Skip to main content

Dec 29, 2025

​​​​​​​ဒီဇင်ဘာလ ၂၈ ရက်နေ့သည် မြန်မာ့နိုင်ငံရေးခရီးလမ်းကြောင်း၌ တစ်မူထူးခြားသော မှတ်တမ်းဝင်မည့်နေ့တစ်နေ့ဖြစ်သည်။ ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲ အပိုင်း(၁)ကို နိုင်ငံတစ်ဝန်းရှိ မြို့နယ် ၁၀၂ မြို့နယ်အတွင်း အောင်မြင်စွာကျင်းပနိုင်ခဲ့သည့် ထူးခြားသည့်နေ့တစ်နေ့ဖြစ်သည်။ ဤရွေးကောက်ပွဲသည် ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင် မဲမသမာမှုများ၊ မှားယွင်းမှုများ ဆိုးဆိုးရွားရွားဖြစ်ပေါ်ခဲ့သည်ကို မည်သို့မျှဖြေရှင်းပေးခြင်းမရှိသဖြင့် လွတ်လပ်ပြီးတရားမျှတသော ရွေးကောက်ပွဲအဖြစ် ပြန်လည်ကျင်းပပေးသည့် ထူးခြားသောရွေးကောက်ပွဲဟု ဆိုရမည်ဖြစ်သည်။

ဆက်လက်ဖတ်ရှုရန်

Dec 29, 2025

နေခြည်နွေးနွေးဆောင်းအေးအေးတွင် ပျော်ပျော်ရွှင်ရွှင်၊ တက်တက်ကြွကြွ၊ လွတ်လပ်အေးချမ်းစွာ မဲပေးကြသည့်မြင်ကွင်းမှာ နံနက်ခင်းကို ကျက်သရေမင်္ဂလာနှင့် ပြည့်စုံစေသည်။ ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက် ပွဲ အပိုင်း(၁)ကို နိုင်ငံတစ်ဝန်း မြို့နယ်ပေါင်း ၁၀၂ မြို့နယ်ရှိမဲရုံများတွင် ဒီဇင်ဘာ ၂၈ ရက် နံနက် ၆ နာရီမှာစတင်ခဲ့သည်။ မဲရုံစတင်ဖွင့်လှစ်ချိန်မှစကာ ပိတ်သိမ်းသည့်အချိန်အထိ နိုင်ငံသားတာဝန်ကျေပွန်စွာ လာရောက်မဲပေးကြသည့် ပြည်သူများမှာ မည်သည့်ဖိအားတစ်စုံတစ်ရာကြောင့်မှမဟုတ်ဘဲ မိမိတို့၏လွတ်လပ်သည့် သဘောထားဆန္ဒအလျောက် မဲရုံများဆီသို့ သွားရောက်မဲပေးခဲ့ကြခြင်းဖြစ်သည်။

ဆက်လက်ဖတ်ရှုရန်

Dec 28, 2025

မြန်မာနိုင်ငံအစိုးရအနေဖြင့် အွန်လိုင်းလိမ်လည်လောင်းကစားမှုများ အများဆုံးအခြေချလုပ်ကိုင်လျက်ရှိကြသည့် ရွှေကုက္ကိုလ်နယ်မြေနှင့် KK Park နယ်မြေများရှိ တရားမဝင်အဆောက်အအုံများအတွင်း ဝင်ရောက်ရှင်းလင်းခြင်း၊ အွန်လိုင်းလိမ်လည် လောင်းကစားမှုလုပ်ငန်းစဉ်များတွင် အသုံးပြုခဲ့သည့် သိမ်းဆည်းရမိပစ္စည်းများနှင့် တရားမဝင်အဆောက်အအုံများအား စနစ်တကျဖြိုချဖျက်ဆီးခြင်းများကို လုံခြုံရေးတပ်ဖွဲ့ဝင်များ၊ အုပ်ချုပ်ရေးအဖွဲ့အစည်းများနှင့် ဒေသတွင်းတာဝန်ရှိသူများအပါအဝင် အဖွဲ့စုံပါဝင်သည့် ပူးပေါင်းအဖွဲ့ဖြင့် ဆောင်ရွက်လျက်ရှိရာ ယနေ့တွင် KK Park နယ်မြေအတွင်းရှိ တရားမဝင်အဆောက်အအုံ ၆ လုံးကို ထပ်မံဖြိုချဖျက်ဆီးခဲ့ကြောင်း သိရှိရသည်။

ဆက်လက်ဖတ်ရှုရန်

Dec 28, 2025

PDF အမည်ခံအကြမ်းဖက်သောင်းကျန်းသူပူးပေါင်းအဖွဲ့များအနေဖြင့် မန္တလေးတိုင်းဒေသကြီး၊ မတ္တရာမြို့နယ်၊ စဉ့်ကူးမြို့နယ်များအတွင်း ဝင်ရောက်ကာ ပြည်သူပိုင်ပစ္စည်းများအား အတင်းအဓမ္မယူဆောင်ခြင်း၊ နိုင်ငံ့အကျိုးပြုစက်ရုံ၊ အလုပ်ရုံများအား ဝင်ရောက်မီးရှို့ဖျက်ဆီးခြင်း၊ နိုင်ငံပိုင် မြေပေါ်၊ မြေအောက် သယံဇာတများ အဓမ္မနည်းဖြင့် ထုတ်ယူပြီး ကိုယ်ကျိုးသုံးစွဲခြင်း စသည့်အကြမ်းဖက်လုပ်ငန်းများကို နည်းလမ်းပေါင်းစုံဖြင့် လုပ်ဆောင်ခဲ့သဖြင့် တပ်မတော်စစ်ကြောင်းများက အဆိုပါဒေသများ ဆောင်ရွက်ပြီး လိုအပ်သည့် ပြင်ဆင်စုဖွဲ့မှုများ တည်ငြိမ်အေးချမ်းရေးအတွက် အကြမ်းဖက်ချေမှုန်းမှုစစ်ဆင်ရေး (Counter-Terrorism Operation) ကို ဆောင်ရွက်လျက်ရှိရာ အကြမ်းဖက်သောင်းကျန်းသူများ ယာယီစိုးမိုးထားသည့် စဉ့်ကူးမြို့အား ဒီဇင်ဘာ ၁၉ ရက်နေ့တွင် အပြီးတိုင်ပြန်လည်ထိန်းချုပ်နိုင်ခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Dec 28, 2025

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကြီးကို ယနေ့နံနက် ၆ နာရီမှစတင်၍ နိုင်ငံတစ်ဝန်းလုံးတွင် ကျင်းပပြုလုပ်ရာ မဲဆန္ဒရှင်ပြည်သူများက သက်ဆိုင်ရာမဲရုံများတွင် ဆန္ဒမဲများပေးကြသည်။

ဆက်လက်ဖတ်ရှုရန်

Dec 28, 2025

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ယနေ့ နံနက်ပိုင်းတွင် ကော်မရှင်အတွင်းရေးမှူး ဗိုလ်ချုပ်ကြီး ရဲဝင်းဦးနှင့် တာဝန်ရှိသူများ လိုက်ပါ၍ နေပြည်တော်ဘူတာကြီးသို့ သွားရောက်ကြည့်ရှုစစ်ဆေးသည်။

ဆက်လက်ဖတ်ရှုရန်

Dec 28, 2025

ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် လက်ပံတန်းမြို့နယ်တွင် ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအပိုင်း(၁)ကို ကျင်းပလျက်ရှိရာ ယနေ့နံနက် ၆ နာရီ တွင် မဲရုံများစတင်ဖွင့်လှစ်၍ ပြည်သူများအေးချမ်းစွာဆန္ဒမဲပေးလျက်ရှိသည်။ လက်ပံတန်းမြို့နယ်အတွင်း မဲရုံ ၁၄၂ ရုံ၌ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်၊  ပဲခူးတိုင်းဒေသကြီးလွှတ်တော်(မဲအများဆုံး ရသူအနိုင်ယူစနစ်)၊ ကရင်တိုင်းရင်းသားလွှတ်တော်တို့အတွက် ပြည်သူများအေးချမ်းစွာ ဆန္ဒမဲပေးလျက်ရှိကြောင်းသိရသည်။       

ဆက်လက်ဖတ်ရှုရန်

Dec 28, 2025

ယနေ့ ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၈ ရက်နေ့တွင် ကျင်းပပြုလုပ်လျက်ရှိသည့် မြန်မာနိုင်ငံ၏ ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲပထမပိုင်းတွင် အများပြည်သူများ စနစ်တကျနှင့် လွတ်လပ်စွာ ဆန္ဒမဲပေးနေမှုများကို ကြည့်ရှုလေ့လာရန်အတွက် နိုင်ငံတကာရွေးကောက်ပွဲလေ့လာရေးအဖွဲ့ဝင်များနှင့်သံတမန်အဖွဲ့အစည်းများမှ ကိုယ်စားလှယ်စုစုပေါင်း ၁၃၉ ဦး တက်ရောက်စောင့်ကြည့်လျက်ရှိကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုရန်

Dec 28, 2025

ကမ္ဘောဒီးယားနိုင်ငံ စာရေးဆရာအသင်း၏ ဖိတ်ကြားချက်အရ မြန်မာ၊ တရုတ်၊ လာအို၊ ဗီယက်နမ်နိုင်ငံတို့မှ စာပေယဉ်ကျေးမှုပူးပေါင်းဖလှယ်ရေး အစည်းအဝေးတက်ရောက်ရန် မြန်မာနိုင်ငံစာရေးဆရာအသင်းဥက္ကဋ္ဌ ဦးအုန်းမောင်(မြင်းမူမောင်နိုင်မိုး)၊ အဖွဲ့ဝင် ဦးညွန့်တင် (မောင်ငြိမ်းသူ-ကြို့ပင်ကောက်)၊ ဦးအောင်ကြည် (အောင်ကြည်ညွန့်-တက္ကသိုလ်)နှင့် ဦးစိုးမိုးနိုင် (နန်းအောင်လှိုင်)တို့သည် ရန်ကုန်မြို့မှ ဒီဇင်ဘာ ၂ဝ ရက်တွင် ထွက်ခွာပြီး ဒီဇင်ဘာ ၂၁ ရက်တွင် ဖနွမ်းပင်မြို့ Cambodia Japan Co-operation Centre ၌ ၎င်းတို့ နိုင်ငံ၏ ဒုတိယအကြိမ်မြောက် စာဆိုတော်နေ့ အထိမ်းအမှတ်အဖြစ် နိုင်ငံအလိုက် စာရေးဆရာများ၏ စာပေဘဝခရီးအတွေ့အကြုံနှင့် ရသစာပေအထွေထွေအကြောင်း စကားဝိုင်းဆွေးနွေးပွဲသို့ မြန်မာနိုင်ငံစာရေးဆရာအသင်းဥက္ကဋ္ဌက “A writer is an embassador of culture and peace” ဟူသော ခေါင်းစဉ်ဖြင့် ဆွေးနွေးကာ စာပေပရိသတ်များ မေးမြန်းချက်များကို ပြန်လည်ဖြေကြားသည်။

ဆက်လက်ဖတ်ရှုရန်

Dec 28, 2025

၂၀၂၅ ခုနှစ် ဒီဇင်ဘာ လူထုအားကစားလ(စတုတ္ထပတ်) စုပေါင်းလမ်းလျှောက်ပွဲကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိအားကစားကွင်း၌ ကျင်းပရာ ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ ဌာနဆိုင်ရာအကြီးအကဲများနှင့် တာဝန်ရှိသူများ၊ ဝန်ထမ်းများနှင့် ဝန်ထမ်းမိသားစုများ စုစုပေါင်းအင်အား ၃၈၀၀ ကျော် ပျော်ပျော်ရွှင်ရွှင် စည်ကားသိုက်မြိုက်စွာ ပါဝင်ဆင်နွှဲကြသည်။

ဆက်လက်ဖတ်ရှုရန်

Dec 28, 2025

ဧရာဝတီတိုင်းဒေသကြီးအတွင်း ရွေးကောက်ပွဲများကျင်းပခြင်းမပြုမည့် နယ်မြေများစာရင်း ထုတ်ပြန်ကြေညာ

ဆက်လက်ဖတ်ရှုရန်

Dec 28, 2025

ရှမ်းပြည်နယ်အတွင်း ရွေးကောက်ပွဲများကျင်းပခြင်းမပြုမည့် နယ်မြေများစာရင်း ထုတ်ပြန်ကြေညာ

ဆက်လက်ဖတ်ရှုရန်

Dec 28, 2025

မန္တလေးတိုင်းဒေသကြီးအတွင်း ရွေးကောက်ပွဲများကျင်းပခြင်းမပြုမည့် နယ်မြေများစာရင်း ထုတ်ပြန်ကြေညာ

ဆက်လက်ဖတ်ရှုရန်

Dec 28, 2025

ပဲခူးတိုင်းဒေသကြီးအတွင်း ရွေးကောက်ပွဲများကျင်းပခြင်းမပြုမည့် နယ်မြေများစာရင်း ထုတ်ပြန်ကြေညာ

ဆက်လက်ဖတ်ရှုရန်

Dec 28, 2025

တနင်္သာရီတိုင်းဒေသကြီးအတွင်း ရွေးကောက်ပွဲများကျင်းပခြင်းမပြုမည့် နယ်မြေများစာရင်း ထုတ်ပြန်ကြေညာ

ဆက်လက်ဖတ်ရှုရန်

Dec 28, 2025

စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ရွေးကောက်ပွဲများကျင်းပခြင်းမပြုမည့် နယ်မြေများစာရင်း ထုတ်ပြန်ကြေညာ

ဆက်လက်ဖတ်ရှုရန်

Dec 28, 2025

ကရင်ပြည်နယ်အတွင်း ရွေးကောက်ပွဲများကျင်းပခြင်းမပြုမည့် နယ်မြေများစာရင်း ထုတ်ပြန်ကြေညာ

ဆက်လက်ဖတ်ရှုရန်

Dec 28, 2025

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကြီးကို ယနေ့နံနက် ၆ နာရီမှစတင်၍ နိုင်ငံတစ်ဝန်းလုံးတွင် ကျင်းပပြုလုပ်ရာ မဲဆန္ဒရှင်ပြည်သူများအားလုံးအနေဖြင့် သက်ဆိုင်ရာမဲရုံများတွင် ဆန္ဒမဲများပေးကြသည်။

ဆက်လက်ဖတ်ရှုရန်

Dec 28, 2025

ကချင်ပြည်နယ်အတွင်း ရွေးကောက်ပွဲများ ကျင်းပခြင်းမပြုမည့် နယ်မြေများစာရင်း ထုတ်ပြန်ကြေညာ

ဆက်လက်ဖတ်ရှုရန်

Dec 28, 2025

ဧရာဝတီတိုင်းဒေသကြီး ဝါးခယ်မမြို့နယ်အတွင်းသို့ ယာယီရွှေ့ပြောင်းနေထိုင်သူ ပြည်သူများအား ဇူလိုင်၊ ဩဂုတ်၊ စက်တင်ဘာ(၃)လစာ ထောက်ပံ့ငွေပေးအပ်ပွဲကို ယနေ့နံနက် ၉ နာရီခွဲက ဝါးခယ်မမြို့နယ် ရွှေခယ်သီရိခန်းမ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်