အာဆီယံကို အသုံးချဖို့ ကြိုးစားနေတဲ့ အင်ဒိုနီးရှား
ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ် ဒီဇင်ဘာလ ၃၁ ရက်နေ့က အင်ဒိုနီးရှားပါလီမန်များ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ (BKSAP) လက်ထောက်ဥက္ကဋ္ဌဖြစ်သူ အာမတ် ဟာဖစ် တိုဟီ (Achmad Hafisz Thohir) က မြန်မာနိုင်ငံရှိ ဘင်္ဂါလီတွေနဲ့ (ရိုဟင်ဂျာလူမျိုးစုဆိုတဲ့ စကားရပ်ကို သုံးထားပါတယ်) ပတ်သက်လို့ ကမ္ဘာက အထူးသဖြင့် အာဆီယံနိုင်ငံတွေက ခိုင်ခိုင်မာမာအရေးယူဖို့ တောင်းဆိုခဲ့တာ တွေ့ရပါတယ်။ မြန်မာနိုင်ငံအပေါ် သာမန်ရှုတ်ချတာလောက်နဲ့ မလုံလောက်ဘဲ လက်တွေ့ကျတဲ့အဆင့်တွေကို ကမ္ဘာနဲ့ အာဆီယံက အရေးယူဆောင်ရွက်ရမယ်လို့ ဆိုပါတယ်။
