Jan 25, 2020
နေပြည်တော် ဇန်နဝါရီ ၂၅
တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန စစ်ကိုင်းတိုင်းဒေသကြီးဦးစီးဌာနရုံး အဆောက်အအုံ သစ်ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက် ၉ နာရီတွင် မုံရွာမြို့၌ ကျင်းပသည်။
Jan 25, 2020
ထားဝယ် ဇန်နဝါရီ ၂၅
တနင်္သာရီတိုင်းဒေသကြီး၊ ၂၀၁၉-၂၀၂၀ ပညာသင်နှစ် ၊ တိုင်းဒေသကြီးအဆင့်ပညာရေး စုံညီပွဲတော် အခမ်းအနားကို ယနေ့နံနက် ၉ နာရီ က ထားဝယ်မြို့၊မြိုပတော်ခန်းမ၌ ကျင်းပရာ ရှေးဦးစွာကျောင်းသား/ ကျောင်းသူ များ က အခမ်းအနားကို “စုံညီပွဲတော်တို့နွှဲပျော်”သီချင်းဖြင့် သီဆိုဖွင့်လှစ်ခဲ့သည်။
Jan 25, 2020
မြန်အောင် ဇန်နဝါရီ ၂၅
ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးလှမိုးအောင်နှင့် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးများ၊ တိုင်း၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများသည် ယနေ့ နံနက်က မြန်အောင်မြို့နယ် သပြေကုန်း ကျေးရွာအုပ်စု သပြေကုန်း ရဲကင်း ရဲစခန်းဖွင့်ပွဲနှင့် နယ်မြေမီးသတ်စခန်း ပန္နက်တင်မင်္ဂလာ အခမ်းအနားသို့ တက်ရောက်ခဲ့ကြသည်။
Jan 25, 2020
ရန်ကုန် ဇန်နဝါရီ ၂၅
Jan 25, 2020
ဟားခါး ဇန်နဝါရီ ၂၅
ပထမဦးဆုံးအကြိမ် ကျင်းပသည့်လောက်နူးမြေယဉ်ကျေးမှုနှင့် ခေါ်နူးစုမ်တောင်ဇလပ်ပန်း ပွဲတော်ဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီအချိန်က ကန်ပက်လက်မြို့၊ အခြေခံပညာ အထက်တန်းကျောင်း ဘောလုံးကွင်း၌ ကျင်းပပြုလုပ်ခဲ့သည်။
Jan 25, 2020
ပြည် ဇန်နဝါရီ ၂၅
ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဝင်းသိန်းသည် ပြည်မြို့နယ်မှ လွှတ်တော်ကိုယ်စား လှယ်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယမန်နေ့ ညနေ ၅ နာရီ ၃၀ အချိန်က ပြည်မြို့နယ် သစ်ချီတင်အုပ်စု သစ်ချီတင်ကျေးရွာ ဘုန်းတော်ကြီး ကျောင်းအရှေ့ဘက်၌ နဝင်းချောင်းရေတိုက်စားမှုကြောင့် မြေပြိုကျခဲ့သည့်နေရာသို့ သွားရောက်ကြည့်ရှု စစ်ဆေးခဲ့ ကြောင်း သိရသည်။
Jan 25, 2020
ပြည် ဇန်နဝါရီ ၂၅
ယနေ့ နံနက်(၈)နာရီက ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် ပြည်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာန ဇီးအုပ်စခန်း၌ စိုက်ပျိုးရေးဆိုင်ရာ လယ်သမားသင်တန်းကျောင်း တည်ဆောက်နေမှုအား ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြသည်။
Jan 25, 2020
မြန်မာ့ရုပ်ရှင်ဟူ၍ ပေါ်ထွန်းလာခဲ့သည်မှာ ယခုနှစ်တွင် နှစ်ပေါင်း ၁၀၀ တိုင်ခဲ့ပြီတည်း။ မြန်မာ့ လွတ်လပ်ရေးအတွက် အင်္ဂလန်နိုင်ငံသို့ သွားရောက်တောင်းဆိုခဲ့သော ဦးဘဖေ၊ ဦးပု၊ ဦးထွန်းရှိန် (ဖေပူရှိန်) ဟူသည့် အမျိုးသားရေးတက်ကြွသူ ခေါင်းဆောင်သုံးဦးအနက်က တစ်ဦးဖြစ်သော ဦးထွန်းရှိန် ကွယ်လွန်သည့် ဈာပနအခမ်းအနားအား မှတ်တမ်းတင်ရုပ်ရှင်အဖြစ် ရိုက်ကူးခဲ့သော ၁၉၂၀ ပြည့်နှစ်ကို မြန်မာ့ရုပ်ရှင်အစခရီးအဖြစ် သတ်မှတ်သည့်အတွက် ၂၀၂၀ ပြည့်နှစ်ကို မြန်မာ့ရုပ်ရှင် နှစ် ၁၀၀ အဖြစ် မော်ကွန်းတင် ဂုဏ်ယူရပါသည်။
Jan 25, 2020
နိုင်ငံတည်းဟူသော သဘောသဏ္ဌာန်နှင့် တိုင်းပြည်တည်းဟူသော အသွင်သဏ္ဌာန်နှစ်ခုသည် တစ်ခုနှင့်တစ်ခု ဆက်စပ်နေသည်။ များသောအားဖြင့် လူတို့သည် နိုင်ငံဟုဆိုလိုက်၊ တိုင်းပြည်ဟု ဆိုလိုက်နှင့် တိုင်းပြည်နှင့်နိုင်ငံ၏ သဘောအဓိပ္ပာယ်ကို ကွဲကွဲပြားပြား မသိဘဲ ရော၍ပြောဆို နေကြသည်။ အလားတူပင် ပြည်ထောင်စုသဘော အဓိပ္ပာယ်ကိုလည်း စစ်စစ်ပေါက်ပေါက် မသိရှိကြသေးပေ။ ပြည်ထောင်စုဆိုသည်မှာ တိုင်းရင်းသားလူမျိုးများ စုပေါင်းနေထိုင်ကြသော အရပ်ကို ပြည်ထောင်စုဟု အကြမ်းဖျင်းဆိုကြသည်။ မတူကွဲပြားသော လူ့အဖွဲ့အစည်းများ ညီညီညွတ်ညွတ် စုပေါင်းနေထိုင်မှသာ ပြည်ထောင်စုအစစ်ဖြစ်သည်။
Jan 25, 2020
နိုင်ငံတစ်နိုင်ငံရှိ နိုင်ငံသူ နိုင်ငံသားများ ပညာရည်ဖွံ့ဖြိုးတိုးတက်နေမှုသည် ထိုနိုင်ငံ အေးချမ်း သာယာ ဝပြောမှုကို ထင်ဟပ်ပေါ်လွင်စေပါသည်။ ပညာရည်ပြည့်ဝသော၊ အသိဉာဏ်ပညာမြင့်မားသော နိုင်ငံသူ နိုင်ငံ သားများ ဖြစ်ပေါ်လာရန်အတွက် ထိုနိုင်ငံရှိ ပညာရေးစနစ်ကောင်းခြင်း၊ မကောင်းခြင်း အပေါ်တွင် မူတည် ပေသည်။ ထို့ကြောင့် မျက်မှောက်အရေးထက် အနာဂတ် အရေးကို မျှော်တွေး၍ ကောင်းမွန်သော ပညာရေး စနစ်ကို နိုင်ငံများက ရင်းနှီးမြှုပ်နှံနေကြသည်။
Jan 24, 2020
နေပြည်တော် ဇန်နဝါရီ ၂၄
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၏ စွမ်းအင်ကဏ္ဍနှင့်ပတ်သက်၍ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်ပထမသုံးလပတ်လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ၂၀၂၀ပြည့်နှစ် ဇန်နဝါရီ ၂၃ရက်နှင့် ၂၄ ရက်တို့၌ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ရတနာခန်းမ၌ ကျင်းပသည်။
Jan 24, 2020
နေပြည်တော် ဇန်နဝါရီ ၂၄
ကလေးသူငယ်ကာကွယ်စောင့်ရှောက်ရေးလုပ်ငန်း အကောင်အထည်ဖော် ဆောင်ရွက်နေသူများ၊ မြန်မာနိုင်ငံဆရာဝန်အသင်း၊ ကလေးကျန်းမာပညာအဖွဲ့နှင့် အင်္ဂလန်နိုင်ငံ တော်ဝင်ကလေးကျန်းမာပညာ အဖွဲ့မှပညာရှင်များ ပူးပေါင်း၍ ကလေးသူငယ်ကာကွယ် စောင့်ရှောက်ရေးဆိုင်ရာအလုပ်ရုံဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းက နေပြည်တော်ရှိ Park Royal Hotel ၌ ကျင်းပသည်။
Jan 24, 2020
နေပြည်တော် ဇန်နဝါရီ ၂၄
နေပြည်တော်၌ ဒုတိယအကြိမ် ဝန်ကြီးဌာနပေါင်းစုံ မြန်မာ့ရိုးရာထမနဲ ထိုးပြိုင်ပွဲနှင့် ပျော်ပွဲရွှင်ပွဲ ကျင်းပပြုလုပ်နိုင်ရေး ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ ပြန်ကြားရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
Jan 24, 2020
နေပြည်တော် ဇန်နဝါရီ ၂၄
Yangon Amata Smart and Eco City စီမံကိန်းအတွက် ဆောက်လုပ်ရေး ဝန်ကြီးဌာန မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာနနှင့် Amata Asia (Myanmar) Limited တို့အကြား ဖက်စပ်လုပ်ငန်း သဘောတူစာချုပ်နှင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာနနှင့် Yangon Amata Smart and Eco City Limited တို့အကြား မြေငှားစာချုပ် လက်မှတ်ရေးထိုးပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် နေပြည်တော်ရှိ Kempinski ဟိုတယ်၌ ကျင်းပသည်။
အခမ်းအနားတွင် Yangon Amata Smart and Eco City စီမံကိန်း၏ ဆက်လက်ဆောင်ရွက် သွားမည့် လုပ်ငန်းစဉ်များဗီဒီယိုဖိုင်ကို ပြသသည်။
Jan 24, 2020
နေပြည်တော် ဇန်နဝါရီ ၂၄
မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ (၂/၂၀၂၀) ကြိမ်မြောက် အစည်းအဝေးကို ယနေ့ နံနက်ပိုင်းတွင် ရန်ကုန်မြို့ရှိ ကော်မရှင်အစည်းအဝေးခန်းမ၌ ကျင်းပသည်။ အစည်းအဝေးသို့ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်ဥက္ကဋ္ဌ ဦးသောင်းထွန်းနှင့် အဖွဲ့ဝင် (၇)ဦး တက်ရောက်ကြ သည်။
Jan 24, 2020
ရေကြည် ဇန်နဝါရီ ၂၄
ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့၏စီစဉ်မှုဖြင့် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အခြေခံပညာဦးစီးဌာနနှင့် မြို့နယ်စီမံခန့်ခွဲမှုကော်မတီတို့ ပူးပေါင်းစီစဉ်ကျင်းပသော ကလေး စာပေပွဲတော် (ရေကြည်) စာအုပ်စာပေပြပွဲနှင့် စာအုပ်ဈေးရောင်းပွဲတော် ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက်ပိုင်းက ရေကြည်မြို့ အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်း၌ ကျင်းပ ပြုလုပ်ရာ ဧရာဝတီ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးလှမိုးအောင် တက်ရောက်ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
Jan 24, 2020
ရန်ကုန် ဇန်နဝါရီ ၂၄
ဂျပန်နိုင်ငံ NHK ရုပ်သံလိုင်းမှ ရိုက်ကူးရေးအဖွဲ့သည် ယမန်နေ့က သာစည်ဘူတာမှ အမှတ် (၁၄၇) အဆန်ရထားဖြင့် ပထမလွန်းထိုးဘူတာအထိ ရထားစီးနင်းလိုက်ပါပုံ၊ ရုံပိုင်အား လွန်းထိုးရထားလမ်းအကြောင်း မေးမြန်းပုံနှင့် ၎င်းဘူတာအနီး ထမင်းလှည့်လည်ရောင်းချနေပုံ၊ ပထမလွန်းထိုးဘူတာမှ ဆင်တောင်ဘူတာသို့ အမှတ်(၁၄၁) အဆန်ရထားဖြင့် စီးနင်းလိုက်ပါပုံ၊ ခရီးသည်များအား ခရီးစဉ်နှင့်အလုပ်အကိုင်များအကြောင်းမေးမြန်းပုံ တို့ကိုရိုက်ကူးခဲ့သည်။
Jan 24, 2020
နေပြည်တော် ဇန်နဝါရီ ၂၄
ပြည်ထောင်စု၏ အခွန်ဘဏ္ဍာငွေတိုးတက်ရရှိရေး အထောက်အကူပြုဦးစီးကော်မတီ၏ ဒုတိယအကြိမ်လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက် ၉ နာရီခွဲတွင် နေပြည်တော်ရှိ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန၊ ရုံးအမှတ် (၂၆) ၌ ကျင်းပသည်။
