Skip to main content

Apr 16, 2024

ယနေ့ကျရောက်သည့် မြန်မာ့ရိုးရာမဟာသင်္ကြန် (အကြတ်နေ့)တွင် မန္တလေးမြို့ရှိ ပြည်သူများ ပိုမို ပျော်ရွှင်စွာဆင်နွှဲနိုင်ရန် ဆောင်ရွက်ပေးထားသည့် မြန်မာ့ရိုးရာလမ်းလျှောက်အတာအသင်္ကြန်များ၊ အမရပူရမြို့နယ်ရှိ ဦးပိန်တံတားနှင့် တောင်သမန်မယ်ဇယ်လွင်ပြင် အပန်းဖြေစခန်းတို့၌ လာရောက်အပန်းဖြေအနားယူကြသည့် သင်္ကြန်ချစ်သူပြည်သူများဖြင့် အထူးစည်ကားလျက်ရှိကြောင်း သိရသည်။ 

ဆက်လက်ဖတ်ရှုရန်

Apr 16, 2024

၁၃၈၅ ခုနှစ်မှ ၁၃၈၆ ခုနှစ်သို့ကူးပြောင်းမည့် မဟာသင်္ကြန်ပွဲတော်ကြီးကာလ မဟာသင်္ကြန်အကြိုနေ့နှင့် မဟာသင်္ကြန်အကျနေ့များတွင် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မဏ္ဍပ်များနှင့် လမ်းလျှောက်သင်္ကြန်ပွဲတော်များ၌ ရေသဘင်ပွဲတော်ဆင်နွှဲကြသည့် သင်္ကြန်ချစ်သူပြည်သူများဖြင့် စည်ကားသိုက်မြိုက်စွာကျင်းပခဲ့ပြီးဖြစ်ရာ ယနေ့မဟာသင်္ကြန်အကြတ်နေ့တွင်လည်း ပျော်ရွှင်စွာရေသဘင်ပွဲတော်ကို ဆင်နွှဲရန်အတွက် သင်္ကြန်ချစ်သူပြည်သူများ နံနက်ပိုင်းမှစတင်၍ မိမိတို့ပါဝင်ဆင်နွှဲမည့် ရေသဘင်ပွဲတော်မဏ္ဍပ် နှင့် လမ်းလျှောက်သင်္ကြန်ပွဲတော်များ ရှိရာနေရာများသို့ မိသားစုအဖွဲ့လိုက်၊ မိတ်ဆွေသူငယ်ချင်း အဖွဲ့လိုက်ဖြင့် ရေသဘင်ပွဲတော်ကျင်းပရာနေရာများသို့ ရေပက်ခံကားများဖြင့် လည်းကောင်း၊ လမ်းလျှောက်၍လည်းကောင်း ပျော်ရွှင်စွာဆင်နွှဲရန် စုရုံးရောက်ရှိလာကြသည်မှာ အထူးစည်ကားများပြားလျက်ရှိပေသည်။ ရေသဘင်ပွဲသို့ရောက်ရှိလာသည့် သင်္ကြန်ချစ်သူပြည်သူများအား ရန်ကုန်တိုင်းစစ်ဌာနချုပ်နှင့် ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့များကလုံခြုံရေး ဆိုင်ရာကိစ္စရပ်များကို ကူညီဆောင်ရွက်ပေးကြသည်။

ဆက်လက်ဖတ်ရှုရန်