Jan 18, 2020
နေပြည်တော် ဇန်နဝါရီ ၁၈
ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန မြန်မာနိုင်ငံ ကုန်သွယ်ရေကြောင်း ကောလိပ်၏ ကုန်သွယ်ရေကြောင်း အရာရှိလောင်း ဒီပလိုမာသင်တန်း အမှတ်စဉ်(၁၂) သင်တန်းဆင်းပွဲ အခမ်းအနားကို ယနေ့နံနက် ၇ နာရီတွင် ရန်ကုန်မြို့ရှိ အဆိုပါကောလိပ် စစ်ရေးပြကွင်း၌ ကျင်းပသည်။
Jan 18, 2020
ဖာပွန် ဇန်နဝါရီ ၁၈
ကရင်ပြည်နယ်အစိုးရအဖွဲ့၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ အခြေခံပညာဦးစီးဌာနနှင့် ဖာပွန်ခရိုင် စီမံခန့်ခွဲမှုကော်မတီတို့ ပူးပေါင်းစီစဉ်ကျင်းပသော ကလေးစာပေပွဲတော် စာအုပ်စာပေပြပွဲနှင့် စာအုပ်ဈေးရောင်းပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၈ နာရီခွဲအချိန်က ဖာပွန်မြို့ အခြေခံပညာ အထက်တန်း ကျောင်း၌ ကျင်းပသည်။
Jan 18, 2020
ဟားခါး ဇန်နဝါရီ ၁၈
ချင်းပြည်နယ် ၊ ဟာခါးမြို့၊ ပြည်တော်သာမြို့မစျေး အဆောက်အဦအသစ်ဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့ နံနက် ၉ နာရီက အဆိုပါ အဆောက်အဦသစ်ရှေ့၌ ကျင်းပသည်။
Jan 18, 2020
ရွှေဘို ဇန်နဝါရီ ၁၈
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့ မေတ္တာရိပ်အမျိုးသမီးစောင့်ရှောက်ရေးဂေဟာ သင်တန်းကျောင်းခန်းမတွင် ကျင်းပသော ဂျပန်ဘာသာစကားပြောသင်တန်းဖွင့်ပွဲသို့ ယနေ့ နံနက် ၁၀ နာရီက စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင် တက်ရောက်ခဲ့ကြောင်း သိရသည်။
Jan 18, 2020
နေပြည်တော် ဇန်နဝါရီ ၁၇
မြန်မာနိုင်ငံနှင့် တောင်ကိုရီးယားနိုင်ငံတို့မှ တက္ကသိုလ်များ၊ အစိုးရအဖွဲ့အစည်းများကြား နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးမူဝါဒဆိုင်ရာ သုတေသနုကွန်ရက်တည်ထောင်ရန်နှင့် အတွေ့အကြုံပညာရပ်များ ဖလှယ်ရန်ရည်ရွယ်ကျင်းပသည့် အလုပ်ရုံဆွေးနွေးပွဲကို ယနေ့ နံနက် ၉ နာရီခွဲက နေပြည်တော်ရှိ Hilton Hotel တွင် ကျင်းပသည်။
Jan 18, 2020
နေပြည်တော် ဇန်နဝါရီ ၁၇
မြန်မာနိုင်ငံ ကလေးအလုပ်သမား ပပျောက်ရေးဆိုင်ရာ အမျိုးသားကော်မတီ၏ အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးရေးလုပ်ငန်းကော်မတီ တတိယအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ နံနက် ၉ နာရီခွဲက နေပြည်တော်ရှိ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန စုဝေးခန်းမ၌ ကျင်းပသည်။
Jan 18, 2020
နေပြည်တော် ဇန်နဝါရီ ၁၇
ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ ဦးလှသိန်းသည် Asian Network for Free Elections (ANFREL) အဖွဲ့၏ အမှုဆောင်ညွှန်ကြားရေးမှူး Ms. Chandanie Watawala နှင့် အဖွဲ့အား ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံး အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံသည်။
Jan 18, 2020
ကြေးမုံ အယ်ဒီတာအာဘော်
တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) (၄)နှစ်မြောက် နှစ်ပတ်လည်အခမ်းအနားကို နေပြည်တော်တွင် ၂၀၁၉ ခုနှစ် အောက်တိုဘာလ ၂၈ ရက်နေ့က ကျင်းပခဲ့ရာ ကယားပြည်နယ်မှ လူငယ်မောင်မယ်လေးများ သီဆိုဖျော်ဖြေခဲ့ကြသည့် "မငြိမ်းချမ်းလို့မဖြစ်ဘူး" သီချင်းတေးသွားသံစဉ်များမှာ မြန်မာပြည်တစ်ဝန်း လွှမ်းခြုံပျံ့နှံ့ခဲ့ပါသည်။
Jan 18, 2020
လူသည်ဆက်ဆံရေးသတ္တဝါဖြစ်သည်။ ဆက်ဆံရေးနှင့်ကင်းသော လူသားဟူ၍မရှိပေ။ ကျွန်ုပ်တို့၏ဘဝများသည် တစ်ဦးနှင့်တစ်ဦးဆက်ဆံမှုရှိ၍သာ ရှင်သန်နေခြင်းဖြစ်သည်။ လူအချင်းချင်း ဆက်ဆံရေးတွင် ရှုပ်ထွေးပွေလီမှု များစွာရှိသည်။ သို့သော် လူအချင်းချင်းဆက်ဆံခြင်းမှသည် ကောင်းကျိုးများကို ဆောင်ကြဉ်းနိုင်အောင် ကြိုးပမ်းအားထုတ်နေရသည်။
Jan 17, 2020
နေပြည်တော် ဇန်နဝါရီ ၁၇
ကျောင်းကျန်းမာရေးဗဟိုကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၁/၂၀၂၀) ကို ယနေ့တွင် နေပြည်တော်ရှိ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၌ ကျင်းပသည်။
Jan 17, 2020
မန္တလေး ဇန်နဝါရီ ၁၇
ကမ္ဘာလှည့် စက်ဘီးစီးနင်းနေသည့် အီတလီနိုင်ငံ Veneto ဒေသ Porto Viro ခရီးသည်လေးဦးတို့သည် ယနေ့ နံနက်ပိုင်းတွင် ရဲရွာရေအားလျှပ်စစ်စီမံကိန်းသွားရောက်ရာလမ်းကြောင်းနှင့် အင်းဝဒေသသို့ စက်ဘီးစီးနင်းကာ သွားရောက် လှည့်လည် လေ့လာခဲ့ကြောင်း သိရသည်။
Jan 17, 2020
ဘားအံ ဇန်နဝါရီ ၁၇
မြန်မာနိုင်ငံ ကင်းထောက်အဖွဲ့ချုပ်နှင့် ကရင်ပြည်နယ် ပညာရေးမိသားစုတို့ ပူးပေါင်း၍ ကင်းထောက်အခြေခံ သင်တန်း (၁/၂၀၂၀) ဖွင့်ပွဲကို ယနေ့နံနက် ၈ နာရီက ဘားအံမြို့၊ အမှတ်(၄) အခြေခံပညာ အထက်တန်းကျောင်း မြတ်ပညာခန်းမ၌ ကျင်းပသည်။
Jan 17, 2020
မြစ်ကြီးနား ဇန်နဝါရီ ၁၇
ကချင်ပြည်နယ် လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန ရုံးသစ် (မြစ်ကြီးနား) ဖွင့်ပွဲကို ယနေ့ နံနက် (၉) နာရီက အဆိုပါရုံးသစ်ရှေ့၌ ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ်၊ အစိုးရအဖွဲ့ဝန်ကြီးများနှင့် ညွှန်ကြားရေးမှူးချုပ် တက်ရောက်ခဲ့သည်။
Jan 17, 2020
ရန်ကုန် ဇန်နဝါရီ ၁၆
“ပိုးလမ်းမရုပ်ရှင်ပွဲတော်” အပြည်ပြည်ဆိုင်ရာ Micro Film ပြိုင်ပွဲကို ဖေဖော်ဝါရီ ၇ ရက်မှ ၁၀ ရက်အထိ နေ့စဉ် နံနက် ၉ နာရီမှ ညနေ ၅ နာရီအထိ တရုတ်နိုင်ငံ ယူနန်ပြည်နယ် တက်ဟုန်းပြည်နယ်ခွဲ မန်စီမြို့၌ ကျင်းပမည်ဖြစ်ရာ ပြိုင်ပွဲဝင်ရုပ်သံဖိုင်များ ပေးပို့ယှဉ်ပြိုင်နိုင်ကြောင်း သိရသည်။
Jan 17, 2020
ရန်ကုန် ဇန်နဝါရီ ၁၆
ရန်ကုန်တက္ကသိုလ် နှစ် (၁၀၀) ပြည့် အထိမ်းအမှတ်အဖြစ် ကဗျာဆရာ၊ စာရေးဆရာအံ့မောင်၏ “အောင်ဆန်း တို့အမေ၊ အောင်ကျော် တို့အမေ” ကဗျာစာအုပ်မိတ်ဆက်ပွဲကို ယမန်နေ့ နံနက် ၁၁ နာရီတွင် ရန်ကုန်မြို့ သိမ်ဖြူ လမ်းရှိ သတင်းနှင့် စာနယ်ဇင်းလုပ်ငန်း (ရုံးချုပ်) ရွှေဥဒေါင်းခန်းမ၌ကျင်းပသည်။
အခမ်းအနားတွင် ဆရာအံ့မောင်က နှုတ်ခွန်းဆက်စကား ပြောကြား၍ သံအမတ်ကြီး(ငြိမ်း) စာရေးဆရာ ဦးမောင်မောင်စိုးတင့်နှင့် ဆရာဂုဏ်ထူး ဦးသိန်းနိုင်တို့က မုဒိတာစကား ပြောကြားကြသည်။
Jan 17, 2020
နေပြည်တော် ဇန်နဝါရီ ၁၆
တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ပအိုဝ်းငြိမ်းချမ်းရေးအဖွဲ့ (PNO) အသွင်ပြောင်းပြည်သူ့စစ်(ဌာနေ)အဖွဲ့ဥက္ကဋ္ဌ ဦးအောင်ခမ်းထီနှင့် အဖွဲ့ဝင်များအား ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ဘုရင့်နောင်ရိပ်သာ ဧည့်ခန်းမဆောင်၌ လက်ခံတွေ့ဆုံ၍ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ကိစ္စရပ်များအား ဆွေးနွေးသည်။
Jan 17, 2020
နေပြည်တော် ဇန်နဝါရီ ၁၆
မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ အစည်းအဝေးအမှတ်စဉ် (၁/၂၀၂၀)အပါအဝင် ရက်သတ္တပတ်အတွင်း ခွင့်ပြုပေးခဲ့သည့် ရင်းနှီးမြှုပ်နှံမှုများနှင့် စပ်လျဉ်း၍ သတင်းမီဒီယာများနှင့် တွေ့ဆုံရှင်းလင်းပွဲကို ယနေ့တွင် ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန၌ ကျင်းပသည်။
