Jun 21, 2023
ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းသည် ၂၀၂၃ ခုနှစ် ဝန်ကြီးဌာနပေါင်းစုံ၊ တက္ကသိုလ်များဘောလုံးပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ကြမည့် ကျန်းမာရေးဝန်ကြီးဌာန ကိုယ်စားပြုတက္ကသိုလ်ဘောလုံးအသင်းမှ အားကစားသမားများကို ယနေ့တွင်နေပြည်တော်ရှိ အဆိုပါ ဝန်ကြီးဌာနအစည်းအဝေးခန်းမ၌ တွေ့ဆုံသည်။
Jun 21, 2023
အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် မြန်မာနိုင်ငံဂျူဒိုအဖွဲ့ချုပ်တို့ ပူးပေါင်းဖွင့်လှစ်သည့် ဂျူဒိုနည်းပြနှင့် ဒိုင်လူကြီးသင်တန်းအမှတ်စဉ် (၁/၂၀၂၃) သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက် ၉ နာရီတွင် နေပြည်တော်အားကစားလေ့ကျင့်ရေးစခန်း (Gold Camp)ရှိ Multipurpose Hall ၌ ကျင်းပသည်။
Jun 20, 2023
မိုခါမုန်တိုင်းဒဏ်သင့် ပြည်သူများအား ထောက်ပံ့ကူညီနိုင်ရေး ရန်ပုံငွေရရှိရန် ပါဝင်ဆောင်ရွက် ပေးခဲ့ကြသူများအား ဂုဏ်ပြုသည့်အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့ဗဟန်းမြို့နယ်ရှိ SKY STAR HOTEL ၌ ကျင်းပသည်။
Jun 20, 2023
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး တင်အောင်စန်းသည် ပြည်ထောင်စုဝန်ကြီးများ ဖြစ်ကြသည့် ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်၊ ဦးမျိုးသန့်နှင့် ဒေါက်တာသက်သက်ခိုင်၊ ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း၊ ဒုတိယဝန်ကြီးများ၊ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက် ၁၀ နာရီတွင် ရခိုင်ပြည်နယ် အစိုးရအဖွဲ့ရုံး၌ကျင်းပသည့် ရခိုင်ပြည်နယ်အတွင်း မိုခါမုန်တိုင်းတိုက်ခတ်မှုဒဏ်ကြောင့် ပျက်စီးခဲ့ရသည့် သာသနိကအဆောက်အဦများ ဘက်စုံပြန်လည်ပြုပြင်မွမ်းမံခြင်းဆိုင်ရာ လုပ်ငန်းညှိနှိုင်း အစည်းအဝေးသို့ တက်ရောက်ကြသည်။
Jun 18, 2023
ရုရှားဖက်ဒရေးရှင်း နိုင်ငံ၌ ရောက်ရှိနေသော ဒုတိယဝန်ကြီးချုပ်နှင့် စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန် ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့သည် ယနေ့ တွင် ရုရှားဖက်ဒရေးရှင်းနိုင်ငံ စိန့်ပီတာစဘတ်မြို့၌ကျင်းပသည့် (၂၆) ကြိမ်မြောက် စိန့်ပီတာစဘတ် နိုင်ငံတကာစီးပွားရေးဖိုရမ် (26th St. Petersburg International Economic Forum)သို့ တက် ရောက်ကြသည်။
Jun 18, 2023
ရုရှားဖက်ဒရေးရှင်းနိုင်ငံ၌ ရောက်ရှိနေသော လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသောင်းဟန်သည် ယမန်နေ့နံနက်ပိုင်းက စိန့်ပီတာစဘတ်မြို့၌ ကျင်းပသည့် အပြည်ပြည်ဆိုင်ရာ စီးပွားရေးဖိုရမ် ၂၀၂၃(SPIEF’23)တတိယနေ့ အခမ်းအနားသို့ တက်ရောက်သည်။
Jun 18, 2023
သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုနှင့် အဖွဲ့ဝင်များသည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ကွမ်ရှီးကျွမ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နန်နင်းမြို့၌ ဇွန် ၁၈ ရက်မှ ၂၂ ရက်အထိ ကျင်းပမည့် (၁၈)ကြိမ်မြောက် တရုတ်-အာဆီယံ ယဉ်ကျေးမှုဖိုရမ် (18th China- ASEAN Culture Forum)သို့ တက်ရောက်ရန် ယနေ့နံနက် ၁၁နာရီ ၂၅ မိနစ်တွင် ရန်ကုန်မြို့မှ တရုတ်ပြည်သူ့ သမ္မတနိုင်ငံ နန်နင်းမြို့သို့ လေကြောင်းခရီးဖြင့် ထွက်ခွာသည်။
Jun 18, 2023
ပြန်ကြားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းသည် ယနေ့ နေ့လည်ပိုင်းက မြန်မာ့ရုပ်မြင်သံကြား(ရန်ကုန်)တွင် လုပ်ငန်းဆောင်ရွက်မှုများ ကြည့်ရှုစစ်ဆေး၍ လိုအပ်သည်များ မှာကြားပြီး မွန်းလွဲပိုင်းတွင် သုဝဏ္ဏဘောလုံးကွင်း၌ကျင်းပသည့် မိုခါမုန်တိုင်း သဘာဝ ဘေးအန္တရာယ် ပြန်လည်ထူထောင်ရေး လေးပွင့်ဆိုင်ရန်ပုံငွေ ဘောလုံးပြိုင်ပွဲအား ကြည့်ရှု့ အားပေးသည်။
Jun 16, 2023
အိန္ဒိယသမ္မတနိုင်ငံ ကော်လ်ကတ္တားမြို့၌ ကျင်းပပြုလုပ်လျက်ရှိသည့် BIMSTEC Business Conclave တွင် ဂုဏ်ထူးဆောင် ဧည့်သည်တော်အဖြစ် တက်ရောက်နေသည့် စီးပွားရေးနှင့်ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦးသည် ဒေသစံတော်ချိန် မွန်းလွဲ ၁၂ နာရီခွဲ မှ ၂ နာရီအထိ Hytta Regency Kolkata Hotel၊ Ballroom ခန်းမ(၁)၌ ကျင်းပပြုလုပ်သည့် ဘင်းမ်စတက်စီးပွားရေးပူးပေါင်းဆောင်ရွက်မှု Valedictory Session ပိတ်ပွဲအခမ်းအနားသို့ ဂုဏ်ထူးဆောင် ဧည့်သည်တော်အဖြစ် တက်ရောက်အမှာစကား ပြောကြားသည်။
Jun 16, 2023
အမှတ်(၂) သံမဏိစက်ရုံ (ပင်းပက်) စီမံကိန်း ပြန်လည်စတင် ဆောင်ရွက်နိုင်ရေး ကြီးကြပ်ရန် ကော်မတီ ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ စက်မှုဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
Jun 16, 2023
ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ပါမောက္ခ ဒေါက်တာ သက်ခိုင်ဝင်းသည် ကျန်းမာရေး လူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာတင်ထွန်း၊ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် စစ်တွေမြို့ ပြည်သူ့ဆေးရုံကြီး၌ ကျင်းပပြုလုပ်သည့် မိုခါမုန်တိုင်းဒဏ်သင့် ကျန်းမာရေးဝန်ထမ်းများအား ဆန်များ ထောက်ပံ့ပေးအပ်ခြင်း အခမ်းအနားသို့ တက်ရောက်သည်။
Jun 16, 2023
ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းသည် ယနေ့နံနက်ပိုင်းတွင် မိုခါမုန်တိုင်းဒဏ်ကြောင့်ပျက်စီးခဲ့သည့် စစ်တွေမြို့ရှိ ရခိုင်ပြည်နယ်နှင့် စစ်တွေခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး၊ မြန်မာ့အသံနှင့်ရုပ်မြင်သံကြား ထပ်ဆင့်လွှင့်စက်ရုံနှင့် ကိုယ်ပွားသတင်းစာတိုက် (စစ်တွေ) တို့၏ ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးသည်။
Jun 16, 2023
ပညာရေးဝန်ကြီးဌာန အင်ဂျင်နီယာများ အရည်အသွေးမြှင့် သင်တန်းအမှတ်စဉ် (၂) ဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ပညာရေးဝန်ကြီးဌာန ဘက်စုံသုံးခန်းမ၌ ကျင်းပသည်။
Jun 16, 2023
ရုရှားဖက်ဒရေးရှင်းနိုင်ငံ စိန့်ပီတာစဘတ်မြို့တွင် ကျင်းပမည့် အပြည်ပြည်ဆိုင်ရာ စီးပွားရေးဖိုရမ် တက်ရောက်ရန် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၌ ရောက်ရှိနေသော လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသောင်းဟန် ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့သည် ဇွန် ၁၄ ရက် နံနက်ပိုင်းတွင် စိန့်ပီတာစဘတ်မြို့အနီးရှိ JSC Atomenergomash (AEM-Technologies ‘Izhora’) အပူစွမ်းအင်သုံးနှင့် နည်းပညာဆိုင်ရာ Service ဆောင်ရွက်ပေးနေသော အလုပ်ရုံသို့ သွားရောက်လေ့လာကြသည်။
Jun 16, 2023
စစ်တွေမြို့၌ ရောက်ရှိနေသော ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်၊ ဦးကိုကိုလှိုင်နှင့် ဒေါက်တာသက်သက်ခိုင်တို့သည် ကုလသမဂ္ဂဆိုင်ရာ ယာယီဌာနေ ညှိနှိုင်းရေးမှူးနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ယာယီညှိနှိုင်းရေးမှူး Mr.Ramanathan Balakrishnan ဦးဆောင်သည့်အဖွဲ့အား ယနေ့မွန်းလွဲ ၁ နာရီတွင် ရခိုင်ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ်ရုံး ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံကြသည်။
Jun 15, 2023
မြန်မာနိုင်ငံ၏ e-Government စနစ် အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန်အတွက် အခြေခံအကျဆုံးလုပ်ငန်းဖြစ်သည့် e-ID စနစ် ဆောင်ရွက်နိုင်ရန် e-ID စနစ် လုပ်ငန်းကော်မတီလုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
Jun 15, 2023
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၏ (၂၂)ကြိမ်မြောက် ဗုဒ္ဓဟူးနေ့စကားဝိုင်းဆွေးနွေးပွဲကို “စိုက်ပျိုးစွမ်းအားမြှင့်တင်ရေး” ခေါင်းစဉ်ဖြင့် ယနေ့မွန်းလွဲပိုင်းက ပြည်ထောင်စုဝန်ကြီးရုံး စုဝေးဆောင်ခန်းမ၌ ကျင်းပသည်။
Jun 14, 2023
အိန္ဒိယသမ္မတနိုင်ငံ ကော်လ်ကတ္တားမြို့၌ ပြုလုပ်လျက်ရှိသည့် BIMSTEC Business Conclave တွင် ဂုဏ်ထူးဆောင်ဧည့်သည်တော်အဖြစ် တက်ရောက်နေသည့် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦးသည် BIMSTEC Business Conclave ၏ ဒုတိယနေ့ဖြစ်သည့် ယနေ့တွင်ကဏ္ဍအလိုက်ကျင်းပသော ဆက်စပ်ဖိုရမ်များသို့ တက်ရောက်သည်။
Jun 14, 2023
၂၀၂၃ ခုနှစ် မြန်မာအမျိုးသမီးများနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် စမတောင် မဟာပရဟိတလူငယ်ဖွံ့ဖြိုးရေးဥယျာဉ်ရှိ ရင်ခွင်မဲ့ကလေးများအတွက် ရန်ပုံငွေပေးအပ်လှူဒါန်းပွဲကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော် လယ်ဝေးမြို့နယ် သာဝတ္ထိမြို့ စမတောင် မဟာပရဟိတ လူငယ်ဖွံ့ဖြိုးရေးဥယျာဉ်ရှိ ကမ္ဘောဇဆောင်၌ ကျင်းပသည်။
Jun 13, 2023
အိန္ဒိယနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနနှင့် အိန္ဒိယ ကုန်သည်ကြီးများအသင်းတို့၏ ဖိတ်ကြားမှုဖြင့် အိန္ဒိယနိုင်ငံ ကော်လ်ကတ္တားမြို့၌ကျင်းပသည့် BIMSTEC Business Conclave သို့တက်ရောက်ရန် ရောက်ရှိနေသော စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦးသည် ဇွန် ၁၂ ရက်တွင် အိန္ဒိယနိုင်ငံ ကူးသန်း ရောင်းဝယ်ရေးနှင့် စက်မှုဝန်ကြီးဌာနမှ ဖွဲ့စည်းထားသော အင်ဂျင်နီယာ ပို့ကုန်မြှင့်တင်ရေးကောင်စီ (Engineering Export Promotion Council-EEPC) က ကြီးမှူးကျင်းပသည့် Trade and Investment Opportunities ဆွေးနွေးပွဲသို့ တက်ရောက်သည်။
