May 28, 2024
နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေ စီမံခန့်ခွဲမှုကော်မတီ (၂/၂၀၂၄) ကြိမ်မြောက် ညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ရုံးအမှတ် (၂၆) အစည်းအဝေးခန်းမ၌ ကျင်းပသည်။
May 28, 2024
မျက်မှောက်ကာလတွင် ဖြစ်ပွားလျက်ရှိသော လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးနှင့် အကြမ်းဖက်မှုတားဆီးရေးဆိုင်ရာ ကိစ္စရပ်များနှင့်ပတ်သက်၍ ပရိသတ်များ၏ ရင်တွင်းခံစားချက်စကားသံများအား သဇင် FM ၏ “ပြည်သူ့ကြားက ပြည်သူ့စကား” အစီအစဉ်မှ “စုပေါင်းကာကွယ် သဘာဝဘေးအန္တရာယ်” ခေါင်းစဉ်ဖြင့် မေ ၂၉ ရက် မွန်းလွဲ ၁ နာရီတွင် ထုတ်လွှင့် တင်ဆက်ပေးသွားမည်ဖြစ်သည်။
May 28, 2024
၁။ ကလေးသူငယ်များသည် အနာဂတ်ကာလ နိုင်ငံ့တာဝန်ကို ပခုံးပြောင်းတာဝန်ယူ၍ လက်ဆင့်ကမ်း ထမ်းဆောင်ကြမည့်သူများ ဖြစ်ပါသည်။ နိုင်ငံဖွံ့ဖြိုးတိုးတက်မှုသည် အဆိုပါကလေးသူငယ်များ၏ ပညာရည်ဖွံ့ဖြိုးတိုးတက်မှုအပေါ်တွင် များစွာမူတည်ပါသည်။ ပညာသင်ကြားခွင့်ဆုံးရှုံးခြင်းသည် ကလေးသူငယ်ကိုယ်တိုင်နှင့် နိုင်ငံ့အနာဂတ်အတွက်ပါ ထိခိုက်သက်ရောက်မှုများ ဖြစ်ပေါ်စေနိုင် ပါသည်။
May 28, 2024
ပြီးခဲ့သည့် နွေရာသီကာလများက မြန်မာနိုင်ငံ မကွေးတိုင်းဒေသကြီး ချောက်မြို့ကို ကမ္ဘာပေါ်တွင် အပူဆုံးမြို့အဖြစ် ပြောဆိုလာကြသည်ကို ကြားသိလိုက်ရမည်ဖြစ်သည်။ တကယ်တမ်းတွင်လည်း ချောက်မြို့သည် အပူချိန် ၄၇ ဒီဂရီဆဲစီးယပ်ထိ စံချိန်တင်မြင့်မားခဲ့သည်။ ချောက်မြို့သူ မြို့သားများသည် ပြင်းထန်သည့်အပူဒဏ်ကို ခံစားကြရသဖြင့် အပူရှောင်စခန်းများတွင် သွားရောက်ခိုနားခဲ့ကြရသည်။ မြို့မိမြို့ဖများကလည်း လာမည့်ကာလများတွင် ချောက်မြို့၌ အပူဒဏ်သက်သာရေးအတွက် အစီအစဉ်များ ဆောင်ရွက်ခဲ့ကြသည်။
May 28, 2024
နိုင်ငံတစ်နိုင်ငံ၏စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနှင့် ပြည်သူလူထု၏ လူနေမှုအဆင့်အတန်း တိုးတက်မြင့်မားမှုတို့အတွက် လျှပ်စစ်ဓာတ်အားသည် အခြေခံအကျဆုံးနှင့် မရှိမဖြစ်လိုအပ်ချက်ဖြစ်သည်။ အဆိုပါလိုအပ်ချက်ကို ဖြည့်ဆည်းနိုင်ရန်အတွက် အရင်းအမြစ်များစွာကို မိမိတို့နိုင်ငံက ပိုင်ဆိုင်ထားသော်လည်း ယခုထိမဖြည့်ဆည်းနိုင်သေး။ နိုင်ငံ၏အဓိကစီးပွားရေး မောင်းနှင်အားဖြစ်သော အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးတွင်လည်း လျှပ်စစ်ဓာတ်အားအခက်အခဲကြောင့် နှေးကွေးလေးလံလျက်ရှိနေပြီး ပြည်သူများ၏ နေ့စဉ်လူမှုဘဝများကလည်း ဓာတ်အားတောင်းဆိုမှု ပိုမိုမြင့်မားလာနေသည်။
May 27, 2024
မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ဝင်များနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် မေလ ၁၉ ရက်နေ့ ည ၁၀ နာရီအချိန် ရှမ်းပြည်နယ်၊ ရပ်စောက် - နောင်ချိုသွား ကားလမ်း၊ မကျည်းရေကျေးရွာအနီးတွင် ရပ်စောက်ဘက်မှ နောင်ချိုဘက်သို့ စိုင်းဖောင်း မောင်းနှင်ပြီး မင်းပိုင်ထူး လိုက်ပါလာသည့် Dongfeng Truck မော်တော်ယာဉ်ကို သတင်းအရရှာဖွေရာ ယာဉ်ပေါ်တွင် ဖွဲအိတ်များဖြင့် ဖုံးအုပ်သယ်ဆောင်လာသည့် ဒေသကာလတန်ဖိုးငွေကျပ် ၄ ဒသမ ၇၅ ဘီလီယံကျော် တန်ဖိုးရှိ ဘိန်းဖြူ ၁၂၃ ဒသမ ၂ ကီလို၊ စိတ်ကြွရူးသွပ်ဆေးပြား ၅ ဒသမ ၆၅ သန်းနှင့် ဘိန်းဆီခဲ ၅၂ ကီလိုတို့ကို သိမ်းဆည်းရမိခဲ့ပြီး
May 27, 2024
မန္တလေးတိုင်းဒေသကြီး၊ မတ္တရာမြို့နယ်၊ တမာကုန်းကျေးရွာမှ ဒေသခံပြည်သူ ၁၀ ဦးကျော်ကို လုံခြုံရေးတပ်ဖွဲ့ဝင်များက မေလ ၂၆ ရက်နေ့တွင် ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်ဟု သတင်းတု၊ သတင်းအမှားများကို တရားမဝင်ပြည်ဖျက်မီဒီယာများက မဟုတ်မမှန်လုပ်ကြံရေးသားပြီး ဝါဒဖြန့်ဝေနေသည်ကို တွေ့ရှိရသည်။
May 27, 2024
တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့နယ်မြေအတွင်း သင်တန်းများတက်ရောက်ခဲ့ပြီး ပြစ်မှုကျူးလွန်ခြင်းမရှိခဲ့သည့် ဥပဒေဘောင်အတွင်းဝင်ရောက်လာသော PDF အဖွဲ့ဝင်များအား ပြန်လည်ကြိုဆိုလက်ခံ၍ ၎င်းတို့၏မိဘအုပ်ထိန်းသူများထံသို့ လွှဲပြောင်းပေးအပ်လျက်ရှိပြီး ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး မင်္ဂလာခန်းမ၌ ပြန်လည်ကြိုဆိုလက်ခံခြင်း အခမ်းအနားကိုပြုလုပ်ရာ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်း၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် ဇော်ဟိန်းနှင့် တာဝန်ရှိသူများ၊ ဥပဒေဘောင်အတွင်းဝင်ရောက်လာသူများနှင့် ၎င်းတို့၏မိဘအုပ်ထိန်းသူများ တက်ရောက်ကြသည်။
May 27, 2024
၂၀၂၄-၂၀၂၅ ပညာသင်နှစ်အတွက် အခြေခံပညာဦးစီးဌာနအောက်ရှိ အထက်တန်းအဆင့်၊ အလယ်တန်းအဆင့်နှင့် မူလတန်းအဆင့်ကျောင်းများကို ဇွန် ၃ ရက်တွင် စတင်ဖွင့်လှစ်မည်ဖြစ်ပြီး ကျောင်းအပ်နှံမှုသီတင်းပတ်အဖြစ် မေ ၂၃ ရက်မှ ဇွန် ၂ ရက်အထိသတ်မှတ်၍ ကျောင်းသား၊ ကျောင်းသူများအား ကျောင်းအပ်နှံမှု လက်ခံခြင်းများကို ဆောင်ရွက်လျက်ရှိသည်။
May 27, 2024
ရန်ကုန်မြို့နှင့် မန္တလေးမြို့အတွက် ရည်ညွှန်းလက်ကားဈေးနှုန်းများနှင့် ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ တိုင်းဒေသကြီး/ ပြည်နယ် မြို့တော်များအတွက် ရည်ညွှန်းလက်လီဈေးနှုန်းများ
May 27, 2024
၁။ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်သည် အဂတိလိုက်စားမှုတားဆီးကာကွယ်ရေး လုပ်ငန်းများကို ထိရောက်စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန်အတွက် ကော်မရှင်အပါအဝင် ပြည်ထောင်စုဝန်ကြီးဌာန/ အဖွဲ့အစည်းများတွင် အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးအဖွဲ့များ ဖွဲ့စည်းဆောင်ရွက်လျက်ရှိပါသည်။
May 27, 2024
အကြမ်းဖက်လုပ်ငန်းများဆောင်ရွက်နေသည့် PDF အဖွဲ့များအား တစ်ဖက်တစ်လမ်းမှ ထောက်ပံ့လှူဒါန်းစေရန်၊ လူငယ်လူရွယ်များ၏ မသိစိတ်များအတွင်း တပ်မတော်အပေါ် အထင်အမြင်လွဲမှားစေရန်နှင့် တော်လှန်လိုစိတ်တိုးပွားလာစေရန် စသည့်ရည်ရွယ်ချက်များဖြင့် NUG ၊ CRPH လက်အောက်ခံအကြမ်းဖက် အဖွဲ့အစည်းများက PDF Game Application များ တီထွင်ဖန်တီးအသုံးပြုလျက်ရှိကြောင်း စိစစ်တွေ့ရှိရသည့်အတွက် PDF Game ဆော့ကစားခြင်းသည် အကြမ်းဖက်အဖွဲ့အား ထောက်ပံ့ခြင်းဖြစ်၍ ဥပဒေအရ အရေးယူခံရနိုင်ကြောင်း အသိပေးအပ်ပါသည်။
May 27, 2024
၁။ ပြည်သူအတွက်ဟု သုံးနှုန်း၍ ရဟန်းသံဃာများ၊ ဆရာ၊ ဆရာမများအပါအဝင် နိုင်ငံ့ဝန်ထမ်းများနှင့် ပြည်သူကိုသတ်ဖြတ်၊ လုယက်ခြင်းကို CRPH၊ NUG၊ PDF အမည်ခံအကြမ်းဖက်အုပ်စုများက ဥပဒေမဲ့ ကျူးလွန်နေသည်။
May 27, 2024
ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ တိုင်းဒေသကြီးသယံဇာတရေးရာဝန်ကြီး ဦးဇော်ဝင်းသည် ယနေ့နံနက်ပိုင်းက သက်ဆိုင်ရာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်များ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မှော်ဘီမြို့နယ်နှင့် တိုက်ကြီးမြို့နယ်တို့အတွင်း ကျေးလက်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများနှင့် သမဝါယမလုပ်ငန်း ဆောင်ရွက်နေမှုအခြေအနေများ ကွင်းဆင်းကြည့်ရှုစစ်ဆေးသည်။
May 27, 2024
ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ (မြို့တော်ဝန်)ဦးဗိုလ်ဌေးသည် တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းက လှော်ကားရေဝေရေလဲဒေသ၌ သစ်ပင်များစိုက်ပျိုးရန် ပြင်ဆင်ဆောင်ရွက်နေမှု၊ တက္ကသိုလ်အဝင်လမ်းအား ကွန်ကရစ်လမ်းသား တိုးချဲ့ခင်းကျင်းနေမှု၊ တက္ကသိုလ်မိုးလုံ လေလုံအားကစားရုံ သန့်ရှင်းသပ်ရပ်ရေး ဆောင်ရွက် ရန်လုပ်ငန်းများ၊ တက္ကသိုလ် - အေးရွာလေးလမ်းနှင့် အောင်ချမ်းသာရပ်ကွက်(၂) လမ်းထောင့်ရှိ ဆည်မြောင်းချောင်း ရေစီးရေလာအခြေအနေ၊ တက္ကသိုလ်ဝင်း ပင်မလေးထပ်ဆောင် အနောက်ရေစုကန်တူးဖော်ပြီးစီးမှု၊ တက္ကသိုလ်ဝင်း ပင်မလေးထပ်ဆောင်ရှေ့ ရေကန်တူးဖော်ပြီးစီးမှု၊ ရေကန်ပတ်လည် မြေယာရှုခင်းဆောင်ရွက်ထားမှု၊ ရေကန်အတွင်း လျှပ်စစ်ဓာတ်အား ၄၆ ကီလိုဝပ် ထုတ်လုပ်နိုင်သည့် ဆိုလာလျှပ်စစ်ဓာတ်အားပေးစနစ်နှင့် အလှဆင်ရေပန်းတပ်ဆင်မောင်းနှင်နေမှုအခြေအနေကို သွားရောက်ကြည့်ရှုစစ်ဆေးသည်။
May 27, 2024
တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင်ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာ မေ ၂၄ ရက်တွင် အကောက်ခွန်ဦးစီးဌာန၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ အေးရှားဝေါလ်ကုန်သေတ္တာစစ်ဆေးရေးစခန်း၌ ကုန်သေတ္တာသုံးလုံးအတွင်းမှ သွင်းကုန်ကြေညာလွှာတွင် ကြေညာထားခြင်းမရှိသည့် တရုတ်နိုင်ငံထုတ် Dextrose Monohydrate D-Glucose အမှုန့်ကီလိုဂရမ် ၅၀၀၊ Textile Emulsion ကီလိုဂရမ် ၁၀၀၀၀ နှင့် ယာဉ်အပိုပစ္စည်း MBG Universal Joint ၂၆၄၃၅ ကီလိုဂရမ်အပါအဝင် ကုန်ပစ္စည်းနှစ်မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၆၈၂၅၇၉၉၀) ကိုလည်းကောင်း၊ သီလဝါကုန်သေတ္တာစစ်ဆေးရေးစခန်း၌ ကုန်သေတ္တာတစ်လုံးအတွင်းမှ သွင်းကုန်ကြေညာလွှာတွင် ကြေညာထားခြင်းမရှိသည့် တရုတ်နိုင်ငံထုတ် လျှပ်စစ်လုပ်ငန်းသုံးပစ္စည်း Switch & Socket အခု ၂၉၀၀ (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၉၀၀၀၀၀)ကိုလည်းကောင်း စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၇၁၁၅၇၉၉၀)ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။
May 27, 2024
၁။ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ငါးလုပ်ငန်းဦးစီးဌာနသည် မြန်မာ့ ပင်လယ်ငါးလုပ်ငန်းရေပြင်အတွင်း ငါးဖမ်းလုပ်ငန်းလုပ်ကိုင်ဆောင်ရွက်နေသော နိုင်ငံသားပိုင် ကမ်းဝေးငါးဖမ်းရေယာဉ်များနှင့် ကမ်းနီးငါးဖမ်းရေယာဉ်များအနေဖြင့် မုတ်သုံရာသီအတွင်း ရာသီဥတုဆိုးရွားချိန်များတွင် လှိုင်းဒဏ်၊ လေဒဏ်များ ခိုလှုံနိုင်ရန်အတွက် အောက်ဖော်ပြပါ တည်နေရာများ၌ ရာသီဥတုခိုလှုံနိုင်ပါကြောင်းကို (၂၆-၄-၂၀၂၄)ရက်စွဲပါ ညွှန်ကြားချက်အမှတ်၊ ၁/၂၀၂၄ ဖြင့် ထုတ်ပြန်ပေးထားပြီး ဖြစ်ပါသည်-
May 27, 2024
ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေတွင် ပြည်တွင်း ပြည်ပ ကျွမ်းကျင်ပညာရှင်များ၏ အကြံပြုချက်များနှင့် ကမ္ဘာ့အမွေအနှစ်စံနှုန်းများနှင့်အညီ ပြန်လည်တူးဖော်ပြုပြင်ထိန်းသိမ်းလျက်ရှိသော ပထမအဆင့် ရှေးဟောင်းရေကန် ၄၆ ကန်နှင့် ဒုတိယအဆင့် ရှေးဟောင်းရေကန် ၄၅ ကန်တို့အတွက် ပါဝင်လှူဒါန်းလိုပါက ညွှန်ကြားရေးမှူး၊ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန (စီမံ/ဘဏ္ဍာဌာနခွဲ)၊ နေပြည်တော်၊ ဖုန်း၊ ၀၉-၄၄၄၀၄၇၁၂၃၊ ၀၆၇- ၃၄၀၈၄၁၈၊ ညွှန်ကြားရေးမှူး၊ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန၊ ရန်ကုန်ဌာနခွဲ၊ ဖုန်း၊ ၀၉-၅၀၆၁၈၃၂ ၊ ၀၁-၇၅၁၃၈၉၇၊ ညွှန်ကြားရေးမှူး၊ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန၊ မန္တလေးဌာနခွဲ၊ ဖုန်း၊ ၀၉-၂၀၀၂၁၉၅၊ ၀၂-၄၀၆၀၀၆၁၊ ညွှန်ကြားရေးမှူး၊ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန၊ ပုဂံဌာနခွဲ၊ ဖုန်း၊ ၀၉-၂၀၀၁၉၀၆ ၊ ၀၆၁- ၂၄၆၀၂၆၉ တို့သို့လည်းကောင်း KBZ Bank NYAUNG OO BRANCH Account No- 06713906701442701 သို့လည်းကောင်း ပေးပို့ဆက်သွယ်လှူဒါန်းနိုင်ကြောင်း အသိပေးနှိုးဆော်အပ်ပါသည်။
