Skip to main content

မြန်မာနိုင်ငံတွင် ကျင်းပခဲ့သော ရွေးကောက်ပွဲများနှင့် စစ်မှန်၍စည်းကမ်းပြည့်ဝသော ပါတီစုံဒီမို ကရေစီစနစ်

ပါတီစုံဒီမိုကရေစီစနစ်ကို ကျင့်သုံးမည်ဆိုပါက ရွေးကောက်ပွဲများကျင်းပ၍ ဆောင်ရွက်ရမည်ဖြစ်သည်။ ရွေးကောက်ပွဲများ ကျင်းပပြုလုပ်၍ ဥပဒေပြုရေး၊ အုပ်ချုပ်ရေးတာဝန်များအတွက် ဆောင်ရွက်ကြမည့် ပါတီကိုယ်စားလှယ်များကို ပြည်သူ့ဆန္ဒဖြင့် ရွေးချယ်ကြခြင်းဖြစ်သည်။ ထိုသူများသည် နိုင်ငံတော်ကို စီမံအုပ်ချုပ်ကြရမည့်သူများ ဖြစ်ပါ သည်။ သို့ဖြစ်၍ ရွေးကောက်ပွဲတစ်ခုသည် တရားမျှတပြီး လွတ်လပ်၍မှန်ကန်မှု ရှိစေရန်အရေးကြီးပါသည်။ ရွေးကောက်ပွဲများသည် ဒီမိုကရေစီ၏ အသက်ခန္ဓာများဖြစ်သဖြင့် နိုင်ငံသားတိုင်း အလေးထားကြစေလိုပါသည်။ မိမိတို့ရရှိသည့် နိုင်ငံသားအခွင့်အရေးဖြင့် ဆန္ဒပြုရွေးချယ်လိုက်သည့် တန်ဖိုးမှာ မိမိနိုင်ငံတော်၏ ကံကြမ္မာဖြစ်ကြောင်း ဦးစွာတင်ပြအပ်ပါသည်။

ရွေးကောက်ပွဲကျင်းပရာတွင် စဉ်းစားသုံးသပ်သင့်သည့် ကြိုတင်မဲပေးခြင်းဆိုင်ရာ လုပ်ငန်းစဉ်များ

“ရွေးကောက်ပွဲများသည် ဒီမိုကရေစီအတွက်အခြေခံအုတ်မြစ်ဖြစ်သည် … ဒီမိုကရေစီရှင်သန် စေရေးအတွက် ရေသောက်မြစ်ဖြစ်သည် …ဒီမိုကရေစီဖြစ်ထွန်းရေးအတွက် ပင်စည်ပင်မဖြစ် သည် ...” ဟု မှတ်သားမိသည်။ ဒီမိုကရေစီအုပ်ချုပ်ရေးစနစ် ခိုင်မြဲရေးအတွက် ရွေးကောက်ပွဲ များသည် ဥပဒေနှင့်ညီညွတ်၍ လွတ်လပ်ပြီး တရားမျှတရမည်ဖြစ်သည်။

ရွေးကောက်ပွဲအတွက် မြန်မာအီလက်ထရွန်နစ်မဲပေးစက် (MEVM)

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အနေဖြင့် ကျင်းပမည့် ရွေးကောက်ပွဲများတွင် အီလက်ထရွန်နစ် မဲပေးစက် (Electronic Voting Machine – EVM) ကို အသုံးပြုနိုင်ရန် စီစဉ် ဆောင်ရွက်လျက်ရှိပါ သည်။ သက်ဆိုင်ရာလွှတ်တော် မဲဆန္ဒနယ်များရှိ မဲဆန္ဒရှင်ပြည်သူများ အနေဖြင့် ရွေးကောက်ပွဲတွင် မဲလက်မှတ်အသုံးပြုရန်မလိုဘဲ မဲပေး နိုင်တော့မည် ဖြစ်ပါသည်။

အခြေခံရွေးကောက်ပွဲစနစ်များအား လေ့လာခြင်း

အခြေခံအားဖြင့် ဒီမိုကရေစီရွေးကောက်ပွဲဆိုသည်မှာ အထွေထွေရွေးကောက်ပွဲတစ်ခုတွင် ဝင်ရောက် ယှဉ်ပြိုင်ကြသောပါတီများနှင့် ကိုယ်စားလှယ်လောင်း အသီးသီးအတွက် မဲဆန္ဒရှင်ပြည်သူလူထု၏ ထောက်ခံဆန္ဒမဲများကို သက်ဆိုင်ရာလွှတ်တော် အသီးသီး၏ ကိုယ်စားလှယ် နေရာများအဖြစ်သို့ ပြောင်းလဲပေးလိုက် ခြင်းဖြစ်သည်။ တစ်နည်းအားဖြင့် ပြည်သူလူထု၏ ကိုယ်စားပြုမှုကို ဖော်ဆောင် ပေးလိုက်ခြင်းပင် ဖြစ်သည်။

ရွေးကောက်တင်မြှောက်ခြင်းဆိုင်ရာ နိုင်ငံသားအခွင့်အရေးနှင့်တာဝန်

ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း(၁)နိုင်ငံတော်အခြေခံမူများ ပုဒ်မ ၇ တွင် နိုင်ငံတော်သည် စစ်မှန်၍ စည်းကမ်းပြည့်ဝသော ပါတီစုံဒီမိုကရေစီစနစ်ကို ကျင့်သုံးသည်ဟု ပြဋ္ဌာန်းထားသည်ဖြစ်ရာ ဒီမိုကရေစီအုပ်ချုပ်ရေးစနစ်နှင့် ဥပဒေပြုလွှတ်တော်များအတွက် ပါတီစုံရွေးကောက်ပွဲများကို ကျင်းပရလေ့ရှိသည်။ ရွေးကောက်ပွဲများမှတစ်ဆင့် ပြည်သူ့ကိုယ်စားလှယ်များကို ရွေးကောက်တင်မြှောက်၍ ကိုယ်စားပြုမှုကို ကျင့်သုံးရခြင်းဖြစ်သည်။ ဒီမိုကရေစီ၏ အခြေခံအကျဆုံး အနှစ်သာရကလည်း လွတ်လပ်ခြင်း၊ တရားမျှတခြင်းနှင့် ကိုယ်စားပြုခြင်းတို့ပင်ဖြစ်သည်။

ရွေးကောက်ပွဲနှင့် ပြည်သူ

ရွေးကောက်ပွဲဆိုသည်မှာ ပြည်သူ့ကိုယ်စားတာဝန်ထမ်းဆောင်ရန် လူဦးရေအများစုထောက်ခံမဲရသူ လူပုဂ္ဂိုလ်ကို စနစ်တကျ အများပါဝင်ဆုံးဖြတ်ဆောင်ရွက်ခြင်းဟု အဓိပ္ပာယ်ရှိလေသည်။ (An election is a formal group decisionmaking process by which a population chooses an individual to hold public office.)

ဥပဒေပြုရေးဆိုင်ရာ လွှတ်တော်ရွေးကောက်ပွဲများအပေါ် လေ့လာခြင်း

၁၉၀၈ ခုနှစ်တွင် ဗြိတိသျှတို့မှ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ကို ခွင့်ပြုခဲ့ပြီး ၁၉၀၉ ခုနှစ် အက်ဥပဒေကို ပြဋ္ဌာန်း၍ အုပ်ချုပ်ရေးကို စတင်ခဲ့သည်။ ဗြိတိသျှတို့၏ ယခင်ကိုလိုနီ နယ်ဟောင်းများဖြစ်သော “ကိတ်” နှင့် “နေတယ် ဒေသ၊ “ဘိုးအား’ နယ်မြေများ ဖြစ်သော “အာရိန့် ဖရီးစတိတ်” နှင့် “ထရန့်စ် ဗယ်” တို့ကိုပေါင်းစု၍ တောင်အာဖရိက ပြည်ထောင်စုနိုင်ငံ တည်ထောင်ခဲ့သည်။ ၁၉၀၉ ခုနှစ် အက်ဥပဒေသည် တောင်အာဖရိက ပြည်ထောင်စု (Union of South Africa) ဖွဲ့စည်းပုံအခြေခံဥပဒေ၏ အရင်းအမြစ် ဖြစ်ခဲ့သည်။ ၎င်းဥပဒေကို ဗြိတိသျှပါလီမန်မှ ပြဋ္ဌာန်းခြင်းဖြစ်သည်။

ဥပဒေပြုရေးဆိုင်ရာ လွှတ်တော်ရွေးကောက်ပွဲများအပေါ်လေ့လာခြင်း( တောင်ကိုရီးယားနိုင်ငံ)

(ဇွန် ၂၅ ရက်နေ့မှအဆက်) သမ္မတရွေးကောက်ပွဲများ သမ္မတရွေးကောက်ပွဲတွင် Plurality System ကို အသုံးပြုပြီး တစ်နိုင်ငံလုံးတွင် ဆန္ဒမဲအများဆုံးရရှိသည့် ကိုယ်စားလှယ်လောင်းက အနိုင်ရပါသည်။ ဝင်ရောက်ယှဉ်ပြိုင်သည့် ကိုယ်စားလှယ်လောင်း တစ်ယောက်တည်းရှိနေလျှင်သော်လည်း ရွေးကောက်ပွဲကျင်းပရပြီး ကိုယ်စားလှယ်လောင်းသည် သမ္မတအဖြစ် ရွေးချယ်တင်မြှောက်ခံ နိုင်ရန်အတွက် စုစုပေါင်းဆန္ဒမဲ၏ သုံးပုံတစ်ပုံထက် ကျော်လွန်ရရှိ ရမည်ဖြစ်သည်။ သမ္မတရွေးကောက်ပွဲများကို ၁၉၄၈ ခုနှစ်မှ စတင်ကျင်းပခဲ့ပြီး ၁၉၄၈၊ ၁၉၅၂၊ ၁၉၅၄၊ ၁၉၅၆၊ ၁၉၆၀၊ ၁၉၆၃၊ ၁၉၆၇၊ ၁၉၇၁၊ ၁၉၇၂၊ ၁၉၇၈၊ ၁၉၇၉၊ ၁၉၈၀၊ ၁၉၈၇၊ ၁၉၉၂၊ ၁၉၉၇၊ ၂၀၀၂၊ ၂၀၀၇၊ ၂၀၁၂၊ ၂၀၁၇ ခုနှစ်တို့တွင် ကျင်းပခဲ့ပြီး ၂၀၂၂ ခုနှစ်တွင် ထပ်မံကျင်းပမည် ဖြစ်ပါသည်။ သမ္မတသည် သက်တမ်းတစ်ကြိမ်သာ ရွေးချယ်ခံခွင့် ရှိပါသည်။

ဥပဒေပြုရေးဆိုင်ရာ လွှတ်တော်ရွေးကောက်ပွဲများအပေါ် လေ့လာခြင်း (တောင်ကိုရီးယားနိုင်ငံ)

တောင်ကိုရီးယားနိုင်ငံသည် အရှေ့အာရှတွင်ပါဝင်ပြီး ကိုရီးယား ကျွန်းဆွယ်၏ တောင်ဘက်ပိုင်းဖြစ်ကာ အနောက်ဘက်တွင် တရုတ် နိုင်ငံ၊ အရှေ့ဘက်တွင် ဂျပန်နိုင်ငံနှင့် မြောက်ဘက်တွင် မြောက် ကိုရီးယားနိုင်ငံတို့နှင့် ထိစပ်လျက်ရှိသည်။ ၂၀၁၉ ခုနှစ် ကိန်းဂဏန်း များအရ စုစုပေါင်းလူဦးရေ ၅၁၇၀၉၀၉၈ ဦး ရှိပါသည်။ မြို့တော်မှာ ဆိုးလ်ဖြစ်ပြီး လူဦးရေ ၂၅ သန်းကျော် (နိုင်ငံလူဦးရေ စုစုပေါင်း၏ ထက်ဝက်ခန့်) နေထိုင်လျက်ရှိပါသည်။ တောင်ကိုရီးယားနိုင်ငံသည် အာရှကျားလေးကောင် သို့မဟုတ် နဂါးလေးကောင်အဖြစ် စင်ကာပူ၊ ထိုင်ဝမ်၊ ဟောင်ကောင်တို့နှင့်အတူ ပူးတွဲသတ်မှတ်ခံရသည့် အာရှတိုက်၏ စီးပွားရေးအင်အားကြီး နိုင်ငံတစ်နိုင်ငံဖြစ် ပါသည်။ တောင်ကိုရီးယားနိုင်ငံသမ္မတသည်တောင်ကိုရီးယားဖွဲ့ စည်းပုံအခြေခံ ဥပဒေအရ နိုင်ငံ့ခေါင်းဆောင်၊ အစိုးရအဖွဲ့ ခေါင်းဆောင်၊ ကာကွယ်ရေး ဦးစီးချုပ် ဖြစ်သည်။ လက်ရှိသမ္မတမှာ မွန်းအင်း ဖြစ်သည်။

၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲနှင့်အတူ (၉) ရွေးကောက်ပွဲနှင့် မဟာဗျူဟာစီမံကိန်း

လုပ်ငန်းတစ်ခုအောင်မြင်အောင် ဆောင်ရွက်နိုင်ဖို့ဆိုလျှင် လုပ်ငန်းအစီအစဉ် တွေ ချမှတ်ရသည်။ စီမံချက်တွေ ရေးဆွဲရသည်။ ကြီးမားလှသော လုပ်ငန်း ကြီးများကို ဆောက်ရွက်ရသည့်အခါမှာတော့ သာမန်စီမံချက်များ ရေးဆွဲ ချမှတ်ရုံလောက်နှင့် မပြည့်စုံနိုင်။ စီမံကိန်းများ ရေးဆွဲရသည်။ ၂၀၂၀ ပြည့်နှစ် အတွင်းကျင်းပမည့် အထွေထွေရွေးကောက်ပွဲကြီးသည် တစ်နိုင်ငံလုံးအတိုင်း အတာနှင့် လွှတ်တော်အသီးသီး၏ မဲဆန္ဒနယ်များအားလုံးတွင် ကျင်းပသွား မည်။ ကြီးမားလှသော လုပ်ငန်းစဉ်ကြီးဖြစ်သည်။ ထို့ကြောင့် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က မဟာဗျူဟာစီမံကိန်းကို ရေးဆွဲချမှတ်ထားရှိ သည်။ အနှစ်ချုပ်မျှဝေပါရစေ။

Subscribe to ရွေးကောက်ပွဲ