Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
ဝေးလံခေါင်ဖျားဒေသသတင်းများ
Breadcrumb
Home
>
ဟားခါးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် တုံ့ပြန်နိုင်စွမ်းအားကောင်းသော လူထုဖွံ့ဖြိုးရေးစီမံကိန်း(RCDP)ကို မြို့နယ်အတွင်းရှိကျေးရွာ၏ ၁၀ ရာခိုင်နှုန်းကို စတင်ဆောင်ရွက်မည်
Dec 02,2020
ဟားခါးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ရပ်ရွာလူထု၏ စွမ်းဆောင်ရည် မြင့်မားရေးအပေါ် အခြေတည်၍ ဖွံ့ဖြိုးရေးလုပ်ငန်းများကို လူထုကိုယ်တိုင် ဆောင်ရွက်ခြင်းဖြင့် ကျေးလက်နေပြည်သူများ၏ မိသားစုဝင်ငွေတိုးပွားလာစေပြီး လူနေမှုအဆင့်အတန်းမြင့်မားလာကာ သဘာဝဘေးအန္တရာယ်ဆိုင်ရာ တုံ့ပြန်နိုင်စွမ်းအား ကောင်းလာစေရန်ရည်ရွယ်၍ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် တုံ့ပြန်နိုင်စွမ်းအားကောင်းသော လူထုဖွံ့ဖြိုးရေးစီမံကိန်း(RCDP)ကို မြို့နယ် အတွင်းရှိ ကျေးရွာ၏ ၁၀ရာခိုင်နှုန်းကို စီမံကိန်းထောက်ပံ့ငွေ စတင် ထောက်ပံ့ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရှိရသည်။
အပြည့်အစုံ ဖတ်ရန်
ဟားခါးမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးအတွက် Mask မဖြစ်မနေတပ်ဆင်ရေး စီမံချက်(Mask Campaign)အရှိန်အဟုန်မြင့် ဆက်လက်ဆောင်ရွက်ရာ ပြည်နယ် လူမှုရေးဝန်ကြီး ဦးပေါင်လွန်းမင့်ထန် ပါဝင်ဆောင်ရွက်
Dec 02,2020
ဟားခါးမြို့တွင် COVID-19 ရောဂါ ကာကွယ်ရေးအတွက် Mask မဖြစ်မနေတပ်ဆင်ရေး စီမံချက်(Mask Campaign )ကို ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ညွှန်ကြားချက်နှင့် အညီ ယနေ့ နံနက် ၉နာရီအချိန်တွင် COVID-19 ရောဂါ ကာကွယ်ခြင်းဆိုင်ရာ ကျန်းမာရေး အသိပညာမြှင့်တင်ရေးနှင့် နှာခေါင်းစည်း မဖြစ်မနေ တပ်ဆင်ရေးလှုပ်ရှားမှုအဖြစ် အရှိန်အဟုန်မြင့် ဆက်လက်ဆောင်ရွက်ရာ ပြည်နယ် လူမှုရေးဝန်ကြီး ဦးပေါင်လွန်းမင့်ထန် ပါဝင်ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။
အပြည့်အစုံ ဖတ်ရန်
မံစီမြို့နယ်၌ တီဘီရောဂါ အခမဲ့နယ်လှည့်ကွင်းဆင်းဆေးကုသပေး
Dec 02,2020
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ မံစီမြို့ မြို့တော်ခန်းမ၌ ယမန်နေ့ နံနက်ပိုင်းတွင် ပြည်နယ်တီဘီရောဂါ တိုက်ဖျက်ရေးဌာနမှ ဒေါက်တာမျိုးမြင့်အောင် ဦးဆောင်သည့် နယ်လှည့် အခမဲ့တီဘီရောဂါ ရှာဖွေကုသရေးအဖွဲ့ ဆေးကုသရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက် ခဲ့ကြကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
ဒေါ့ဖုန်းယန်မြို့၌ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ် ထိန်းချုပ်နိုင်ရေး နှာခေါင်းစည်း MASK များအခမဲ့ ဖြန့်ဝေ
Dec 02,2020
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ ဒေါ့ဖုန်းယန်မြို့တွင် ကိုဗစ်-၁၉ ရောဂါကာကွယ် ထိန်းချုပ်ရေး လုပ်ငန်းများ အရှိန်အဟုန်မပျက် ဆက်လက်ဆောင်ရွက်လျက်ရှိရာ ပြည်သူများ လူစုလူဝေး နှင့် ဈေးသို့သွားရောက်ပါက နှာခေါင်းစည်း MasK များကို တပ်ဆင်ပြီးမှ သွားလာနိုင်ရန် ရည်ရွယ်၍ MasK များ အခမဲ့ဖြန့်ဝေခြင်းကို ယမန်နေ့ နံနက် ၇ နာရီတွင် မြို့ပေါ်ရပ်ကွက်ဈေး နှင့် လူစည်ကားရာ နေရာများတွင် ဖြန့်ဝေဆောင်ရွက်သည်။
အပြည့်အစုံ ဖတ်ရန်
ဟားခါးမြို့ ဗိုလ်ချုပ်လမ်းမကြီး တစ်လျှောက်၌ Road Line များ အသစ်ပြန်လည် ဆေးသုတ်ခြင်းများ ဆောင်ရွက်
Dec 02,2020
ဟားခါးမြို့တွင် ယာဉ်စီးနင်းသူပိုမိုများပြားလာပြီး ယာဉ်တိုက်မှု လျော့နည်းပပျောက် စေရေးအတွက် ဗိုလ်ချုပ်လမ်းမကြီးတစ်လျှောက်တွင် Road Line များ အသစ်ပြန်လည် ဆေးသုတ်ခြင်းကို ယမန်နေ့တွင် ဟားခါးမြို့နယ်လမ်းဦးစီးဌာနမှ စတင်ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။
အပြည့်အစုံ ဖတ်ရန်
မိုင်းယုမြို့၌ Facility Quarantine နေထိုင်ပြီးသူ (၁၉) ဦး အား နေထိုင်ပြီးစီးကြောင်း လက်မှတ်ပေးအပ်
Dec 02,2020
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်ခရိုင်၊ နယ်စပ်ဒေသ မိုင်းယုမြို့ ဒွန်းနွဲ့ကျေးရွာအုပ်စု၊ ဒွန်းနွဲ့ ကျေးရွာအနီး သီးသန့်အဆောက်အဦတွင် Facility Quarantine နေထိုင်ပြီးစီးသူ (၁၉)ဦးကို ယမန်နေ့ ညနေပိုင်းက နေထိုင်ပြီးစီးမှု လက်မှတ်ပေးအပ်ခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
ဟားခါးပြည်သူ့ဆေးရုံကြီး သွားနှင့်ခံတွင်း ပြင်ပလူနာဌာနတွင် အသုံးပြုနိုင်ရန်အတွက် ငွေကျပ် (၄၈၀၀၀၀)တန်ဖိုးရှိ ကျန်းမာရေး ပစ္စည်းများလှူဒါန်း
Dec 01,2020
ဟားခါး ပြည်သူ့ဆေးရုံကြီး သွားနှင့်ခံတွင်း ပြင်ပလူနာဌာနတွင် အသုံးပြုနိုင်ရန်အတွက် ငွေကျပ် (၄၈၀၀၀၀)တန်ဖိုးရှိ ကျန်းမာရေးပစ္စည်းများ လှူဒါန်းခြင်းကို ယနေ့က ဟားခါးမြို့၊ ပြည်သူ့ဆေးရုံကြီး၌ ကျင်းပခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကျိုင်းလပ်မြို့မှ မိုင်းဆတ်မြို့သို့ အလုပ်လုပ်ကိုင်ရန် သွားရောက်ရာမှ ပြန်လည် ရောက်ရှိလာသူများအား Quarantine နှင့် Home Quarantine ထားရှိ
Dec 01,2020
ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ ကျိုင်းလပ်မြို့ မိုင်းပါလျိုးကျေးရွာအုပ်စု နမ့်ဖြန့်ကျေးရွာမှ မိုင်းဆတ်မြို့သို့ အလုပ်လုပ်ကိုင်ရန် သွားရောက်ရာနေရာမှ ပြန်လည်ရောက်ရှိလာသည့် သူများအား သက်ဆိုင်ရာတာဝန်ရှိသူများက ယနေ့ နံနက်ပိုင်းက နမ့်ဖြန့်ကျေးရွာတွင် Quarantine နှင့် Home Quarantine ထားရှိခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
66
Page
67
Page
68
Page
69
Current page
70
Page
71
Page
72
Page
73
Page
74
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department