ပြည်ထောင်စု၏ ဗိသုကာ
နေရာအားဖြင့် နေပြည်တော် ပျဉ်းမနား-တောင်ညိုလမ်းနှင့် ရာဇသင်္ဂဟလမ်းဆုံရာ သပြေကုန်းအဝိုင်းတွင်ဖြစ်၏။ သပြေကုန်း အဝိုင်းသည် နေပြည်တော်ရှိအဝိုင်းများတွင် အမြင်အားဖြင့် နေ့နေ့ညည အလှဆုံးအဝိုင်းဖြစ်၏။ အဝိုင်း၏ ပတ်လည်ကို ကုန်းမြင့်များက ကာရံထားသကဲ့သို့ရှိ၏။ ထိုကုန်းမြင့်များရှိ သဘာဝပေါက်ပင်များနှင့် လူတို့ဖန်တီးထားသည့် ပန်းအလှပင်တို့၏ ရောနှောနေသည့်အလှမှာ အဝိုင်း၏အလှကို အရည်တက်စေသကဲ့သို့ရှိ၏။ ဤနေ့တွင်ကား သပြေကုန်းအဝိုင်း၏အလှသည် အလှတွင် အယဉ်ဆင့် ဆိုသကဲ့သို့ တင့်တယ်ခြင်းအကြောင်းက ထပ်ပိုး၍လာပြန်ချေသည်။