အကြားအာရုံချို့တဲ့သော ကလေးငယ်များအတွက် အတွင်းနားအကြားအာရုံနှိုးဆွစက် တပ်ဆင်ခြင်းလုပ်ငန်းအကြောင်း သိကောင်းစရာ
နား၊ နှာခေါင်း၊ လည်ချောင်း၊ ဦးခေါင်းနှင့် လည်ပင်းခွဲစိတ်အထူးကုဆေးရုံကြီး (ရန်ကုန်မြို့)သည် ခုတင် ၁၅၀ ဆံ့ အထူးကုသင်ကြားရေးဆေးရုံကြီးတစ်ရုံဖြစ်ပြီး မြန်မာတစ်နိုင်ငံလုံးမှ ညွှန်းပို့လာသော နား၊ နှာခေါင်း၊ လည်ချောင်း၊ ဦးခေါင်း၊ လည်ပင်းနှင့် ပတ်သက်သောရောဂါများကို ကုသမှုပေးလျက်ရှိရုံသာမက မွေးရာပါနားမကြားသော ကလေးငယ်များအား နားအကြားအာရုံနှိုးဆွစက် (Cochlear Implant–CI) ခွဲစိတ်တပ်ဆင်ပေးသော အဓိကဆေးရုံကြီးတစ်ရုံလည်းဖြစ်သည်။
