Apr 10, 2024
နိုင်ငံခြားရေးဝန်ကြီးဌာနတွင် တာဝန်ထမ်းဆောင်လျက်ရှိသော နိုင်ငံ့ဝန်ထမ်းများအနေဖြင့် ပြည်သူ့စစ်မှုထမ်းဥပဒေနှင့်ပတ်သက်၍ သိကောင်းစရာများကို သိရှိနားလည်စေရန်၊ နိုင်ငံ့ဝန်ထမ်းများအနေဖြင့် လိုအပ်သည်များ ပံ့ပိုးကူညီဆောင်ရွက်နိုင်စေရန်၊ နိုင်ငံတကာ သံတမန်များအား စစ်မှုထမ်းဥပဒေနှင့် ပတ်သက်သော သတင်းအမှန်များကို မျှဝေပေးနိုင်စေရန်၊ ပြည်သူ့စစ်မှုထမ်းဥပဒေနှင့်ပတ်သက်၍ သတင်းအမှားများကြောင့် ပြည်သူများအကြား ဖြစ်ပေါ်လျက်ရှိသော စိုးရိမ်စိတ်များကို လျော့ကျစေရေး ထပ်ဆင့်ရှင်းလင်းနိုင်စေရန် ရည်ရွယ်၍ သိကောင်းစရာများ ရှင်းလင်းပြောကြားသည့်အခမ်းအနားကို ယနေ့ မွန်းလွဲပိုင်းတွင် နိုင်ငံခြားရေးဝန်ကြီးဌာန လောကနတ်ခန်းမ၌ ကျင်းပသည်။
Apr 10, 2024
ပြည်ထောင်စုတရားလွှတ်တော်ချုပ်၏ ၂၀၂၃ ခုနှစ် တရားရုံးနှစ်စဉ်အစီရင်ခံစာကို(အင်္ဂလိပ်/မြန်မာ) နှစ်ဘာသာဖြင့် ၂၀၂၄ ခုနှစ်၊ ဧပြီလ ၁၀ ရက်နေ့တွင် ထုတ်ပြန်သည်။ ယင်းအစီရင်ခံစာကို ပြည်ထောင်စု တရားလွှတ်တော်ချုပ်၏ website ဖြစ်သည့် www.unionsupremecourt.gov.mm တွင်လည်း လွှင့်တင်ဖော်ပြထားပါသည်။
Apr 10, 2024
ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ အသိပညာပေးဟောပြောပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဦးလှမိုး၊ ဒုတိယဝန်ကြီး ဦးမြင့်စိုး၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များနှင့် အရာထမ်း၊ အမှုထမ်း ဝန်ထမ်းများ တက်ရောက်ကြသည်။
Apr 10, 2024
၂၀၂၄ ခုနှစ်၊ လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူရေးလုပ်ငန်းဆိုင်ရာ တွေ့ဆုံပွဲကို ယနေ့နံနက် ၁၀ နာရီက ပြည်ထောင်စုနယ်မြေ နေပြည်တော်ကောင်စီ ဇမ္ဗူသီရိခန်းမ၌ ကျင်းပရာ အခမ်းအနားသို့ ဗဟိုသန်းခေါင်စာရင်းကော်မရှင်ဥက္ကဋ္ဌ၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်၊ နေပြည်တော် သန်းခေါင်စာရင်းကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဌေးလှိုင်နှင့် ဒေါက်တာမျိုးသန့်၊ နေပြည်တော်သန်းခေါင်စာရင်းကြီးကြပ်မှုကော်မတီအဖွဲ့ဝင်များ၊ နေပြည်တော် ကောင်စီနှင့်ခရိုင်၊ မြို့နယ်၊ ရပ်ကွက်၊ ကျေးရွာအုပ်စု သန်းခေါင်စာရင်းကော်မတီဝင်များ၊ လူမှုရေးအသင်းအဖွဲ့များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
Apr 10, 2024
ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ သမဝါယမကောလိပ် (ဖောင်ကြီး) နှင့် မန္တလေးတိုင်းဒေသကြီးအတွင်းရှိ သမဝါယမကောလိပ် (မန္တလေး) နှင့် သမဝါယမစာရင်းရေး စာရင်းကိုင် သက်မွေးပညာသင်တန်းကျောင်းများမှ ဆရာ ဆရာမများ၊ အုပ်ချုပ်သူ ငါးဦး၊ အဖွဲ့ဝင် ၉၆ ဦး၊ စုစုပေါင်း ၁၀၁ ဦးတို့သည် ယနေ့နံနက်ပိုင်းတွင် ပြည်ထောင်စုနယ်မြေ နေပြည်တော် ဒက္ခိဏသီရိမြို့နယ်ရှိ ဗုဒ္ဓဥယျာဉ်ဝတ္ထုကံတော်တွင် တည်ထားပူဇော်သည့် ကမ္ဘာပေါ်ရှိ ထိုင်တော်မူကျောက်ဆစ် ဗုဒ္ဓရုပ်ပွားတော်များအနက် ဉာဏ်တော်အမြင့်ဆုံးဖြစ်သည့် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား လာရောက်ဖူးမြော်ကြည်ညိုကြသည်။
Apr 10, 2024
မြန်မာနိုင်ငံနှင့် ဥရောပအာရှစီးပွားရေးကော်မရှင်(အီးအီးစီ)တို့အကြား ၂၀၂၃ ခုနှစ် ဇွန် ၁၅ ရက်တွင် လက်မှတ်ရေးထိုးခဲ့သော ပူးပေါင်းဆောင်ရွက်မှု စာချွန်လွှာအား အကောင်အထည်ဖော်ဆောင်ရွက်ရေးနှင့်စပ်လျဉ်း၍ ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာပူးတွဲလုပ်ငန်းအဖွဲ့၏ ပထမအကြိမ်အစည်းအဝေးနှင့် ဆက်စပ်အစီအစဉ်များကို ယနေ့နံနက် ၉ နာရီတွင် နေပြည်တော်ရှိ Horizon Lake View ဟိုတယ်၌ အပိုင်းနှစ်ပိုင်းခွဲ၍ ကျင်းပသည်။
Apr 10, 2024
သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျသည် ဧပြီ ၆ ရက် မွန်းလွဲပိုင်း၌ ကျောက်ဆည်မြို့ရှိ ဒြပ်ပစ္စည်းသိပ္ပံသုတေသနဌာန (ဓာတ်တော်) တွင် သုတေသနလုပ်ငန်းဆောင်ရွက်မှုများကို ကြည့်ရှုအားပေးပြီး နိုင်ငံ့ဖွံ့ဖြိုးရေး ရည်မှန်းချက်များ အောင်မြင်ပြည့်မီအောင် လက်တွေ့ကျကျ အထောက်အပံ့ပြုနိုင်မည့် သုတေသနများကို အဓိကဆောင်ရွက်ရန်၊ သတ္တုရိုင်းသိုက်များမှ အဖိုးတန်သတ္တုများထုတ်လုပ်ခြင်းကဏ္ဍ ဖွံ့ဖြိုးနိုင်ရေး သတ္တုပါဝင်မှု မြှင့်တင်ပေးခြင်းနှင့် သတ္တုသန့်စင်ခြင်းလုပ်ငန်းများဆိုင်ရာ ခေတ်မီနည်းပညာများ အသုံးချနိုင်ရေး ကြိုးပမ်းဆောင်ရွက်ရန်၊ ဓာတ်ခွဲခန်းများ စံချိန်စံညွှန်းများ ပြည့်မီရန်နှင့် သုတေသနပညာရှင်များသည် အမြဲမပြတ်လေ့လာကာ အရည်အသွေးများ မြင့်မားအောင် ဆန်းစစ်မြှင့်တင်ရန်၊ တိုင်းကျိုးပြည်ပြု ဒြပ်ပစ္စည်းသုတေသနများဖြင့် ရှင်သန်သက်ဝင်ကာ မျိုးဆက်သစ်ရင်းမြစ်များ စဉ်ဆက်မပြတ် ထွန်းကားလာစေသော ဝန်းကျင်ကောင်းတစ်ခုဖြစ်စေရေး အလေးထားဆောင်ရွက်ရန် လိုအပ်ကြောင်း တိုက်တွန်းမှာကြားသည်။
Apr 10, 2024
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနက ကျင်းပသည့် ရာသီဥတုပြောင်းလဲမှုနှင့် လိုက်လျောညီထွေမည့် ရေအရင်းအမြစ်စီမံမှုများ စာတမ်းဖတ်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက နေပြည်တော်ရုံးအမှတ်(၁၅) စုဝေးဆောင်ခန်းမ၌ ကျင်းပရာအခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်၊ ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ပါမောက္ခချုပ်များ၊ စာတမ်းရှင်များနှင့်လေ့လာသူများ တက်ရောက်ကြပြီး တိုင်းဒေသကြီး၊ ပြည်နယ်များမှ စာတမ်းရှင်များနှင့် လေ့လာသူများက အွန်လိုင်းမှတက်ရောက်ကြသည်။
Apr 10, 2024
ဆေးလိပ်နှင့်ဆေးရွက်ကြီးထွက်ပစ္စည်းသောက်သုံးမှု ထိန်းချုပ်ရေးဗဟိုအဖွဲ့အစည်းအဝေး (၁/၂၀၂၄) ကို ယနေ့နံနက် ၉ နာရီခွဲက ကျန်းမာရေးဝန်ကြီးဌာန ရုံးအမှတ် (၄) အစည်းအဝေးခန်းမ၌ ကျင်းပသည်။
Apr 10, 2024
ဒုတိယဝန်ကြီးချုပ်နှင့်နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေသည် ပြည်ပရှိ မြန်မာသံရုံး၊ မြန်မာအမြဲတမ်းကိုယ်စားလှယ်အဖွဲ့ရုံးနှင့် မြန်မာကောင်စစ်ဝန်ချုပ်ရုံးများသို့ သွားရောက်တာဝန်ထမ်းဆောင်ကြမည့် သံရုံးယာယီတာဝန်ခံများနှင့် အရာထမ်း၊ အမှုထမ်းများအား ယနေ့နံနက်ပိုင်းတွင် နိုင်ငံခြားရေးဝန်ကြီးဌာန ဧရာဝတီခန်းမ၌တွေ့ဆုံ၍ အမှာစကားပြောကြားသည်။
Apr 10, 2024
ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနတွင် မီးဘေးလုံခြုံရေးစီမံချက် ရှင်းလင်းတင်ပြခြင်း အခမ်းအနားကို ယနေ့မွန်းလွဲပိုင်းတွင် ဝန်ကြီးဌာန ကျောက်စိမ်းခန်းမ၌ ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်၊ ဒုတိယဝန်ကြီး ဦးဖြိုးဇော်စိုး၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယအမြဲတမ်းအတွင်းဝန်နှင့် ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ အရာထမ်း အမှုထမ်းများ၊ မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့မီးသတ်ဦးစီးဌာနမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။
Apr 10, 2024
ပြည်ထောင်စုနယ်မြေ နေပြည်တော်ရှိ ဝန်ထမ်းများ၊ ဝန်ထမ်းမိသားစုဝင်များ၊ ပြည်သူများအားလုံး ၂၀၂၄ ခုနှစ် မြန်မာ့ရိုးရာအတာသင်္ကြန်ကို ပျော်ရွှင်စွာဆင်နွှဲနိုင်ရေးအတွက် နေပြည်တော်လမ်းလျှောက်သင်္ကြန်ကို ပျဉ်းမနား-တောင်ညိုလမ်းမပေါ်ရှိ နေပြည်တော် မြို့တော်ဝန်မဟာသင်္ကြန်မဏ္ဍပ်အနီးမှ စည်ပင်ဧည့်ရိပ်သာ လမ်းဆုံဧရိယာအထိ ဧပြီ ၁၃ ရက်မှ ၁၆ ရက်အထိ စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်သည်။
Apr 10, 2024
ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးဆိုင်ရာကိစ္စရပ်များအပေါ် စုံစမ်းမေးမြန်းခြင်းနှင့် သတင်းပို့ခြင်း ပြုလုပ်နိုင်
Apr 10, 2024
ဂျီနီဗာမြို့၌ ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ ၂၆ ရက်နေ့မှ ဧပြီလ ၅ ရက်နေ့အထိ ပြုလုပ်ခဲ့သည့် ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီ၏ (၅၅)ကြိမ်မြောက် ပုံမှန်အစည်းအဝေးများတွင် ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီသည် ဥရောပသမဂ္ဂကိုယ်စား ဘယ်လ်ဂျီယံနိုင်ငံက တင်သွင်းသည့် “မြန်မာနိုင်ငံလူ့အခွင့်အရေးအခြေအနေ” ခေါင်းစဉ်ပါဆုံးဖြတ်ချက်အဆိုကို ဧပြီလ ၄ ရက်နေ့တွင် မြန်မာနိုင်ငံမပါဝင်ဘဲ အတည်ပြုချမှတ်ခဲ့သည်။
Apr 10, 2024
ပြည်ပနိုင်ငံများသို့ သွားရောက်အလုပ်လုပ်ကိုင်လိုသည့် လူငယ်လူရွယ်များ တရားဝင်မှတ်ပုံတင်ထားသည့် ပြည်ပအလုပ်အကိုင် အကျိုးဆောင်လိုင်စင်ရ အေဂျင်စီများမှတစ်ဆင့်သာ တရားဝင်သွားရောက်ကြရန် အသိပညာပေးမှုများ၊ နှိုးဆော်သတိပေးမှုများရှိနေသော်လည်း တရားမဝင်သွားရောက်မှုများရှိနေဆဲဖြစ်ကြောင်း သတင်းများတွင်တွေ့ရှိရသည်။ မြန်မာနိုင်ငံတွင် ပြည်သူ့စစ်မှုထမ်းဥပဒေ စတင်အသက်ဝင်လာသည့်အခါတွင် စိုးရိမ်ထိတ်လန့်မှုများဖြစ်ပေါ်ခြင်း၊ သတင်းတု သတင်းမှားများ၊ ကောလာဟလများကို နားယောင်ခြင်း စသည့်အကြောင်းများကြောင့် လူငယ်လူရွယ်များအတွင်း ပြည်ပနိုင်ငံများသို့ သွားရောက်အလုပ်လုပ်ကိုင်ရန် ကြိုးပမ်းမှုများ မြင့်တက်လာခဲ့ရာ တရားမဝင်သွားရောက်မှုများလည်း ရှိနေသည်ဟုဆိုသည်။
Apr 09, 2024
မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံမြို့နယ်၊ ရသာကျေးရွာကို လုံခြုံရေးပူးပေါင်းတပ်ဖွဲ့ဝင်များက ဧပြီလ ၈ ရက်နေ့တွင် ဝင်ရောက်ခဲ့ပြီး ပြည်သူ ၃ ဦးကို ပစ်သတ်ခဲ့ကာ နေအိမ် ၂၅၀ ကျော်ကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း လုပ်ကြံရေးသားထားသည့် သတင်းတု၊ သတင်းအမှားများကို တရားမဝင်ပြည်ဖျက်မီဒီယာ Khit Thit က လူမှုကွန်ရက်ပေါ်တွင် ဝါဒဖြန့်ဝေလျက်ရှိသည်ကို တွေ့ရှိရသည်။
Apr 09, 2024
နိုင်ငံတော်အနေဖြင့် နိုင်ငံ့စီးပွားရေး ဖွံ့ဖြိုးတိုးတက်စေရန်အတွက် ပို့ကုန်မြှင့်တင်ရေးလုပ်ငန်းများကို အလေးပေးဆောင်ရွက်လျက်ရှိရာ ယနေ့တွင် ဆူးလေဆိပ်ခံတံတားအမှတ် ၆ (SPW-6) မှ MV. MANTA HATICE သင်္ဘောဖြင့် ပြောင်းဖူးစေ့တန်ချိန် ၂၅၀၀၀ ကို ဖိလစ်ပိုင်နိုင်ငံသို့လည်းကောင်း၊ TMT ဆိပ်ကမ်းမှ MV. TAY SON-4 သင်္ဘောဖြင့် ပြောင်းဖူးစေ့တန်ချိန် ၁၂၇၀၀ ကို ထိုင်းနိုင်ငံသို့ လည်းကောင်း၊ မြန်မာ့စက်မှုဆိပ်ကမ်း (MIP-2) MV. SEIYO HARMONY သင်္ဘောဖြင့် ပြောင်းဖူးစေ့တန်ချိန် ၂၇၅၀၀ ကို အိန္ဒိယနိုင်ငံသို့ လည်းကောင်း၊ MHM ဆိပ်ကမ်းမှ MV. MCL – 20 သင်္ဘောဖြင့် ပြောင်းဖူးစေ့ တန်ချိန် ၂၇၀၀ ကို ထိုင်းနိုင်ငံသို့လည်း ကောင်း တင်ပို့သွားမည်ဖြစ်သည်။
Apr 09, 2024
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်းသည် ယနေ့ညနေပိုင်းတွင် ဒုတိယဝန်ကြီး၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ တာဝန်ရှိသူများနှင့်အတူ ပြည်ထောင်စုနယ်မြေ နေပြည်တော် ဇမ္ဗူသီရိမြို့နယ် မင်္ဂလာသိဒ္ဓိရပ်ကွက်၊ ဘောဂသိဒ္ဓိရပ်ကွက်၊ ဗလသိဒ္ဓိရပ်ကွက်တို့ရှိ အရာထမ်း၊ အမှုထမ်းအိမ်ရာများနှင့် အဆောင်များသို့ သွားရောက်ကြည့်ရှုစစ်ဆေးသည်။
Apr 09, 2024
ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ အခြေခံပညာကျောင်းများ ဥပဓိရုပ်ကောင်းမွန်ရေးနှင့် သန့်ရှင်းသာ ယာလှပရေးအတွက် သက်ဆိုင်ရာခရိုင်နှင့် မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများနှင့် စည်ပင်သာယာ အုပ်ချုပ်ရေးမှူးတို့ကကြီးကြပ်၍ ဌာနဆိုင်ရာများ၊ လူမှုအဖွဲ့အစည်းများ၊ ပြည်သူများပူးပေါင်းအင်အားဖြင့် စဉ်ဆက်မပြတ် စုပေါင်းလုပ်အားပေးများ ဆောင်ရွက်လျက်ရှိသည်။
