Mar 24, 2020
မကွေး မတ် ၂၄
ကိုရိုနာဗိုင်းရပ်(စ်)ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး တိုင်းဒေသကြီးအဆင့် လုပ်ငန်းကော်မတီ ညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက်ပိုင်းက မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
Mar 24, 2020
ဟားခါး မတ် ၂၄
ချင်းပြည်နယ်အတွင်း လတ်တလောအသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါ Coronavirus Disease -2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး ပြည်နယ်အဆင့် လုပ်ငန်းကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၉ နာရီအချိန်က ချင်းပြည်နယ် အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ ချင်းပြည်နယ် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ အစိုးရအဖွဲ့ အတွင်းရေးမှူး၊ ပြည်နယ်အဆင့်ဌာန ဆိုင်ရာ အကြီးအကဲများ၊ ဘာသာရေး အသင်းအဖွဲ့များနှင့် သတင်းမီဒီယာများ တက်ရောက်ခဲ့ကြောင်း သိရှိရသည်။
Mar 24, 2020
နေပြည်တော် မတ် ၂၃
ရာဇဝတ်မှုဆိုင်ရာ စုံစမ်းစစ်ဆေးခြင်းနှင့် တရားစွဲဆိုခြင်းများ ဆောင်ရွက်ရေးအဖွဲ့၏ ဒုတိယ အကြိမ် အစည်းအဝေးကို ယနေ့ မွန်းလွဲ ၁ နာရီက ပြည်ထောင်စုရှေ့နေချုပ်ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
Mar 24, 2020
နေပြည်တော် မတ် ၂၃
ပြည်ထောင်စုရာထူးဝန်အဖွဲ့၏ ၂၀၂၀ ပြည့်နှစ် ပထမ(၃)လပတ် လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၁/၂၀၂၀)ကို ယနေ့ မွန်းလွဲ ၂ နာရီခွဲ တွင် ပြည်ထောင်စုရာထူးဝန်အဖွဲ့ အစည်းအဝေးခန်းမ၌ Video Conferencing System အသုံးပြု၍ ကျင်းပရာ ပြည်ထောင်စု ရာထူးဝန်အဖွဲ့ဥက္ကဋ္ဌ ဦးဝင်းသိမ်းတက်ရောက်အမှာစကားပြောကြားသည်။
Mar 24, 2020
နေပြည်တော် မတ် ၂၃
COVID-19 အသက်ရှူလမ်းကြောင်းဆိုင်ရာ ကူးစက်ရောဂါပြန့်ပွားမှုနှင့် ပတ်သက်၍ ကြိုတင်ကာကွယ်မှုများ ပြုလုပ်နိုင်ရန်အတွက် ယူနန်ပြည်နယ်မှ မြန်မာနိုင်ငံသို့ နှာခေါင်းစည်း ၆၀၀၀၀ ပေးအပ်လှူဒါန်းပွဲ အခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီတွင် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ ယူနန်ပြည်နယ် ကူမင်းမြို့ ကောင်စစ်ဝန်ချုပ်ရုံး၌ကျင်းပရာ ယူနန်ပြည်နယ်ကိုယ်စား ပြည်နယ်ပြည်သူ့အစိုးရ နိုင်ငံခြားရေးရုံး ဒုတိယ ညွှန်ကြားရေးမှူးချုပ် Mr. Hao Kun က လွှဲပြောင်း ပေးအပ်ပြီး ကူမင်းမြို့ မြန်မာကောင်စစ်ဝန်ချုပ်ရုံး ကောင်စစ်ဝန်ချုပ် ဦးထွန်းအောင်ကျော်က လက်ခံရယူသည်။
Mar 24, 2020
နေပြည်တော် မတ် ၂၃
COVID-19 ရောဂါကုသရေးအထောက်အကူပြု ဆေးနှင့်ဆေးပစ္စည်းများ လှူဒါန်းခြင်း အခမ်းအနားကို ယနေ့ နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသ ကြီး မင်္ဂလာဒုံမြို့နယ်ရှိ တပ်မတော် အရိုးရောဂါ အထူးကုဆေးရုံကြီး၌ ကျင်းပသည်။
Mar 24, 2020
ကိုရိုနာဗိုင်းရပ်စ်ရောဂါလက္ခဏာမပြဘဲနဲ့ ပြည်သူလူထုကြားထဲမှာ လျှောက်သွားနေတဲ့သူတွေ ရှိနိုင်တယ်။ ဒါကြောင့်မို့လို့ လက်မှန်မှန်ဆေးပါ၊ လူအုပ်ထူထူထဲကို တတ်နိုင်သမျှ မသွားပါနဲ့၊ ပွဲတွေ လမ်းတွေ ပိတ်ပစ်ပါ စသဖြင့် လုပ်ရတာပေါ့
COVID-19 ရောဂါအကြောင်း အသိပညာပေးဆွေးနွေးပွဲကို မတ်လ ၂၂ ရက်နေ့ ညပိုင်းက မြန်မာ့အသံနှင့် ရုပ်မြင်သံကြားတွင် ထုတ်လွှင့်ခဲ့ သည်။
Mar 24, 2020
နေပြည်တော် မတ် ၂၃
ဒုတိယအကြိမ် အမျိုးသားလွှတ်တော် (၁၅)ကြိမ်မြောက် ပုံမှန်အစည်းအဝေး ၁၂ ရက်မြောက် နေ့ကို ယနေ့ နံနက် ၁ဝ နာရီတွင် နေပြည်တော်ရှိ အမျိုးသားလွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပသည်။
Mar 23, 2020
ကမ္ဘာတစ်ဝန်းတွင်ဖြစ်ပွားနေသော COVID-19 ကို ကမ္ဘာ့ပြည်သူများ ရင်ဆိုင်နေရသည်။ ထိုရောဂါနှင့်ပတ်သက်၍ မြန်မာနိုင်ငံတွင် ဖြစ်ပွားခြင်း မရှိသေးဘဲ ဖြစ်ပွားလာပါက အရေးပေါ်တုံ့ပြန်ရေးကို ကြိုတင်ပြင်ဆင်ဆောင်ရွက် နေကြသည်။ COVID-19 ရောဂါသည် အသက်ရှူ လမ်းကြောင်း ဆိုင်ရာ ရောဂါဖြစ်ပြီး ထိတွေ့မှုများနှင့်ပတ်သက်၍ ပတ်ဝန်းကျင်သန့်ရှင်းရေး၊ အသက်ရှူမှုနှင့်ပတ်သက်၍ လေထုသန့်ရှင်းရေးတို့ကို သတိထား ရမည်ဖြစ်သည်။