Skip to main content

Mar 22, 2020

တရုတ်နိုင်ငံ ဂူဟန်ဒေသမှ စတင်ဖြစ်ပွားလိုက်သည့် အသက်ရှူ လမ်းကြောင်းဆိုင်ရာရောဂါ ကိုဗစ်-၁၉ ဗိုင်းရပ်စ်သည် လပိုင်းအတွင်းမှာပင် နိုင်ငံတကာအနှံ့ ပျံ့နှံ့ကူးစက်သွားခဲ့သည်။ ၂-၃ -၂၀၂၀ ရက်နေ့ သတင်းထုတ်ပြန်ချက်အရ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ဝင်နိုင်ငံ ၁၉၄ နိုင်ငံ အနက် အနှီရောဂါ ကူးစက်ပြန့်ပွားကာ ဖြစ်ပွားနေသည့် နိုင်ငံပေါင်း ၁၈၄ နိုင်ငံ ရှိနေပြီဖြစ်သည်။

ဆက်လက်ဖတ်ရှုရန်

Mar 22, 2020

(၂၂-၃-၂၀၂၀) ရက်နေ့၊ ည (၁၀:၃၀) နာရီ

၁။ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ အမျိုးသားကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) သည် တိုင်းဒေသကြီး/ပြည်နယ် အသီးသီးရှိ ဆေးရုံများတွင် COVID-19 ရောဂါ စောင့်ကြည့်လူနာများအဖြစ် သတ်မှတ်ထားရှိသော လူနာများထံမှ ဓာတ်ခွဲနမူနာများကို ဓာတ်ခွဲ စစ်ဆေးပေးလျက်ရှိပါသည်။

ဆက်လက်ဖတ်ရှုရန်

Mar 22, 2020

နေပြည်တော် မတ် ၂၂

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးစိုးအောင်သည် နေပြည်တော် ပုဗ္ဗသီရိမြို့နယ်ရှိ လူမှုဝန်ထမ်းဦးစီးဌာန အသိအမှတ်ပြု ပရဟိတ ဂေဟာများဖြစ်သော အေးမေတ္တာစံ ပရဟိတ တောင်နီလေးကျောင်းတိုက်ရှိ အေးမေတ္တာစံ လူငယ်ဖွံ့ဖြိုးရေးပရဟိတဂေဟာနှင့် ပြင်ကြီး သာသနာ့ဝေပုလ္လ သီလရှင် စာသင်တိုက်များသို့သွားရောက်၍ လတ်တလော ကမ္ဘာ့နေရာ အနှံ့အပြားတွင် ဖြစ်ပွားလျက် ရှိသည့် (COVID-19)ရောဂါ နှင့် ပတ်သက်၍ သီလရှင်များ၊ ဂေဟာမှူးများ၊ ကြီးကြပ်သူ ဆရာ၊ ဆရာမများအား ကျန်းမာရေး အသိပညာပေးခြင်းများကို ဆောင်ရွက်သည်။

ဆက်လက်ဖတ်ရှုရန်

Mar 22, 2020

(၂၂-၃-၂၀၂၀) ရက်နေ့၊ ည (၈:၀၀) နာရီ

၁။ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနသည် ကမ္ဘာ့နိုင်ငံများတွင် ကူးစက်ပျံ့နှံ့လျက်ရှိသည့် COVID-19 လတ်တလော အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါဖြစ်ပွားမှုဖြစ်စဉ်နှင့် ပတ်သက်၍ ရောဂါစောင့်ကြပ်ကြည့်ရှုခြင်းလုပ်ငန်းများအား အပြည်ပြည်ဆိုင်ရာ ဝင်ပေါက်၊ ထွက်ပေါက် ဂိတ်များတွင်လည်းကောင်း၊ ဆေးရုံအခြေပြု အဖြစ်လည်းကောင်း၊ ပြည်သူလူထု အခြေပြု စောင့်ကြပ်ကြည့်ရှုခြင်း လုပ်ငန်းများဖြင့်လည်းကောင်း၊ ပုဂ္ဂလိကဆေးရုံများနှင့် ပူးပေါင်း၍လည်းကောင်း ဆောင်ရွက်လျက် ရှိပါသည်။

ဆက်လက်ဖတ်ရှုရန်

Mar 22, 2020

နေပြည်တော် မတ် ၂၂

COVID-19 ရောဂါကာကွယ်ထိန်းချုပ်ရေး ဗဟိုအဆင့် လုပ်ငန်းညှိနှိုင်း အစည်းအဝေး (၃၈/၂၀၂၀)ကို ယနေ့ညနေ ၅ နာရီခွဲတွင် နေပြည်တော်ရှိ ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Mar 22, 2020

 

နေပြည်တော် မတ် ၂၁

COVID-19 ရောဂါ ကူးစက်ပြန့်ပွားမှုထိန်းချုပ်ရေးအတွက် ထိုင်းနိုင်ငံ ချင်းမိုင်မြို့၏ ကောင်စစ်နယ်မြေ ကိုးခုအနက် မြန်မာနိုင်ငံနှင့် နယ်နိမိတ်ချင်းထိစပ်လျက်ရှိပြီး ယာယီ နယ်စပ် ကုန်သွယ်ရေး ဂိတ်များ ဖွင့်လှစ် ထားရှိသော ပြည်နယ် နှစ်ခုဖြစ်သည့် ချင်းရိုင်ပြည်နယ် (မြန်မာဘက်-ရှမ်းပြည်နယ်)နှင့် မယ်ဟောင် ဆောင်ပြည် နယ် (မြန်မာ ဘက်-ကယားပြည်နယ်)တို့ရှိ ကုန်သွယ် ရေးစခန်းများအား မတ် ၂၁ ရက်မှစတင်၍ ယာယီ ပိတ်ထားမည်ဖြစ်ကြောင်း သိရသည်။

နယ်စပ်ဖြတ်သန်းရေးစခန်းများ

ဆက်လက်ဖတ်ရှုရန်

Mar 22, 2020

မြစ်ကြီးနား  မတ် ၂၂

မန္တလေး-မြစ်ကြီးနား-မန္တလေးလမ်းပိုင်းတွင် အမှတ်(၃၁)အဆန်၊ (၃၂)အစုန်အမြန်ရထားအား လေအေးပေးစက်ပါ ကိုရီးယားလေ အိတ်တွဲဆိုင်းအသစ်ဖြင့် ယမန်နေ့ မွန်းလွဲပိုင်း တွင်  စတင်ပြေး ဆွဲပြီဖြစ်ရာ ကချင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာခက်အောင်သည် မြစ်ကြီးနားဘူတာမှ မွန်းလွဲ ၁ နာရီခွဲတွင် စတင်ပြေးဆွဲမည့် အမှတ်(၃၂)အစုန်အမြန် ရထား ကို သွားရောက် ကြည့်ရှု စစ်ဆေးခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Mar 21, 2020

ရန်ကုန် မတ် ၂၁

ကျန်းမာရေးနှင့်အားစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးသည် ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့၊ ကျိုက္ကဆံအားကစားကွင်း၊ ပြည်ထောင်စုခန်းမ၌ ကျင်းပသည့် Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအမျိုးသားအဆင့် ဗဟိုကော်မတီနှင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနသို့ COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ ရန်ပုံငွေ၊ ဆေးနှင့် ဆေးပစ္စည်းများ လှူဒါန်းပွဲသို့ တက်ရောက်သည်။

ရှေးဦးစွာ အလှူရှင်များကိုယ်စား အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ အတွင်းရေးမှူး ဦးဉာဏ်ဝင်းက ထောက်ပံ့လှူဒါန်းရခြင်းအကြောင်း ရှင်းလင်း ပြောကြားသည်။

ဆက်လက်ဖတ်ရှုရန်

Mar 21, 2020

ရန်ကုန် မတ် ၂၁

ဦးနု၊ ဒေါ်မြရီဖောင်ဒေးရှင်းနှင့် အိန္ဒိယနိုင်ငံ JAIPUR မြို့ရှိ B.M.V.S.S(JAIPUR FOOT)အဖွဲ့တို့ပူးပေါင်းကာ တတိယ အကြိမ်မြောက် အခမဲ့ခြေတုတပ်ဆင်ပေးမှုစခန်းဖွင့်ပွဲကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး တောင်ဒဂုံမြို့နယ် ပိဋကတ်သုံးပုံနိကာယ်ကျောင်းတိုက်၌ ဖွင့်လှစ် လိုက်ပြီဖြစ်ပြီး မသန်စွမ်းသူ ၃၀၅ ဦးကို ခြေတုဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်း ဦးနု၊ ဒေါ်မြရီဖောင်ဒေးရှင်းမှ သိရသည်။

ဆက်လက်ဖတ်ရှုရန်

Mar 21, 2020

ရန်ကုန် မတ် ၂၁

COVID-19 ရောဂါကြိုတင်ကာကွယ်ရေးအဖြစ် ရန်ကုန်တိုင်းဒေသကြီးအတွင်း ပြေးဆွဲနေသော YBS ယာဉ်လိုင်းအချို့တွင် လက်ဆေးနိုင် မည့် Hand Gel ဘူးများ တပ်ဆင်ခြင်း နှင့် ယာဉ်ပေါ်ပါခရီးသည်များအား အသိပညာပေးခြင်းကို မတ် ၂၀ ရက် နေ့လယ်ပိုင်းက စံပြဈေးမှတ်တိုင် တွင် စုပေါင်းလှုပ်ရှား ဆောင်ရွက် ကြောင်း သိရသည်။

အလေ့အထရှိအောင်

ဆက်လက်ဖတ်ရှုရန်