Jan 11, 2024
မွန်ပြည်နယ် ကျိုက်ထိုမြို့နယ်တွင် ငွေကျပ် ၁ ဒသမ ၇ ဘီလီယံကျော်တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၈ ဒသမ ၅၆ သိန်း ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။
Jan 11, 2024
တောင်ပိုင်းတိုင်းစစ်ဌာနချုပ် နယ်မြေအတွင်းရှိ နတ်သံကွင်းရဲစခန်းအား အကြမ်းဖက်သမားများ လာရောက်တိုက်ခိုက်သည့်ဖြစ်စဉ်တွင် စွမ်းစွမ်းတမံ ပါဝင်ဆောင်ရွက်ခဲ့ကြသည့် တပ်မတော်သားများနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များအား ဂုဏ်ပြုချီးမြှင့်ခြင်း အခမ်းအနားကို ယနေ့ နံနက်ပိုင်းတွင် တောင်ငူ လေတပ်စခန်းဌာနချုပ်၌ ကျင်းပသည်။
Jan 11, 2024
စက်မှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရင်မောင်ညွန့်သည် ဇန်နဝါရီ ၇ ရက် နံနက်ပိုင်းတွင် ရှမ်းပြည်နယ် တောင်ကြီးမြို့နယ်ရှိ အမှတ်(၂) သံမဏိစက်ရုံ (ပင်းပက်) သို့ သွားရောက် ကြည့်ရှုစစ်ဆေးသည်။
Jan 11, 2024
စစ်ရေးနှင့်သက်ဆိုင်ခြင်းမရှိသည့် ဘုရားစေတီပုထိုးများ၊ ဗုဒ္ဓဆင်းတုတော်များအား ဖျက်ဆီးစော်ကားနေသည့် အကြမ်းဖက်သောင်းကျန်းသူများအား ကန့်ကွက်ရှုတ်ချပွဲကို ယနေ့မွန်းလွဲပိုင်းတွင် ရန်ကုန်မြို့ မြို့တော်ခန်းမရှေ့ရှိ မဟာဗန္ဓုလပန်းခြံဘေး၌ ကျင်းပသည်။
Jan 11, 2024
မြန်မာနိုင်ငံသူ နိုင်ငံသားအားလုံး၊ ကမ္ဘာသူကမ္ဘာသားအားလုံး ကျန်းမာချမ်းသာပါစေကြောင်း ဆုတောင်းမေတ္တာပို့သအပ်ပါတယ်။ ဒီနေ့မှာတော့ ကျွန်တော်တို့ မြန်မာနိုင်ငံမှာ မြန်မာပြည်သူလူထု တစ်ရပ်လုံးရဲ့လူဦးရေရဲ့ ၈၀ ရာခိုင်နှုန်းကျော် ကမ္ဘာမှာလူဦးရေ သန်းငါးရာကျော်ရှိတဲ့ ဗုဒ္ဓဘာသာကို ရိုင်းစိုင်းစော်ကားဖျက်ဆီးတဲ့ အကြမ်းဖက်သောင်းကျန်းသူများ လုပ်ရပ်အကြောင်းကို ကမ္ဘာသူ ကမ္ဘာသားများ အားလုံးသိစေဖို့အတွက် တိုင်တည်အသိပေးလိုပါတယ်။ ကမ္ဘာသူကမ္ဘာသားများအားလုံး၊ ဘာသာရေးခေါင်းဆောင်များ
Jan 11, 2024
ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ပါမောက္ခ ဒေါက်တာသက်ခိုင်ဝင်းသည် ကချင်ပြည်နယ်အစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး ဦးသန့်ဇင်ကိုကို၊ ကုသရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာမြတ်ဝဏ္ဏစိုး၊ ကချင်ပြည်နယ် ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူး ဒေါက်တာတင့်နိုင်နှင့်အတူ ယနေ့မွန်းလွဲပိုင်းတွင် မြစ်ကြီးနားမြို့ သူနာပြုသင်တန်းကျောင်းသို့ ရောက်ရှိကာ သင်တန်းသား၊ သင်တန်းသူများနှင့် တွေ့ဆုံသည်။
Jan 11, 2024
သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်သည် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမျိုးအောင်၊ ဒုတိယဝန်ကြီး ဒေါ်နုမြဇံ၊ အမြဲတမ်းအတွင်းဝန်၊ တာဝန်ရှိသူများနှင့်အတူ ယနေ့တွင် ပုဂံယဉ်ကျေးမှု အမွေအနှစ်ဒေသရှိ ရှေးဟောင်းအဆောက်အအုံများ (ယာပုံ)၊ ရှေးဟောင်းရေကန်များ ပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်းများ ဆောင်ရွက်ထားရှိမှုကို လှည့်လည်ကြည့်ရှုစစ်ဆေးသည်။
Jan 11, 2024
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုးသည် ယနေ့မွန်းလွဲပိုင်းက မြစ်ကြီးနားမြို့ သမဝါယမဦးစီးဌာနရုံးသို့ သွားရောက်၍ ပြည်နယ်အဆင့်၊ ခရိုင်အဆင့်၊ မြို့နယ်အဆင့်ဝန်ထမ်းများနှင့် တွေ့ဆုံသည်။
Jan 11, 2024
၂၀၂၄ ခုနှစ်၊ (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့ အမျိုးသားရေးဦးတည်ချက်များ
Jan 11, 2024
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်သည် ယမန်နေ့ မွန်းလွဲ ၃ နာရီက ကချင်ပြည်နယ်အစိုးရအဖွဲ့ရုံးဝင်းရှေ့၌ ကျင်းပသည့် (၇၆) နှစ်မြောက် ကချင်ပြည်နယ် နေ့အထိမ်းအမှတ် ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံ ပန်းမန်ပြိုင်ပွဲ ဆုချီးမြှင့်ပွဲအခမ်းအနားသို့ တက်ရောက်၍ ဆုများပေးအပ်ချီးမြှင့်သည်။
Jan 11, 2024
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်သည် အာဆီယံဥက္ကဋ္ဌ၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် H. E. Mr. Alounkeo Kittikhoun ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား ယနေ့မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုဗဟိုဌာန၌ လက်ခံတွေ့ဆုံသည်။
Jan 11, 2024
ကချင်တိုင်းရင်းသားတို့၏ ရိုးရာယဉ်ကျေးမှု ဓလေ့ထုံးစံများကို အနုပညာဂီတလုပ်ငန်းဖြင့် ပိုမိုထုတ်ဖော်ပြသနိုင်ရေးအတွက် ကချင်ပြည်နယ် မြစ်ကြီးနားမြို့သို့ ရောက်ရှိနေသော နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင် ဒေါ်ဒွဲဘူနှင့် ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းတို့သည် ဇန်နဝါရီ ၁၀ ရက် နံနက်ပိုင်းတွင် ပြည်နယ်အစိုးရအဖွဲ့ရုံး ဧည့်ခန်းမ၌ ကချင်အနုပညာရှင်များအသင်း အဖွဲ့ချုပ်မှ တာဝန်ရှိသူများနှင့် တွေ့ဆုံခဲ့ကြသည်။
Jan 11, 2024
အာဆီယံဥက္ကဋ္ဌ၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် H. E. Mr. Alounkeo Kittikhoun ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့နှင့် NCA လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း (၇) ဖွဲ့တို့သည် ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုဗဟိုဌာန အစည်းအဝေးခန်းမ၌ တွေ့ဆုံသည်။
Jan 11, 2024
မြန်မာ့မတ်ပဲသည် အိန္ဒိယနိုင်ငံမှတစ်ဆင့် ပါကစ္စတန်နိုင်ငံအထိပင် ဈေးကွက်ရှိနေပြီး အဝယ်လိုက်နေကြောင်း မတ်ပဲရောင်းဝယ်ရေး လုပ်ငန်းဆောင်ရွက်နေသည့် အသိုင်းအဝိုင်းမှ သိရှိရသည်။
Jan 11, 2024
နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးဥက္ကဋ္ဌ ဦးအောင်ဇော်သိန်းသည် ယနေ့နံနက်ပိုင်းတွင် အင်ဒိုနီးရှားသမ္မတနိုင်ငံ ဖွဲ့စည်းပုံအခြေခံ ဥပဒေဆိုင်ရာတရားရုံးက အွန်လိုင်းဖြင့် ကျင်းပပြုလုပ်သည့် ၂၀၂၃ ခုနှစ် နှစ်ပတ်လည်အစီရင် ခံစာတင်ပြခြင်းနှင့် Legal Year 2024 ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်သည်။
Jan 11, 2024
ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေသည် အာဆီယံဥက္ကဋ္ဌ၏ မြန်မာနိုင်ငံဆိုင်ရာအထူးကိုယ်စားလှယ် H.E. Alounkeo Kittikhoun ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား ယနေ့ နံနက် ၁၁ နာရီခွဲ တွင် နေပြည်တော်ရှိ PARK ROYAL ဟိုတယ် နီလာခန်းမ၌ တွေ့ဆုံသည်။
Jan 11, 2024
(၇၆) နှစ်မြောက် စိန်ရတုကချင်ပြည်နယ်နေ့ အထိမ်းအမှတ်အခမ်းအနားကို ယနေ့နံနက် ၈ နာရီတွင် ကချင်ပြည်နယ်အစိုးရအဖွဲ့ရုံးဝင်းရှေ့မြက်ခင်းပြင်၌ စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်သည်။
Jan 11, 2024
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် အာဆီယံဥက္ကဋ္ဌ၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်ဖြစ်သူ H.E. Mr. Alounkeo Kittikhoun အား ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး သံတမန်ဆောင်ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။
Jan 11, 2024
အားကစားသည် ကျန်းမာကြံ့ခိုင်စေသည့်အပြင် အားကစားသမားရော အားပေးကြသူများပါ စိတ်ဓာတ်ခွန်အားမြင့်မားစေသည့် ကဏ္ဍတစ်ခုဖြစ်သည်။ အားကစားအောင်မြင်မှုဖြင့် စိတ်ဓာတ်ခွန်အားမြင့်မားလာကြသလို နိုင်ငံ့ဂုဏ်လည်းမြင့်မားပြီး တိုင်းပြည်နှင့်လူမျိုးအတွက် ခွန်အားများဖြစ်စေသည်။ ထို့ကြောင့် နိုင်ငံတော်က အားကစားကဏ္ဍကို မြှင့်တင်အားပေးလျက်ရှိရာ အားကစားသမားကောင်းများ စဉ်ဆက်မပြတ်ပေါ်ထွန်းနေသည်။
Jan 11, 2024
တိုင်းရင်းသားအားလုံးတို့သည် မိမိတို့၏ ကောင်းမြတ်သော အစဉ်အလာများကို အစဉ်အမြဲ ထိန်းသိမ်းစောင့်ရှောက်သွားမည်ဆိုပါက ပြည်ထောင်စုကြီးစည်းလုံးညီညွတ်စွာဖြင့် အရှည်တည် တံ့ခိုင်မြဲနေမည်
