Jan 28, 2020
ကျိုင်းတုံ ဇန်နဝါရီ ၂၉
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၌ 2019 Novel Coronavirus ကြောင့်ဖြစ်ပွားသော အဆုတ်ရောင် ရောဂါ ကြိုတင်ကာကွယ်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့ နံနက် ၉ နာရီခွဲက ပြည်နယ် ဒုတိယ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံး အစည်းအဝေးခန်းမတွင် ကျင်းပသည်။
Jan 28, 2020
ဘိုကလေး ဇန်နဝါရီ ၂၉
ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့၏ စီစဉ်မှု၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ အခြေခံပညာဦးစီးဌာန၊ မြို့နယ်စီမံခန့်ခွဲမှုကော်မတီတို့ ပူးပေါင်း၍ ကလေးစာပေပွဲတော်(ဘိုကလေး) ဖွင့်ပွဲကို ယနေ့ နံနက် (၉) နာရီက ဘိုကလေးမြို့၊ အမှတ်(၁) အခြေခံ ပညာအထက်တန်းကျောင်းရှေ့၌ ကျင်းပရာ ဧရာဝတီ တိုင်းဒေသကြီး စည်ပင်သာယာရေးဝန်ကြီး ဦးကျော်မြင့်၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ ဝန်ကြီး ဒေါက်တာစိုးဝင်း၊ ကရင်တိုင်းရင်းသားရေးရာဝန်ကြီး ဂါ့မိုးမြတ်မြတ်သူ၊ တာဝန်ရှိသူများနှင့် လူရည်ချွန်မယ် မဆုပြည့်စုံထွန်းတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ကြောင်းသိရှိရသည်။
Jan 28, 2020
မြန်မာနိုင်ငံသည် ယဉ်ကျေးမှု အဆင့်အတန်း မြင့်မားသော နိုင်ငံဖြစ်သည်။ ဂုဏ်ယူဖွယ်ရာ ယဉ်ကျေးမှု အမွေအနှစ်များနှင့် မြတ်နိုးဖွယ်ရာ ယဉ်ကျေးမှု အစဉ်အလာများ ရှေးအစဉ်အဆက်မှ ယနေ့ထက်တိုင် ဖြစ်ထွန်းနေသည်။ ခေတ်ကာလများ မည်သို့ပင်ရွေ့လျားလာသော်လည်း မြန်မာ့ယဉ်ကျေးမှု အစဉ်အလာများမှာ မှေးမှိန်သွားခြင်းမရှိပေ။ ဤသည်မှာ ကမ္ဘာပေါ်ရှိ နိုင်ငံတစ်နိုင်ငံ၏ ထူးခြားသော ဂုဏ်ဒြပ်ပင် ဖြစ်သည်။
Jan 28, 2020
နေပြည်တော် ၂၈ ဇန်နဝါ
Jan 28, 2020
အမျိုးသားလွှတ်တော် ဆောက်လုပ်ရေး၊ စက်မှုနှင့်စွမ်းအင်ဆိုင်ရာ ကော်မတီသည် ဆောက်လုပ်ရေး ဝန်ကြီးဌာန၊ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန၊ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနများ၏ဥပဒေ၊ နည်းဥပဒေ၊ အမိန့်ညွှန်ကြားချက်၊ လုပ်ထုံးလုပ်နည်းများကို လေ့လာသုံးသပ်ပြီး ပြင်ဆင်၊ ပယ်ဖျက် အသစ် ပြဋ္ဌာန်းခြင်းများ၊ ၎င်းဝန်ကြီးဌာနများ၏မူဝါဒ၊ ရည်မှန်းချက်များ၊ စီမံကိန်းလုပ်ငန်းစဉ်များ အကောင်အထည်ဖော် ဆောင်ရွက်နေမှုများကို လေ့လာသုံးသပ်အကြံပြုရန်၊ ဆောက်လုပ်ရေးကဏ္ဍ၊ စက်မှုကဏ္ဍ၊ လျှပ်စစ်ကဏ္ဍနှင့် စွမ်းအင်ကဏ္ဍဆိုင်ရာ ဖြစ်ပေါ်တိုးတက်မှုများကို လေ့လာသုံးသပ် အကြံပြုရန်နှင့် ၎င်းဝန်ကြီးဌာနများ၊ အဖွဲ့အစည်းများ၊ ပြည်တွင်း၊ ပ
Jan 28, 2020
မင်းဘူး ဇန်နဝါရီ ၂၉
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု) မြို့နယ် မန်းရွှေစက်တော်ရာ ပါဒစေတီတော် ၂၅၈၆ ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော်ဖွင့်ပွဲ မဟာမင်္ဂလာ အခမ်းအနားကို ယနေ့ နံနက် ၇ နာရီခွဲ အချိန်က ဖွင့်ပွဲမုခ်ဦးရှေ့တွင် ကျင်းပခဲ့ကြောင်း သိရသည်။
Jan 28, 2020
နေပြည်တော် ဇန်နဝါရီ ၂၈
Jan 28, 2020
နေပြည်တော် ဇန်နဝါရီ ၂၈
Jan 28, 2020
နေပြည်တော် ဇန်နဝါရီ ၂၈
အမျိုးသမီးများ၏ ဘဝတစ်လျှောက် အတွေ့အကြုံများဆိုင်ရာ လေ့လာမှုစစ်တမ်း နည်းပညာကော်မတီ၏ ပထမအကြိမ် အစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ Horizon Lake View ဟိုတယ်၌ ကျင်းပသည်။
Jan 28, 2020
နေပြည်တော် ဇန်နဝါရီ ၂၈
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ မြန်မာ့ရေနံဓာတုဗေဒလုပ်ငန်းမှ ဖွင့်လှစ်သည့်ရေနံ ဓာတ်ငွေ့ရည် တင်သွင်း သိုလှောင် ဖြန့်ဖြူးရောင်းချခြင်းလုပ်ငန်းများ ဆောင်ရွက်ရာတွင် စနစ်တကျနှင့် ဘေးအန္တရာယ် ကင်းရှင်းစွာ ဆောင်ရွက်နိုင်ရန်အတွက် L.P.G SAFETY TRAINING သင်တန်းအမှတ်စဉ် (၁/၂၀၂၀) ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက် ၈ နာရီတွင် ရန်ကုန်တိုင်းဒေသကြီး၊ အမှတ် (၁) ရေနံချက်စက်ရုံ (သန်လျင်) ၌ကျင်းပသည်။
Jan 28, 2020
နေပြည်တော် ဇန်နဝါရီ ၂၈
ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်လှထွန်းသည် BBC Media Action မှ တာဝန်ရှိသူ များအား၊ ယနေ့ညနေ ၃ နာရီတွင် ပြန်ကြားရေးဝန်ကြီးဌာန ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။
တွေ့ဆုံစဉ် BBC Media Action ၏ လုပ်ငန်းဆောင်ရွက်နေမှုများနှင့် ပူးပေါင်း ဆောင်ရွက်နိုင်မည့် အစီအစဉ်များကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်။
(သတင်းစဉ်)
Jan 28, 2020
နေပြည်တော် ဇန်နဝါရီ ၂၈
ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် (၁၅) ကြိမ်မြောက် ပုံမှန်အစည်းအဝေး ဒုတိယနေ့ကို ယနေ့ နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ ပြည်ထောင်စုလွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အစည်းအဝေးတွင် နိုင်ငံတော်သမ္မတထံမှ ပေးပို့ထားသော ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က မြို့တော်စည်ပင်သာယာရေး နယ်နိမိတ်အတွင်း စွန့်ပစ်အမှိုက်များ ပြုပြင်သန့်စင်သည့် စီမံကိန်း အကောင်အထည်ဖော် ဆောင်ရွက်ရန် ပိုလန်နိုင်ငံ အစိုးရထံမှ ODA ချေးငွေ ယူရိုသန်း ၅၀ ရယူရေး ကိစ္စနှင့် စပ်လျဉ်း၍ လွှတ်တော်ကိုယ်စားလှယ်များက ဆွေးနွေးကြသည်။
Jan 28, 2020
နေပြည်တော် ဇန်နဝါရီ ၂၈
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေကို ဒုတိယအကြိမ် ပြင်ဆင်သည့် ဥပဒေမူကြမ်း လေ့လာစိစစ်ရေး ပူးပေါင်းကော်မတီ အစည်းအဝေးကို ယနေ့မွန်းလွဲ ၁ နာရီတွင် ပြည်ထောင်စု လွှတ်တော် D ဆောင်၊ ဒုတိယထပ်အစည်းအဝေးခန်းမ၌ ကျင်းပသည်။
Jan 28, 2020
ဘားအံ ဇန်နဝါရီ ၂၈
ကရင်ပြည်နယ်အတွင်း ကမ္ဘာ့ဘဏ်၏ အထောက်အပံ့ဖြင့် လူထုဗဟိုပြုစီမံကိန်း ထပ်မံတိုးချဲ့ဆောင်ရွက်ရန် မြို့နယ်ရွေးချယ်ရေး အကြံဉာဏ်ရယူသည့် အစည်းအဝေးကို ယနေ့ နံနက် ၉ နာရီက ဘားအံမြို့ ဇွဲကပင် ခန်းမ၌ ကျင်းပသည်။
Jan 28, 2020
ပဲခူး ဇန်နဝါရီ ၂၈
ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဝင်းသိန်းသည် ယနေ့ နံနက်(၉)နာရီအချိန်က စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးအောင်ဇော်နိုင်၊ ဌာနဆိုင်ရာများနှင့်အတူ ပဲခူးမြို့ အရှေ့ဘက်မြို့ရှောင်လမ်း ဖောက်လုပ်နေမှုအား သွားရောက်ကြည့်ရှု စစ်ဆေးခဲ့ကြသည်။
Jan 28, 2020
မန္တလေး ဇန်နဝါရီ ၂၈
အသက်(၅)နှစ်အောက်ကလေးငယ်များတွင် ပြင်းထန်ဝမ်းပျက်ဝမ်းလျှော ရောဂါဖြစ်စေသော အဓိက အကြောင်းအရင်းဖြစ်သည့် ရိုတာဗိုင်းရပ်(စ်) ကာကွယ်ဆေးဆုံဆို့၊မေးခိုင် ပါဝင်သော ကာကွယ်ဆေး (Penta-4) အား ပုံမှန်ကာကွယ်ဆေးထိုး/ဆေးတိုက် လုပ်ငန်းအစီအစဉ်တွင် စတင် ထည့်သွင်းခြင်းနှင့် ကာကွယ်ဆေးထိုး/ဆေးတိုက် လုပ်ငန်းများ လူအုပ်စုတိုင်း၊ ကလေးတိုင်းသို့ ရောက်ရှိစေ ရေး အသိပေးဆွေးနွေးပွဲကို မန္တလေးမြို့၊ လမ်း(၇၀)၊ ၂၇ လမ်းနှင့် ၂၈ လမ်းကြားရှိ တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနရုံးတွင် ယနေ့ နံနက် ၉ နာရီ က ကျင်းပပြုလုပ်သည်။
Jan 28, 2020
ဘားအံ ဇန်နဝါရီ ၂၈
ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ကျန်းမာရေးလူ့စွမ်းအား အရင်းအမြစ် ဦးစီးဌာန၊ သားဖွားသင်တန်း ကျောင်း(ဘားအံ)၏ ဆဋ္ဌမအကြိမ် ဘက်စုံသားဖွားဒီပလိုမာ အောင်လက်မှတ်အပ်နှင်းပွဲ အခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီက ဘားအံမြို့၊ သူနာပြုသင်တန်းကျောင်းခန်းမတွင် ကျင်းပပြုလုပ်ခဲ့ရာ ကရင် ပြည်နယ် လွှတ်တော် ဥက္ကဋ္ဌ၊ ပြည်နယ် တရားလွှတ်တော် တရားသူကြီးချုပ်၊ ကရင်ပြည်နယ် အစိုးရအဖွဲ့ ဝန်ကြီးများ၊ ပြည်နယ်အဆင့်ဌာန ဆိုင်ရာများ၊ သူနာပြုနှင့် သားဖွားသင်တန်းကျောင်းမှ ကျောင်းအုပ် ဆရာမ ကြီးများနှင့် ဆရာ/ဆရာမများ၊ သူနာပြု/သားဖွား သင်တန်းသူများနှင့် မိဘဆွေမျိုးများ တက်ရောက် ခဲ့ကြ သည်။
Jan 28, 2020
ပြည် ဇန်နဝါရီ ၂၈
ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့၊ ကွန်ပျူတာတက္ကသိုလ်၌ ယနေ့ နံနက် ၉ နာရီက ပဲခူးတိုင်းဒေသကြီး အစိုးရ အဖွဲ့နှင့် e-Goverment အကောင်အထည်ဖော်ရေး လုပ်ငန်း ကော်မတီ၊ လူစွမ်းအား အရင်းအမြစ် ဖွံဖြိုးရေးဆပ်ကော်မတီတို့ ပူးပေါင်း ဖွင့်လှစ်သော e-Government အခြေခံ ကွန်ပျူတာ သင်တန်း အပတ်စဉ် (၂) ဆင်းပွဲနှင့် အောင်လက်မှတ်ပေးအပ်ခြင်း အခမ်းအနားကို ကျင်းပပြုလုပ်သည်။
Jan 28, 2020
မန္တလေး ဇန်နဝါရီ ၂၇
တရုတ်နိုင်ငံ ဝူဟန်မြို့မှစ၍ ကူးစက်ပြန့်ပွားနေသည့် ပြင်းထန်အဆုတ်ရောင်ရောဂါ ကြိုတင်ကာကွယ် တားဆီးရေးလုပ်ငန်းများ ဆောင်ရွက်ရန် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၉ နာရီခွဲက တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
