ဝေးလံခေါင်ဖျားဒေသသတင်းများ

Mar 15,2020
မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါခရိုင်၊ ဆောမြို့တွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့က ဆောင်ရွက်လျက် ရှိသည့် ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် တည်ဆောက်ရေး လုပ်ငန်းများကို မကွေးတိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ်နှင့် မြို့နယ်တည်ဆောက်ရေး ကြီးကြပ်မှု ကော်မတီဝင်များသည် ယမန်နေ့က မြေပြင်ကွင်းဆင်း စစ်ဆေးကြသည်။
Mar 15,2020
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ကျောက်ကြီးမြို့နယ် စည်ပင်သာယာဈေးအတွင်း၊ ဈေးအပြင်ရှိ ဒေသခံပြည်သူများအား ယနေ့နံနက် ၈ နာရီက စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ မြို့နယ်စားသုံးသူရေးရာ ဦးစီးဌာနမှ ကမ္ဘာ့စားသုံးသူများနေ့ အထိမ်းအမှတ် လက်ကမ်းစာစောင်များ ဖြန့်ဝေ ပေးခဲ့ကြသည်။
Mar 15,2020
မတ်လ(၁၅)ရက်နေ့တွင် ကျရောက်သော ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့ အထိမ်းအမှတ်အဖြစ် သာယာဝတီခရိုင် ကြို့ပင်ကောက်မြို့နယ်တွင်  ကမ္ဘာ့စားသုံးသူအခွင့်အ‌ရေးများနေ့ (WCRD Campaign) လှုပ်ရှားမှုအဖြစ် လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းကို မြို့မစည်ပင်သာယာဈေးနှင့် လူစည်ကားရာနေရာများတွင် ယနေ့ နံနက် ၉ နာရီအချိန်က ဆောင်ရွက်ခဲ့သည်။
Mar 15,2020
၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်အတွင်း ပြည်ထောင်စုရန်ပုံ‌ငွေနှင့် တိုင်းဒေသကြီးရန်ပုံငွေတို့ဖြင့် တည်ဆောက်မည့် လုပ်ငန်းစီမံကိန်းများ နှင့်ပတ်သက်၍ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့ နံနက် ၁၀ နာရီခွဲက အောင်မြေသာစံမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပသည်။
Mar 15,2020
နိုင်ငံကျော်စာရေးဆရာကြီး ဇေယျ(ဦးယော)၏ နှစ်(၁၂၀) ပြည့်အထိမ်းအမှတ် ဂုဏ်ပြုရုပ်တုဖွင့်ပွဲ အခမ်းအနားကို ပဲခူးတိုင်းဒေသကြီး ဇီးကုန်းမြို့နယ် ရန်ကုန်-ပြည်ကားလမ်းရှိ မြန်မာ့မျက်ပွင့် စာကြည့်တိုက်တွင် ယနေ့နံနက် ၉နာရီခွဲက ကျင်းပပြုလုပ်ခဲ့သည်။
Mar 15,2020
ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့လှုမှုရေးဝန်ကြီး ဒေါ်ညွန့်ညွန့်ဌေးမှ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့ အ-ထ-က ကျောင်းအနီး နေအိမ်(၄)လုံမီးလောင်မှုတွင် မီးငြှိမ်းသတ်ခဲ့သော မီးသတ်တပ်ဖွဲ့ဝင်များနှင့် ဒေသခံပြည်သူ များအား ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်ခြင်း အခမ်းအနားကို မြို့နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမ၌ ယနေ့ နံနက် ၁၀နာရီအချိန်က ကျင်းပခဲ့သည်။
Mar 15,2020
မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါခရိုင်၊ ထီးလင်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန လူထုဗဟိုပြုစီမံကိန်းမှ စတုတ္ထနှစ်စီမံကိန်းတွင် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိ​သော ဘူးတောင်းကျေးရွာအုပ်စု၊ ဘူးတောင်းကျေးရွာတွင် ကျေးရွာလူထုကိုယ်တိုင်၊ ရွေးချယ်ဖော်ထုတ်ထားသော ကျေးရွာလျှပ်စစ်မီးလင်းရေး လုပ်ငန်းကို စတင်အကောင်အထည်ဖော်လျက်ရှိကြောင်း သိရသည်။
Mar 15,2020
မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဒေါက်တာခင်မောင်အေးနှင့်အတူ မကွေးတိုင်း ဒေသကြီး ကုသရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါက်တာရဲမြင့်အောင်၊ မကွေးတိုင်းဆေးရုံအုပ်ကြီး ဒေါက်တာမြတ်စိုး၊ မင်းဘူးခရိုင်ဆေးရုံအုပ်ကြီး ဒေါက်တာတင့်ခိုင်တို့ ပါဝင်သော အဖွဲ့သည် ယမန်နေ့နံနက် ပိုင်းက စလင်းမြို့ ကုတင်(၅၀)ဆံ့ ပြည်သူ့ဆေးရုံသို့ ရောက်ရှိလာပြီး မင်းဘူးခရိုင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးသိန်းအောင်၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဉီးသက်ခိုင်၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဉီးဟိန်းဆက်၊ မြို့နယ်ဆရာဝန်ကြီး ဒေါက်တာတင့်ဆွေတို့နှင့် တွေ့ဆုံ၍