Skip to main content

Sep 30, 2023

၂၀၂၃ ခုနှစ် အောက်တိုဘာလတွင်ကျင်းပမည့် အပြည်ပြည်ဆိုင်ရာ သဘာဝဘေးအန္တရာယ်ထိခိုက် ဆုံးရှုံးနိုင်ခြေလျှော့ချရေးနေ့ (International Day for Disaster Risk Reduction – IDDRR) အထိမ်း အမှတ် အခြေခံပညာအထက်တန်းနှင့် အလယ်တန်းအဆင့်စာစီစာကုံးပြိုင်ပွဲနှင့် ပန်းချီပြိုင်ပွဲကို ယနေ့ နံနက်ပိုင်းက နေပြည်တော်ကောင်စီနယ်မြေ ဇမ္ဗူသီရိမြို့နယ် အမှတ်(၉)အခြေခံပညာ အထက်တန်းကျောင်း၌ကျင်းပရာ နေပြည်တော်ကောင်စီ နယ်မြေအတွင်းရှိ အခြေခံပညာကျောင်းများအနက် ၃၃ ကျောင်းမှ ကျောင်းသား ကျောင်းသူ ၁၈၁ ဦးတို့က “ဘေးဒဏ်ကြံ့ကြံ့ခံနိုင်ဖို့၊ မညီမျှမှုတွေ တိုက်ဖျက်စို့” “Fighting Inequality For A Resilient Future” ခေါင်းစဉ်ဖြင့် ပါဝင်ယှဉ်ပြိုင်ကြသည်။

ဆက်လက်ဖတ်ရှုရန်

Sep 30, 2023

မဲခေါင်-လန်ချန်း MSME များ ဒစ်ဂျစ်တယ်ကျွမ်းကျင်မှုဆိုင်ရာ အဆင့်မြှင့်တင်နိုင်ရန် စွမ်း ဆောင်ရည် ဖွံ့ဖြိုးတိုးတက်ရေး သင်တန်းဆင်းပွဲ အခမ်းအနားကို ယနေ့ညနေပိုင်းတွင် နေပြည်တော်ရှိ သင်္ဂဟဟိုတယ်၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Sep 30, 2023

နိုင်ငံတော်အစိုးရအနေဖြင့် ကော်ဖီထုတ်လုပ်တင်ပို့ခြင်းမှ နိုင်ငံခြားဝင်ငွေရရှိနိုင်မှုနှင့် လုပ်ငန်းရှင်များအတွက် စီးပွားရေးတွက်ခြေကိုက်မှု အလားအလာကောင်းများကို မှန်းဆပြီး ကော်ဖီ စိုက်ပျိုးထုတ်လုပ်ခြင်းလုပ်ငန်းအပေါ် ဘက်ပေါင်းစုံမှ အားပေးဆောင်ရွက်လျက်ရှိကြောင်း၊ ဈေးကွက်၏ စံသတ်မှတ်ချက်များ၊ ကုန်သွယ်မှုဆိုင်ရာ ဥပဒေစည်းမျဉ်းစည်းကမ်းများအပါအဝင် ရင်ဆိုင်ကြုံတွေ့ရနိုင်သည့် အခြေအနေများအပေါ် ကော်ဖီတောင်သူများ၊ ကော်ဖီလုပ်ငန်းရှင်များ၊ ကော်ဖီအသင်းအဖွဲ့များအနေဖြင့် မှန်ကန်မျှတစွာ ရှုမြင်သုံးသပ်ပြီး မိမိတို့၏ ရေရှည်အကျိုး စီးပွားဖြစ်ထွန်းအောင်မြင်ရေး ကြိုးပမ်းကြစေလိုကြောင်း ယနေ့နံနက်ပိုင်းက စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည့် ကော်ဖီစိုက်ပျိုးထုတ်လုပ်မှုဖွံ့ဖြိုးတိုးတက်ရေး အလုပ်ရုံဆွေးနွေးပွဲတွင် ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်က ပြောကြားသည်။

ဆက်လက်ဖတ်ရှုရန်

Sep 30, 2023

ပြည်ထောင်စုအစိုးရအဖွဲ့ရုံး  ဝန်ကြီးဌာန(၂) ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်သည် ရုရှား-မြန်မာ ချစ်ကြည်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးအသင်းဥက္ကဋ္ဌ မစ္စတာအန်နာသိုလီဘူးလော့ချ်နိကော့ (ဦးလွင်) ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့ကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ  ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန(၂)၌ လက်ခံတွေ့ဆုံသည်။

ဆက်လက်ဖတ်ရှုရန်

Sep 28, 2023

ကမ္ဘာ့ခရီးသွားလုပ်ငန်း အဖွဲ့ချုပ် (UNWTO)နှင့် ဆော်ဒီအာရေဗျ နိုင်ငံတို့ပူးပေါင်း၍ ဆော်ဒီအာရေဗျ နိုင်ငံ၏မြို့တော် Riyadh (ရီရတ်ဒ်) မြို့၌ အိမ်ရှင်အဖြစ် လက်ခံကျင်းပ သည့် ယနေ့တွင် ကျရောက်သော ကမ္ဘာလုံးဆိုင်ရာ ကမ္ဘာ့ခရီးသွားလုပ်ငန်းနေ့ အထိမ်းအမှတ် အခမ်းအနားနှင့် စက်တင်ဘာ ၂၈ ရက်တွင် ကျင်းပမည့် ခရီးသွား လုပ်ငန်းဆိုင်ရာ ဦးဆောင်သူ များဖိုရမ်သို့ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်ဦးဆောင်၍ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်သံရုံး (ရီရတ်ဒ်)မြို့မှ သံအမတ်ကြီး ဦးတင်ယုတို့ပါဝင် တက်ရောက်ကြသည်။

ဆက်လက်ဖတ်ရှုရန်

Sep 28, 2023

ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော်သည် ရုရှား-မြန်မာ ချစ်ကြည်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးအသင်းဥက္ကဋ္ဌ မစ္စတာအန်နာသိုလီဘူးလော့ချ်နိကော့ ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား ယနေ့နံနက် ၈ နာရီခွဲတွင် နေပြည်တော်ရှိ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေး ဝန်ကြီးဌာနရုံးအမှတ် (၁) ၌ လက်ခံတွေ့ဆုံသည်။

ဆက်လက်ဖတ်ရှုရန်

Sep 28, 2023

ပြန်ကြားရေးဝန်ကြီးဌာန၊ မြန်မာ့အသံနှင့် ရုပ်မြင်သံကြားနှင့် အာရှ-ပစိဖိတ်ဒေသတွင်း ရုပ်သံလွှင့်လုပ်ငန်းများ ဖွံ့ဖြိုးရေးဆိုင်ရာအဖွဲ့အစည်း (Asia – Pacific Institute for Broadcasting Development-AIBD) တို့ ပူးပေါင်း၍ “သတင်းမှားများ ကိုင်တွယ်ဖြေရှင်းရန် မီဒီယာသိနားလည်မှုဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့မွန်းလွဲပိုင်းက နေပြည်တော်ရှိ Horizon Lake View Hotel ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Sep 26, 2023

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုး၊ အမြဲတမ်းအတွင်းဝန် ဦးခန့်ဇော်နှင့် ညွှန်ကြားရေးမှူးချုပ်များသည် ယနေ့မွန်းလွဲပိုင်းက ပြည်ထောင်စုနယ်မြေ ပျဉ်းမနားမြို့နယ် ဇောင်ချမ်းကုန်းကျေးရွာနှင့် လယ်ဝေးမြို့နယ် ကွေ့ကြီးကျေးရွာတို့၌ ဒေသဖွံ့ဖြိုးလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်မှု အခြေအနေများနှင့် သမဝါယမအသင်းသားတောင်သူများ၏ မိုးစပါးစိုက်ပျိုးထားရှိမှုကို ကွင်းဆင်းကြည့်ရှုစစ်ဆေးသည်။

ဆက်လက်ဖတ်ရှုရန်

Sep 26, 2023

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်းနှင့် ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းတို့သည် ယနေ့နံနက်ပိုင်းတွင် ရခိုင်ပြည်နယ်၊ စစ်တွေမြို့ လောကာနန္ဒာဘုရားအတွင်းရှိ သာသနာ့ဗိမာန်၌ကျင်းပသော ရခိုင်ပြည်နယ်အတွင်းရှိ ကိုယ်ဝန်ဆောင်မိခင်များ၊ ကလေးငယ်များ၊ သက်ကြီးဘိုးဘွားများ၊ စေတနာ့ဝန်ထမ်း အဖွဲ့အစည်းများအား ထောက်ပံ့ကြေးပေးအပ်ခြင်း အခမ်းအနားသို့ တက်ရောက်သည်။

ဆက်လက်ဖတ်ရှုရန်

Sep 26, 2023

လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်းသည် ရုရှား-မြန်မာ ချစ်ကြည်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးအသင်းဥက္ကဋ္ဌ မစ္စတာအန်နာသိုလီ ဘူးလော့ချ်နိကော့ ဦးဆောင်သည့်ကိုယ်စားလှယ်အဖွဲ့ကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံသည်။

ဆက်လက်ဖတ်ရှုရန်

Sep 26, 2023

တရုတ်ပြည်သူ့သမ္မတနိုင်ငံတည်ထောင်သည့် (၇၄) နှစ်မြောက် အထိမ်းအမှတ်ဧည့်ခံပွဲအခမ်းအနားကို ယနေညပိုင်းတွင် ရန်ကုန်မြို့ Wyndham Grand Yangon ဟိုတယ်အမရပူရခန်းမ၌ကျင်းပရာ ဒုတိယဝန်ကြီးချုပ်နှင့် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်နှင့်ဇနီးတို့ တက်ရောက်ကြသည်။

ဆက်လက်ဖတ်ရှုရန်

Sep 26, 2023

သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်သည် အမြဲတမ်းအတွင်းဝန်၊ သာသနာရေးဦးစီးဌာနညွှန်ကြားရေးမှူးချုပ်၊ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက် ၉ နာရီတွင် ရန်ကုန်တိုင်းဒေသကြီး ကမာရွတ်ခရိုင် ဗဟန်းမြို့နယ် ကမ္ဘာအေးဘုရားလမ်းမပေါ်ရှိ ဇိဝိတဒါနသံဃာ့ဆေးရုံသို့ သွားရောက်ကြည့်ရှုစစ်ဆေးသည်။

ဆက်လက်ဖတ်ရှုရန်

Sep 26, 2023

စက်မှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းသည် ယမန်နေ့နံနက်ပိုင်းတွင် ရှမ်းပြည်နယ်၊ တောင်ကြီးမြို့ရှိ အမှတ် (၂) သံမဏိစက်ရုံ (ပင်းပက်) တွင် ကမ္ဘာ့ဗုဒ္ဓသာသနာပြုတက္ကသိုလ်၏ ပါမောက္ခချုပ် (အောက်စဖိုဒ့်ဆရာတော်) ဒေါက်တာအရှင်ဓမ္မ သာမိအားပင့်ဖိတ်၍ ကရုဏာတရားအထူးတရားပွဲကျင်းပသည့် အခမ်းအနားသို့တက်ရောက်၍ ဆရာတော်အား နဝကမ္မအလှူတော်ငွေများ၊ လှူဖွယ်ပစ္စည်းများနှင့်နေ့ဆွမ်းများ ဆက်ကပ်လှူဒါန်းသည်။

ဆက်လက်ဖတ်ရှုရန်

Sep 26, 2023

ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းအား တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်ပါတီကော်မတီ အမြဲတမ်းကော်မတီအဖွဲ့ဝင်နှင့် ပြည်သူ့ရေးရာဌာနညွှန်ကြားရေးမှူး Ms. Zeng Yan ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် ယနေ့နံနက် ၁၁ နာရီခွဲတွင် နေပြည်တော်ရှိ ပြန်ကြားရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ လာရောက်တွေ့ဆုံသည်။

ဆက်လက်ဖတ်ရှုရန်

Sep 26, 2023

စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင်သည် ရုရှား-မြန်မာ ချစ်ကြည်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးအသင်းဥက္ကဋ္ဌ မစ္စတာအန်နာသိုလီ ဘူးလော့ချ်နိကော့ ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့ကို ယနေ့မွန်းလွဲပိုင်းတွင် စွမ်းအင်ဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံသည်။

ဆက်လက်ဖတ်ရှုရန်

Sep 26, 2023

ကျေးလက်ဒေသနေပြည်သူများနှင့် တိုင်းရင်းသားပြည်သူများ စာတတ်မြောက်ရေး အကောင်အထည်ဖော်ဆောင်ရွက်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ ပညာရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Sep 26, 2023

တရုတ်ပြည်သူ့သမ္မတနိုင်ငံက အိမ်ရှင်အဖြစ်လက်ခံကျင်းပသည့် (၁၉) ကြိမ်မြောက် အာရှအားကစားပြိုင်ပွဲများကို မြို့အသီးသီးရှိ အားကစားကွင်း/အားကစားရုံများ၌ ဆက်လက်ကျင်းပလျက်ရှိရာ မြန်မာနိုင်ငံအိုလံပစ်ကော်မတီဥက္ကဋ္ဌ၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံနှင့် အုပ်ချုပ်မှုအဖွဲ့တာဝန်ရှိသူများသည် ယနေ့ဒေသစံတော်ချိန် နံနက် (၁၀) နာရီတွင် ဟန်ကျိုးမြို့ရှိ Xiaoshan Guali Sports Center အားကစားရုံ၌ကျင်းပသည့် ဝူရှူးအားကစားနည်းပြိုင်ပွဲတွင် မြန်မာနိုင်ငံမှ မအေးသစ္စာမြင့်က နန်းချွမ် (ခေါ်) တောင်ပိုင်းလက်သိုင်းပြိုင်ပွဲနှင့် နန်းသောင်း (ခေါ်) တောင်ပိုင်းဓါးသိုင်းပြိုင်ပွဲတို့တွင် ဝင်ရောက်ယှဉ်ပြိုင်နေမှုကို သွားရောက်ကြည့်ရှုအားပေးသည်။

ဆက်လက်ဖတ်ရှုရန်

Sep 26, 2023

ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းသည် ယနေ့နံနက်ပိုင်းက ရန်ကုန်မြို့ပြည်လမ်းရှိ မြန်မာ့အသံနှင့်ရုပ်မြင်သံကြား၌ တရုတ်နိုင်ငံ ယူနန်ပြည်နယ်၏ တောင်အာရှနှင့် အရှေ့တောင်အာရှ (နိုင်ငံတကာဒေသတွင်း) ပြန်ကြားရေးစင်တာမှ အမှုဆောင်အယ်ဒီတာချုပ် မစ္စတာကျန့်ရော့ကူနှင့်အဖွဲ့အား လက်ခံတွေ့ဆုံပြီး ၂၀၂၃ ခုနှစ် တရုတ်-မြန်မာ Twin City Media Forum ကျင်းပရေး ဆွေးနွေးသည်။

ဆက်လက်ဖတ်ရှုရန်

Sep 26, 2023

ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့သည် စက်တင်ဘာ ၂၂ ရက်နှင့် ၂၃ ရက်တို့တွင် ဗီယက်နမ်နိုင်ငံ ဒါနန်းမြို့၌ ကျင်းပပြုလုပ်ခဲ့သည့် (16th Con-ference of ASEAN Ministers Responsible For Information - AMRI ) နှင့် (20th ASEAN Senior Officials Meeting Responsible for Information- SOMRI) နှင့် ဆက်စပ်အစည်းအဝေးဖြစ်သည့် ( AMRI +3) အစည်းအဝေးများသို့ တက်ရောက်ခဲ့ကြပြီး စက်တင်ဘာ ၂၄ ရက် ညပိုင်းတွင် ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Sep 25, 2023

ကျန်းမာရေးဝန်ကြီးဌာန အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနခွဲ (မန္တလေး)ရုံးသစ်ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက မဟာအောင်မြေမြို့နယ်ရှိ အဆိုပါရုံး ရုံးသစ်အဆောက်အဦ ရှေ့မျက်နှာစာ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်