Skip to main content

Feb 12, 2024

ဧရာဝတီတိုင်းဒေသကြီးနယ်မြေရှိ မဲဆန္ဒရှင်ပြည်သူများအား မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM)ဖြင့် လက်တွေ့စမ်းသပ်မဲပေးလေ့လာခြင်းကို ဖေဖော်ဝါရီ ၇ ရက်မှစ၍ ဆောင်ရွက်လျက်ရှိရာ ယနေ့တွင် ကန်ကြီးထောင့်မြို့နယ်ရှိ ရပ်ကွက်နှင့်ကျေးရွာအုပ်စု ၈၀ မှ ပြည်သူ ၆၁၉ ဦး၊ လပွတ္တာမြို့နယ်ရှိ ရပ်ကွက်နှင့် ကျေးရွာအုပ်စု ၈၂ ခုမှ ပြည်သူ ၅၁၀ စုစုပေါင်း ၁၁၂၉ ဦး တက်ရောက်ပြီး လက်တွေ့စမ်းသပ်မဲ ပေးလေ့လာကြသည်။

ဆက်လက်ဖတ်ရှုရန်

Feb 12, 2024

(၂၅)ကြိမ်မြောက် ကျင်းပသည့် တောင်သူနည်းပညာဆွေးနွေးပွဲ (Farmers’ Technical Forum)ကို ယမန်နေ့ နံနက်ပိုင်းက ရေဆင်းစိုက်ပျိုးရေးသုတေသနဦးစီးဌာန၌ “ပျားမွေးမြူရေးနှင့် နေကြာသီးနှံအထွက်တိုးရေး” ခေါင်းစဉ်ဖြင့် ကျင်းပရာ လယ်ယာကဏ္ဍဆိုင်ရာဦးစီးဌာနများ၊ စိုက်ပျိုးရေးတက္ကသိုလ်နှင့် မွေးမြူရေးဆိုင်ရာတက္ကသိုလ်တို့မှ တာဝန်ရှိသူများ၊ သုတေသီပညာရှင်များ၊ ပျဉ်းမနားမြို့နယ်မှ တောင်သူလယ်သမားများ တက်ရောက်ဆွေးနွေးကြသည်။

ဆက်လက်ဖတ်ရှုရန်

Feb 12, 2024

ရန်ကုန်မြို့နှင့် မန္တလေးမြို့အတွက် ရည်ညွှန်းလက်ကားဈေးနှုန်းများနှင့် ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ တိုင်းဒေသကြီး/ပြည်နယ် မြို့တော်များအတွက် ရည်ညွှန်းလက်လီဈေးနှုန်းများ

ဆက်လက်ဖတ်ရှုရန်

Feb 12, 2024

တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင်ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာ ပဲခူးတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများဆောင်ရွက်ရာ၌ ဖေဖော်ဝါရီ ၈ ရက်တွင် ပဲခူးခရိုင်နှင့် တောင်ငူခရိုင်အတွင်း၌ တရားမဝင်ကျွန်း သစ် ၂၇ ဒသမ ၁၈၃ တန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၁၇၂၉၆၅၂)ကို သစ်တောဥပဒေအရလည်းကောင်း၊ ဖေဖော်ဝါရီ ၉ ရက်တွင် ပဲခူးမြို့ နာရီစင်ပန်းခြံအနီး၌ မော်လမြိုင်မြို့မှ ရန်ကုန်မြို့သို့ မောင်းနှင်လာသောယာဉ်တစ်စီးပေါ်မှ တရားဝင်စာရွက်စာတမ်း အထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် Dexin Calculator ၃၀ အပါအဝင် ကုန်ပစ္စည်းခုနစ်မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၅၆၅၀၀၀)နှင့် အဆိုပါပစ္စည်းများတင်ဆောင်လာသည့် Nissan AD Van တစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၅၀၀၀၀၀၀)ကို အကောက်ခွန်လုပ်ထုံးလုပ်နည်းများအရလည်းကောင်း စုစုပေါင်းခန့်မှန်းတန်ဖိုး ငွေကျပ် ၄၈၂၉၄၆၅၂ ကို သိမ်းဆည်းအရေးယူဆောင်ရွက်လျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Feb 12, 2024

သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျသည် ဖေဖော်ဝါရီ ၆ ရက် မွန်းလွဲပိုင်းက အစိုးရစက်မှုလက်မှုသိပ္ပံ (မိတ္ထီလာ) သို့ သွားရောက်၍ တာဝန်ရှိသူများနှင့် တွေ့ဆုံကာ ပြည်သူများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးကို တိုက်ရိုက် Quick Win ဖြစ်စေမည့် ဒေသတွင်း MSMEs လုပ်ငန်းများဖွံ့ဖြိုးရေးအတွက် လိုအပ်သည့် နည်းပညာများကို ဖြန့်ဝေပေးနိုင်ရေးနှင့် ကျွမ်းကျင်ပညာရှင်များကို စဉ်ဆက်မပြတ် မြေတောင်မြှောက် ပေးနိုင်ရေး ကြိုးပမ်းဆောင်ရွက်ရန် တိုက်တွန်းမှာကြားပြီး သိပ္ပံလက်တွေ့ခန်းများ၌ ကျောင်းသား ကျောင်းသူများ၏ လက်တွေ့သင်ခန်းစာများ ဆောင်ရွက်နေမှုကိုလည်းကောင်း၊ လျှပ်စစ်စွမ်းအားအင်ဂျင်နီယာဌာနနှင့် မြို့ပြအင်ဂျင်နီယာဌာန အလုပ်ရုံများ၌ ကျောင်းသား ကျောင်းသူများ၏ လက်တွေ့လုပ်ငန်းများ ဆောင်ရွက်နေမှုကိုလည်းကောင်း လှည့်လည်ကြည့်ရှုအားပေးသည်။

ဆက်လက်ဖတ်ရှုရန်

Feb 12, 2024

Campana Mythic Co.,Ltd သည် မြန်မာ-စင်ကာပူ အပြည်ပြည်ဆိုင်ရာရေအောက်ဖိုင်ဘာ ကေဘယ်ဆက်ကြောင်းအား ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ဆက်လက်သွယ်တန်းနိုင်ရန်အတွက် ရေကြောင်းတိုင်းတာရေးလုပ်ငန်းကို တိုင်းတာရေးသင်္ဘော R.V.EGS SURVEYOR ဖြင့် မြန်မာသီးသန့်စီးပွားရေးဇုန်အတွင်း ဆောင်ရွက်သွားမည့် ဧရိယာများဖြစ်သော မြောက်လတ္တီတွဒ် ၁၄ ဒီဂရီ ၀၇.၆၆၀ မိနစ်၊ အရှေ့လောင်ဂျီတွဒ် ၉၆ ဒီဂရီ ၂၃.၀၄၉ မိနစ်၊ မြောက်လတ္တီတွဒ် ၁၄ ဒီဂရီ ၀၀.၉၂၃ မိနစ်၊ အရှေ့လောင်ဂျီတွဒ် ၉၆ ဒီဂရီ ၁၆.၂၀၂ မိနစ်တွင် မြောက်လတ္တီတွဒ် ၁၄ ဒီဂရီ ၀၂.၃၈၈ မိနစ်၊

ဆက်လက်ဖတ်ရှုရန်

Feb 12, 2024

(၇၇) နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် MSME ထုတ်ကုန်ပြပွဲနှင့် ရိုးရာအစားအစာများ ခင်းကျင်းပြသရောင်းချပွဲ ဒုတိယနေ့ကို ယနေ့နံနက်ပိုင်းမှစတင်၍ နေပြည်တော် ဥပ္ပါတသန္တိစေတီတော်အနီးရှိ တပေါင်းကွင်း၌ ဆက်လက်ကျင်းပရာ ကျောင်းသား ကျောင်းသူများ၊ လူငယ်များ၊ ဝန်ကြီးဌာနများမှ ဝန်ထမ်းများနှင့် မိသားစုများ၊ ပြည်သူများစိတ်ပါဝင်စားစွာဖြင့် တစ်ခဲနက်လာရောက်လေ့လာကြည့်ရှု ဝယ်ယူကြသည်။

ဆက်လက်ဖတ်ရှုရန်

Feb 12, 2024

နိုင်ငံစီးပွားရေးအထောက်အကူပြု အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေး (MSMEs)လုပ်ငန်းများကို ပိုမိုဖွံ့ဖြိုးတိုးတက်စေရန်အတွက် ပဲခူးတိုင်းဒေသကြီး ပဲခူးမြို့ ရွှေမော်ဓောဘုရား အနောက်ဘက်မုခ် ယာဉ်ရပ်နားဝင်း၌ ဖေဖော်ဝါရီ ၁၀ ရက်မှ ၁၂ ရက်အထိ (၇၇) နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် သစ်သီးဝလံ၊ ပန်းမန်ပြပွဲနှင့် MSMEs ဒေသထုတ်ကုန် စျေးရောင်းပွဲတော်ကို အရောင်းပြခန်း ၄၅ ခန်းဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပလျက်ရှိရာ အဆိုပါစျေးရောင်းပွဲတော်သို့ လာရောက်ခင်းကျင်းပြသသည့် ဒေသထုတ်ကုန် လုပ်ငန်းရှင်များနှင့် တွေ့ဆုံမေးမြန်းမှုမှရင်တွင်းစကားသံများ ဖော်ပြလိုက်ပါသည်-

ဆက်လက်ဖတ်ရှုရန်

Feb 12, 2024

ဧရာဝတီတိုင်းဒေသကြီးနယ်မြေရှိ မဲဆန္ဒရှင်ပြည်သူများအား မြန်မာအီလက်ထရောနစ်မဲပေးစက်ဖြင့် လက်တွေ့စမ်းသပ်မဲပေးလေ့လာခြင်းကို ဖေဖော်ဝါရီ ၇ ရက်နမှစ၍ ဆောင်ရွက်လျက်ရှိရာ ယနေ့တွင် ကန်ကြီးထောင့်မြို့နယ်ရှိ ရပ်ကွက်နှင့် ကျေးရွာအုပ်စု ၈၀ မှ ပြည်သူ ၆၁၉ ဦး၊ လပွတ္တာမြို့နယ်ရှိ ရပ်ကွက်နှင့် ကျေးရွာအုပ်စု ၈၂ ခုမှ ပြည်သူ ၅၁၀ စုစုပေါင်း ၁၁၂၉ ဦး တက်ရောက်ပြီး လက်တွေ့စမ်းသပ်မဲပေးလေ့လာကြသည်။

ဆက်လက်ဖတ်ရှုရန်

Feb 12, 2024

ကျန်းမာရေးဝန်ကြီးဌာနသည် နိုင်ငံသားများ၏ အခြေခံလူမှုစီးပွားဘဝ တိုးတက်စေရန်အတွက် လူတိုင်းကျန်းမာရေးကောင်းမွန်စေရေးနှင့် ကျန်းမာရေးစောင့်ရှောက်မှုများ တိုးတက်အောင် ဆောင်ရွက်လျက်ရှိရာ လုပ်ငန်းစဉ်တစ်ရပ်အဖြစ် အထူးကုဘာသာရပ်ဆိုင်ရာကုသမှုများကို ပြည်သူများ လက်လှမ်းမီရရှိနိုင်ရေးအတွက် ရန်ကုန်၊ မန္တလေးနှင့် နေပြည်တော်မှ ပါမောက္ခအထူးကု ဆရာဝန်ကြီးများပါဝင်သည့် အထူးကုဆေးကုသရေးအဖွဲ့များဖြင့် တိုင်းဒေသကြီးနှင့် ပြည်နယ်များသို့ ကွင်းဆင်းကုသမှုအစီအစဉ်များ ဆောင်ရွက်လျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Feb 12, 2024

အလုပ်သမားဝန်ကြီးဌာန လူမှုဖူလုံရေးအဖွဲ့သည် (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် လူမှုဖူလုံရေးအဖွဲ့မှ ရွေ့လျားဆေးကုသယာဉ်များ (Mobile Medical Units) သုံးစီးဖြင့် ရန်ကုန်၊ မန္တလေးနှင့် ပဲခူးတိုင်းဒေသကြီးတို့ရှိ စက်မှုဇုန်များမှ လူမှုဖူလုံရေး အကျုံးဝင်အလုပ်သမားများအား ကွင်းဆင်းဆေးကုသမှုများ ဆောင်ရွက်ပေးလျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Feb 12, 2024

မနေ့ကတော့ ကျွန်တော်တို့ပြည်သူ့စစ်မှုထမ်းဥပဒေကို အာဏာတည်တဲ့ အမိန့်ထုတ်ပြန်ခဲ့ပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး အမြင်အမျိုးမျိုးရှိကြောင်း တွေ့ရပါတယ်။ ဒီကြားထဲမှာထုံးစံအတိုင်းပေါ့၊ ပြည်ဖျက် မီဒီယာတွေ၊ အကြမ်းဖက်အဖွဲ့အစည်းတွေအနေနဲ့ ဒီအပေါ်မှာအဆိုးမြင်ဝါဒနှင့် ပြည်သူလူထုကို ကြောက်လန့်အောင် ခြိမ်းခြောက်နေတာတွေ၊ နိုင်ငံချစ်စိတ်မျိုးချစ်စိတ်ပျက်ပြားအောင် လုပ်ဆောင်နေတာကိုတွေ့ရပါတယ်။ ကျွန်တော့်အနေနဲ့ ဒီပြည်သူ့စစ်မှုထမ်းဥပဒေ တစ်နည်းအားဖြင့် အမျိုးသားစစ်မှုထမ်းစနစ်နှင့်ပတ်သက်ပြီး ပြည်သူလူထုပိုမိုသိရှိနိုင်စေဖို့ ပြောပြလိုပါတယ်။ နိုင်ငံသားတိုင်း၊ နိုင်ငံသားတိုင်းဟာ မိမိနိုင်ငံကိုချစ်ကြပါတယ်။ မိမိနိုင်ငံကို ဖွံ့ဖြိုးတိုးတက်စေချင်ကြပါတယ်။ သူများ နိုင်ငံတွေထက် မိမိနိုင်ငံကိုသာစေချင်တယ်။ ဒါဟာနိုင်ငံချစ်စိတ်ပါ။ ကောင်းပါတယ်။ ဒါဆိုရင် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ဖို့ဆိုရင် ဘာလိုသလဲ။ အဓိကအခြေခံအကျဆုံး လိုအပ်ချက်ကတော့ တည်ငြိမ်အေးချမ်းရေးပါ။ တည်ငြိမ်အေးချမ်းမှပဲ ကောင်းစွာစီးပွားရှာလို့ရမယ်။ တည်ငြိမ်အေးချမ်းမှလည်း ကောင်းစွာသွားလာလို့ရမယ်။ နေထိုင်လို့ရမယ်။ တိုးတက်အောင်လုပ်လို့ရမယ်။ တည်ငြိမ်အေးချမ်းဖို့ ဘာလိုသလဲ။ ပြည်သူတွေဘဝ လုံခြုံဖို့လိုပါတယ်။ လုံခြုံရေး၊ ကာကွယ်ရေးအင်အား ကောင်းဖို့လိုပါတယ်။ နိုင်ငံတစ်ခုမှာ ရိုသေခန့်ညားလောက်တဲ့ လုံခြုံရေးအင်အား၊ ကာကွယ်ရေးအင်အားမရှိဘဲနဲ့ ခိုင်မာတဲ့တည်ငြိမ်အေးချမ်းမှုဆိုတာ မရှိနိုင်ပါဘူး။

ဆက်လက်ဖတ်ရှုရန်

Feb 12, 2024

(၇၇)နှစ်မြောက် ပြည်ထောင်စုနေ့ကို ဂုဏ်ပြုသောအားဖြင့် စိုက်ပျိုးရေး၊‌ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန စိုက်ပျိုးရေးဦးစီးဌာန၏ စိုက်ပျိုးရေးထွက်ကုန်များ အရည်အသွေး စစ်ဆေးရေးဓာတ်ခွဲခန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော် ပျဉ်းမနားစိုက်ပျိုးရေး သိပ္ပံကျောင်းဝင်းအတွင်းရှိ ဓာတ်ခွဲခန်းအဆောက်အအုံသစ်၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Feb 12, 2024

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၁၉ အရ ဤဥပဒေကို ပြဋ္ဌာန်းလိုက်သည်။

ဆက်လက်ဖတ်ရှုရန်

Feb 12, 2024

ယနေ့ကျရောက်သော (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့အခါသမယတွင် နိုင်ငံတော်အတွင်း ချစ်ကြည်ရင်းနှီးစွာ အတူတကွနေထိုင်ကြသော ပြည်ထောင်စုဖွားတိုင်းရင်းသားသွေးချင်းညီအစ်ကို မောင်နှမများအားလုံး ကျန်းမာချမ်းသာပြီး ကောင်းကျိုးမင်္ဂလာအဖြာဖြာနှင့် ပြည့်စုံကြပါစေကြောင်း ဆုမွန်ကောင်းတောင်းလျက် နှုတ်ခွန်းဆက်သအပ်ပါသည်။

ဆက်လက်ဖတ်ရှုရန်

Feb 12, 2024

ယနေ့သည် ၂၀၂၄ ခုနှစ် (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့ဖြစ်သည်။ လွတ်လပ်ပြီး အချုပ်အခြာအာဏာပိုင်ဆိုင်သည့် နိုင်ငံဖြစ်လာရေးတွင် အဓိကလိုအပ်ချက်ဖြစ်သော တိုင်းရင်းသားလူမျိုးအားလုံး စည်းလုံးညီညွတ်ကြောင်း သက်သေထူပြနိုင်သည့် နေ့ဖြစ်သည်။ တစ်နည်းဆိုလျှင် လွတ်လပ်ရေးအတွက် ပြည်ထောင်စုသန္ဓေကို အခိုင်အမာမျိုးစေ့ချသည့်နေ့ဖြစ်သည်။

ဆက်လက်ဖတ်ရှုရန်

Feb 12, 2024

ယနေ့သည် တောင်ပေါ်မြေပြန့်မကျန် နိုင်ငံတစ်ဝန်းလုံး လွတ်လပ်ရေးရယူနိုင်ရေးအတွက် တစ်စည်းတစ်လုံးတည်းသော ပြည်ထောင်စုစိတ်ဓာတ်ကို သက်သေထူကာ ရှမ်းပြည်နယ်(တောင်ပိုင်း) ပင်လုံမြို့တွင် သမိုင်းဝင်ပင်လုံစာချုပ်ကို အောင်မြင်စွာ ချုပ်ဆိုနိုင်ခဲ့သည့် (၇၇) နှစ်ပြည့်မြောက်သော နေ့ထူးနေ့မြတ်ဖြစ်သည်။ ထို့အပြင် လွတ်လပ်ရေးနှင့် အချုပ်အခြာအာဏာကို ပြန်လည်ရယူနိုင်ခဲ့သည့် ၇၆ နှစ် ပြည့်မြောက်ခဲ့ပြီဖြစ်သော မိမိတို့နိုင်ငံ၏ ပစ္စုပ္ပန်အခြေအနေမှာ နိုင်ငံသား၊ တိုင်းရင်းသားပြည်သူလူထုအားလုံး တစ်ခဲနက်စည်းလုံးညီညွတ်မှုဖြင့် နိုင်ငံကို ကာကွယ်စောင့်ရှောက်ရန် လိုအပ်နေချိန်လည်းဖြစ်သည်။

ဆက်လက်ဖတ်ရှုရန်

Feb 11, 2024

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့နယ်၊ ကေတုမတီမြို့သစ်ရှိ သီတဂူကေတု မတီဗုဒ္ဓတက္ကသိုလ် အာယုဒါနဆေးရုံတော်၌ မျက်စိခွဲစိတ်ကုသမှုခံယူလျက်ရှိသော သံဃာတော်များနှင့် ဒေသခံပြည်သူများအား အလှူငွေပေးအပ်ခြင်းကို ယနေ့နံနက်ပိုင်းတွင် အဆိုပါဆေးရုံ၌ပြုလုပ်ရာ သီတဂူကေတုမတီ ဗုဒ္ဓတက္ကသိုလ်ကျောင်းအုပ်ဆရာတော် ဒေါက်တာဘဒ္ဒန္တတိက္ခသာရအမှူးပြုသော သံဃာတော်များ ကြွရောက်တော်မူကြပြီး တောင်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် ကြည်သိုက်နှင့် တာဝန်ရှိသူများ၊ စေတနာရှင်အလှူရှင်များ တက်ရောက်ကြသည်။

ဆက်လက်ဖတ်ရှုရန်

Feb 11, 2024

တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ ဒေသခံတိုင်းရင်းသားပြည်သူများအား ဖေဖော်ဝါရီ ၁၀ ရက်နှင့် ယနေ့တို့တွင် ကျန်းမာရေးဝန်ကြီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာထွန်းမြင့် ဦးစီးပါမောက္ခ/အထူးကုဆရာဝန်ကြီးများပါဝင်သော အထူးကုသရေးဆေးအဖွဲ့က မြိတ်မြို့ ပြည်သူ့ဆေးရုံ၌ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးသည်။

ဆက်လက်ဖတ်ရှုရန်

Feb 11, 2024

နိုင်ငံတော်လုံခြုံရေးနှင့် ကာကွယ်ရေးတာဝန်များကို စွမ်းစွမ်းတမံ ထမ်းဆောင်လျက်ရှိသော လုံခြုံရေးတပ်ဖွဲ့ဝင်များအတွက် စေတနာရှင်အလှူရှင်များက စားသောက်ဖွယ်ရာများ လာရောက်ဂုဏ်ပြုပေးအပ်လျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်