မြန်မာနှစ်သစ်ကူး နှုတ်ခွန်းဆက်မင်္ဂလာစကား
မြန်မာသက္ကရာဇ် ၁၃၈၄ ခုနှစ်ကုန်ဆုံး၍ ၁၃၈၅ ခုနှစ်သို့ရောက်ရှိပါပြီ။ မြန်မာနှစ်ဆန်း ၁ ရက်နေ့က နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က မြန်မာနှစ်သစ်ကူးနှုတ်ခွန်းဆက်မင်္ဂလာစကား ပြောကြားခဲ့သည်။ မင်္ဂလာစကားသည် ၁၃ မိနစ်ခန့်သာကြာမြင့်သော်လည်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၏ ပြည်သူအပေါ်သဘောထား၊ စေတနာ၊ ရှေ့သို့လှမ်းချီသည့်အခါ ဂရုပြုရမည့်အချက်များကိုပြည့်ပြည့်စုံစုံ ပြောကြားခဲ့သည်။ နားထောင်ရသည့် ပြည်သူတစ်ဦးအတွက် အတွေးများစွာရရှိခဲ့သည်။
