Jan 10, 2026
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်းသည် နေပြည် တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာသန်းစိုး၊ နေပြည်တော်ကောင်စီဝင် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ရဲမိုး၊ နေပြည်တော် ကောင်စီဝင် ဦးမြင့်စိုးတို့နှင့်အတူ ပျဉ်းမနားမြို့ ရန်အောင်(၂)ရပ်ကွက်၊ ရန်နိုင်ရပ်၊ နယ်မြေ(၁၆) မီးလောင်မှုကြောင့် မီးဘေးအန္တရာယ်ကြုံတွေ့ဆုံးရှုံးခဲ့ရသော မီးဘေးသင့်ပြည်သူများအား ယာယီကယ်ဆယ်ရေးစခန်း၌ ယနေ့နံနက်ပိုင်းတွင် ထပ်မံသွားရောက်တွေ့ဆုံသည်။
Jan 10, 2026
ပညာရေးဒီဂရီကောလိပ်အချို့ကို ဆရာအတတ်သင်တက္ကသိုလ်အဖြစ် အဆင့်မြှင့်တင်ကာ သတ်မှတ်အရည်အချင်း ကိုက်ညီသူများ ပညာရေးဘွဲ့၊ မဟာဘွဲ့၊ ပါရဂူဘွဲ့ ဆက်လက်ပညာသင်ယူခွင့်ရရှိပြီး ရာထူး၊ လစာ၊ အခွင့်အလမ်းများတိုးမြင့်လာစေရေး ညှိနှိုင်းဆွေးနွေးပွဲကို ဇန်နဝါရီ ၇ ရက် မွန်းလွဲပိုင်းက နေပြည်တော်ပညာရေးဝန်ကြီးဌာန ရုံးအမှတ် ၁၃ အစည်းအဝေးခန်းမ၌ ကျင်းပသည်။
Jan 10, 2026
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ (၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့အတွက် ဝမ်းမြောက်ကြောင်း သဝဏ်လွှာပေးပို့
Jan 10, 2026
မြန်မာ့အသံနှင့် ရုပ်မြင်သံကြားအနေဖြင့် ပြည်သူများ အပန်းပြေစေရန်နှင့် စိတ်ခွန်အား သစ်များရရှိနိုင်ရန်၊ လူငယ်လူရွယ်များ ဗုဒ္ဓဝင် ဇာတ်နိပါတ်တော်များအကြောင်း သိရှိ နားလည်ပြီး အသိပညာဗဟုသုတရရှိနိုင်စေရန် ရည်ရွယ်ချက်များနှင့် သဘင်ပညာရှင်များ၏ အနုပညာရသစွမ်းရည်များ ဖော်ထုတ်ပြသမည့် “ ငါးရာ့ငါးဆယ်ဇာတ်တော် ကောက်နုတ်ချက်ဇာတ်လမ်းများ” အစီအစဉ် ဆန်းသစ်တင်ဆက်မှုကို အပတ်စဉ် မြန်မာ့အသံနှင့် ရုပ်မြင်သံကြား၏ MRTV-HD Channel မှ ထုတ်လွှင့် ပြသမည်ဖြစ်သည်။
Jan 10, 2026
ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန ပင်စင်ဦးစီးဌာန၏ နှစ် (၅၀) ပြည့် ရွှေရတုအထိမ်းအမှတ်အဖြစ် ဝန်ထမ်းများသည် နေပြည်တော်ရှိ အထွေထွေရောဂါကုဆေးရုံကြီး (ခုတင်၁၀၀၀) ၌ ယမန်နေ့က စုပေါင်းသွေးလှူဒါန်းသည်။
Jan 10, 2026
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ဆိုင်ရာ အထူးအာဏာကုန်လွှဲအပ်ခြင်းခံရသော နီကာရာဂွါသံအမတ်ကြီးအဖြစ် မစ္စတာ ဆီဂွမ်ဒို မာတင် ကယ်လီရို အက်စကိုစီယာအား ခန့်အပ်ရန် နီကာရာဂွါသမ္မတနိုင်ငံအစိုးရမှ အဆိုပြုလာခြင်းကို ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အစိုးရက သဘောတူညီပြီးဖြစ်သည်။
Jan 10, 2026
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်နှင့် ဆိုမာလီယာဖက်ဒရယ် သမ္မတနိုင်ငံတို့သည် ကုလသမဂ္ဂပဋိညာဉ်စာတမ်းပါမူကြီးများနှင့် အပြည်ပြည်ဆိုင်ရာ ဥပဒေတို့ကိုအခြေခံပြီး သံတမန်ဆက်ဆံရေးနှင့် ကောင်စစ်ဆက်ဆံရေးဆိုင်ရာ ဗီယင်နာကွန်ဗင်းရှင်းတို့နှင့်အညီ နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုတိုးတက်ခိုင်မာစေရန် ဆန္ဒရှိကြသည့် အားလျော်စွာ ၂၀၂၆ ခုနှစ် ဇန်နဝါရီ ၉ ရက်မှစတင်၍ နှစ်နိုင်ငံအကြား သံအမတ်ကြီးအဆင့်ဖြင့် သံတမန်အဆက်အသွယ်ထူထောင်ကြသည်။
Jan 10, 2026
နယ်သာလန်နိုင်ငံ သည်ဟိတ်ဂ်မြို့ရှိ အပြည်ပြည်ဆိုင်ရာတရားရုံး၌ ဇန်နဝါရီ ၁၂ ရက်မှ စတင်ပြုလုပ်မည့် ကြားနာပွဲသို့တက်ရောက်ရန် နိုင်ငံတော်သမ္မတရုံးဝန်ကြီးဌာန (၂) ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်နှင့် ဥပဒေရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာသီတာဦးတို့ခေါင်းဆောင်သည့် မြန်မာ ကိုယ်စားလှယ်အဖွဲ့သည် ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့မှ နယ်သာလန်နိုင်ငံ သည်ဟိတ်ဂ်မြို့သို့ ထွက်ခွာသွားကြသည်။
Jan 10, 2026
၁၇၅၅ ခုနှစ် အလောင်းမင်းတရားကြီး ဦးအောင်ဇေယျ ဒဂုံကိုသိမ်းပိုက်ပြီး ရန်အပေါင်းကုန်စင်သော ရန်ကုန်ဟုခေါ်ဝေါ်သမုတ်ခဲ့သည့်အချိန်မှစ၍ တံငါရွာလေးအဖြစ်မှ မြန်မာနိုင်ငံ၏ အဓိကနိုင်ငံတကာကုန်သွယ်မှုဆိပ်ကမ်းမြို့အဖြစ်သို့ပြောင်းလဲခဲ့ပြီး ရန်ကုန်ဆိပ်ကမ်းနှင့်အတူ ခေတ်အဆက်ဆက်ဖြတ်သန်းကာ ဖြစ်ပေါ်တိုးတက်လာခဲ့သော မြန်မာ့ဆိပ်ကမ်းအာဏာပိုင်၏ သမိုင်းကြောင်းဆိုင်ရာအချက်အလက်များနှင့် လုပ်ငန်းဆောင်ရွက်မှုမှတ်တမ်းများကို ထိန်းသိမ်းပြသနိုင်ရန်ရည်ရွယ်ချက်ဖြင့် ဆောင်ရွက်ခဲ့သည့် မြန်မာ့ဆိပ်ကမ်းအာဏာပိုင်ပြခန်းကို ယနေ့နံနက်ပိုင်းတွင် မြန်မာ့ဆိပ်ကမ်းအာဏာပိုင်ရုံးချုပ်၌ ဖွင့်လှစ်သည်။
Jan 10, 2026
မြစ်ကြီးနားမြို့၌ ရောက်ရှိနေသည့် နိုင်ငံတော် သမ္မတရုံးဝန်ကြီးဌာန(၁) ပြည်ထောင်စုဝန်ကြီး ဦးတင်အောင်စန်းသည် ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဦးမောင်မောင်အုန်း၊ ဦးလှမိုး၊ ဦးဉာဏ်ထွန်း၊ ဦးချစ်ဆွေ၊ ဒေါက်တာချောချောစိန်၊ ဒေါက်တာမျိုးသိန်းကျော်၊ Jeng Phang နော်တောင်၊ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ၏ ဗဟိုအကြံပေးအဖွဲ့ဝင်များနှင့်အတူ ယနေ့မွန်းလွဲပိုင်းတွင် Polytechnic University (MYITKYINA) ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ကြသည်။
Jan 10, 2026
ယနေ့ဇန်နဝါရီလ ၁၀ ရက်နေ့တွင် ကျရောက်သော ကချင်ပြည်နယ်၏ (၇၈)နှစ်မြောက် ထူးမြတ်သည့်မင်္ဂလာ အခါသမယတွင် ပြည်နယ်သူ၊ ပြည်နယ်သားများအားလုံးနဲ့ ကချင်တိုင်းရင်းသားအားလုံး စိတ္တသုခ၊ ကာယသုခနှစ်ဖြာ သောသုခနှင့်ပြည့်စုံလျက် ကျန်းမာချမ်းသာပြီး ကောင်းကျိုးလိုရာဆန္ဒ ပြည့်စုံပါစေကြောင်း ဆုမွန်ကောင်းတောင်းလျက် နှုတ်ခွန်းဆက်သအပ်ပါသည်။
Jan 10, 2026
မြန်မာနိုင်ငံတွင် ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ၌ မဲမသမာမှုများဖြစ်ပွားခဲ့ခြင်းကြောင့် ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈ ခုနှစ်)နှင့် အညီ တပ်မတော်သည် နိုင်ငံတော်တာဝန်များကို ထမ်းဆောင်ခဲ့ရသည်။ မဲမသမာမှုများကို ဖြေရှင်းပေးနိုင်ရန်အတွက် ထိုအချိန်က တာဝန်ရှိသူများအား အကြိမ်ကြိမ်အကြောင်းကြားခဲ့သော်လည်း ဖြေရှင်းပေးမှုမရှိဘဲ နိုင်ငံတော်အာဏာကို မဲမသမာမှုရလဒ်များဖြင့် အနိုင်ရရှိလာသည့် ကိုယ်စားလှယ်များဖြင့် လွှတ်တော်ခေါ်ယူ၍ အဓမ္မနည်းဖြင့် ရယူရန်ဆောင်ရွက်လာခဲ့သဖြင့် တပ်မတော်သည် နိုင်ငံတော်ကို အရေးပေါ်အခြေအနေကြေညာပြီး တာဝန်ယူဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။
Jan 10, 2026
ပညာရေးသည် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေး၏ အခြေခံအုတ်မြစ်ပင်ဖြစ်သည်။ နိုင်ငံကို အကောင်အထည်ဖော်တည်ဆောက်ကြရာတွင် နိုင်ငံသူ နိုင်ငံသားများမှာ အဓိကဖြစ်ရာ အသိပညာ၊ အတတ်ပညာ၊ ကျွမ်းကျင်မှုတို့ပြည့်စုံပြီး စဉ်းစားတွေးခေါ်မှု မြင့်မားသည့် နိုင်ငံသူနိုင်ငံသားများ အရေအတွက်အားဖြင့်လည်း အများအပြားရှိနေဖို့လိုသည်။ သို့ဖြစ်ရာ နိုင်ငံတစ်ဝန်းလုံးတွင် ပညာရည်မြင့်မားတိုးတက်ရေးနှင့် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေး အထောက်အကူပြုပညာရှင်များ ထွန်းကားရေးတို့အတွက် လူတိုင်းလက်လှမ်းမီသည့် ဘက်စုံပညာရေးစနစ်ကို နိုင်ငံတော်က အကောင်အထည်ဖော်အားပေးလျက်ရှိသည်။
Jan 09, 2026
မြန်မာနိုင်ငံအစိုးရအနေဖြင့် အွန်လိုင်းလိမ်လည်လောင်းကစားမှုများ အများဆုံး အခြေချလုပ်ကိုင်လျက်ရှိကြသည့် ရွှေကုက္ကိုလ်နယ်မြေနှင့် KK Park နယ်မြေများရှိတရားမဝင် အဆောက်အအုံများအတွင်း ဝင်ရောက်ရှင်းလင်း၍ အွန်လိုင်းလိမ်လည် လောင်းကစားမှုလုပ်ငန်းစဉ်များတွင် အသုံးပြုခဲ့သည့် သိမ်းဆည်းရမိပစ္စည်းများအား စနစ်တကျဖျက်ဆီးခြင်းနှင့် တရားမဝင်အဆောက်အအုံများအား စနစ်တကျဖြိုချဖျက်ဆီးခြင်းများကို အဖွဲ့စုံပါဝင်သည့် ပူးပေါင်းအဖွဲ့ဖြင့် ဆောင်ရွက်လျက်ရှိရာ ယနေ့တွင်လည်း KK အဖွဲ့စုံပါဝင်သည့် Park နယ်မြေအတွင်းရှိ တရားမဝင်အဆောက်အအုံ ၂ လုံးကို ထပ်မံဖြိုချဖျက်ဆီးခဲ့ကြောင်း သိရှိရသည်။
Jan 09, 2026
ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း(၂) အောင်မြင်စွာကျင်းပနိုင်ရေး မဲရုံများကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိမှုများအား ယနေ့တွင် ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ကလောမြို့၊ အောင်ပန်းမြို့နှင့် ဟဲဟိုးမြို့တို့ရှိ မဲရုံများအားလည်းကောင်း၊ ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းမြို့နယ်ရှိ မဲရုံများအားလည်းကောင်း၊ တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်၊ ဒုံးပုလဲအော်ကျေးရွာ၊ ပရည်ကျွန်းကျေးရွာ၊ ဒုံးညောင်မှိုင်းကျေးရွာနှင့် ဒုံးဆွေသန်းကျေးရွာတို့ရှိ မဲရုံများအားလည်းကောင်း တိုင်းဒေသကြီး/ပြည်နယ်များမှ ဝန်ကြီးချုပ်များ၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်များ၊ သက်ဆိုင်ရာတိုင်းစစ်ဌာနချုပ်မှ တိုင်းမှူးများနှင့် တာဝန်ရှိသူများကသွားရောက်၍ မဲပေးနိုင်ရေး ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိမှု၊ မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM)များ ရောက်ရှိမှုနှင့် သက်ဆိုင်ရာကဏ္ဍအလိုက် ပြင်ဆင်ဆောင်ရွက်ထားရှိမှုတို့အား သွားရောက်ကြည့်ရှုပြီး တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြသည်။
Jan 09, 2026
ဆန္ဒပြုမဲပေးခြင်းသည် နိုင်ငံသားများ၏ အမျိုးသားရေးတာဝန် ထမ်းဆောင်ခြင်းဖြစ်ရာ ရွေးကောက်ပွဲမှတစ်ဆင့် ပိုမိုအားကောင်းသော အနာဂတ်ကို ဖော်ဆောင်နိုင်ရန်အတွက် မြန်မာနိုင်ငံသားအားလုံးက အားတက်သရော ပါဝင်ဆောင်ရွက်လျက်ရှိသည်။ ထို့အတူ တိုင်းဒေသကြီးနှင့်ပြည်နယ်များရှိ တာဝန်ရှိသူများကလည်း သက်ဆိုင်ရာအဖွဲ့အစည်းများနှင့်ပူးပေါင်း၍ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ဆောင်ရွက်လျက်ရှိသည်။ ထိုသို့ဆောင်ရွက်ရှိရာ ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၁၁ ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အပိုင်း(၂)တွင် နိုင်ငံသူ/နိုင်ငံသားအားလုံး ပါဝင်မဲပေးနိုင်ခွင့် အခွင့်အရေး ပြည့်ဝစွာရရှိရေးအတွက် “ဒို့အတူမဲပေးကြမည်”၊ “ရွေးကောက်ပွဲမှသည် ပိုမိုကောင်းမွန်သောအနာဂတ်ဆီသို့” ရွေးကောက်ပွဲအသိပညာပေးဆိုင်ရာ လက်ကမ်းစာစောင်များ ပြည်သူများထံသို့ ဖြန့်ဝေခြင်းကို ယနေ့နံနက်ပိုင်းက မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ်၊ ၇၈လမ်းနှင့် ၃၈ လမ်းထောင့်၌ လည်းကောင်း၊ လမ်း ၈၀ နှင့် ၄၁ လမ်းထောင့်၌လည်းကောင်း၊ ၈၄ လမ်း၊ ၃၈ လမ်းနှင့် ၄၁ လမ်းကြားရှိမန်းမြို့ဈေး၌လည်းကောင်း ဆောင်ရွက်ကြသည်။
Jan 09, 2026
နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ခရီးစဉ်တွင်လိုက်ပါလာသည့် အဖွဲ့ဝင်များလိုက်ပါ၍ ယနေ့ညနေပိုင်းတွင် မြန်မာစီးပွားရေးကော်ပိုရေးရှင်း စက္ကူစက်ရုံ (သာပေါင်း)သို့ သွားရောက်ကြည့်ရှုစစ်ဆေးသည်။
Jan 09, 2026
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ဧရာဝတီတိုင်းဒေသကြီး၊ သာပေါင်းမြို့ရှိ မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ နှင့်ရပ်မိရပ်ဖများအား ယနေ့မွန်းလွဲပိုင်းတွင်တွေ့ဆုံ၍ ဒေသဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာများအား ဆွေးနွေးပြောကြားသည်။
Jan 09, 2026
နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ယနေ့နံနက်ပိုင်းတွင် အနောက်တောင်တိုင်းစစ်ဌာနချုပ်၊ ဟိုင်းကြီးကျွန်းတပ်နယ်မှ အရာရှိ၊ စစ်သည်၊ မိသားစုများအား သွားရောက်တွေ့ဆုံ အမှာစကားပြောကြားသည်။
Jan 09, 2026
ပုံနှိပ်ခြင်းလုပ်ငန်း၊ ထုတ်ဝေခြင်းလုပ်ငန်း(သတင်းစာ၊ ဂျာနယ်၊ မဂ္ဂဇင်း၊ အထွေထွေ) သတင်းအေဂျင်စီလုပ်ငန်းများ ခွင့်ပြုထားရှိမှုနှင့် ထုတ်ဝေမှုအခြေအနေ (၃၁-၁၂-၂၀၂၅)
