jan 21, 2026
မြန်မာ့အသံနှင့် ရုပ်မြင်သံကြား၏ ဝန်ထမ်းသစ်များ စွမ်းရည်မြှင့်သင်တန်းနှင့် မောင်မယ်သစ်လွင် ကြိုဆိုပွဲကို ယနေ့နံနက် ၁၀ နာရီ တွင် နေပြည်တော်တပ်ကုန်းမြို့ရှိ မြန်မာ့အသံနှင့် ရုပ်မြင်သံကြား၌ ကျင်းပရာ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း တက်ရောက်သည်။
Jan 21, 2026
ပတ်ဝန်းကျင်သည် လူတို့စိတ်ကို ပြုပြင်ပြောင်းလဲနိုင်စွမ်းရှိသည်။ ကြည်နူးချမ်းမြေ့ဖွယ်ရာကောင်းသည့်အရပ်၊ ငြိမ်းချမ်းသာယာလှပသောပတ်ဝန်းကျင်၊ သန့််ရှင်းသန့်ပြန့်သည့်နေရာတို့တွင် နေထိုင်သည့်အခါ လူတို့၏စိတ်သည် အလိုလိုနူးညံ့သိမ်မွေ့လာပြီး ဝမ်းမြောက်ပီတိဖြစ်နေဘိသကဲ့သို့ စိတ်နှလုံးချမ်းသာခြင်းတို့နှင့် ပြည့်စုံနေသလိုဖြစ်နေပေသည်။ ထို့ကြောင့် ကောင်းမွန်သောစိတ်နှလုံး ဖြစ်ပေါ်လာစေရန်အတွက် ကောင်းမွန်သောဝန်းကျင်အား အရှည်မြော်တွေး၍ ဦးစွာတည်ဆောက်နေကြသည်။
Jan 21, 2026
နိုင်ငံတစ်နိုင်ငံ၏ ဂျီဒီပီ (Gross Domestic Product ) ဆိုသည်မှာ သတ်မှတ်ထားသည့် ကာလတစ်ခု ဥပမာတစ်နှစ်အတွင်း ယင်းနိုင်ငံ၏ စုစုပေါင်းပြည်တွင်းထုတ်ကုန်တန်ဖိုးဖြစ်သည်။ နိုင်ငံတစ်နိုင်ငံ၏ စီးပွားရေးတိုးတက်မှုနှုန်းကို တိုင်းတာခြင်း၊ စီးပွားရေးပမာဏကို ပြသခြင်းတို့အတွက် အညွှန်းကိန်းလည်းဖြစ်ရာ ဂျီဒီပီတန်ဖိုးကို ကြည့်ခြင်းအားဖြင့် နိုင်ငံ၏အခြေအနေကို ခန့်မှန်းသိရှိနိုင်သည်။ ဂျီဒီပီတန်ဖိုး အနိမ့်အမြင့်သည် နိုင်ငံသားတို့၏ ကုန်ထုတ်လုပ်မှုပမာဏပေါ်တွင် တည်ရှိနေခြင်းဖြစ်ရာ နိုင်ငံသားတိုင်းပိုမိုအားထုတ်ကြိုးပမ်း အလုပ်လုပ်ကြသည်နှင့်အမျှ နိုင်ငံစီးပွားပိုမိုတိုးတက်မြင့်မားလာမည်ဖြစ်သည်။
Jan 20, 2026
တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးကောက်တင်မြှောက်ခံရသူများ အမည်စာရင်းကြေညာခြင်း
Jan 20, 2026
တပ်မတော်စစ်ကြောင်းများအနေဖြင့် PDF အမည်ခံအကြမ်းဖက်သောင်းကျန်းသူပူးပေါင်းအဖွဲ့များ ယာယီထိန်းချုပ်ထားသည့် သပိတ်ကျင်း-မိုးကုတ် ဆက်သွယ်ရေးလမ်းကြောင်းအား ဇန်နဝါရီ ၁၉ ရက်နေ့တွင် အပြည့်အဝပြန်လည်ထိန်းချုပ်နိုင်ခဲ့သည့်အတွက် ယနေ့မှစ၍ ဒေသခံပြည်သူများနှင့် ခရီးသွားပြည်သူများအနေဖြင့် မန္တလေး-သပိတ်ကျင်း-မိုးကုတ် ဆက်သွယ်ရေးလမ်းကြောင်းပေါ်တွင် စိတ်အေးချမ်းသာစွာဖြင့် ပြန်လည်သွားလာနိုင်ပြီဖြစ်၍ ဒေသတွင်းကုန်စည်ကူးသန်း ရောင်းဝယ်မှုများ လွယ်ကူလျင်မြန်ချောမွေ့စွာဖြင့် ပုံမှန်အတိုင်းဆောင်ရွက်နိုင်ပြီဖြစ်သည်။
Jan 20, 2026
နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြများ လိုက်ပါ၍ ယနေ့နံနက်ပိုင်းတွင် အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်နယ်မြေအတွင်း နယ်မြေလုံခြုံရေးဆောင်ရွက်ထားရှိမှု အခြေအနေများအား သွားရောက်စစ်ဆေးပြီး တပ်နယ်မိသားစုများအား တွေ့ဆုံအမှာစကားပြောကြားသည်။
Jan 20, 2026
သံလွင်မြစ်ကူးတံတား (တာဆန်း) ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ရှမ်းပြည်နယ် (တောင်ပိုင်း)၊ မိုင်းပန်မြို့နယ်၊ တာဆန်းကျေးရွာအနီးရှိ အဆိုပါတံတားနေရာ၌ ကျင်းပပြုလုပ်ရာ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်ချီးမြှင့်ဖွင့်လှစ်ပေးသည်။
Jan 20, 2026
ရန်ကုန်မြို့နှင့် မန္တလေးမြို့အတွက် ရည်ညွှန်းလက်ကားဈေးနှုန်းများနှင့် ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ တိုင်းဒေသကြီး/ပြည်နယ် မြို့တော်များအတွက် ရည်ညွှန်းလက်လီဈေးနှုန်းများ
Jan 20, 2026
သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိန်းကျော်သည် ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်နှင့်အတူ ယနေ့မွန်းလွဲပိုင်းတွင် ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံမြို့ရှိ Polytechnic University (Kyaing Tong) Faculty of Computing သို့သွားရောက်၍ စာသင်ခန်းများ၊ လက်တွေ့ခန်းများ၊ အားကစားခန်းမ နှင့် ဘောလုံးကွင်း တည်နေရာတို့ကို ကြည့်ရှုစစ်ဆေးသည်။
Jan 20, 2026
ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမျိုးသန့်သည် ယနေ့မွန်းလွဲပိုင်းတွင် ရှမ်းပြည်နယ် (အရှေ့ပိုင်း) ခရိုင်၊ မြို့နယ်များရှိ ဆောက်လုပ်ရေးဝန်ကြီးဌာနအောက် ဦးစီးဌာနများမှ ဝန်ထမ်းများနှင့်တွေ့ဆုံ၍ ကျိုင်းတုံ-လွယ်မွေလမ်း ပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေကို ကွင်းဆင်းကြည့်ရှုစစ်ဆေးသည်။
Jan 20, 2026
ထိုင်းနိုင်ငံအပါအဝင် အိမ်နီးချင်းနိုင်ငံအချို့ကို တစ်ဆင့်ခံဖြတ်သန်း၍ မြန်မာနိုင်ငံအတွင်းသို့ နယ်စပ်လမ်းကြောင်းများမှ တရားမဝင် ဝင်ရောက်လာပြီး ကရင်ပြည်နယ် မြဝတီ-ရွှေကုက္ကိုလ်နယ်မြေတွင် တရားမဝင်အွန်လိုင်းလောင်းကစားမှုများ၊ အွန်လိုင်းလိမ်လည်မှုများ၊ ဒုစရိုက်မှုများကျူးလွန်ခဲ့ကြသည့် အီသီယိုးပီးယားနိုင်ငံသား ၁၇ ဦး၊ ယူဂန်ဒါနိုင်ငံသား ၁၆ ဦး၊ ဖိလစ်ပိုင်နိုင်ငံသား ၁၁ ဦးနှင့် မာဒါဂတ်စကာနိုင်ငံသားတစ်ဦး၊ စုစုပေါင်းပြည်ပနိုင်ငံသား ၄၅ ဦးတို့အား မြန်မာ-ထိုင်း အမှတ်(၂)ချစ်ကြည်ရေးတံတားမှတစ်ဆင့် သက်ဆိုင်ရာနိုင်ငံများသို့ လူသားချင်းစာနာထောက်ထားမှုနှင့် နိုင်ငံအချင်းချင်း ချစ်ကြည်ရင်းနှီးမှုတို့ကို ရှေးရှု၍ ဥပဒေလုပ်ထုံးလုပ်နည်းများနှင့်အညီ ထပ်မံလွှဲပြောင်းပေးသည်။
Jan 20, 2026
ရန်ကုန်တိုင်းဒေသကြီးအတွင်း၌ နိုင်ငံသားစိစစ်ရေးကတ်များနှင့် ဌာနဆိုင်ရာ/ရုံးစာရွက်စာတမ်းများအား အခကြေးငွေရယူကာလိမ်လည် အတုပြုလုပ်နေသူများကို ဇန်နဝါရီ ၁၄ ရက်က ဖော်ထုတ်ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။
ပြည်သူ့စစ်မှုထမ်းသင်တန်းအမှတ်စဉ် (၂၁) သင်တန်းဖွင့်ပွဲများအား တိုင်းစစ်ဌာနချုပ်အသီးသီး၌ ကျင်းပပြုလုပ်
Jan 20, 2026
နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်ထမ်းဆောင်နိုင်ရန်အတွက် ပြည်သူ့စစ်မှုထမ်း သင်တန်းအမှတ်စဉ် (၂၁) တွင် ပါဝင်တက်ရောက်ကြမည့် အရည်အချင်းကိုက်ညီသူ နိုင်ငံ့သားကောင်းများသည် သက်ဆိုင်ရာတိုင်းစစ်ဌာနချုပ်နယ်မြေများရှိ သင်တန်းကျောင်းအသီးသီးသို့ရောက်ရှိ၍ လိုအပ်သည့်ကြိုတင်ပြင်ဆင်မှုများကို ဆောင်ရွက်ခဲ့ကြသည်။ ယနေ့နံနက်ပိုင်းတွင် အဆိုပါသင်တန်းကျောင်းအသီးသီး၌ ပြည်သူ့စစ်မှုထမ်းသင်တန်း အမှတ်စဉ်(၂၁) သင်တန်းဖွင့်ပွဲများပြုလုပ်ကြရာ သင်တန်းဖွင့်ပွဲများတွင် သင်တန်းကျောင်းများအလိုက် ကျောင်းအုပ်ကြီးများက သင်တန်းဖွင့်အမှာစကားများ ပြောကြားကြသည်။
Jan 20, 2026
(၁၃) ကြိမ်မြောက် အာဆီယံမသန်စွမ်းအားကစားပြိုင်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် Asean Para Sports Fe-deration (APSF) Board of Governor (BoG) အစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် နာခွန်ရစ်ချာဆီးမား (ခိုရတ်) မြို့ Kantary Hotel ရှိ Lamtakong ခန်းမ၌ကျင်းပရာ အာဆီယံနိုင်ငံများမှ အားကစားအဖွဲ့ခေါင်းဆောင်များ၊ မြန်မာနိုင်ငံမသန်စွမ်းအားကစားအဖွဲ့ချုပ်ဥက္ကဋ္ဌ ဗိုလ်ချုပ်လှမိုးနှင့်အတူ မြန်မာမသန်စွမ်း အားကစားအဖွဲ့ခေါင်းဆောင် ဒုတိယဥက္ကဋ္ဌဒေါက်တာ တင်မောင်လှိုင်နှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
Jan 20, 2026
လူကုန်ကူးခံရသူများအား ပြန်လည်လက်ခံရေး၊ ပြန်လည်ဝင်ဆံ့ပေါင်းစည်းရေးနှင့် ပြန်လည်ထူထောင်ရေးဆိုင်ရာလုပ်ငန်းကော်မတီ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၁/၂၀၂၆) ကို ယနေ့မွန်းလွဲပိုင်းက လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနဝန်ကြီးဌာန စုပေါင်းအစည်းအဝေးခန်းမ၌ ကျင်းပသည်။
