Jun 21, 2022
ကျန်းမာရေးဝန်ကြီးဌာန၏ ငါးမျိုးစိုက်ထည့်ခြင်းနှင့် မိုးရာသီသစ်ပင်စိုက်ပျိုးခြင်း အခမ်းအနားကို ယနေ့ နံနက်ပိုင်းတွင် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ဇမ္ဗူသီရိမြို့နယ်ရှိ အမျိုးသားပရဆေးဥယျာဉ်နှင့် မင်္ဂလာကန်၌ ကျင်းပသည်။
Jun 21, 2022
လူမှုရေးပညာဆိုင်ရာဝန်ထမ်းများ စွမ်းဆောင်ရည်မြှင့်တင်ရေး သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီခွဲတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန စုပေါင်းခန်းမ၌ ကျင်းပသည်။
Jun 21, 2022
ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ပါမောက္ခ ဒေါက်တာသက်ခိုင်ဝင်းသည် ယနေ့နံနက်ပိုင်းတွင် မြန်မာနိုင်ငံတိုင်းရင်းဆေးကောင်စီနာယကအဖွဲ့၊ တိုင်းရင်းဆေးပညာရပ်ဆိုင်ရာအကြံပေးအဖွဲ့၊ တိုင်းရင်းဆေးပညာဦးစီးဌာန၊ တိုင်းရင်းဆေးတက္ကသိုလ်မှ တာဝန်ရှိသူများနှင့် နေပြည်တော်ရုံးအမှတ် (၄၇) တိုင်းရင်းဆေးပညာဦးစီးဌာန အစည်းအဝေးခန်းမ၌ တွေ့ဆုံဆွေးနွေးသည်။
Jun 21, 2022
စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာချာလီသန်းသည် ဇွန် ၁၉ ရက်နံနက်ပိုင်းတွင် မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်မြို့ရှိ ဆေးဝါးစက်ရုံ (အင်ရောင်း)သို့ သွားရောက်စစ်ဆေးသည်။
Jun 21, 2022
သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုသည် ယနေ့နံနက် ၉ နာရီခွဲတွင် ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာမြို့နယ် အမှတ်(၈)ရပ်ကွက် ကျန်စစ်သား လမ်းပေါ်ရှိ မြန်မာ-ကိုရီးယားချစ်ကြည်ရေးသင်တန်းကျောင်းသို့ သွားရောက်ပြီး ၂၀၁၉ ကိုဗစ်-၁၉ ရောဂါ မဖြစ်ပွားမီ ကာလ အထိ သင်တန်းကျောင်းတွင် ဗုဒ္ဓဘာသာ ယဉ်ကျေးမှုသင်တန်း၊ အဘိဓမ္မာ အခြေခံသင်တန်း၊ ယဉ်ကျေးလိမ္မာဆရာဖြစ်သင်တန်းများ ဖွင့်လှစ်နိုင်ခဲ့ပြီး ယခုအခါ ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှုနှုန်း လျော့နည်းလာသဖြင့် သင်တန်းများ ပြန်လည်ဖွင့်လှစ်နိုင်ရေး ဆောင်ရွက်ရန်နှင့် အဆောက်အအုံပျက်စီးမှုများရှိပါကလည်း လိုအပ်သည်များ ပြန်လည် မွမ်းမံ ထားရှိရန် တာဝန်ရှိသူများသို့ မှာကြား၍ အဆောက်အအုံအတွင်း လှည့်လည်ကြည့်ရှုစစ်ဆေးသည်။
Jun 21, 2022
ပြန်ကြားရေးဝန်ကြီးဌာန ၂၀၂၁-၂၀၂၂ ပညာသင်နှစ်တက္ကသိုလ်ဝင်တန်းအောင်မြင်သူများအား ဂုဏ်ပြုချီးမြှင့်ခြင်းနှင့် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွက် ဝန်ထမ်းများ၏ သားသမီးများအား ပညာသင်စရိတ်ထောက်ပံ့ပေးအပ်ခြင်းအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ ပြန်ကြားရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
Jun 20, 2022
ရာသီဥတုအခြေအနေအရ ဖြစ်ပေါ်လာနိုင်သည့် ရေကြီးရေလျှံမှုများနှင့်စပ်လျဉ်း၍ အလျင်အမြန် တုံ့ပြန်ဆောင်ရွက်နိုင်ရေး ညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင် လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၊ ဝန်ကြီးရုံးအစည်းအဝေးခန်းမ၌ ကျင်းပသည်။
Jun 19, 2022
သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးကိုကိုသည် တာဝန်ရှိသူများနှင့်အတူ နံနက် ၉ နာရီတွင် ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်၊ ဇမ္ဗူသီရိဗိမာန်တော်၌ ထေရဝါဒဗုဒ္ဓသာသနာပြုသြဝါဒါစရိယအဖွဲ့ ဆရာတော်ကြီးများအား ဖူးမြော်ကြည်ညိုပြီး သာသနာရေးဆိုင်ရာများလျှောက်ထားသည်။
Jun 19, 2022
ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာသက်ခိုင်ဝင်းသည် ယမန်နေ့နံနက်ပိုင်းတွင် မန္တလေးတိုင်းဒေသကြီး၊ ပြည်သူ့ဆေးရုံကြီး၊ ညောင်ဦးမြို့သို့သွားရောက်ကာ ဆေးရုံလုပ်ငန်းဆောင်ရွက်မှုများကို ကြည့်ရှုစစ်ဆေးပြီး ကျန်းမာရေးဝန်ထမ်းများနှင့် တွေ့ဆုံ သည်။
Jun 19, 2022
စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဦးဝင်းရှိန်၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဦးအောင်နိုင်ဦး၊ အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဦးကိုကိုလှိုင်၊ လျှပ်စစ်စွမ်းအား ဝန်ကြီးဌာနနှင့် စွမ်းအင်ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဦးသောင်းဟန်၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာပွင့်ဆန်းနှင့် မြန်မာနိုင်ငံတော်ဗဟိုဘဏ်၊ ဒုတိယဥက္ကဋ္ဌဒေါ်သန်းသန်းဆွေတို့ပါဝင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့သည် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၏သမ္မတအကြံပေးနှင့် (၂၅)ကြိမ်မြောက် နိုင်ငံတကာစီးပွားရေးဖိုရမ်ကျင်းပရေးကော်မတီ၏ အမှုဆောင်အတွင်းရေးမှူးဖြစ်သူ Mr. Anton Kobyakov ၏ဖိတ်ကြားချက်အရ ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ စိန့်ပီတာစဘတ်မြို့တွင် ဇွန် ၁၅ ရက်မှ ၁၈ ရက် အထိကျင်းပသည့် (၂၅)ကြိမ်မြောက် စိန့်ပီတာစဘတ် နိုင်ငံတကာစီးပွားရေးဖိုရမ်သို့ တက်ရောက်သည်။
Jun 19, 2022
ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနသည် ခရီးသည်များတည်းခိုနေထိုင်မှုအဆင်ပြေစေရေး၊ လုံခြုံစိတ်ချစွာသွားလာနိုင်ရေးနှင့် ကောင်းမွန်သောဝန်ဆောင်မှုများပေးနိုင်ရေးအတွက် စဉ်ဆက်မပြတ်ကြိုးပမ်းဆောင်ရွက်လျက်ရှိရာ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာဌေးအောင်သည် ယနေ့နံနက်ပိုင်းတွင် နေပြည်တော်၊ မင်္ဂလာသီရိဟိုတယ်၌ နေပြည်တော်အတွင်းရှိ ဟိုတယ်နှင့်တည်းခိုရိပ်သာလုပ်ငန်းရှင်များ၊ တာဝန်ရှိသူများနှင့် နေပြည်တော်ဟိုတယ်ဆိုင်ရာလုပ်ငန်းရှင်များအသင်းမှ တာဝန်ရှိသူများကိုတွေ့ဆုံသည်။
Jun 19, 2022
ဇွန်(၁၅)ရက်တွင်ကျရောက်သည့် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ (၂၇) နှစ်မြောက် နှစ်ပတ်လည်နေ့အခမ်းအနားကို ယမန်နေ့က နေပြည်တော်ရှိ အဆိုပါဝန်ကြီးဌာန၌ကျင်းပရာ အခမ်းအနားပထမပိုင်းအဖြစ် နံနက်(၅)နာရီခွဲတွင် ပြည်ထောင်စုဝန်ကြီးဦးခင်ရီ၊ ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်နှင့် ညွှန်ကြားရေးမှူးချုပ်များ၊ ဝန်ထမ်းများနှင့်မိသားစုဝင်များသည် ပျဉ်းမနားမြို့မှ ပင့်သံဃာဆရာတော်(၉)ပါးအား အာရုံဆွမ်းဆပ်ကပ်ကြပြီးနောက် ပျဉ်းမနားမြို့၊ မင်္ဂလာဇေယျုံပါဠိတက္ကသိုလ်ကျောင်းဆရာတော် အဂ္ဂမဟာပဏိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဘန္ဒန္တဝိမလဗုဒ္ဓိထံမှ ငါးပါးသီလခံယူဆောက်တည်၍ ဆရာတော်သံဃာတော်များထံမှ ပရိတ်တရားတော်များနာကြားပြီး လှူဖွယ်ပစ္စည်းများ ဆပ်ကပ်လှူဒါန်းကြသည်။
Jun 19, 2022
ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးတင်အောင်စန်းသည် ရန်ကုန်တိုင်းဒေသကြီး သန်လျင်မြို့နယ်ရှိ မြန်မာနိုင်ငံ ရေကြောင်းပညာတက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမတွင် ကျင်းပသည့် (၁၅) ကြိမ်မြောက် ဘွဲ့နှင်းသဘင်အခမ်းအနားသို့ တက်ရောက်သည်။
Jun 19, 2022
နိုင်ငံတော်၏ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့နှင့် ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO) ဒုတိယဥက္ကဋ္ဌ(၁) ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့တို့ တွေ့ဆုံဆွေးနွေးပွဲ ဒုတိယနေ့ကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေး ဖော်ဆောင်မှုဗဟိုဌာန အစည်းအဝေး ခန်းမ၌ ဆက်လက်ကျင်းပသည်။
၂၀၂၂ ခုနှစ် (၇၅) နှစ်မြောက် အာဇာနည်နေ့ အခမ်းအနားကျင်းပနိုင်ရေး ဒုတိယအကြိမ် ညှိနှိုင်းအစည်းအဝေးကျင်းပ
Jun 18, 2022
၂၀၂၂ ခုနှစ် (၇၅) နှစ်မြောက် အာဇာနည်နေ့ အခမ်းအနားကျင်းပရေး ဗဟိုကော်မတီ၏ ဒုတိယ အကြိမ် ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၈ နာရီက ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး မင်္ဂလာခန်းမ၌ ကျင်းပသည်။
Jun 18, 2022
ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးရွှေလေးသည် မန္တလေးတိုင်းဒေသကြီး သယံဇာတရေးရာဝန်ကြီး၊ တာဝန်ရှိသူများနှင့်အတူ ယနေ့ နံနက်ပိုင်းတွင် မန္တလေး တိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်၊ ရှင်တော်ကုန်းကျေးရွာအုပ်စု၊ ရေကြည်မြောက်ကွင်း၊ ကွင်းအမှတ် (၅၀၆) ရှိ မင်္ဂလာရန်ကင်း ပြည်သူ့အငှားအိမ်ရာ စီမံကိန်းရှင်းလင်းဆောင်သို့ ရောက်ရှိရာ တိုင်းဒေသကြီး၊ မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးက ဘဏ္ဍာရေးနှစ်အလိုက် မြို့ပြ၊ ရေသန့်၊ လျှပ်စစ် အပိုင်းလိုက် လုပ်ငန်းဆောင်ရွက်ပြီးစီးမှု၊ ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းအစီအစဉ်များ၊ စီမံကိန်းအတွက် ဘဏ္ဍာငွေရရှိမှု၊ အိမ်ရာ စီမံကိန်းရေရရှိရေး၊ လျှပ်စစ်ရရှိရေးနှင့် အရိပ်ရသစ်ပင်များ စိုက်ပျိုးနေမှုတို့ကို ရှင်းလင်းတင်ပြသည်။
Jun 18, 2022
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၏ ၂၀၂၂ ခုနှစ်မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲ နှင့် ငါးမျိုးစိုက်ထည့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက နေပြည်တော် ကောင်စီနယ်မြေ ဇေယျာသီရိမြို့နယ်ရှိ ပေါင်းလောင်းရေလှောင်တမံအနီး၌ ကျင်းပသည်။
Jun 18, 2022
ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနသည် ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် ခရီးသွားဧည့်သည်များ လွယ်ကူအဆင်ပြေစွာသွားလာနိုင်ရေး၊ ကျန်းမာရေးနှင့် ဘေးအန္တရာယ် ကင်းရှင်းရေး၊ ခရီးစဉ်ဒေသများ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို မြှင့်တင်ဆောင်ရွက်လျက်ရှိရာ ယခုအခါ မြန်မာနိုင်ငံသို့ အပြည်ပြည်ဆိုင်ရာလေဆိပ်များမှတစ်ဆင့် နိုင်ငံပေါင်း (၃၀) ကျော်မှ နိုင်ငံတကာခရီးသွားများ ဝင်ရောက်လည်ပတ် သွားလာနေကြပြီဖြစ်သည်။
Jun 18, 2022
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ၂၀၂၂ ခုနှစ် ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲ အခမ်းအနားကျင်းပရေးဦးစီးကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၉ နာရီတွင် နေပြည်တော် ရုံးအမှတ်(၃၁) သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန စုပေါင်း အစည်းအဝေးခန်းမ၌ ကိုဗစ်-၁၉ စည်းမျဉ်းစည်းကမ်များနှင့်အညီ ကျင်းပရာ အခမ်းအနားကျင်းပရေးဦးစီးကော်မတီဥက္ကဋ္ဌ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကို တက်ရောက် အမှာစကားပြောကြားသည်။
Jun 18, 2022
ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး တင်အောင်စန်းသည် ဒုတိယဝန်ကြီး ဦးလူမွန်၊ တာဝန်ရှိသူများနှင့်အတူ ယနေ့မွန်းလွဲပိုင်းတွင် ရန်ကုန်မြို့ မြန်မာ့ဆိပ်ကမ်းအာဏာပိုင်ရုံး ခန်းမဆောင်၌ ဝန်ကြီးဌာနအောက်ရှိ ရန်ကုန်မြို့အခြေစိုက်ဌာနများမှ ဌာနအကြီးအမှူးများနှင့် အရာထမ်းများအား တွေ့ဆုံ၍ လုပ်ငန်းဆိုင်ရာများ မှာကြားသည်။
