Skip to main content

Aug 26, 2024

ယနေ့ မြန်မာနိုင်ငံရှိ ပြည်သူများ၏ အလိုလားဆုံးသောဆန္ဒမှာ ပြည်သူ့လုံခြုံရေးဖြစ်သည်။ တစ်နည်းအားဖြင့် ပြည့်စုံစွာဆိုရပါက ပြည်သူတို့၏လူမှုစီးပွားဘဝများ လုံခြုံရေးနှင့် နိုင်ငံတစ်ဝန်းလုံး အေးချမ်းသာယာရေးပင်ဖြစ်သည်။

ဆက်လက်ဖတ်ရှုရန်

Aug 25, 2024

မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဩဂုတ်လ ၂၂ ရက်နေ့ နံနက် ၁ နာရီအချိန် ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့နယ်၊ ဟွေဟိကျေးရွာရှိ မအားမီ၏နေအိမ်ကို သတင်းအရရှာဖွေရာ နေအိမ်ရှေ့ခြံဝင်းအတွင်း ရပ်တန့်ထားသည့်

ဆက်လက်ဖတ်ရှုရန်

Aug 25, 2024

တပ်မတော် (ကြည်း၊ ရေ၊ လေ) မိသားစုများနှင့် စေတနာရှင်ပြည်သူများက ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ၊ ဆေးနှင့်ဆွမ်းပဒေသာပင် အလှူငွေများလှူဒါန်းပွဲကို ယနေ့မွန်းလွဲပိုင်းက နေပြည်တော်၊ ပျဉ်းမနားမြို့၊ မဟာဝိသုတာရာမဈေးကုန်းကျောင်းတိုက်၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Aug 25, 2024

နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်များကို စွမ်းစွမ်းတမံထမ်းဆောင်လျက်ရှိသော လုံခြုံရေးတပ်ဖွဲ့ဝင်များအတွက် စေတနာရှင်အလှူရှင်များက ဂုဏ်ပြုချီးမြှင့်ငွေများနှင့် စားသောက်ဖွယ်ရာများ လာရောက်ဂုဏ်ပြုပေးအပ်လျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Aug 25, 2024

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းအဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများအား ယနေ့မွန်းလွဲပိုင်းတွင် မန္တလေးမြို့၊ မြို့တော်ခန်းမ၌တွေ့ဆုံ၍ ဒေသဖွံဖြိုးတိုးတက်ရေးဆိုင်ရာများအား ဆွေးနွေးပြောကြားသည်။

ဆက်လက်ဖတ်ရှုရန်

Aug 25, 2024

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ယနေ့နံနက်ပိုင်းတွင် ဇနီးဒေါ်ကြူကြူလှ၊ ကောင်စီတွဲဖက်အတွင်းရေးမှူး ဗိုလ်ချုပ်ကြီး ရဲဝင်းဦးနှင့်ဇနီး၊ ကောင်စီဝင် ဗိုလ်ချုပ်ကြီး မောင်မောင်အေးနှင့်ဇနီး၊ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်၊ ဗိုလ်ချုပ်ကြီး ညိုစောနှင့်ဇနီး၊ ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဦးမင်းနောင်၊ ဦးမျိုးသန့်၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများ၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူးနှင့် တာဝန်ရှိသူများလိုက်ပါ၍ မန္တလေးမြို့ရှိ ရှေးဟောင်းသမိုင်းဝင် သာသနိက ယဉ်ကျေးမှုအမွေအနှစ်များ ထိန်းသိမ်းထားရှိမှု အခြေအနေများအား သွားရောက်ကြည့်ရှုစစ်ဆေးပြီး တန်ခိုးကြီးဘုရားစေတီများအား ဖူးမြော်ကြည်ညိုသည်။

ဆက်လက်ဖတ်ရှုရန်

Aug 25, 2024

ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ မြန်မာ့စာတိုက်လုပ်ငန်းမှ မြန်မာနိုင်ငံတစ်ဝန်းရှိ စာကြည့်တိုက်များ ဖွံ့ဖြိုး တိုးတက်ရေးနှင့် ပြည်သူများ စာဖတ်နှုန်းမြင့်တက်စေရန် ရည်ရွယ်၍ တစ်ဖက်တစ်လမ်းမှ ပါဝင်ဝန်ဆောင်မှုပေးသည့်အနေဖြင့် ပြန်ကြားရေးဝန်ကြီးဌာနမှ ဖွင့်လှစ်ထားသော လူထုအခြေပြုဗဟိုဌာန (စာကြည့်တိုက်)များသို့ စာအုပ်များ ပေးပို့လှူဒါန်းလိုပါက မြန်မာ့စာတိုက်လုပ်ငန်းရှိ စာတိုက်များတွင် (အခမဲ့)ပေးပို့နိုင်ပါကြောင်း ကြေညာအပ်ပါသည်။

ဆက်လက်ဖတ်ရှုရန်

Aug 25, 2024

သဘာဝအငွေ့အသက်များ ပြည့်နှက်နေသည့် ရန်ကုန်မြို့အနီးရှိ လှော်ကားဥယျာဉ်တွင် Birdwatching ၊ Trekking နှင့် Water activities(SUP & ADV Boat)ပြုလုပ်နိုင်၍ လာရောက်အပန်းဖြေအနားယူနိုင်ကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုရန်

Aug 25, 2024

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ အောင်ကြီးသည် ယနေ့ နံနက်ပိုင်းတွင် မန္တလေးတိုင်းဒေသကြီး ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန ဧည့်ရိပ်သာ၌ မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးအောင်နှင့် တိုင်းဒေသကြီးဝန်ကြီးများနှင့် တွေ့ဆုံ၍ နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် ဆောင်ရွက်သည့် နွေစပါး၊ မိုးစပါးစီမံကိန်းနှင့် ဆီထွက်သီးနှံ စီမံကိန်းလုပ်ငန်းများ၊ ဆီထွက်သီးနှံနှင့် ဝါသီးနှံတိုးချဲ့စိုက်ပျိုးရေး၊ တစ်ဧကချင်း၏ သီးနှံအထွက်နှုန်းတိုးတက်ရေး၊ ပန်းတိုင်အထွက်နှုန်း ရရှိရေး၊ မေထုန်မဲ့သားစပ်လုပ်ငန်းများဖြင့် နို့စားနွားမွေးမြူရေးလုပ်ငန်းများ ပိုမိုဖွံ့ဖြိုးတိုးတက်လာရေးဆောင်ရွက်ရန် ကိစ္စရပ်များကို ဆွေးနွေးကြသည်။

ဆက်လက်ဖတ်ရှုရန်

Aug 25, 2024

ရန်ကုန်မြို့နှင့် မန္တလေးမြို့အတွက် ရည်ညွှန်းလက်ကားဈေးနှုန်းများနှင့် ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ တိုင်းဒေသကြီး/ပြည်နယ် မြို့တော်များအတွက် ရည်ညွှန်းလက်လီဈေးနှုန်းများ

ဆက်လက်ဖတ်ရှုရန်

Aug 25, 2024

တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင်ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာ သြဂုတ် ၂၂ ရက်တွင် အကောက်ခွန်ဦးစီးဌာန၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်ရာတွင် မရမ်းချောင်အမြဲတမ်း စစ်ဆေးရေးစခန်း၌ မော်လမြိုင်မြို့မှ ရန်ကုန်မြို့သို့ မောင်းနှင်လာသော ယာဉ်တစ်စီးပေါ်မှ တရားဝင်စာရွက်စာတမ်းအထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် ထိုင်းနိုင်ငံထုတ် Lipovitan-D အားဖြည့်အချိုရည် ပုလင်း ၉၀၀၀ (ခန့်မှန်း တန်ဖိုးငွေကျပ် ၅၄၀၀၀၀၀) နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် Yutong Bus တစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၅၀၀၀၀၀၀) ကိုလည်းကောင်း၊

ဆက်လက်ဖတ်ရှုရန်

Aug 25, 2024

လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်းသည် ဒုတိယဝန်ကြီး ဦးအေးကျော်နှင့်အတူ ယနေ့နံနက်ပိုင်းက နေပြည်တော်ကောင်စီနယ်မြေ ဒက္ခိဏသီရိမြို့နယ်ရှိ ၃၃/ ၁၁ ကေဗွီစက်မှုဇုန်ဓာတ်အားခွဲရုံမှ ဓာတ်အားဖြန့်ဖြူးပေးနေမှုနှင့် မီတာစမ်းသပ်စစ်ဆေးရေးဌာနခွဲမှ မီတာများ စမ်းသပ်စစ်ဆေးဆောင်ရွက်ခြင်း လုပ်ငန်းတိုးတက်မှု အခြေအနေတို့ကို သွားရောက်ကြည့်ရှုစစ်ဆေးသည်။

ဆက်လက်ဖတ်ရှုရန်

Aug 25, 2024

ပညာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ညွန့်ဖေ ဦးဆောင်သောကိုယ်စားလှယ်အဖွဲ့သည် ထိုင်းနိုင်ငံ ဘူရီယမ်မြို့တွင် ဩဂုတ် ၂၅ ရက်မှ ၂၆ ရက်အထိ ကျင်းပမည့် (၁၃) ကြိမ်မြောက် အာဆီယံပညာရေးဝန်ကြီးများ အစည်းအဝေး၊ (၇) ကြိမ်မြောက် အာဆီယံအပေါင်း ၃ နိုင်ငံများ ပညာရေးဝန်ကြီးများအစည်း အဝေးနှင့် (၇) ကြိမ်မြောက် အရှေ့အာရှပညာရေးဝန်ကြီးများ ထိပ်သီးအစည်းအဝေးများသို့ တက်ရောက်ရန် ယနေ့နံနက် ၆ နာရီတွင် ရန်ကုန်မြို့မှ ထိုင်းနိုင်ငံဗန်ကောက်မြို့သို့ လေကြောင်းခရီးဖြင့် ထွက်ခွာသွားသည်။

ဆက်လက်ဖတ်ရှုရန်

Aug 25, 2024

သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင် ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် သီရိလင်္ကာဒီမိုကရက် တစ်ဆိုရှယ်လစ်သမ္မတနိုင်ငံ ကိုလံဘိုမြို့၌ ဩဂုတ် ၂၀ ရက်မှ ၂၂ ရက်အထိ ကျင်းပခဲ့သည့် မြန်မာဆရာတော် ဘဒ္ဒန္တဝိနယာလင်္ကာရ စတင်တည်ထောင်ခဲ့သော မြန်မာ့ဂုဏ်ဆောင်မကုဋာရာမမြန်မာကျောင်းတိုက် နှစ်တစ်ရာပြည့်အထိမ်းအမှတ်အခမ်းအနားနှင့် အခြားသာသနာရေးဆိုင်ရာအခမ်းအနားများသို့ တက်ရောက်ပြီး ယမန်နေ့ နံနက်ပိုင်းက သီရိလင်္ကာနိုင်ငံမှ ရန်ကုန်မြို့သို့ လေကြောင်းခရီးဖြင့် ပြန်လည်ရောက်ရှိရာ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနမှ တာဝန်ရှိသူများက ကြိုဆိုကြသည်။

ဆက်လက်ဖတ်ရှုရန်

Aug 25, 2024

၁။ ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးဆိုင်ရာ ကိစ္စရပ်များနှင့်စပ်လျဉ်း၍ သိရှိလိုသည်များကို စုံစမ်းမေးမြန်းရန်နှင့် သတင်းပို့ရန်တို့အတွက် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့များ၏ အောက်ပါဖုန်းနံပါတ်များသို့ ရုံးချိန်အတွင်း ဆက်သွယ်နိုင်ပါကြောင်း ထုတ်ပြန်အပ်ပါသည်-

ဆက်လက်ဖတ်ရှုရန်

Aug 25, 2024

နေပြည်တော် စည်ပင်သာယာရေးကော်မတီဒုတိယဥက္ကဋ္ဌ၊ ဒုတိယမြို့တော်ဝန် ဦးမောင်မောင်သည် ၂၀၂၄ ခုနှစ် ဩဂုတ် ၂၄ ရက် နံနက်ပိုင်းက ကော်မတီဝင် ဦးထွန်းထွန်း၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ဇမ္ဗူသီရိမြို့နယ် သပြေကုန်းရပ်ကွက်ရှိ ရေကြီးရေလျှံဖြစ်ပေါ်သည့် နေရာများကိုလည်းကောင်း၊ ပျဉ်းမနားမြို့ရှိ ၈၅ တံတား၊ ၆ လမ်းတံတား နှင့် ၉ လမ်းတံတား၊ ဘောဂသီရိကားဝင်းအတွင်းနှင့် ကျောက်ချက်တံတားအနီး ချောင်းရေမြင့်တက်မှုကြောင့် ရေကြီးရေလျှံဖြစ်ပေါ်သည့် နေရာများကိုလည်းကောင်း၊ ဇေယျာသီရိမြို့နယ်ရှိ အေးမြင့်သာယာတံတားနှင့် ပုဗ္ဗသီရိမြို့နယ် သီရိမဏ္ဍိုင်လမ်းမကြီးတစ်လျှောက် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ရေကြီးရေလျှံဖြစ်ပေါ်နေမှု အခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးသည်။

ဆက်လက်ဖတ်ရှုရန်

Aug 25, 2024

၁။ ပြည်သူအတွက်ဟု သုံးနှုန်း၍ ရဟန်းသံဃာများ၊ ဆရာ၊ ဆရာမများအပါအဝင် နိုင်ငံ့ဝန်ထမ်းများနှင့် ပြည်သူကိုသတ်ဖြတ်၊ လုယက်ခြင်းကို CRPH ၊ NUG ၊ PDF အမည်ခံအကြမ်းဖက်အုပ်စုများက ဥပဒေမဲ့ကျူးလွန်နေသည်။

ဆက်လက်ဖတ်ရှုရန်

Aug 25, 2024

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော်သည် ဩဂုတ် ၂၂ ရက် နံနက်ပိုင်းက ပြည်ထောင်စုနယ်မြေ နေပြည်တော်ဥတ္တရသီရိမြို့နယ် ကျွဲရှင်းရွာအနီး တမံအလျား ပေ ၃၉၈၀၊ တမံအမြင့် ၈၂ ပေ အကျိုးပြုဧရိယာ ၁၇၇၈၄ ဧကရှိသည့် ငလိုက်ရေလှောင်တမံသို့ ရောက်ရှိစစ်ဆေးပြီး လက်ရှိရေသိုလှောင်ပမာဏ ၅၈၉၇၄ ဧကပေ သိုလှောင်ထားပြီး၍ မကြာမီရက်များအတွင်း ကန်ရေပြည့်အမှတ်သို့ ရောက်ရှိမည်ဖြစ်ရာ ကြိုတင်ဆောင်ရွက်ရမည့် ရေလှောင်တမံဘေးကင်းလုံခြုံရေးလုပ်ငန်းများ အထူးအလေးထားစီမံဆောင်ရွက်ရန်၊ ရေပိုလွှဲကြံ့ခိုင်မှုအခြေအနေနှင့် ရေပိုလွှဲမှ ရေစီးဆင်းနိုင်သည့် လမ်းကြောင်းတစ်လျှောက် လိုက်လံကြည့်ရှုစစ်ဆေး ဆောင်ရွက်ရန်၊ ရေလှောင်တမံကြံ့ခိုင်မှုအခြေအနေများကို အချိန်နှင့်တစ်ပြေးညီ ကြည့်ရှုစစ်ဆေးရန်၊ မိုးစပါးလျာထားဧကပြည့်စိုက်ပျိုးနိုင်ရေး၊ ဆောင်းသီးနှံနှင့် နွေစပါး/အခြား သီးနှံများ စိုက်စွမ်းအားပြည့် စိုက်ပျိုးနိုင်ရေး၊ ပန်းတိုင်အထွက်နှုန်းရရှိရေး စနစ်တကျစီမံ ဆောင်ရွက်ရန်ဆွေးနွေးမှာကြားသည်။

ဆက်လက်ဖတ်ရှုရန်

Aug 25, 2024

ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်သည် ယမန်နေ့ နံနက်ပိုင်းက ပုဂံမြို့ရှိ ရွှေနန်းတော်ဟိုတယ်၌ ကျင်းပသည့် မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်ရေး အထူးရန်ပုံငွေ ၂၀၂၃ ဖြင့် ဆောင်ရွက်သည့် ကိုဗစ်အလွန်ကာလ ယဉ်ကျေးမှုအမွေအနှစ် ခရီးစဉ်‌ဒေသများတွင် ရေရှည်တည်တံ့သောခရီးသွားလုပ်ငန်း ဖော်ဆောင်ရေးဆွေးနွေးပွဲ (Seminar on Making Tourism More Sustainable in Cultural Heritage Destinations in the Post Pandemic) ဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်သည်။

ဆက်လက်ဖတ်ရှုရန်

Aug 25, 2024

၂၀၂၄ ခုနှစ် ပြည်နယ်နှင့် တိုင်းဒေသကြီး အသက်(၁၈)နှစ်အောက် ပြေးခုန်ပစ်ပြိုင်ပွဲကို ယနေ့ နံနက်ပိုင်းတွင် နေပြည်တော်ဝဏ္ဏသိဒ္ဓိအားကစားကွင်းနှင့် လေ့ကျင့်ရေးကွင်းအမှတ်(၁)တို့တွင် ဆက်လက်ကျင်းပရာ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ၊ ဒုတိယဝန်ကြီးဦးထိန်လင်းနှင့် ဦးဇင်မင်းထက်၊ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ၊ မြန်မာနိုင်ငံပြေးခုန်ပစ်အဖွဲ့ချုပ်မှ တာဝန်ရှိသူများက ပြိုင်ပွဲယှဉ်ပြိုင်နေမှုများကို လိုက်လံကြည့်ရှုအားပေးကြသည်။

ဆက်လက်ဖတ်ရှုရန်