Aug 23, 2024
မြန်မာနိုင်ငံစာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေး ပူးပေါင်းဆောင်ရွက်မှုကော်မတီဥက္ကဋ္ဌ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းနှင့် ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းတို့သည် ယနေ့မွန်းလွဲပိုင်းတွင် ပုသိမ်တက္ကသိုလ်စာကြည့်တိုက်သို့သွားရောက်၍ ကျောင်းသားကျောင်းသူများ၏ စာအုပ်စာစောင်များ ဖတ်ရှုလေ့လာနေမှုနှင့် စာအုပ်စာစောင်များ ငှားရမ်းနေမှုအခြေအနေများကို ကြည့်ရှုအားပေးကာ စာအုပ်စာစောင်များ ပေးအပ်လှူဒါန်းသည်။
Aug 23, 2024
၁၉၇၃ ခုနှစ် ဇူလိုင်လမှ စတင်ထုတ်ဝေခဲ့ပြီး နှစ်ပေါင်း ၅၀ ကျော် စာချစ်သူများ လက်ခံအားပေးလာခဲ့သော သုတပဒေသာစာစောင်ကို ၂၀၂၁ ခုနှစ် ဒီဇင်ဘာလမှစ၍ သုတပဒေသာနှင့် လူငယ်ရေးရာစာစောင်ဟု အမည်ပြောင်းလဲကာ မျက်နှာဖုံးဒီဇိုင်း၊ အကြောင်းအရာနှင့် စာအုပ်အပြင်အဆင်တို့အပြောင်းအလဲများပြုလုပ်ပြီး ဆယ်ကျော်သက်လူငယ်များကို ဦးတည်ပရိသတ်အဖြစ်ထားကာ လစဉ်ထုတ်ဝေလျက်ရှိပါသည်။
Aug 23, 2024
ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် (၂၀၂၂) ခုနှစ်၊ မေလအတွင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့က အာဖရိကဒေသပြင်ပရှိနိုင်ငံအချို့တွင် မျောက်ကျောက်ရောဂါကူးစက်ဖြစ်ပွားမှု (Multi-country outbreak) ရှိနေကြောင်း ထုတ်ပြန်ကြေညာခဲ့စဉ်ကပင် မျောက်ကျောက်ရောဂါဖြစ်ပွားမှု စောစီးစွာသိရှိတုံ့ပြန်ဆောင်ရွက်နိုင်ရေးအတွက် ဖျားခြင်းနှင့်အနီစက်/အရည်ကြည်ဖု ထွက်ခြင်း ရောဂါလက္ခဏာစောင့်ကြပ်ကြည့်ရှုခြင်း (Fever with Vesicular Rash Surveillance) နှင့် အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) တွင် ဓာတ်ခွဲနမူနာများအား စစ်ဆေးခြင်း လုပ်ငန်းကို နေပြည်တော်နှင့် တိုင်းဒေသကြီး/ ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနများနှင့် ပြည်သူ့ဆေးရုံများတွင် စဉ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိသည်။
Aug 23, 2024
ကျန်းမာခြင်းသည်လာဘ်တစ်ပါးဖြစ်သည်။ ကျန်းမာကြံ့ခိုင်မှသာ အရာရာကိုအကောင်အထည်ဖော်နိုင်ပြီး လိုအင်ဆန္ဒများ ပြည့်ဝနိုင်မည်ဖြစ်သည်။ ကျန်းမာကြံ့ခိုင်ရန်အတွက် မျိုးကောင်းမျိုးသန့် အပင်သန်ဆိုသကဲ့သို့ မွေးဖွားစအရွယ် သန္ဓေတည်သည်မှစ၍ နုနယ်ပျိုမျစ်သည့်အရွယ်တစ်လျှောက် ကောင်းစွာစောင့်ရှောက် အလေးထား ပြုစုပျိုးထောင်ပေးနိုင်ရန် လိုအပ်သည်။
Aug 23, 2024
ယခုနှစ်အတွင်း အာဖရိကတိုက်ရှိ ကွန်ဂိုနိုင်ငံနှင့် အခြားအာဖရိကနိုင်ငံအချို့တွင် Mpox ခေါ် မျောက်ကျောက်ရောဂါကူးစက်မှု အရှိန်မြင့်လာခြင်းနှင့် ကွန်ဂိုအရှေ့ပိုင်းတွင် ရောဂါပိုးမျိုးကွဲအသစ် လျင်မြန်စွာကူးစက်ပျံ့နှံ့လာသည့်အပြင် နယ်စပ်ဖြတ်ကျော်နှင့် နိုင်ငံတကာကူးစက်ပျံ့နှံ့မှုများ ရှိလာခြင်းတို့ကြောင့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ပြီးခဲ့သည့်ဩဂုတ်လ ၁၄ ရက်နေ့တွင် မျောက်ကျောက်ရောဂါကူးစက်မှုကို နိုင်ငံတကာပြည်သူ့ကျန်းမာရေးအရေးပေါ်အခြေအနေအဖြစ် ကြေညာခဲ့သည်။
Aug 22, 2024
အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီနှင့် နိုင်ငံရေးပါတီများအစုအဖွဲ့၏အလုပ်အဖွဲ့တို့ ဒုတိယနေ့တွေ့ဆုံဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိအမျိုးသားစည်းလုံးညီညွတ်ရေးနှင့်ငြိမ်းချမ်းရေးဖော်ဆောင်မှုဗဟိုဌာန၌ ဆက်လက်ကျင်းပသည်။
Aug 22, 2024
ပဲခူးတိုင်းဒေသကြီး၊ ပေါင်းတည်မြို့နယ်၊ ပျံချီတက်ကျေးရွာရှိနေအိမ်များကို လုံခြုံရေးတပ်ဖွဲ့ဝင်များက မီးရှို့ဖျက်ဆီးခဲ့ကြောင်းနှင့် ကား ၁ စီး၊ ဆိုင်ကယ် ၁ စီးတို့ကိုလည်း ဖျက်ဆီးခဲ့သည့်ဖြစ်စဉ် ဩဂုတ် ၂၀ ရက်နေ့ကဖြစ်ပွားခဲ့ကြောင်း တရားမဝင်ပြည်ဖျက်မီဒီယာများက သတင်းတု၊ သတင်းအမှားများကို ပြည်သူများအထင်အမြင်လွဲမှားစေရန်အတွက် လုပ်ကြံရေးသားဖြန့်ဝေနေသည်ကို တွေ့ရှိရသည်။
Aug 22, 2024
အကြမ်းဖက်အုပ်စုအဖြစ်ကြေညာထားသော CRPH၊ NUG နှင့် ယင်းတို့၏လက်ဝေခံအဖွဲ့အစည်းများ၊ ယင်းတို့နှင့်ဆက်နွှယ်နေသော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် ပြည်သူလူထုကိုအကြောက်တရားများ ဖြစ်ပေါ်စေပြီး အစိုးရယန္တရားများပျက်ပြားစေရန်ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်း၊ ခြိမ်းခြောက်ခြင်းများကို လူမှုကွန်ရက်များမှတစ်ဆင့် နည်းမျိုးစုံဖြင့်ပြုလုပ်လျက်ရှိပါသည်။
Aug 22, 2024
နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်များကို စွမ်းစွမ်းတမံထမ်းဆောင်လျက်ရှိသော လုံခြုံရေးတပ်ဖွဲ့ဝင်များအတွက် စေတနာရှင်အလှူရှင်များက ဂုဏ်ပြုချီးမြှင့်ငွေများနှင့် စားသောက်ဖွယ်ရာများ လာရောက်ဂုဏ်ပြုပေးအပ်လျက်ရှိသည်။
Aug 22, 2024
ကယားပြည်နယ်၊ လွိုင်ကော်မြို့၊ မင်းစုရပ်ကွက်၊ အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်းရှိ ဆရာ/ဆရာမများနှင့် ဒေါတမရပ်ကွက်၊ အခြေခံပညာအလယ်တန်းကျောင်း (ဒေါတမ) ရှိ ဆရာ/ဆရာမများအား ဆန်၊ ဆီ၊ ကြက်ဥနှင့် စားသောက်ဖွယ်ရာများ ထောက်ပံ့ပေးအပ်ခြင်းကို ယနေ့နံနက်ပိုင်းတွင် အဆိုပါကျောင်းများ၌ပြုလုပ်ရာ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် ဇော်မင်းလတ်နှင့်အဖွဲ့ဝင်များ၊ ကျောင်းအုပ်ဆရာကြီး၊ ကျောင်းအုပ်ဆရာမကြီးများနှင့် ဆရာ/ဆရာမများ တက်ရောက်ကြသည်။
Aug 22, 2024
ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ပါမောက္ခဒေါက်တာသက်ခိုင်ဝင်းသည် ယမန်နေ့မွန်းလွဲပိုင်းက ရန်ကုန်မြို့ရှိ ပြည်သူ့ဆေးရုံကြီးများသို့ သွားရောက်၍ ဆေးရုံလုပ်ငန်းဆောင်ရွက်မှု အခြေအနေများကို ကြည့်ရှုစစ်ဆေးသည်။
Aug 22, 2024
နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ၏ ဖွံ့ဖြိုးတိုးတက်မှုအကောင်အထည်ဖော်ရေး လမ်း၊ တံတားနှင့် အဆောက်အဦဖွံ့ဖြိုးရေးလုပ်ငန်းဆပ်ကော်မတီ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၂/၂၀၂၄)ကို ယနေ့နံနက်ပိုင်းတွင် နယ်စပ်ရေးရာဝန်ကြီးဌာန ဝန်ကြီးရုံးအစည်းအဝေးခန်းမ၌ ကျင်းပသည်။
Aug 22, 2024
သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ၂၀၂၄ ခုနှစ် မိုးရာသီတတိယအကြိမ် စုပေါင်းသစ်ပင်စိုက်ပျိုးပွဲကို ယနေ့နံနက်ပိုင်းတွင် ပြည်ထောင်စုနယ်မြေ နေပြည်တော် လယ်ဝေးမြို့နယ် ရန်အောင်မြင်ကြိုးဝိုင်း အကွက်အမှတ်-၁၆ ၌ ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ၊ ဒုတိယဝန်ကြီး ဦးမင်းသူ၊ အမြဲတမ်းအတွင်းဝန်နှင့် ဌာနအကြီးအကဲများ၊ အရာထမ်း/ အမှုထမ်းများ၊ သစ်တောနှင့်ပတ်ဝန်းကျင်ဆိုင်ရာတက္ကသိုလ်မှ ဆရာ ဆရာမများနှင့် ကျောင်းသား ကျောင်းသူများ တက်ရောက်သည်။
Aug 22, 2024
အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေကို ဒုတိယအကြိမ် ပြင်ဆင်သည့်ဥပဒေ(မူကြမ်း)နှင့်စပ်လျဉ်းသည့် အပြီးသတ်ညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ ဥပဒေရေးရာဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
Aug 22, 2024
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်း ဝန်ကြီးဌာန(CPU)အဖွဲ့၏ အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးဆိုင်ရာ လုပ်ငန်းစဉ်များညှိနှိုင်း ဆွေးနွေးခြင်းကို ယနေ့မွန်းလွဲပိုင်းက ပြည်ထောင်စုဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
Aug 22, 2024
ပဲခူးတိုင်းဒေသကြီး ပြည်မြို့ရှိ ပြည်ဘူတာကြီး၌ ခရီးသွားပြည်သူများ သွားလာမှုအဆင်ပြေစေရေးအတွက် ပြည် - ရန်ကုန်ပြေးဆွဲလျက်ရှိသော အမှတ် (၇၂) အစုန် အမြန်ရထားလက်မှတ်များကို နေ့ရက်အလိုက် ကြိုတင်ရောင်းချပေးလျက်ရှိကြောင်း သိရသည်။
Aug 22, 2024
ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှ (၂၀၂၄) ခုနှစ်၊ ဩဂုတ်လ (၁၄) ရက်နေ့တွင် Mpox (မျောက်ကျောက်)ရောဂါ ကူးစက်မှုအား နိုင်ငံတကာပြည်သူ့ကျန်းမာရေး အရေးပေါ်အခြေအနေအဖြစ်ကြေညာခဲ့ပါသည်။
Aug 22, 2024
ဒုတိယဝန်ကြီး ဦးဖြိုးဇော်စိုးသည် ရှမ်းပြည်နယ်အစိုးရအဖွဲ့ စီးပွားရေးရာဝန်ကြီး ဦးခွန်သိန်းမောင်နှင့်အတူ ယမန်နေ့နံနက်ပိုင်းက ဝမ်ပုံစံပြကျေးရွာအနီးရှိ ဝမ်ပုံအပြည်ပြည်ဆိုင်ရာ ပြည်တွင်းဆိပ်ကမ်းသို့ သွားရောက်ကာ မြန်မာ - လာအို - ထိုင်းသုံးနိုင်ငံ နယ်စပ်ဖြတ်ကျော် ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်နိုင်မှုအခြေအနေများကို လှည့်လည်ကြည့်ရှုသည်။
Aug 22, 2024
မြန်မာနိုင်ငံသည် ILO နှင့် ပူးပေါင်းကာ အဓမ္မခိုင်းစေမှုဆိုင်ရာ တိုင်ကြားမှုများကို ၂၀၀၇ ခုနှစ်မှစတင်၍ သက်ဆိုင်သည့် ဝန်ကြီးဌာနများနှင့် ပေါင်းစပ်ဖြေရှင်းဆောင်ရွက်ပေးခဲ့သည်။ ၂၀၂၀ ပြည့်နှစ် မှစတင်၍ အမျိုးသားအဆင့် အဓမ္မခိုင်းစေမှုဆိုင်ရာ တိုင်ကြားမှုယန္တရား (National Complaint Mechanism - NCM) ကို အကောင် အထည်ဖော်ဆောင်ရွက်ခဲ့ရာ အလုပ်သမားဝန်ကြီးဌာနအပါအဝင် သက်ဆိုင်သည့် ဝန်ကြီးဌာနများမှ ကိုယ်စားလှယ်များ၊ မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်မှ ကိုယ်စားလှယ်၊ အလုပ်ရှင်နှင့် အလုပ်သမားအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ ပါဝင်ဖွဲ့စည်းထားသော အမျိုးသားအဆင့် အဓမ္မခိုင်းစေမှုဆိုင်ရာ တိုင်ကြားမှုယန္တရား အကောင်အထည်ဖော်ရေး အမျိုးသားကော်မတီမှ အဓမ္မခိုင်းစေမှုတိုင်ကြားချက်များကို ကိုင်တွယ်ဖြေရှင်း ဆောင်ရွက်ပေးလျက်ရှိသည်။
Aug 22, 2024
အဆိုးရွားဆုံးပုံစံဖြင့် ခိုင်းစေခြင်းခံရသော ကလေးအလုပ်သမားများ ဖယ်ရှားရေးနှင့် ပြန်လည်ကုစားရေးလုပ်ငန်းကော်မတီ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပရာ ကော်မတီဥက္ကဋ္ဌ ဒုတိယဝန်ကြီးဦးစိုးကြည်၊ ဝန်ကြီးဌာနမှတာဝန်ရှိသူများ၊ ကော်မတီဝင်များ၊ နေပြည်တော်၊ တိုင်းဒေသကြီး/ ပြည်နယ်များမှဆပ်ကော်မတီ အတွင်းရေးမှူးများ တက်ရောက်ကြသည်။
