Feb 02, 2024
ပုံနှိပ်ခြင်း၊ ထုတ်ဝေခြင်းနှင့် သတင်းအေဂျင်စီလုပ်ငန်းများ ခွင့်ပြုပေးမှုအခြေအနေ
Feb 02, 2024
အမျိုးသားအဆင့် လျှပ်စစ်သုံးယာဉ်နှင့် ဆက်စပ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ဦးဆောင်ကော်မတီ၏ ခွင့်ပြုချက်ဖြင့် Grand Sirius Co., Ltd. မှ တင်သွင်းလာသော တရုတ်နိုင်ငံ ထုတ် Neta U နှင့် Neta V အမျိုးအစား လျှပ်စစ်သုံးမော်တော်ယာဉ် များ၊ Chin Dwin Shan Constr-uction Co., Ltd. မှ တင်သွင်းလာသော တရုတ်နိုင်ငံထုတ် BYD Seagull အမျိုးအစား လျှပ်စစ်သုံး မော်တော်ယာဉ်များ၊ N.P.K Motors Co., Ltd. မှ တင်သွင်းလာသော တရုတ်နိုင်ငံထုတ် MG, MG4 အမျိုးအစား လျှပ်စစ်သုံး မော်တော်ယာဉ်များ၊ Myanmar Arr Thit Man Motor Co., Ltd. မှတင်သွင်းလာသော တရုတ်နိုင်ငံ ထုတ် AIMA အမျိုးအစား လျှပ်စစ်သုံးမော်တော်ဆိုင်ကယ်များနှင့် ဆိုင်ကယ်အပိုပစ္စည်းများ၊ Aung Gabar Motor Services Co., Ltd. မှ တင်သွင်းလာသော တရုတ်နိုင်ငံ ထုတ် BAIC ARCFO T အမျိုးအစား လျှပ်စစ်သုံးမော်တော်ယာဉ်များနှင့် လျှပ်စစ်သုံးယာဉ် အားသွင်းစက်များသည် ရန်ကုန်ဆိပ်ကမ်းသို့ ရောက်ရှိလာသဖြင့် ယနေ့တွင် လုပ်ထုံးလုပ်နည်းနှင့်အညီ ထုတ်ယူခွင့်ပြုခဲ့ကြောင်း သတင်းရရှိသည်။
Feb 02, 2024
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ
Feb 02, 2024
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစည်းအဝေး (၁/၂၀၂၄) ကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်အမှာစကားပြောကြားသည်။
Feb 02, 2024
လက်ရှိနိုင်ငံတော်တွင် ဖြစ်ပေါ်နေသောအခြေအနေများအရ အကြမ်းဖက်မှု တိုက်ဖျက်ရေးလုပ်ငန်းစဉ်များ ဆက်လက်ဆောင်ရွက်ရန်နှင့် နိုင်ငံတော်အနေဖြင့် ပုံမှန်မဟုတ်သည့် အခြေအနေများရှိနေဆဲဖြစ်သည့်အတွက် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီအစည်းအဝေး (၁/၂၀၂၄) အရ ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈) နှင့်အညီ နိုင်ငံ့တာဝန်ထမ်းဆောင်ခွင့် ၆ လသက်တမ်းတိုးမြှင့်ခဲ့သည်။
Feb 02, 2024
အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီအစည်းအဝေး (၁/၂၀၂၄) တွင် အဖွဲ့ဝင်များအားလုံး၏ သဘောတူဆွေးနွေးဆုံးဖြတ်ချက်များအရ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ နိုင်ငံတစ်ဝန်းလုံး အရေးပေါ်အခြေအနေ ကြေညာထားသည့်ကာလကို နောက်ထပ် ၆ လ တိုးမြှင့်သတ်မှတ်ခဲ့သည်။ လက်ရှိနိုင်ငံတော်တွင် ဖြစ်ပေါ်နေသည့် သာမန်မဟုတ်သည့်အခြေအနေများအရ အကြမ်းဖက်မှုတိုက်ဖျက်ရေးလုပ်ငန်းစဉ်များ ဆက်လက်ဆောင်ရွက်ရန် လိုအပ်လျက်ရှိရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ တာဝန်ထမ်းဆောင်ခွင့်ကို မဖြစ်မနေ သက်တမ်းတိုးမြှင့်ရဦးမည်ဖြစ်သကဲ့သို့ ၆ လတာကာလ ကြိုးပမ်းဆောင်ရွက်ချက်များမှ ထွက်ပေါ်လာသည့်ရလဒ်များပေါ်မူတည်၍ လိုအပ်ပါက ထပ်မံသက်တမ်းတိုးမြှင့်ပေးသွားရဦးမည်ဖြစ်သည်။
Feb 01, 2024
၁။ ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလအတွင်း ကိုဗစ်-၁၉ မျိုးရိုးဗီဇပြောင်း အိုမီခရွန်ရောဂါပိုး JN.1 ကူးစက်မှုကြောင့် ဒေသတွင်းနှင့် အိမ်နီးချင်းနိုင်ငံအချို့တွင် ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှု များပြားခဲ့ပါသည်။ မိမိတို့နိုင်ငံ၌လည်း JN.1 ကူးစက်မှုအား အတည်ပြုတွေ့ရှိထားပြီးဖြစ်ကာ လတ်တလောကာလတွင် ကိုဗစ်-၁၉ ရောဂါအပတ်စဉ်ပိုးတွေ့ရှိရမှု အနည်းငယ်မြင့်တက်နေသည်ကို တွေ့ရပါသည်။
Feb 01, 2024
အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံဘတ်စကက်ဘောအဖွဲ့ချုပ်တို့ ပူးပေါင်းကျင်းပသည့် ၂၀၂၃-၂၀၂၄ ခုနှစ် ပြည်နယ်နှင့် တိုင်းဒေသကြီး ဘတ်စကက်ဘော (အမျိုးသား၊ အမျိုးသမီး) (5 on 5)ပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် နေပြည်တော် ဝဏ္ဏသိဒ္ဓိအားကစားရုံ (C) ၌ ကျင်းပသည်။
Feb 01, 2024
မြန်မာနိုင်ငံစစ်မှုထမ်းဟောင်းအဖွဲ့က အသက် ၉၀ နှစ်နှင့်အထက် စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များအား ထောက်ပံ့ငွေ ထပ်မံပေးအပ်ခြင်းအခမ်းအနားကို ယနေ့ မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ မြန်မာနိုင်ငံစစ်မှုထမ်းဟောင်းအဖွဲ့၊ ဗဟိုဌာနချုပ် ညီလာခံခန်းမ၌ ကျင်းပသည်။
Feb 01, 2024
ဗုဒ္ဓဘာသာအပေါ် ရည်ရွယ်ချက်ရှိရှိ ထိပါး၊ စော်ကား၊ ဖျက်ဆီးနေသည့် အကြမ်းဖက်များနှင့် ဘာသာပျက်များအား ဆန့်ကျင်ရှုတ်ချပွဲကို ယနေ့မွန်းလွဲ ၂နာရီက ရန်ကုန်မြို့၊ မြို့တော်ခန်းမအရှေ့၊ မဟာဗန္ဓုလပန်းခြံဘေး၊ ယာဉ်ရပ်နားကွင်း၌ ကျင်းပခဲ့သည်။
Feb 01, 2024
သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနအောက်ရှိ သစ်တောနှင့် ပတ်ဝန်းကျင်ဆိုင်ရာတက္ကသိုလ်နှင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်တို့ ပူးပေါင်းဆောင်ရွက်သည့် လူငယ်အသိပညာပေးဟောပြောပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် သစ်တောနှင့် ပတ်ဝန်းကျင်ဆိုင်ရာတက္ကသိုလ် Theatre ခန်းမ၌ ကျင်းပရာ အခမ်းအနားသို့ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်အဖွဲ့ဝင် ဦးသန်းစိုးနှင့် ကော်မရှင်ရုံးမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ သစ်တောနှင့် ပတ်ဝန်းကျင်ဆိုင်ရာတက္ကသိုလ်မှ ပါမောက္ခချုပ် ဒေါက်တာခင်မောင်ဆင့်နှင့် တာဝန်ရှိပုဂ္ဂိုလ်များ၊ ကျောင်းသား ကျောင်းသူများ တက်ရောက်သည်။
Feb 01, 2024
နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ဆောင်ရွက်ဆဲ စိုက်ပျိုးရေးစီမံကိန်းလုပ်ငန်းများနှင့် ဆက်လက်ဆောင်ရွက်မည့် စိုက်ပျိုးရေးစီမံကိန်းလုပ်ငန်းများ အကောင်အထည်ဖော်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းက စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနရုံး အစည်းအဝေးခန်းမ၌ကျင်းပရာ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနတို့မှ အမြဲတမ်းအတွင်းဝန်များ၊ ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များ တက်ရောက်ကြပြီး တိုင်းဒေသကြီး/ ပြည်နယ်စိုက်ပျိုးရေးဦးစီးဌာနမှူးများ သမဝါယမဦးစီးဌာနမှူးများ၊ အသင်းအဖွဲ့များမှ တာဝန်ရှိသူများက အွန်လိုင်းစနစ်ဖြင့် တက်ရောက်ကြသည်။
Feb 01, 2024
မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေး ဗဟိုကော်မတီအစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းက စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
Feb 01, 2024
သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင် ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ဖူးကျန့်ပြည်နယ် ဖူကျိုးမြို့၌ ဖေဖော်ဝါရီ ၁ ရက်မှ ၂ ရက်အထိ ကျင်းပမည့် အာဆီယံ - တရုတ်ပြည်သူများအကြား ဖလှယ်ရေးနှစ် မိတ်ဆက်ပွဲ အခမ်းအနား သို တက်ရောက်ရန် ယနေ့မွန်းလွဲပိုင်းတွင် လေကြောင်းခရီးဖြင့် ရန်ကုန်မြို့မှ တရုတ်နိုင်ငံသို့ ထွက်ခွာသွားသည်။
Feb 01, 2024
နေပြည်တော် ဖေဖော်ဝါရီ ၁ ၂၀၂၃ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုချီးမြှင့်ပွဲအခမ်းအနားကို ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ (၃) ရက်နေ့တွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်း ဗဟိုဌာန(၁) MICC-1 တွင် ကျင်းပပြုလုပ်မည်ဖြစ်ရာ သတင်းမီဒီယာသမားများအနေဖြင့် အခမ်းအနားကျင်းပမှု မှတ်တမ်းဓာတ်ပုံများအား ပြန်ကြားရေးဝန်ကြီးဌာန Website ရှိ “၂၀၂၃ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုချီးမြှင့်ပွဲအခမ်းအနားကျင်းပမှု မှတ်တမ်းဓာတ်ပုံများ ကဏ္ဍ” အောက်ပါလင့်တွင် Download ရယူနိုင်ပါကြောင်း အသိပေးအပ်ပါသည်- https://www.moi.gov.mm/myanmar-film-award-ceremony/
Feb 01, 2024
MoU စနစ်ဖြင့် အလုပ်သမားစေလွှတ်ခြင်း လုပ်ငန်းစဉ်များနှင့်စပ်လျဉ်း၍ မြန်မာပြည်ပ အလုပ် အကိုင်လုပ်ငန်းရှင်များအသင်း (MOEAA) မှ အမှုဆောင်အဖွဲ့ဝင်များနှင့် တွေ့ဆုံသည့် အစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် အလုပ်သမားဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
Feb 01, 2024
ခရီးသွားကုမ္ပဏီများ၏ အစီအစဉ်ဖြင့် လာရောက်လည်ပတ်သော ပြည်ပခရီးသွားဧည့်သည်များ နေပြည်တော်ရှိ ခရီးစဉ်ဒေသများသို့ လွယ်ကူအဆင်ပြေချောမွေ့စွာဝင်ရောက်နိုင်ရေးအတွက် မြန်မာနိုင်ငံခရီးသွားလုပ်ငန်းအဖွဲ့ချုပ်နှင့် ညီနောင်အသင်းများ၊ ထိုင်းခရီးသွားဝန်ဆောင်မှု ပေးနေသော ခရီးလှည့်လည်ရေးကုမ္ပဏီများနှင့်ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန နီလာခန်းမ၌ Hybrid စနစ်ဖြင့်ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ သက်သက်ခိုင်၊ ဒုတိယဝန်ကြီး ဦးဖြိုးဇော်စိုး၊ ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများ၊ နယ်ရုံးခွဲများမှတာဝန်ခံများ တက်ရောက်ကြသည်။
Feb 01, 2024
ရန်ကုန်မြိုနှင့် မန္တလေးမြိုအတွက် ရည်ညွှန်းလက်ကားဈေးနှုန်းများနှင့် ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ တိုင်းဒေသကြီး/ပြည်နယ် မြိုတော်များအတွက် ရည်ညွှန်းလက်လီဈေးနှုန်းများ
Feb 01, 2024
မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ် တားဆီးကာကွယ်ရေး ဗဟိုအဖွဲ့မှကြီးမှူးကျင်းပမည့် ၂၀၂၄ ခုနှစ်၊ ဇွန်လ ၂၆ ရက်နေ့တွင် ကျရောက်သည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် ဝတ္ထုတို၊ ဆောင်းပါး၊ ကဗျာ၊ တေးသီချင်း၊ ဓာတ်ပုံ၊ ကွန်ပျူတာပိုစတာ၊ ပန်းချီ၊ ကာတွန်း၊ ပိုစတာ၊ ကွန်ပျူတာပန်းချီ ဖိတ်ခေါ်ပြိုင်ပွဲများတွင် ခေါင်းစဉ်အဖြစ် အသုံးပြုရန်အတွက် မူးယစ်ဆေးဝါးပပျောက်ရေးဆောင်ပုဒ် ၅ ခု ရွေးချယ်မည်ဖြစ်ပါ၍ အောက်ပါ သတ်မှတ် ချက်များအတိုင်း ပါဝင်ယှဉ်ပြိုင်ရန် ဖိတ်ခေါ်ပါသည်-
Feb 01, 2024
ချင်းပြည်နယ် ပလက်ဝမြို့နယ် ဟုမ်းကျေးရွာတွင် ဇန်နဝါရီ ၂၉ ရက်က တိုက်ပွဲဖြစ်ပွား ခြင်းမရှိဘဲ တပ်မတော်ကလေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခြင်းကြောင့် အရပ်သားပြည်သူခုနစ်ဦး သေဆုံးခဲ့ပြီး လူနေအိမ်အများအပြားထိခိုက်ပျက်စီးခဲ့ကြောင်း သတင်းတု၊ သတင်းမှားများကို လူမှုကွန်ရက်တွင် မဟုတ်မမှန်ရေးသား ဖြန့်ဝေနေသည်ကို ဝမ်းနည်းဖွယ်တွေ့ရှိရသည်။
