ကမ္ဘာ့မိုးလေဝသနေ့
၂ဝ၂ဝ ပြည့်နှစ် မတ်လ ၂၃ ရက်နေ့ဟာ ကမ္ဘာ့မိုးလေဝသနေ့ဖြစ်ပါတယ်။ ကမ္ဘာ့မိုးလေဝသ အဖွဲ့ချုပ်ကြီးနဲ့ အဖွဲ့ဝင်နိုင်ငံ အမျိုးသားမိုးလေဝသနဲ့ ဇလဗေဒဌာနများက ကမ္ဘာ့မိုးလေဝသနေ့ကို ကမ္ဘာ့မိုးလေဝသအဖွဲ့ချုပ်ကြီး တည်ထောင်ခဲ့တဲ့ အထိမ်းအမှတ်အဖြစ် ခမ်းနားထည်ဝါစွာ ကျင်းပလေ့ ရှိကြပါတယ်။ ဒီနှစ်မှာတော့ မတ်လ ၂၂ ရက်နေ့မှာ ကျရောက်မယ့် ကမ္ဘာ့ရေနေ့ (World Water Day ) နဲ့ ကမ္ဘာ့မိုးလေဝသနေ့ (World Meteorological Day) အခမ်းအနားကို ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့ ကမ္ဘာ့မိုးလေဝသ အဖွဲ့ချုပ်ရုံးမှာ ပူးတွဲကျင်းပကြမှာ ဖြစ်ပါတယ်။ ကမ္ဘာ့မိုးလေဝသနေ့ အခမ်းအနားများကို နှစ်စဉ်ကျင်းပရာမှာ လက်ရှိဖြစ်ပေါ်နေတဲ့ မိုးလေဝသ၊ ရာသီဥတုအခြေအနေများနှ