Skip to main content

Apr 13, 2024

ဒုတိယဝန်ကြီးချုပ်နှင့် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်၊ ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းနှင့် ဒေါ်သန်းသန်းလင်းတို့သည် ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၌ ကျင်းပသည့် ၁၃၈၅ ခုနှစ် မြန်မာ့ရိုးရာ မဟာသင်္ကြန်အကြိုပွဲသို့ တက်ရောက်၍ ဝန်ထမ်းများ၏ သင်္ကြန်ယိမ်းအကများဖြင့် ဖျော်ဖြေမှုကို ကြည့်ရှုအားပေးကာ ဝန်ထမ်းများအတွက် နှစ်သစ်ကူးကံစမ်းမဲများ ဖောက်ပေးပြီး မြန်မာ့ရိုးရာ မဟာသင်္ကြန်အကြိုပွဲကို အတာရေစင်များ ပက်ဖျန်း၍ ပျော်ရွှင်စွာ ဆင်နွှဲကြသည်။

ဆက်လက်ဖတ်ရှုရန်

Apr 13, 2024

ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်‌ရေးအဖွဲ့ (ဗဟို) မှ ကိုယ်စားလှယ် ၉ ဦး၊ ခရစ်ယာန်ဘာသာရေးအသင်းအဖွဲ့များမှ ကိုယ်စားလှယ် ၁၄ ဦး၊ အစ္စလာမ်ဘာသာရေးအသင်းအဖွဲ့များမှ ကိုယ်စားလှယ် ၁၂ ဦး၊ ဟိန္ဒူဘာသာရေးအသင်းအဖွဲ့များမှ ကိုယ်စားလှယ် ၄ ဦး၊ စုစုပေါင်း ဘာသာ‌ပေါင်းစုံကိုယ်စားလှယ် ၃၉ ဦးတို့သည် ပြည်ထောင်စုနယ်မြေ နေပြည်တော် ဒက္ခိဏသီရိမြို့နယ်ရှိ ဗုဒ္ဓဥယျာဉ်ဝတ္ထုကံတော်တွင် တည်ထားပူဇော်ထားရှိသည့် ကမ္ဘာပေါ်ရှိ ထိုင်တော်မူကျောက်ဆစ်ဗုဒ္ဓရုပ်ပွားတော်များအနက် ဉာဏ်တော်အမြင့်ဆုံးဖြစ်သည့် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား ယနေ့‌နေ့လယ်ပိုင်းတွင် လာရောက်ဖူးမြော်ကြည်ညိုကြသည်။

ဆက်လက်ဖတ်ရှုရန်

Apr 13, 2024

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ ပထမအကြိမ် မြန်မာ့ရိုးရာအတာသင်္ကြန်ရေကစားပွဲနှင့် ယိမ်းအကဖျော်ဖြေပွဲအခမ်းအနားကို ယနေ့မွန်းလွဲ ၂ နာရီတွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံး တိုးချဲ့ရုံးသစ်ရှေ့ ရေကစားမဏ္ဍပ်၌ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Apr 13, 2024

စွမ်းအင်ဝန်ကြီးဌာနတွင် တာဝန်ထမ်းဆောင်လျက်ရှိသောဝန်ထမ်း မိသားစုအချင်းချင်း ချစ်ခင်ရင်းနှီး၍ စည်းလုံးညီညွတ်မှုရှိစေရန်၊ စိတ်ဓာတ်ကြံ့ခိုင်ကောင်းမွန်၍ အချင်းချင်းရိုင်းပင်းကူညီတတ်စေရန်၊ ဝန်ကြီးဌာန၏ ရည်မှန်းချက်နှင့်လုပ်ငန်းတာဝန်များကို ပြည့်ဝစွာအကောင်အထည်ဖော်နိုင်ရေးအတွက်နှစ်သစ်တွင် စိတ်ဓာတ်ခွန်အားများ ပြည့်ဝနေစေရန်နှင့် ၂၀၂၅ ခုနှစ်တွင်ကျရောက်မည့် စွမ်းအင်ဝန်ကြီးဌာန၏ ပတ္တမြားရတုအကြို (၃၉) နှစ်မြောက်နှစ်ပတ်လည်အခမ်းအနားနှင့် မြန်မာနှစ်သစ်ကူးအကြို မိတ်ဆုံစားပွဲအခမ်းအနားကို ယနေ့တွင် စွမ်းအင်ဝန်ကြီးဌာနရုံးအမှတ် (၆) ရတနာခန်းမ၌ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင်၊ ဒုတိယဝန်ကြီး၊ အမြဲတမ်းအတွင်းဝန်၊ ဝန်ကြီးဌာနကြီးကြပ်မှုအောက်ရှိ ဦးစီးဌာနလုပ်ငန်းများမှ ညွှန်ကြားရေးမှူးချုပ်များနှင့် ဦးဆောင်ညွှန်ကြားရေးမှူးများနှင့် ဝန်ထမ်းမိသားစုများ တက်ရောက်သည်။

ဆက်လက်ဖတ်ရှုရန်

Apr 13, 2024

၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်အတွင်း ဆေးဝါးများ၊ ဆေးဝတ်၊ ဆေးပတ်တီးများနှင့် ဆေးရုံသုံးပရိဘောဂပစ္စည်းများ ထုတ်လုပ်ရောင်းချမှုနှင့်စပ်လျဉ်းသည့် ညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက်ပိုင်းတွင် စက်မှုဝန်ကြီးဌာန ရုံးအမှတ်(၃၀) အစည်းအဝေးခန်းမ၌ကျင်းပရာ စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာချာလီသန်းနှင့် ဒုတိယဝန်ကြီး ဦးရင်မောင်ညွန့်၊ ကျန်းမာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဒေါက်တာအေးထွန်း၊ ဆက်စပ်ဝန်ကြီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များ၊ ဦးဆောင်ညွှန်ကြားရေးမှူးများ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ဆေးဝန်ထမ်းညွှန်ကြားရေးမှူးရုံးမှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံဆေးနှင့် ဆေးပစ္စည်းထုတ်လုပ်သူများအသင်းနှင့် ဝန်ကြီးဌာနမှတာဝန်ရှိသူများ တက်ရောက်သည်။

ဆက်လက်ဖတ်ရှုရန်

Apr 13, 2024

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးဆီ တင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီအနေဖြင့် စားအုန်းဆီ ကမ္ဘာ့ဈေးနှုန်းဖြစ်ပေါ် ပြောင်းလဲမှုနှင့်အညီ ပြည်တွင်း၌ ဖြစ်သင့်ဖြစ်ထိုက်သည့် ဈေးနှုန်းများဖြစ်ပေါ်စေရေး ထိန်းကျောင်းဆောင်ရွက်လျက်ရှိပြီး စားအုန်းဆီ အဓိကထုတ်လုပ်တင်ပို့သည့် မလေးရှားနိုင်ငံတွင်ဖြစ်ပေါ်နေသည့် FOB ဈေးနှုန်းများကို နေ့စဉ်စောင့်ကြည့်ကာ သယ်ယူပို့ဆောင်ခကုန်ကျစရိတ်များ၊ ဘဏ်စရိတ်များ၊ အခွန်အခများ ထည့်သွင်းတွက်ချက်၍ ပြည်တွင်းဈေးကွက်၌ ရောင်းဝယ်ဖောက်ကားရမည့် အခြေခံလက်ကား ရည်ညွှန်းဈေးနှုန်းကို ထုတ်ပြန်ပေးလျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Apr 13, 2024

မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်မြို့ရှိ တပ်မတော်ဆေးရုံ၌ တက်ရောက်ဆေးကုသမှုခံယူနေသော အရာရှိ၊ စစ်သည်၊ မိသားစုဝင်များနှင့် ဒေသခံပြည်သူများကို ယနေ့နံနက်ပိုင်းကကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) မှ ဒုတိယဗိုလ်ချုပ်ကြီး ကိုကိုဦး၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်ကြည်ခိုင်နှင့် တာဝန်ရှိသူများက သွားရောက်ကြည့်ရှု၍ တစ်ဦးချင်း၏ရောဂါဖြစ်ပွားမှု၊ ဆေးကုသပေးထားမှုနှင့် ကျန်းမာရေးတိုးတက်ကောင်းမွန်မှုအခြေအနေများကို ရင်းရင်းနှီးနှီးမေးမြန်းအားပေးစကားပြောကြားပြီး အာဟာရဖြည့် စားသောက်ဖွယ်ရာများ ပေးအပ်သည်။

ဆက်လက်ဖတ်ရှုရန်

Apr 13, 2024

ပြန်ကြားရေးဝန်ကြီးဌာန မြန်မာ့အသံနှင့် ရုပ်မြင်သံကြား၏ “နှစ်သစ်မင်္ဂလာ MRTV သင်္ကြန်ပွဲတော်” ကို ယနေ့ညနေပိုင်းက နေပြည်တော် - တပ်ကုန်းရှိ မြန်မာ့အသံနှင့် ရုပ်မြင်သံကြား၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Apr 13, 2024

လူရည်ချွန်မောင်မယ်များ တွေ့ဆုံပွဲအခမ်းအနားတွင် ပြခန်းများ ခင်းကျင်းပြသမှုနှင့်ပတ်သက်သည့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ ပြန်ကြားရေးဝန်ကြီးဌာန စုဝေးခန်းမ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Apr 13, 2024

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် မြန်မာနိုင်ငံတော်ဗဟိုဘဏ်၊ ငွေကြေးမူဝါဒ‌ရေးရာ၊ သုတေသန၊ နိုင်ငံတကာဆက်ဆံရေးနှင့် သင်တန်းဌာနကြီးမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါ်သက်သက်လှကို ယင်းဌာနကြီး၏ ညွှန်ကြားရေးမှူးချုပ်အဖြစ် တာဝန်ဝတ္တရားများကို စတင်ဆောင်ရွက်သည့်နေ့မှစ၍ အစမ်းခန့်ထားလိုက်သည်။

ဆက်လက်ဖတ်ရှုရန်

Apr 13, 2024

ဘာသာပေါင်းစုံကိုယ်စားလှယ်များနှင့် တွေ့ဆုံပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ကောင်စီနယ်မြေရှိ ဇမ္ဗူသီရိခန်းမ၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်အမှာစကားပြောကြားသည်။

ဆက်လက်ဖတ်ရှုရန်

Apr 13, 2024

နှစ်ဟောင်းကုန်၍ နှစ်သစ်သို့ ကူးပြောင်းသည့်ကာလ ရောက်ခဲ့ပြန်ပြီဖြစ်သည်။ နက္ခတ္တဗေဒအလိုအရ တနင်္ဂနွေဂြိုဟ်မင်း (နေ) သည် မိန်ရာသီ (တပေါင်းလ) ၏ အဆုံးမှ မိဿရာသီ (တန်ခူးလ) ၏ အစသို့ ကူးပြောင်းချိန်ကျရောက်ခြင်းဖြစ်ပြီး သင်္ကြန်ကျသည်ဟု ဆိုသည်။ သင်္ကြန်ဟူသော ဝေါဟာရသည် “သင်္ကြန္တ” ဟူသော သက္ကတဘာသာမှ ပြောင်းလဲလာခြင်းဖြစ်သည်ဟူ၍လည်းကောင်း၊ “သင်္ကန္တ” ဟူသော ပါဠိဘာသာမှ ပြောင်းလဲလာခြင်း ဖြစ်သည်ဟူ၍လည်းကောင်း ယူဆကြပြီး အနက်အဓိပ္ပာယ်အားဖြင့် “ပြောင်းရွှေ့ခြင်း၊ ကူးပြောင်းခြင်း” သာလျှင် ဖြစ်သည်။ သို့ဖြစ်ရာ သင်္ကြန်သည် နှစ်ဟောင်းမှ နှစ်သစ်သို့ ကူးပြောင်း ခြင်းပင်ဖြစ်သည်။

ဆက်လက်ဖတ်ရှုရန်

Apr 12, 2024

ခန္တီးမြို့နယ်၊ နန်စီပွန်ဒေသ၊ အထက်ဆိပ်ကျေးရွာသို့ ဧပြီလ ၉ ရက်နေ့ မနက် ၂ နာရီခန့်တွင် KIA/PDF အကြမ်းဖက်အဖွဲ့မှ အင်အား ၁၀ ဦးခန့် ဝင်ရောက်လာပြီး ဒေသခံလူငယ် ၂ ဦးနှင့် ယာယီရွှေ့ပြောင်းလာသူ လူငယ် ၁၆ ဦးတို့အား အဓမ္မဖမ်းဆီး ၂ ခေါ်ဆောင်ကာ လူသစ်စုဆောင်းသွားကြောင်း သိရှိရသည်။

ဆက်လက်ဖတ်ရှုရန်

Apr 12, 2024

၂၀၂၄ ခုနှစ်၊ ဧပြီလ ၉ ရက်နံနက် ၂ နာရီတွင် KIA/PDF ပူးပေါင်းအကြမ်းဖက်အဖွဲ့မှ အင်အား ၁၀ ဦး သည် ခန္တီးမြို့နယ်၊ နန်စီပွန်ဒေသရှိ အထက်ဆိပ်ကျေးရွာသို့ ဆိုင်ကယ်များဖြင့် ရောက်ရှိလာပြီး ကျေးရွာနေ ဒေသခံရွာသား ၂ ဦးနှင့် ရေမဆေးကျောက်ရှာဖွေနေသူ အမျိုးသား ၁၆ ဦးကို ၎င်းတို့နေထိုင်သည့် နေအိမ်နှင့် တဲများအတွင်း လိုက်လံဖမ်းဆီးပြီး မနက် ၄ နာရီတွင် ဖားကန့်မြို့နယ်၊ တာမခံကျေးရွာဘက်ကို ခေါ်ဆောင်သွားကြောင်း သိရှိရသည်။

ဆက်လက်ဖတ်ရှုရန်

Apr 12, 2024

မြင်းခြံဗဟိုအကျဉ်းထောင်တွင် အသက် ၂၂ နှစ်အရွယ် နိုင်ငံရေးအကျဉ်းသား နိုင်ဝင်းထွန်းကို ထောင်ဦးစီးမှူးနှင့် ထောင်ဝန်ထမ်းများက ဝိုင်းဝန်းရိုက်နှက်ပြီး ၅ ရက်အကြာတွင် သေဆုံးသွားကြောင်း Khit Thit အမည်ခံ Facebook Page တွင် မဟုတ်မမှန်သတင်းများ ဖော်ပြထားသည်ကို တွေ့ရသည်။

ဆက်လက်ဖတ်ရှုရန်

Apr 12, 2024

ရန်ကုန်မြို့နှင့် မန္တလေးမြို့အတွက် ရည်ညွှန်းလက်ကားဈေးနှုန်းများနှင့် ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ တိုင်းဒေသကြီး/ပြည်နယ် မြို့တော်များအတွက် ရည်ညွှန်းလက်လီဈေးနှုန်းများ

ဆက်လက်ဖတ်ရှုရန်

Apr 12, 2024

အမျိုးသားရေဥပဒေ ဒုတိယမူကြမ်းအချောသတ်ဆွေးနွေး အတည်ပြုရန်နှင့် ရှေ့လုပ်ငန်းစဉ် များနှင့်ပတ်သက်၍ ညှိနှိုင်းဆွေးနွေးရန် အမျိုးသားရေဥပဒေရေးဆွဲပြုစုရေး လုပ်ငန်းကော်မတီ၏ (၁/၂၀၂၄) ညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Apr 12, 2024

​​​​​​​မြန်မာနိုင်ငံတစ်ဝန်းရှိ ဝန်းကျင်လေထုအရည်အသွေးအခြေအနေအား လေ့လာဆန်းစစ်နိုင်ရန်အတွက် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန အနေဖြင့် ပြည်ထောင်စုနယ်မြေ/ တိုင်းဒေသကြီး/ ပြည်နယ်များရှိ သတ်မှတ် Sampling Point နေရာများတွင် ဝန်းကျင်လေထုအရည်အသွေးကို Environmental Perimeter Air Station (EPAS) - Haz-Scanner ၊ Air Quality Monitoring Station (AQM-65) ၊ Scentroid (SL– 50 Scential)၊ Aeroqual (Series – 500 Portable Air Quality Monitor)၊ AQMesh (Dust Analyzer- 1941150)၊ (Gas Analyzer - 1940150)၊ Portable Beta Attenuation Mass Monitor (BAM 1022)၊ Air Quality Monitoring Station (AQMS)နှင့် Continuous Particulate Monitor များအသုံးပြု၍ Particulate Matter 2.5(PM2.5)၊ Particulate Matter 10 (PM10)၊ Sulphur Dioxide(SO2)၊ Nitrogen Dioxide(NO2)၊ Ozone (O3)နှင့် Carbon Monoxide (CO) စသည့် အဓိက Parameter များကို ပုံမှန်တိုင်းတာပြီး လေ့လာဆန်းစစ် လျက်ရှိပါသည်။

ဆက်လက်ဖတ်ရှုရန်

Apr 12, 2024

နေပြည်တော်ကောင်စီဥက္ကဋ္ဌ မြို့တော်ဝန်ဦးသန်းထွန်းဦးသည် နေပြည်တော်ကောင်စီ အဖွဲ့ဝင်များ၊ နေပြည်တော်စည်ပင်သာယာရေးကော်မတီ ဒုတိယမြို့တော်ဝန်၊ ဌာနကြီးမှူးများ၊ တာဝန်ရှိသူများ၊ ပျဉ်းမနားမြို့မှ မြို့မိမြို့ဖများနှင့်အတူ ယနေ့နံနက်ပိုင်းက ပျဉ်းမနားမြို့ ကန်တော်မင်္ဂလာ ရှမ်းကန်အဆင့်မြှင့်တင်ခြင်းလုပ်ငန်းနှင့် ကန်ပတ်ဝန်းကျင်သာယာလှပရေးလုပ်ငန်း ဆောင်ရွက်ပြီးစီးမှုအခြေ အနေများကို ကြည့်ရှုစစ်ဆေးသည်။

ဆက်လက်ဖတ်ရှုရန်