Jan 12, 2026
၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း(၂)၌ လူငယ်များ အေးချမ်းပျော်ရွှင်စွာ ဆန္ဒမဲပေးနေမှုမြင်ကွင်းများ
Jan 12, 2026
လူငယ်ငြိမ်းချမ်းရေးဖိုရမ် ၂၀၂၆ အခမ်းအနားတက်ရောက်ရန် တိုင်းဒေသကြီးနှင့်ပြည်နယ်များမှ လူငယ်အဖွဲ့များနှင့် အုပ်ချုပ်သူများသည် ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်သို့ ဆက်လက်ရောက်ရှိကြရာ သယ်ယူပို့ဆောင်ရေး၊ ကြိုဆိုနေရာချထားရေးနှင့် တည်းခိုနေထိုင်ရေးလုပ်ငန်းကော်မတီဥက္ကဋ္ဌ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီဝင် ဒုတိယဗိုလ်ချုပ်ကြီး ဝင်းဗိုလ်ရှိန်(ငြိမ်း)၊ သယ်ယူပို့ဆောင်ရေး၊ ကြိုဆိုနေရာချထားရေးနှင့် တည်းခိုနေထိုင်ရေးလုပ်ငန်းကော်မတီဒုတိယဥက္ကဋ္ဌများဖြစ်သည့် ဒုတိယဝန်ကြီး ဦးအောင်ကျော်ထွန်း၊ ဗိုလ်ချုပ်ဖြိုးသန့်နှင့် တာဝန်ရှိသူများက တည်းခိုရာစုရပ်၌ နွေးထွေးလှိုက်လှဲစွာ ကြိုဆိုနှုတ်ဆက်ကြသည်၊၊
Jan 12, 2026
၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း(၂)ကို ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ် ၁၆ မြို့နယ်၌ ယနေ့ကျင်းပရာ မဲဆန္ဒရှင်ပြည်သူများသည် မဲရုံစတင်ဖွင့်လှစ်သည့် နံနက်ပိုင်းမှစတင်၍ သတ်မှတ်မဲရုံများတွင် စိတ်အားထက်သန်စွာ ဆန္ဒမဲလာရောက်ပေးကြသည်။ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ် ၁၆ မြို့နယ်၌ ကျင်းပသည့် ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း(၂)တွင် ပါဝင်သည့် ဗဟန်း၊ ဒေါပုံနှင့် ပုဇွန်တောင်မြို့နယ်များရှိ မဲဆန္ဒရှင်ပြည်သူများ၏ ယုံကြည်မျှော်လင့်ချက်များ၊ လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲတစ်ရပ်ဖြစ်လာစေရန် တာဝန်ရှိသူများ၏ ဆောင်ရွက်ထားရှိမှုများကို သတင်းအဖွဲ့က ကောက်နုတ်ဖော်ပြလိုက်ရပါသည်-
Jan 12, 2026
၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအပိုင်း(၂)ကို ယနေ့တွင် မြန်မာနိုင်ငံတစ်ဝန်းရှိ ရွေးကောက်ပွဲကျင်းပ ရန်ကြေညာထားသည့် မြို့နယ်ပေါင်း ၁၀၀ ၌ နံနက် ၆ နာရီမှ ညနေ ၄ နာရီအထိ တစ်ချိန်တည်း တစ်ပြိုင်တည်းကျင်းပရာ မန္တလေးတိုင်းဒေသကြီးအတွင်းရှိ မဲဆန္ဒရှင်ပြည်သူများအနေဖြင့် သတ်မှတ်မဲရုံအသီးသီး၌ စိတ်အေးချမ်းလွတ်လပ်စွာဖြင့် ဆန္ဒမဲများပေးကြသည်။
Jan 12, 2026
၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း(၂)ကို ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ သတ်မှတ်ထားသည့် မဲရုံအသီးသီးတွင် ယနေ့နံနက် ၆ နာရီမှစတင်၍ကျင်းပရာ မဲဆန္ဒရှင်ပြည်သူများက စိတ်အားထက်သန်စွာ လာရောက်ဆန္ဒမဲပေးကြသည်။
Jan 12, 2026
ဧရာဝတီတိုင်းဒေသကြီး ဝါးခယ်မမြို့နယ်အတွင်းရှိ မဲရုံအသီးသီး၌ မဲပေးပိုင်ခွင့်ရှိသူပြည်သူများ လာရောက်ဆန္ဒမဲပေးလျက်ရှိရာ မြေပြင်ကွင်းဆင်းစာရင်း ကောက်ယူရေးကြီးကြပ်မှုဗဟိုကော်မတီဥက္ကဋ္ဌ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်သည် တာဝန်ရှိသူများနှင့်အတူ ဝါးခယ်မမြို့နယ် ကျုံမငေးမြို့ သီရိဟေမာရပ်ကွက်ရှိ မဲရုံ၊ မြစိမ်းရပ်ကွက်ရှိ မဲရုံများသို့သွားရောက်၍ မဲဆန္ဒရှင်ပြည်သူများ အေးချမ်းစွာဆန္ဒမဲပေးနေမှုကို ကြည့်ရှုအားပေးကာ မဲရုံမှူးနှင့် တာဝန်ရှိသူများကို လိုအပ်သည်များဖြည့်ဆည်း ဆောင်ရွက်ပေးသည်။
Jan 12, 2026
နိုင်ငံတော် သမ္မတရုံးဝန်ကြီးဌာန (၁) ပြည်ထောင်စုဝန်ကြီး ဦးတင်အောင်စန်းနှင့်အဖွဲ့သည် ယနေ့နံနက်ပိုင်းတွင် မြစ်ကြီးနားမြို့ သာသနာ့ဝန်ဆောင် မြို့ဦးကျောင်းတိုက်ဆရာတော်အား သွားရောက်ဖူးမြော်ကြပြီး လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းကြသည်။
အလှူငွေများပေးအပ်
Jan 12, 2026
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတနိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ဇန်နဝါရီ ၁၀ ရက်က ဧရာဝတီတိုင်းဒေသကြီး ကန်ကြီးထောင့်မြို့ရှိ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် မြို့မိမြို့ဖများအားတွေ့ဆုံစဉ် “မြို့အနေဖြင့် သန့်ရှင်းသပ်ရပ်စွာဖြင့် မြင်တွေ့ရသည့်အတွက် ဝမ်းမြောက်ကြောင်း၊ အစိုးရတစ်ရပ်၏တာဝန်သည် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးကို ဆောင်ရွက်ရခြင်းဖြစ်ကြောင်း၊ မိမိတို့အနေဖြင့် ခေတ္တတာဝန်ယူဆောင်ရွက်ရသည့် အစိုးရအဖွဲ့ဖြစ်ကြောင်း”ပြောကြားခဲ့သည်။
Jan 12, 2026
လူမျိုးတုံးသတ်ဖြတ်မှုဆိုသည့် စွပ်စွဲချက်နှင့်ပတ်သက်၍ အပြည်ပြည်ဆိုင်ရာတရားရုံး ကြားနာပွဲသို့တက်ရောက်ရန် သမ္မတရုံးဝန်ကြီးဌာန(၂) ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်နှင့် ဥပဒေရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာသီတာဦးတို့ ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် ဇန်နဝါရီလ ၉ ရက် နံနက်ပိုင်းတွင် မြန်မာနိုင်ငံမှ ထွက်ခွာသွားခဲ့ပြီး ယခုအခါနယ်သာလန်နိုင်ငံသည်ဟိတ်ဂ်မြို့တွင် ရောက်ရှိနေပြီဖြစ်သည်။ ဇန်နဝါရီ ၁၂ ရက်မှ ၂၉ ရက်အထိ ကျင်းပမည့် အဆိုပါတရားရုံးကြားနာပွဲတွင် မြန်မာနိုင်ငံက ဇန်နဝါရီ ၁၆ ရက်မှ ၂၀ ရက်အထိလည်းကောင်း၊ ဇန်နဝါရီ ၂၈ ရက်မှ ၂၉ ရက်အထိလည်းကောင်း နှစ်ကြိမ်လျှောက်လဲရမည်ဖြစ်သည်။
Jan 11, 2026
မေး။ ။ ရွေးကောက်ပွဲပထမပိုင်းမှာ (၅၂)ရာခိုင်နှုန်းကျော်မဲပေးခဲ့တယ်လို့ သိရှိရပါတယ်။ မဲပေးရာမှာ ပြည်သူပြည်သားတွေ ပါဝင်အောင်လို့ ဘယ်လိုလုံခြုံရေးအစီအမံတွေ လုပ်ခဲ့လဲဆိုတာ သိချင်ပါတယ်။
Jan 11, 2026
အကြမ်းဖက်သမားများအနေဖြင့် နိုင်ငံတော်တည်ငြိမ်ရေးနှင့် တရားဥပဒေစိုးမိုးရေးလုပ်ငန်းများကို အနှောင့်အယှက်ဖြစ်စေရန်၊ အရပ်သားပြည်သူများအား ကြောက်ရွံ့ထိတ်လန့်မှုများ ဖြစ်ပေါ်စေရန်အတွက် အကြမ်းဖက်မှုလုပ်ရပ်များကို နည်းလမ်းပေါင်းစုံဖြင့် လုပ်ဆောင်လျက်ရှိသည့်အပြင် PDF အမည်ခံအကြမ်းဖက်သမားများသည် နိုင်ငံတော်၊ တပ်မတော်နှင့် ပြည်သူလူထုက လိုလားလျက်ရှိသည့် ထာဝရငြိမ်းချမ်းရေးကို မျက်ကွယ်ပြုပြီး ၎င်းတို့၏အကျိုးစီးပွားကို ရှေ့တန်းတင်လုပ်ဆောင်နေသည့် လက်နက်ကိုင်သောင်းကျန်းသူများ၏ အထောက်အပံ့ကိုရယူ၍ လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် အလှမ်းကွာဝေးသည့်ဒေသများ၌ ဒေသခံလူထုအားအနိုင်ကျင့်ခြိမ်းခြောက်၍ ဘုရားစေတီပုထိုးများ၊ ကျေးရွာဘုန်းတော်ကြီးကျောင်းများ၊ စာသင်ကျောင်းများ၊ ဆေးရုံ၊ ဆေးပေးခန်းများနှင့် လူနေအိမ်များတွင် သဲအိတ်ဘန်ကာများဆောက်လုပ်ခြင်း၊ ပစ်ကျင်းများတူးခြင်း၊ ပတ်ဝန်းကျင်၌ လက်လုပ်မိုင်းအတားအဆီးများ ထောင်ထားခြင်းများနှင့် ရဟန်းသံဃာများ၊ သာသနာနွယ်ဝင်သီလရှင်များ၊ နိုင်ငံ့ဝန်ထမ်းများနှင့် ပြည်သူလူထုအပေါ် ရက်စက်ယုတ်မာ၍ အနိုင်ကျင့်သတ်ဖြတ်ခြင်း၊ လူသားတံတိုင်းအဖြစ်အသုံးချခြင်း တို့ကိုပါ လုပ်ဆောင်လျက်ရှိကြသည်။
Jan 11, 2026
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း(၂)ကို ယနေ့နံနက် ၆ နာရီမှစတင်၍ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ မြို့နယ်ပေါင်း (၁၀၀)မြို့နယ်အတွင်း သတ်မှတ်မဲရုံအသီးသီး၌ ကျင်းပပြုလုပ်ခဲ့သည်။
Jan 11, 2026
မြန်မာနိုင်ငံအနေဖြင့် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးလုပ်ငန်းများကို အမျိုးသားရေးတာဝန်တစ်ရပ်အနေဖြင့် သတ်မှတ်၍ တားဆီးနှိမ်နင်းရေးအဖွဲ့များဖြစ်သည့် တပ်မတော်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့် အကောက်ခွန်ဦးစီးဌာနတို့မှ ဆက်စပ်ဌာနဆိုင်ရာများနှင့်ပူးပေါင်း၍ တစ်နိုင်ငံလုံးလွှမ်းခြုံသည့် မူးယစ်ဆေးဝါးသတင်းရယူဖော်ထုတ်ဖမ်းဆီးရမိရေး စီမံချက်ချမှတ်ပြီး တားဆီးနှိမ်နင်းရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့်ဆောင်ရွက်ခဲ့ရာ ၂၀၂၅ ခုနှစ်အတွင်း မူးယစ်ဆေးဝါးအမှုပေါင်း ၅၃၇၀ မှုမှ တရားခံ ၇၅၆၂ ဦးတို့ကို ငွေကျပ် ၁၇၆၁ ဒသမ ၃၂၄ ဘီလီယံတန်ဖိုးရှိ ဘိန်း ၁ တန်ကျော်၊ ဘိန်းဖြူ ၂ ဒသမ ၁ တန်ကျော်၊ စိတ်ကြွရူးသွပ်ဆေးပြား ၃၇၇ သန်းကျော်၊ အိုက်စ် ၃၇ ဒသမ ၈ တန်ကျော်၊ ဘိန်းစာရွက် ၁ ဒသမ ၅ တန်ကျော်၊ HAPPY WATER ၂၀၄ ကီလိုကျော်၊ ကက်တမင်း ၁၅ တန်ကျော်အပါအဝင် အခြားမူးယစ်ဆေးဝါးများ၊ မောင်းပြန်ရိုင်ဖယ် ၂ လက်၊ ပစ္စတိုသေနတ် ၄၀ လက်၊ လုပ်သေနတ် ၂ လက်၊ ကျည်မျိုးစုံ ၂,၇၆၄ တောင့်၊ လက်ပစ်ဗုံး ၅ လုံးနှင့် ဒီတိုနေတာမျိုးစုံ ၁၈၇,၄၀၀ ချောင်းတို့နှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရှိရသည်။
Jan 11, 2026
မြန်မာနိုင်ငံအနေဖြင့် မူးယစ်ဆေးဝါးတိုက်ဖျက်ရေးလုပ်ငန်းစဉ်များကို ကုလသမဂ္ဂအပါအဝင် အိမ်နီးချင်းနိုင်ငံများ၊ အာဆီယံအဖွဲ့ဝင်နိုင်ငံများ၊ မဲခေါင်ဒေသတွင်းနိုင်ငံများ၊ ဘင်းမ်စတက်အဖွဲ့ဝင်နိုင်ငံများ၊ နိုင်ငံတကာမူးယစ်ဆေးဝါးထိန်းချုပ်ရေးဆိုင်ရာ အဖွဲ့အစည်းများ ပိုမိုတိုးမြှင့်ဆောင်ရွက်လျက်ရှိသည့်အပြင် ဒေသတွင်း မူးယစ်ဆေးဝါးတိုက်ဖျက်ရေးလုပ်ငန်းစဉ်များတွင် ပါဝင်သည့် ဘိန်းခင်းများဖျက်ဆီးခြင်း၊ မူးယစ်ဆေးဝါးထုတ် လုပ်နိုင်သည့်နေရာများအား ရှာဖွေဖော်ထုတ်ဖမ်းဆီးခြင်း၊ ကျောင်းသားလူငယ်အရွယ်များမှစတင်၍ အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ပေးခြင်း စသည့်လုပ်ငန်းစဉ်များကို ဒေသခံပြည်သူလူထုနှင့်လက်တွဲ၍ စဉ်ဆက်မပြတ်ဆောင်ရွက်ပေးလျက်ရှိသည်။
Jan 11, 2026
ဒီမိုကရေစီစနစ်တွင် ရွေးကောက်ပွဲသည်အရေးအကြီးဆုံးဖြစ်ပြီး မဲဆန္ဒရှင်ပြည်သူများအနေဖြင့် မိမိတို့၏ နိုင်ငံသားအခွင့်အရေးဖြစ်သည့် မဲပေးပိုင်ခွင့်ကိုအသုံးချပြီး နိုင်ငံ၏အနာဂတ်လမ်းကြောင်းကို ရွေးချယ်ဆုံးဖြတ်ရမည်ဖြစ်သည်။
Jan 11, 2026
ရန်ကုန်မြို့နှင့် မန္တလေးမြို့အတွက် ရည်ညွှန်းလက်ကားဈေးနှုန်းများနှင့် ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ တိုင်းဒေသကြီး/ပြည်နယ် မြို့တော်များအတွက် ရည်ညွှန်းလက်လီဈေးနှုန်းများ
Jan 11, 2026
ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ ဇော်မြင့်သည် ယနေ့နံနက်ပိုင်းတွင် Naypyitaw State Academy သို့ရောက်ရှိပြီး ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်၊ ပါမောက္ခများ၊ ဆရာ ဆရာမများနှင့် တွေ့ဆုံသည်။
Jan 11, 2026
အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနနှင့် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်သည် ယနေ့မွန်းလွဲပိုင်းတွင် ကချင်ပြည်နယ် မြစ်ကြီးနားမြို့ရှိ အားကစား နှင့် လူငယ်ရေးရာဝန်ကြီးဌာနနှင့် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနတို့အောက်ရှိ အရာထမ်း၊ အမှုထမ်းများနှင့် ပြည်နယ်အားကစားနှင့် ကာယပညာဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ တွေ့ဆုံသည်။
Jan 11, 2026
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုးသည် ယနေ့မွန်းလွဲ ၂ နာရီက မြစ်ကြီးနားမြို့ ကချင်ပြည်နယ်သမဝါယမဦးစီးဌာန ဆွတ်ဂျာအိန်ခန်းမ၌ ဝန်ကြီးဌာနအောက်ရှိ ဌာနဆိုင်ရာအရာထမ်း/ အမှုထမ်းဝန်ထမ်းများ၊ အသင်းအမှုဆောင်များနှင့် တွေ့ဆုံသည်။
Jan 11, 2026
အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးထိန်လင်းသည် တာဝန်ရှိသူများနှင့်အတူ ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ဥတ္တရသီရိ မြို့နယ်နှင့် ဒက္ခိဏသီရိမြို့နယ်တို့ရှိ အားကစားကွင်းအတွင်း ဘောလုံးကွင်းဖောက်လုပ်နေမှု၊ ခြံစည်းရိုးအုတ်တံတိုင်းကာရံနေမှုနှင့် ဝဏ္ဏသိဒ္ဓိအားကစားကွင်းရှိ VIP မှန်ခန်းအထူးတန်းပွဲကြည့်စင်၊ ဘောလုံးကွင်း၊ အားကစားရုံ (C) နှင့် ရေကူးကန်ပြန်လည်ပြုပြင်ဆောင်ရွက်နေမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးသည်။
