May 30, 2026
လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်သည် မြန်မာနိုင်ငံရှိ ကုလသမဂ္ဂအဖွဲ့အစည်းများ၏ အကြီးအမှူး ကုလသမဂ္ဂယာယီဌာနေ ညှိနှိုင်းရေးမှူးနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ယာယီညှိနှိုင်းရေးမှူး Ms. Gwyn Lewis နှင့်အဖွဲ့အား ယနေ့နံနက် ၁၁ နာရီတွင် နေပြည်တော်ရှိ အဆိုပါဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။
May 30, 2026
ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချောချောစိန်သည် မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီး H.E. Ms. Ma Jia အား ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော် ပညာရေးဝန်ကြီးဌာန ရုံးအမှတ်(၁၃)ရှိ ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။
May 30, 2026
ကမ္ဘာတစ်ဝန်းတွင် နေ့စဉ်ကော်ဖီခွက်ရေ သန်းပေါင်း ၂၆၀၀ သောက်သုံးနေကြသည်ဟု ကျွမ်းကျင်သူတို့က ခန့်မှန်းထားကြသည်။ ကော်ဖီသည် ကမ္ဘာပေါ်တွင် ရေပြီးလျှင် သောက်သုံးမှု ဒုတိယအများဆုံးဖြစ်သကဲ့သို့ ရေနံပြီးလျှင် ဒုတိယကုန်သွယ်မှုအများဆုံး ကုန်ပစ္စည်းဖြစ်သည်။ ၂၀၂၀ ပြည့်နှစ်တွင် ကမ္ဘာ့ကော်ဖီဈေးကွက်၏ တန်ဖိုးသည် အမေရိကန်ဒေါ်လာ ၁၀၂ ဒသမ ၀၂ ဘီလီယံတန်ဖိုးရှိပြီး ၂၀၂၁ ခုနှစ်မှ ၂၀၂၆ ခုနှစ်အတွင်း နှစ်စဉ်တိုးတက်မှုနှုန်း ၄ ဒသမ ၂၈ ရာခိုင်နှုန်းသို့ ရောက်ရှိလာမည်ဟု ခန့်မှန်းထားကြသည်။
May 30, 2026
မြတ်စွာဘုရားရှင် သာဝတ္ထိပြည် ဇေတဝန်ကျောင်းတော်၌ သီတင်းသုံးတော်မူစဉ်အခါက ကပိလဝတ်ပြည်မှ လယ်သမားများနှင့် ကောလိယပြည်မှ လယ်သမားများသည် ရောဟိဏီမြစ်ရေကို ခွဲဝေသုံးစွဲရာ၌ အဝေမတည့်ဖြစ်ကြသည်။ မိုးလေဝသမှန်၍ မြစ်ရေလုံလုံလောက်လောက်ရနေစဉ်က ရေအတွက် ပြဿနာမရှိခဲ့ကြသော်လည်း ထိုအချိန်က မိုးခေါင်သဖြင့် ရောဟိဏီမြစ်ရေအလွန်နည်းပါးနေချိန် ဖြစ်သည်။ အပူရှိန်ပြင်းသည့် ကဆုန်၊ နယုန်လတွင် ရောဟိဏီမြစ်ရေသည် တစ်ပြည်ထောင်အတွက်ပင် လုံလောက်အောင်မရှိဖြစ်ခဲ့သည်။
May 29, 2026
နိုင်ငံတော်အစိုးရအနေဖြင့် အွန်လိုင်းလိမ်လည်လောင်းကစားမှုများကို အများဆုံး အခြေချလုပ်ကိုင်ခဲ့ကြသည့် ရွှေကုက္ကိုလ်နယ်မြေနှင့် KK Park နယ်မြေများရှိ တရားမဝင် အဆောက်အအုံများအတွင်း အွန်လိုင်းလိမ်လည်လောင်းကစားလုပ်ငန်းများ လုပ်ကိုင်ခြင်းမရှိစေရေး ဌာနဆိုင်ရာပူးပေါင်းအဖွဲ့များဖြင့် ဝင်ရောက်ရှင်းလင်း၍ သိမ်းဆည်းရမိပစ္စည်းများအား စနစ်တကျ ဖျက်ဆီးခြင်းနှင့် တရားမဝင်အဆောက်အအုံများအား အသုံးပြု၍ အွန်လိုင်းလိမ်လည် လောင်းကစားမှုများ ထပ်မံကျူးလွန်ခြင်းမပြုနိုင်စေရေးတို့အတွက် အပြီးတိုင်ဖြိုချ ဖျက်ဆီးခြင်းများကို ဆောင်ရွက်လျက်ရှိရာ ယနေ့တွင် ရွှေကုက္ကိုလ်နယ်မြေအတွင်းရှိ တရားမဝင် ၄ ထပ်လူနေ အဆောက်အအုံ ၃ လုံးအား ထပ်မံ၍ စနစ်တကျ ဖြိုချဖျက်ဆီးခဲ့ကြောင်း သိရှိရသည်။
May 29, 2026
တပ်မတော်အနေဖြင့် အကြမ်းဖက်သောင်းကျန်းသူများ ယာယီစိုးမိုးထားသည့် ချင်းပြည်နယ်အတွင်းရှိ ဖလမ်းမြို့၊ တီးတိန်မြို့၊ တွန်းဇံမြို့နှင့် ဒေသတစ်ဝိုက်တို့အား အပြည့်အဝပြန်လည်ထိန်းချုပ်နိုင်ခဲ့ပြီး ဒေသပြန်လည်ဖွံ့ဖြိုးတိုးတက်ရေးနှင့် အုပ်ချုပ်မှုယန္တရားများ ပြန်လည်လည်ပတ်၍ ဒေသခံပြည်သူများ၏ လူမှုစီးပွားဘဝများ တိုးတက်စေရေးအတွက် နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်ချက်နှင့်အညီ ပြန်လည်ထူထောင်ရေးနှင့် ပြန်လည်တည်ဆောက်ရေးလုပ်ငန်းများဆောင်ရွက်ရန် နိုင်ငံတော်အစိုးရက ထောက်ပံ့ပေးအပ်သည့် လူသုံးကုန်ပစ္စည်းများ၊ စားသောက်ကုန်များနှင့် ဆောက်လုပ်ရေး လုပ်ငန်းသုံးပစ္စည်းများကို အဆိုပါမြို့များအရောက် ပို့ဆောင်ပေးလျက်ရှိသည်။
May 29, 2026
၂၀၂၆-၂၀၂၇ ပညာသင်နှစ်တွင် တက်ရောက်ပညာသင်ကြားကြမည့် တပ်မတော်သားမိသားစုဝင် မူလတန်း၊ အလယ်တန်း၊ အထက်တန်းကျောင်းသား/ကျောင်းသူများအတွက် (ပထမ)အကြိမ် ကျောင်းဝတ်စုံနှင့် စာရေးကိရိယာများပေးအပ်ပွဲများကို ယနေ့နံနက်ပိုင်းတွင် အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်၊ အောင်ဇေယျခန်းမ၊ အနောက်တောင်တိုင်းစစ်ဌာနချုပ်၊ ဧရာဝတီခန်းမနှင့် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် ရန်အောင်မြင်ခန်းမတို့၌ ပြုလုပ်ကြရာ သက်ဆိုင်ရာတိုင်းစစ်ဌာနချုပ်များမှ တိုင်းမှူးများနှင့် တာဝန်ရှိသူများ၊ တိုင်းစစ်ဌာနချုပ်အသီးသီးမှ အရာရှိ၊ စစ်သည်၊ မိသားစုဝင်များ၊ စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များနှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ကြသည်။
May 29, 2026
ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဗိုလ်ချုပ်ကြီး ကျော်စွာလင်းသည် ဇနီးဒေါ်နန်းကူးကူ၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများနှင့်ဇနီးများ၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့် တာဝန်ရှိသူများလိုက်ပါ၍ ယနေ့မွန်းလွဲပိုင်းတွင် အောင်ဆန်းခန်းမ၌ ဗထူးတပ်နယ်ရှိ အရာရှိ၊ စစ်သည်၊ မိသားစုများအား သွားရောက်တွေ့ဆုံအမှာစကား ပြောကြားသည်။
May 29, 2026
ဒုတိယတပ်တော်ကာကွယ်ရေးဦးစီချုပ်၊ ကာကွယ်ရေးဦးစီချုပ်(ကြည်း) ဗိုလ်ချုပ်ကြီး ကျော်စွာလင်းသည် ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများ၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့် တာဝန်ရှိသူများလိုက်ပါ၍ ယနေ့တွင် ဗထူးတပ်မြို့ရှိ သင်တန်းကျောင်းများ၊ နယ်မြခံတပ်ရင်း/တပ်ဖွဲ့များနှင့် တပ်မတော်ဆေးရုံတို့အား လိုက်လံကြည့်ရှုစစ်ဆေးသည်။
May 29, 2026
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် သာသနာရေးဝန်ကြီးဌာန သာသနာရေးဦးစီးဌာနက ကြီးမှူးကျင်းပသည့် (၇၈) ကြိမ်မြောက် တိပိဋကဓရ တိပိဋကကောဝိဒ ရွေးချယ်ရေး စာမေးပွဲတွင် အောင်မြင်တော်မူကြသည့် သာသနာ့အာဇာနည် အရှင်သူမြတ်အပါး (၁၀၀) တို့အား ချီးကျူးပူဇော်ပွဲနှင့် အောင်လက်မှတ်ဆက်ကပ်လှူဒါန်းပွဲ မဟာမင်္ဂလာအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့ သီရိမင်္ဂလာကမ္ဘာအေးကုန်းမြေရှိ ဆဋ္ဌသင်္ဂါယနာတင် မဟာပါသာဏလိုဏ်ဂူ သိမ်တော်ကြီးအတွင်း၌ ကျင်းပသည်။
May 29, 2026
နိုင်ငံတော်အစိုးရသည် ပြည်ပတွင်ရောက်ရှိနေသည့် မြန်မာနိုင်ငံသားများ အခက်အခဲများ ကြုံတွေ့လာပါက နိုင်ငံသားများအပေါ် အလေးအနက်ထား တန်ဖိုးထားသည့်အနေဖြင့် မြန်မာသံရုံးနှင့် မြန်မာကောင်စစ်ဝန်ချုပ်ရုံးတို့က သက်ဆိုင်ရာနိုင်ငံများနှင့်ချိတ်ဆက်၍ အမိနိုင်ငံသားများ မြန်မာနိုင်ငံသို့အေးချမ်းလုံခြုံစွာ အမြန်ဆုံးပြန်လည်ရောက်ရှိနိုင်ရန် စီစဉ်ဆောင်ရွက်ပေးလျက်ရှိသည်။
May 29, 2026
၂၀၂၆-၂၀၂၇ မိုး၊ ဆောင်း၊ နွေ ရာသီပြည့် သီးနှံစိုက်ပျိုး ထုတ်လုပ်နိုင်ရေးနှင့် လျာထားချက်အပြည့်အဝအကောင်အထည်ဖော် စိုက်ပျိုးနိုင်ရေးဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းက နေပြည်တော် ပုဗ္ဗသီရိမြိုနယ် ဘဲကုန်းကျေးရွာ၌ကျင်းပရာ နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ စိုက်ပျိုးရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့် တောင်သူ ၁၂၂ ဦး တက်ရောက်ကြသည်။
May 29, 2026
ဓာတုပစ္စည်းစီမံခန့်ခွဲမှုသင်တန်းနှင့် စွန့်ပစ်ပစ္စည်းစီမံခန့်ခွဲမှုသင်တန်း ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး အင်းစိန်မြို့နယ် ဓာတုပစ္စည်းစီမံခန့်ခွဲရေးဗဟိုဌာန၌ကျင်းပရာ စက်မှုနှင့် အသေးစား၊ အငယ်စား၊ အလတ်စားနှင့် စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ချာလီသန်း၊ ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများသည် Virtual စနစ်ဖြင့် တက်ရောက်ကြသည်။
May 29, 2026
တရုတ်နိုင်ငံ ယူနန်မီဒီယာဂရု (Yunnan Media Group) နှင့် မြန်မာဘာသာဖြင့် လစဉ်ထုတ်ဝေသည့် ဆွေမျိုးပေါက်ဖော်မဂ္ဂဇင်းတို့အကြား သတင်း၊ အကြောင်းအရာပံ့ပိုးမှုနှင့် နည်းပညာဆိုင်ရာတို့ကို ပူးပေါင်းဆောင်ရွက်နိုင်ရေး နှစ်ဖက်နားလည်မှုစာချွန်လွှာ (MoU) လက်မှတ်ရေးထိုးခြင်းအခမ်းအနားကို ယမန်နေ့ညပိုင်းက ရန်ကုန်မြို့ သုဝဏ္ဏအားကစားကွင်းအတွင်းရှိ Myanmar Sport Hotel ၌ ကျင်းပသည်။
May 29, 2026
နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကိုကိုကျော်သည် ဟနွိုင်းမြို့အခြေစိုက် မြန်မာနိုင်ငံဆိုင်ရာ ဘယ်လာရုစ်သံအမတ်ကြီး H.E. Mr. Uladzimir BARAVIKOU အား ယနေ့မွန်းလွဲ ၁ နာရီတွင် နေပြည်တော် နိုင်ငံခြားရေးဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံသည်။
May 29, 2026
“နိုင်ငံဖွံ့ဖြိုးဖို့ လူငယ်များ၏အနာဂတ်ကို မြှင့်တင်စို့” ခေါင်းစဉ်ဖြင့် လူငယ်စကားဝိုင်းကို ယနေ့နံနက် ၉ နာရီတွင် သာကေတမြို့နယ် လူငယ်စင်တာခန်းမ၌ကျင်းပရာ မြန်မာနိုင်ငံလူငယ်ရေးရာဗဟိုကော်မတီ ဒုတိယဥက္ကဋ္ဌ (၁) လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မောင်သင်း၊ ရန်ကုန်တိုင်းဒေသကြီး လူငယ်ရေးရာကော်မတီဥက္ကဋ္ဌ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအောင်နိုင်သူ၊ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးဌေးအောင်နှင့် ဒုတိယဥက္ကဋ္ဌ ဦးကျော်ကျော်စိုး၊ တိုင်းဒေသကြီးဝန်ကြီးများ၊ လူငယ်ကိုယ်စားလှယ်များ၊ ကျောင်းသား ကျောင်းသူများ၊ လူမှုကူညီကယ်ဆယ်ရေးအဖွဲ့များနှင့် အလှူရှင်များ တက်ရောက်ကြသည်။
May 29, 2026
ပြည်ထောင်စုနယ်မြေ နေပြည်တော်အတွင်း ဓာတ်အားပြတ်တောက်မှု လျော့နည်းစေရေးနှင့် လျှပ်စစ်အန္တရာယ်ကင်းရှင်းစေရေး ဓာတ်အားလိုင်းများတစ်လျှောက် မလွတ်ကင်းသော သစ်ပင်သစ်ကိုင်းများ၊ ချုံနွယ်များခုတ်ထွင်ရှင်းလင်းခြင်းနှင့် ပုံမှန်ထိန်းသိမ်းပြုပြင်ခြင်းလုပ်ငန်းများကို
May 29, 2026
မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌ ဒေါက်တာခင်နိုင်ဦးသည် ဘယ်လာရုစ်သမ္မတနိုင်ငံ ဗဟိုဘဏ်ဒုတိယဥက္ကဋ္ဌ H.E. Mr. Alexander EGOROV ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား ယနေ့နံနက် ၉ နာရီတွင် နေပြည်တော်ရှိ မြန်မာနိုင်ငံတော်ဗဟိုဘဏ် ကံ့ကော်ခန်းမ၌ လက်ခံတွေ့ဆုံသည်။
May 29, 2026
ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ကံဇော်သည် ဘယ်လာရုစ်သမ္မတနိုင်ငံ ဗဟိုဘဏ်ဒုတိယဥက္ကဋ္ဌ H.E. Mr. Alexander EGOROV ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ဘဏ္ဍာရေးနှင့်အခွ
May 29, 2026
လေ့လာရေးခရီးသွားရောက်ခဲ့ကြသည့် ရေကြောင်းလူငယ်အခြေခံနှင့် တန်းမြင့်သင်တန်းအမှတ်စဉ် (၁/၂၀၂၆) မော်လမြိုင်သင်တန်းစခန်းမှ သင်တန်းသား သင်တန်းသူများ၊ နည်းပြများနှင့် ကြီးကြပ်သူများအား ဂုဏ်ပြုကြိုဆိုပွဲကို ယနေ့မွန်းလွဲပိုင်းတွင် မွန်ပြည်နယ်မော်လမြိုင်မြို့ရှိ နယ်မြေခံရေတပ်စခန်းဌာနချုပ်၌ပြုလုပ်ရာ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဝင်းသန်း၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ် သူရဇော်လွင်စိုးနှင့်အဖွဲ့ဝင်များ၊ ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ သင်တန်းနည်းပြများ၊ ကြီးကြပ်သူများ၊ သင်တန်းသား သင်တန်းသူများ တက်ရောက်ကြသည်။
