Skip to main content

Jul 22, 2024

တရုတ်ပြည်သူ့သမ္မတနိုင်ငံ ယူနန်ပြည်နယ် ကူမင်းမြို့၌ ကျင်းပမည့် (၈)ကြိမ်မြောက် တရုတ်-တောင်အာရှ ကုန်စည်ပြပွဲ၊ (၂၈)ကြိမ်မြောက် တရုတ်(ကူမင်း) ပို့ကုန်/သွင်းကုန်ပြပွဲနှင့် ဆက်စပ်အခမ်းအနားများသို့တက်ရောက်ရန် ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေ၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးထွန်းအုံတို့နှင့် မြန်မာကိုယ်စားလှယ်အဖွဲ့သည် ယနေ့မွန်းလွဲပိုင်းတွင် လေကြောင်းခရီးဖြင့် မန္တလေးမြို့မှ တရုတ်ပြည်သူ့သမ္မတနိုင်ငံ ကူမင်းမြို့သို့ ထွက်ခွာသွားသည်။

ဆက်လက်ဖတ်ရှုရန်

Jul 20, 2024

ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ပါမောက္ခ ဒေါက်တာသက်ခိုင်ဝင်းသည် တာဝန်ရှိသူများနှင့်အတူ ယမန်နေ့ နံနက်ပိုင်းက ရန်ကုန်ပြည်သူ့ဆေးရုံကြီး သွေးရောဂါအထူးကုဌာန ရိုးတွင်းခြင်ဆီအစားထိုးကုသမှုဌာနတွင် ပထမဆုံးရိုးတွင်းခြင်ဆီ အစားထိုးကုသမှု အောင်မြင်စွာခံယူပြီးခဲ့သော လူနာနှစ်ဦးအား သွားရောက်တွေ့ဆုံအားပေးစကား ပြောကြားပြီး ကျန်းမာရေးအခြေအနေများကို မေးမြန်းကာ လိုအပ်သည်များမှာကြား၍ ဝန်ထမ်းများအား ရင်းရင်းနှီးနှီးတွေ့ဆုံသည်။

ဆက်လက်ဖတ်ရှုရန်

Jul 19, 2024

အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်နောင်သည် တာဝန်ရှိသူများနှင့်အတူ ယနေ့ နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ်ရှိ Yun Nadi Oo Training Center သို့သွားရောက်၍ အခြေခံမော်တော်ယာဉ် စက်ပြင်သင်တန်းဖွင့်လှစ်ပို့ချနေမှုကို ကြည့်ရှုစစ်ဆေးရာ သင်တန်းကျောင်းတာဝန်ခံက အခြေခံမော်တော် ယာဉ်စက်ပြင်သင်တန်းနှင့် အဆင့်မြင့်မော်တော်ယာဉ် စက်ပြင်သင်တန်းများဖွင့်လှစ်ခဲ့မှု၊ သင်တန်းသားများတက်ရောက်ခဲ့မှုနှင့် ရရှိမည့်အခွင့်အလမ်းများကို ရှင်းလင်းတင်ပြသည်။

ဆက်လက်ဖတ်ရှုရန်

Jul 19, 2024

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးမင်းနောင်သည် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယနေ့တွင် ရန်ကုန်တိုင်းဒေသကြီး တွံတေးမြို့နယ်ရှိ ငါးလုပ်ငန်းဦးစီးဌာန ဖွံ့ဖြိုးရေးနှင့်သုတေသနဌာနခွဲ ငါးလုပ်ငန်းစခန်း (တွံတေး) သို့ သွားရောက်ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများက ဘဏ္ဍာနှစ်အလိုက် လုပ်ငန်းအကောင် အထည်ဖော်ဆောင်ရွက်နေမှုများနှင့် ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းများကို ရှင်းလင်းတင်ပြကြသည်။

ဆက်လက်ဖတ်ရှုရန်

Jul 19, 2024

ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းသည် ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့ဗဟန်းမြို့နယ် မဟာစည်သာသနာ့ရိပ်သာလမ်းရှိ ယခင်မော်ကွန်းရုပ်ရှင် ရုံးခွဲအဆောက်အအုံ ပြင်ဆင်ထိန်းသိမ်းထားရှိမှုကို သွားရောက်ကြည့်ရှု၍ ရုပ်ရှင်လောက ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာကိစ္စများကို ဆွေးနွေးမှာကြားသည်။

ဆက်လက်ဖတ်ရှုရန်

Jul 18, 2024

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်းသည် ကုလသမဂ္ဂလူဦးရေရန်ပုံငွေအဖွဲ့ (UNFPA) ၏ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ် Mr. Jaime Nadal Roig ဦးဆောင်သောအဖွဲ့ကို ယနေ့နံနက် ၁၁ နာရီက အဆိုပါဝန်ကြီးဌာန ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။

ဆက်လက်ဖတ်ရှုရန်

Jul 18, 2024

ကမ်းလွန်စီမံကိန်းများနှင့် ကုန်းတွင်းလုပ်ကွက်များမှ ရေနံနှင့်သဘာဝဓာတ်ငွေ့ တိုးတက်ရှာဖွေထုတ်လုပ်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့တွင် ရန်ကုန်တိုင်းဒေသကြီး၊ မြန်မာ့ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်း၊ အောက်မြန်မာပြည်ရုံးခွဲ (စိမ်းလဲ့မေ) ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Jul 18, 2024

အီဂျစ်အာရပ်သမ္မတနိုင်ငံ၏ (၇၂) ကြိမ်မြောက် အမျိုးသားနေ့အထိမ်းအမှတ် ဧည့်ခံပွဲအခမ်းအနားကို ယနေ့ညပိုင်းတွင် ရန်ကုန်မြို့ Park Royal Hotel ၌ ကျင်းပရာ ရင်းနှီးမြှုပ်နှံမှုနှင့်နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော် တက်ရောက်သည်။

ဆက်လက်ဖတ်ရှုရန်

Jul 18, 2024

လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် e - ID စနစ်အတွက် နည်းပညာဆိုင်ရာ ဆောင်ရွက်ချက်များကို အိန္ဒိယနိုင်ငံမှ နည်းပညာရှင်များက လေ့လာသုံးသပ်အကြံပြုဆွေးနွေးပွဲကို ယမန်နေ့ မွန်းလွဲ ၃ နာရီက အဆိုပါဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Jul 18, 2024

နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဆရာတော်ကြီးများ၏ ဩဝါဒနှင့်အညီ အဋ္ဌကထာကျမ်းစာအုပ် ၅၁ အုပ်ကို ကွန်ပျူတာစာစီမူဖြင့် ဆဋ္ဌမူအတိုင်း ပြန်လည်ပုံနှိပ်ထုတ်ဝေနိုင်ရေးအတွက် အလှူတော်ငွေပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့ မွန်းလွဲ ၂ နာရီတွင် နေပြည်တော် ရုံးအမှတ် (၃၁) သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန စုပေါင်းအစည်းအဝေးခန်းမ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Jul 18, 2024

ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းသည် ကုလသမဂ္ဂလူဦးရေရန်ပုံငွေအဖွဲ့ (UNFPA) ရုံးမှ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ် Mr. Jaime Nadal Roig ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့ကို ယမန်နေ့မွန်းလွဲပိုင်းတွင် ကျန်းမာရေးဝန်ကြီးဌာန၏ ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံဆွေးနွေးသည်။

ဆက်လက်ဖတ်ရှုရန်

Jul 18, 2024

ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေသည် မြန်မာနိုင်ငံဆိုင်ရာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ သံအမတ်ကြီး မစ္စတာ မိုဟာမက် မွန် (န) ဝါဟူစိန်ကို ယနေ့နံနက် ၁၁ နာရီတွင် နေပြည်တော် ပညာရေးဝန်ကြီးဌာန ရုံးအမှတ် (၁၃) ရှိ အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံသည်။

ဆက်လက်ဖတ်ရှုရန်

Jul 18, 2024

ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေသည် မြန်မာနိုင်ငံဆိုင်ရာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ သံအမတ်ကြီး ဒေါက်တာ မိုဟာမက် မွန် (န) ဝါ ဟူစိန်ကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံသည်။

ဆက်လက်ဖတ်ရှုရန်

Jul 16, 2024

လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၏ ၂၀၂၄ ခုနှစ် ဒုတိယအကြိမ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် လျှပ်စစ်စွမ်းအားဝန်ကြီးဌာန နေပြည်တော် ဗဟိုသင်တန်းကျောင်းဝင်းအတွင်း၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Jul 16, 2024

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုးသည် ဒုတိယဝန်ကြီး ဦးမြင့်စိုး၊ တာဝန်ရှိသူများနှင့်အတူ ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ကောင်စီနယ်မြေ ဥတ္တရသီရိမြို့နယ် တက်ရှိန်းကျေးရွာသို့ရောက်ရှိပြီး ကျေးရွာ ၁၄ ရွာမှ သမဝါယမအသင်းသား တောင်သူများ၊ ဒေသခံပြည်သူများ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့် တွေ့ဆုံသည်။

ဆက်လက်ဖတ်ရှုရန်

Jul 16, 2024

တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်သည် ဒုတိယဝန်ကြီး ဦးဇော်အေးမောင်၊ တာဝန်ရှိသူများနှင့်အတူ ယမန်နေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ ဝန်ကြီးဌာနများအလိုက် ဝန်ထမ်းများအတွက် ခွဲဝေချထားပေးသော နိုင်ငံတော်ပိုင်တိုက်ခန်းများတွင် နေထိုင်ခွင့်ရရှိသူများအနေဖြင့် အိမ်ရာပတ်ဝန်းကျင် သန့်ရှင်းရေးဆောင်ရွက်မှု ရှိ မရှိ၊ ချမှတ်ထားသော အိမ်ရာများတွင်နေထိုင်ခြင်းရှိ မရှိ၊ နေအိမ်ခန်းများတွင် အိမ်ထောင်စုစာရင်းအတိုင်း နေထိုင်ခြင်းရှိ မရှိနှင့် မသက်ဆိုင်သူများ နေထိုင်မှုမရှိစေရေး သွားရောက်ကြည့်ရှုစစ်ဆေးသည်။

ဆက်လက်ဖတ်ရှုရန်

Jul 16, 2024

မန္တလေးတိုင်းဒေသကြီး စဉ့်ကိုင်မြို့နယ် စွန်ရဲအင်းဒေသ နို့စားနွားမွေးမြူရေးလုပ်ငန်းနယ်မြေ၏ ဒုတိယအကြိမ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲကို ယမန်နေ့နံနက်ပိုင်းက အဆိုပါနယ်မြေ၌ကျင်းပရာ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်၊ ဒုတိယဝန်ကြီးများ၊ မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ပါမောက္ခချုပ်များနှင့် မွေးမြူရေးလုပ်ငန်းရှင်များတက်ရောက်၍ တမာ၊ မန်ကျည်း၊ မဲဇလီ စသည့်လေကာပင် ၅၀၇ ပင် စိုက်ပျိုးကြသည်။

ဆက်လက်ဖတ်ရှုရန်

Jul 16, 2024

ရန်ကုန်တိုင်းဒေသကြီး ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးဖိုရမ် (Yangon Regional Tourism Development Forum) ဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့ရှိ Wyndham Grand Yangon ဟိုတယ်၌ကျင်းပရာ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများ၊ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ခရီးစဉ်ဒေသစီမံခန့်ခွဲမှုအဖွဲ့များနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြန်မာနိုင်ငံခရီးသွားလုပ်ငန်းအဖွဲ့ချုပ်နှင့် ညီနောင်အသင်းများမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။

ဆက်လက်ဖတ်ရှုရန်

Jul 16, 2024

အမျိုးသားပြတိုက်(နေပြည်တော်)ဖွင့်လှစ်ခြင်း ၉ နှစ်ပြည့် အထိမ်းအမှတ်အဖြစ် မြန်မာ့ရက်ကန်းလက်မှု အနုပညာအထူးပြပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့တွင် အဆိုပါပြတိုက်၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Jul 16, 2024

နယ်စပ်ရေးရာဝန်ကြီးဌာန၏ ၂၀၂၄ ခုနှစ် ဒုတိယအကြိမ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲကို ယနေ့ညနေပိုင်းတွင် နေပြည်တော်ကောင်စီနယ်မြေ ဇမ္ဗူသီရိမြို့နယ် ဝဏ္ဏသိဒ္ဓိအားကစားဝင်းအတွင်း၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်