Skip to main content

Jan 12, 2024

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန သမဝါယမဦးစီးဌာန သမဝါယမစာရင်းရေးစာရင်းကိုင် သက်မွေးပညာသင်တန်းကျောင်း (မကွေး၊ မန္တလေး၊ တောင်ကြီး၊ မော်လမြိုင်၊ ပုသိမ်) မှ လေ့လာရေးခရီးလာရောက်ကြသည့် ကျောင်းသားကျောင်းသူများအား တွေ့ဆုံပွဲအခမ်းအနားကို ယနေ့မွန်းလွဲပိုင်းက သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ရုံးအမှတ် (၁၆)၌ ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဦးလှမိုး၊ ဒုတိယဝန်ကြီးဦးမြင့်စိုး၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ၊ သက်မွေးပညာသင်တန်းကျောင်းများမှ ကျောင်းအုပ်ကြီးများ၊ ကြီးကြပ်သူဆရာဆရာမများနှင့် ကျောင်းသားကျောင်းသူ ၁၅၃ ဦး တက်ရောက် ကြသည်။

ဆက်လက်ဖတ်ရှုရန်

Jan 12, 2024

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနသည်  သမဝါယမစာရင်းရေးစာရင်းကိုင် သက်မွေးပညာသင်တန်းကျောင်းများကို မကွေး၊ မန္တလေး၊ မော်လမြိုင်၊ တောင်ကြီးနှင့် ပုသိမ်မြို့များတွင်ဖွင့်လှစ်၍ သမဝါယမနှင့် စာရင်းရေးစာရင်းကိုင်ပညာရပ်များ သင်ကြားပို့ချပေးလျက်ရှိရာ ၎င်းကျောင်းများတွင် တက်ရောက်သင်ယူနေကြသော ကျောင်းသား ကျောင်းသူများအနေဖြင့် အချင်းချင်း ခင်မင်ရင်းနှီးမှုရရှိစေရန်၊ စာတွေ့လက်တွေ့လုပ်ငန်းများအပြင် ဒေသန္တရဗဟုသုတများ ရရှိစေရန်၊ တိုင်းရင်း သားစည်းလုံးညီညွတ်ရေးစိတ်ဓာတ်၊ ပြည်ထောင်စုစိတ်ဓာတ်များ ရှင်သန်ထက်မြက်လာစေရန်ရည်ရွယ်လျက် နေပြည်တော်နှင့်ပတ်ဝန်းကျင် လေ့လာရေး ခရီးစဉ်များ စီစဉ်ဆောင်ရွက်ပေးခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Jan 12, 2024

ဗုဒ္ဓဘာသာသည် ခရစ်တော်မပေါ်မီ (ဘီစီ) ၅၈၈ တွင် ပေါ်ထွန်းခဲ့ခြင်းဖြစ်ရာ နှစ်ပေါင်း ၂၆၀၀ ခန့် ကြာမြင့်ခဲ့ပြီဖြစ်သည်။ အိန္ဒိယတိုက်ငယ်မှစတင် ပေါ်ထွန်းလာခဲ့သည့် ဗုဒ္ဓဘာသာသည် လူသားတို့ယုံကြည်ကိုးကွယ်ရာ ဘာသာတရားတစ်ခုအဖြစ် အာရှနှင့်ကမ္ဘာ့ဒေသအချို့သို့ ပျံ့နှံ့ရောက်ရှိခဲ့သလို နှစ်ပရိစ္ဆေဒများစွာ ကြာမြင့်ခဲ့ပြီဖြစ်သည်။ ဘာသာရေးသမိုင်းတစ်လျှောက် နိမ့်တုံ၊ မြင့်တုံလောကဓမ္မကို ကြိမ်ဖန်များစွာ ကြုံတွေ့ဖြတ်သန်းခဲ့ရသည်။ ဂေါတမဗုဒ္ဓမြတ်စွာဘုရား သက်တော်ထင်ရှားရှိစဉ်ကာလမှာရော ဗုဒ္ဓမြတ်စွာ ပရိနိဗ္ဗာန်စံပြီးသည့်နောက်တွင်ပါ ဗုဒ္ဓဘာသာသည်လည်းကောင်း၊ ယုံကြည်ကိုးကွယ်သူဗုဒ္ဓဘာသာဝင်များသည်လည်းကောင်း၊ ဗုဒ္ဓသာသနိကဆိုင်ရာ စေတီ ပုထိုး ဘုရားဆင်းတု ကျောင်းကန်ဇရပ်များသည်လည်းကောင်း သတ်ဖြတ်ညှဉ်းပန်း နှိပ်စက်ဖျက်ဆီးမှုများ အကြိမ်ကြိမ်ခံခဲ့ကြရဖူးသည်မှာ မျက်မှောက်ခေတ်ကာလထိတိုင်ဖြစ်သည်။

ဆက်လက်ဖတ်ရှုရန်

Jan 11, 2024

စစ်ရေးဖြင့်သက်ဆိုင်ခြင်းမရှိသည့် ဘုရားစေတီပုထိုးများ၊ ဗုဒ္ဓဆင်းတုတော်များအား ဖျက်ဆီးစော်ကားနေသည့် အကြမ်းဖက်သောင်းကျန်းသူများအား ကန့်ကွက်ရှုတ်ချပွဲကို ယနေ့မွန်းလွဲပိုင်းတွင် ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့ရှိ လွတ်လပ်ရေး ပန်းခြံကျောက်တိုင်ကွင်း၌ ကျင်းပပြုလုပ်သည်။

ဆက်လက်ဖတ်ရှုရန်

Jan 11, 2024

နှစ်စဉ်ကျင်းပမြဲဖြစ်ပြီး ကရင်တိုင်းရင်းသားလူမျိုးများ၏ နေ့ထူးနေ့မြတ်တစ်နေ့ဖြစ်သော ကရင်သက္ကရာဇ် (၂၇၆၃) ခုနှစ် ပြာသိုလဆန်း(၁)ရက်နေ့တွင်ကျရောက်သော ကရင်အမျိုးသားနှစ်သစ်ကူးနေ့အခမ်းအနားနှင့် ကရင်ရိုးရာကောက်သစ်စားပွဲကို ယနေ့နံနက်ပိုင်းက ဘားအံမြို့၊ သီရိကွင်း၌ စည်ကားသိုက်မြိုက်စွာကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Jan 11, 2024

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ဒုတိယဝန်ကြီးချုပ်နှင့် ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးတင်အောင်စန်းသည် နိုင်ငံတော်ကောင်စီအဖွဲ့ဝင်များ၊ ပြည်ထောင်စုဝန်ကြီးများ၊ ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူးတို့နှင့်အတူ ယနေ့နံနက် ၈ နာရီက မြစ်ကြီးနားမြို့ ရှမ်းစုမြောက်ရပ်ကွက်အတွင်းရှိ ဓမ္မရက္ခိတဝန်းသိုကျောင်းတိုက်၌ မြစ်ကြီးနားမြို့နယ်အတွင်းရှိ ဗုဒ္ဓဘာသာဘုန်းတော်ကြီးကျောင်းများအတွက် ဆန်၊ ဆီနှင့် အလှူငွေများ လှူဒါန်းကြသည်။

ဆက်လက်ဖတ်ရှုရန်

Jan 11, 2024

(၇၆)နှစ်မြောက် ကချင်ပြည်နယ်နေ့ အခမ်းအနားများ တက်ရောက်ရန် မြစ်ကြီးနားမြို့သို့ ရောက်ရှိနေသော နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒေါ်ဒွဲဘူသည် ဇန်နဝါရီ ၁၁ ရက် မွန်းလွဲ ၂ နာရီတွင် မြစ်ကြီးနားမြို့ ပြည်သူ့အားကစားကွင်းအတွင်းရှိ မိုးလုံလေလုံအားကစားခန်းမ၌ ကျင်းပပြုလုပ်သည့် (၇၆)နှစ်မြောက် ကချင်ပြည်နယ်နေ့ အထိမ်းအမှတ်ဂုဏ်ထူးဆောင်လက်မှတ်၊ ဂုဏ်ထူးဆောင်ဆုပစ္စည်းများနှင့် မှတ်တမ်းတင်ဂုဏ်ပြုလွှာရရှိသူများအား ဆုများအပ်နှင်းချီးမြှင့်ပွဲအခမ်းအနား တတိယနေ့သို့ တက်ရောက်သည်။

ဆက်လက်ဖတ်ရှုရန်

Jan 11, 2024

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြမြို့နယ်၊ မြစိမ်းရောင်တောင်တော်၌ကျင်းပသည့် “ထူးချင်ဖူးစမ်း မြစိမ်းရောင်ပြခန်း” ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက အ‌ဆိုပါတောင်တော်၌ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် မန်းငြိမ်းမောင်၊ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ အနောက်တောင် တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာများနှင့် ဒေသခံကရင်တိုင်းရင်းသား၊ တိုင်းရင်းသူများတက်ရောက်ခဲ့ကြသည်။

ဆက်လက်ဖတ်ရှုရန်

Jan 11, 2024

ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့တွင် ဇန်နဝါရီ ၉ ရက်နေ့က လုံခြုံရေးတပ်ဖွဲ့ဝင်များမှ လူသားဒိုင်းကာအဖြစ်ခေါ်ဆောင်သွားသည့် အရပ်သား ၃ ဦးကို ပစ်သတ်ခဲ့ကြောင်း သတင်းတု၊ သတင်းအမှားများကို လူမှုကွန်ရက်စာမျက်နှာများတွင် မဟုတ်မမှန် ရေးသားဖြန့်ဝေနေသည်ကို တွေ့ရှိရသည်။

ဆက်လက်ဖတ်ရှုရန်

Jan 11, 2024

တနင်္သာရီတိုင်းဒေသကြီး၊ မြိုတ်မြို့၊ မြိတ်တောင်ကျေးရွာအုပ်စု၊ ကလွင်ကျေးရွာအုပ်စုနှင့် ရေပုန်းကျေးရွာအုပ်စုတို့ရှိ ရပ်ကွက်များတွင် ၂၀၂၃ ခုနှစ် ဒီဇင်ဘာလမှစတင်၍ လုံခြုံရေးဆောင်ရွက်ရန် အရပ်သားများကို နေ့စားစနစ်ဖြင့် တပ်မတော်မှခေါ်ယူနေကြောင်း ကောလာဟလသတင်းအမှားများကို တရားမဝင်ပြည်ဖျက်မီဒီယာများက လူမှုကွန်ရက်စာမျက်များတွင် မဟုတ်မမှန်ရေးသားဖြန့်ဝေနေသည်ကို တွေ့ရှိရသည်။

ဆက်လက်ဖတ်ရှုရန်

Jan 11, 2024

မန္တလေးတိုင်းဒေသကြီး၊ မတ္တရာမြို့နယ်၊ ဆောက်ချုံပေါက်ကျေးရွာအတွင်းသို့ လုံခြုံရေးတပ်ဖွဲ့ဝင်များက ဇန်နဝါရီ ၉ ရက်နေ့တွင် ပစ်ခတ်ဝင်ရောက်ပြီး မီးရှို့ဖျက်ဆီးခြင်းကြောင့် နေအိမ် ၁၀ လုံးကျော် မီးလောင်ပျက်စီးခဲ့ကြောင်း တရားမဝင်ပြည်ဖျက်မီဒီယာများက ကောလာဟလ သတင်းအမှားများကို လုပ်ကြံရေးသားပြီး လူမှုကွန်ရက်စာမျက်နှာများတွင် မဟုတ်မမှန်ရေးသားဖြန့်ဝေနေသည်ကို တွေ့ရှိရသည်။

ဆက်လက်ဖတ်ရှုရန်

Jan 11, 2024

ဗုဒ္ဓဘာသာအပေါ် ဖျက်ဆီးရန်လုပ်ဆောင်နေမှုများ၊ ဘုရားစေတီပုထိုးများ၊ ဗုဒ္ဓဆင်းတုတော်များအား ဖျက်ဆီးစော်ကားနေသည့် အကြမ်းဖက်သောင်းကျန်းသူများအား ကန့်ကွက်ရှုတ်ချပွဲကို ယနေ့မွန်းလွဲပိုင်းတွင် လားရှိုးမြို့ ၊ လွတ်လပ်ရေးပန်းခြံ၌ ပြုလုပ်သည်။

ဆက်လက်ဖတ်ရှုရန်

Jan 11, 2024

၁။ ကျန်းမာရေးဝန်ကြီးဌာနအောက်ရှိ ဆေးသုတေသနဦးစီးဌာနသည် အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာနမှ ပေးပို့သော ကိုဗစ်-၁၉ ရောဂါ ဓာတ်ခွဲအတည်ပြုလူနာများ၏ ဓာတ်ခွဲနမူနာ (၁၈)ခုကို ၂၈-၁၂-၂၀၂၃ ရက်နေ့မှစ၍ မျိုးဗီဇတစ်ခုလုံးစစ်ဆေးမှု(Whole Genome Sequencing)ကို ဆောင်ရွက်ခဲ့ရာ ဓာတ်ခွဲနမူနာ(၁၆)ခုတွင် ကိုဗစ်-၁၉ ရောဂါ ဗီဇပြောင်းမျိုးကွဲများ တွေ့ရှိခဲ့ရပြီး စင်ကာပူနိုင်ငံမှ ပြန်လည်ရောက်ရှိပြီးနောက် ရောဂါပိုးတွေ့ရှိသူများထံမှ ဓာတ်ခွဲနမူနာ(၃)ခုနှင့် ပြည်တွင်းကူးစက်မှုများမှ ရောဂါပိုးတွေ့ရှိသူများထံမှ ဓာတ်ခွဲနမူနာ(၁၃)ခုတို့ဖြစ်ပါသည်။

ဆက်လက်ဖတ်ရှုရန်

Jan 11, 2024

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမြင့်စိုးသည် တာဝန်ရှိသူများ နှင့်အတူ ယမန်နေ့ညနေပိုင်းက နေပြည်တော်ကောင်စီနယ်မြေ လယ်ဝေးမြို့နယ် အသေးစားစက်မှု လက်မှုလုပ်ငန်းဦးစီးဌာနတွင် လုပ်ငန်းမှတ်ပုံတင်ကာ တန်ဖိုးမြင့်စားသောက်ကုန်များ ထုတ်လုပ်နေသော ဥယျာဉ်စုကျေးရွာအုပ်စု မြို့ကုန်းကျေးရွာရှိ စောနေလ စိုက်ပျိုးရေးနှင့် စားသောက်ကုန်ထုတ်လုပ်ဖြန့်ချိရေး လုပ်ငန်းသို့ သွားရောက်ကြည့်ရှု အားပေးသည်။

ဆက်လက်ဖတ်ရှုရန်

Jan 11, 2024

ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဖြိုးဇော်စိုးသည် ယနေ့မွန်းလွဲပိုင်း တွင် ချောင်းသာမြို့သို့သွားရောက်၍ ချောင်းသာကမ်းခြေဒေသရှိ ဌာနဆိုင်ရာများ၊ ဟိုတယ်ခရီးသွားလုပ်ငန်းရှင်များနှင့် ဆက်စပ်လုပ်ငန်းလုပ်ကိုင်နေသူ များကို Azura Hotel ၌ တွေ့ဆုံသည်။

ဆက်လက်ဖတ်ရှုရန်

Jan 11, 2024

၁။ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန လူမှုဝန်ထမ်းဦးစီးဌာနသည် ၂၀၂၄ ခုနှစ် မတ်လ ၈ ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့ကို ဂုဏ်ပြုသောအားဖြင့် အလွတ်တန်းဆောင်းပါးပြိုင်ပွဲကို “အရှိန်အဟုန်ဖြင့်တိုးတက်ရေး အမျိုးသမီးများတွင် မြှုပ်နှံပေး” ခေါင်းစဉ်ဖြင့် ကျင်းပသွားမည်ဖြစ်ပါသည်။

ဆက်လက်ဖတ်ရှုရန်

Jan 11, 2024

ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ‌ဇော်မြင့်သည် ယနေ့နံနက်ပိုင်းတွင် ရန်ကုန်နိုင်ငံခြား ဘာသာတက္ကသိုလ် နှစ် (၆၀) ပြည့် အခမ်းအနားသို့ တက်ရောက်ကာ ကျောင်းသားကျောင်းသူများ၏ အထူးပြုဘာသာစကားအလိုက် ရိုးရာအစားအစာနှင့် အမှတ်တရပစ္စည်းအရောင်းဆိုင်ခန်းများကို လှည့်လည်ကြည့်ရှုအားပေးသည်။

ဆက်လက်ဖတ်ရှုရန်

Jan 11, 2024

မြန်မာအထူးစီးပွားရေးဇုန်ဆိုင်ရာ ဗဟိုအဖွဲ့၏ (၁/၂၀၂၄) ကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲ ၁ နာရီခွဲတွင် နေပြည်တော်ရှိ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ညီလာခံခန်းမ၌ ကျင်းပရာ မြန်မာအထူးစီးပွားရေးဇုန်ဆိုင်ရာ ဗဟိုအဖွဲ့ဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း တက်ရောက်အမှာစကားပြောကြားသည်။

ဆက်လက်ဖတ်ရှုရန်

Jan 11, 2024

ရန်ကုန်မြို့နှင့် မန္တလေးမြို့အတွက် ရည်ညွှန်းလက်ကားဈေးနှုန်းများနှင့် ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ တိုင်းဒေသကြီး/ ပြည်နယ် မြို့တော်များအတွက် ရည်ညွှန်းလက်လီဈေးနှုန်းများ

ဆက်လက်ဖတ်ရှုရန်

Jan 11, 2024

နယ်စပ်ရေးရာဝန်ကြီးဌာနမှ ဝန်ထမ်းများ၏ ပြည်ပနိုင်ငံများသို့ သွားရောက်ခဲ့မှုနှင့် သင်တန်းများ တက်ရောက်ခဲ့မှုအပေါ် အတွေ့အကြုံရှင်းလင်းတင်ပြခြင်းအခမ်းအနားကို ယမန်နေ့ မွန်းလွဲပိုင်းတွင် နယ်စပ်ရေးရာ ဝန်ကြီးဌာန စုပေါင်းခန်းမ၌ကျင်းပရာ ဒုတိယဝန်ကြီး ဗိုလ်ချုပ်ဖြိုးသန့်၊ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ လက်ထောက်အတွင်းဝန်/ညွှန်ကြားရေးမှူးများ၊ ဝန်ကြီးရုံးနှင့် ဦးစီးဌာနများမှ အရာထမ်း၊ အမှုထမ်းများ တက်ရောက်ကြသည်။

ဆက်လက်ဖတ်ရှုရန်