ကေ့ာကရိတ်မြို့တွင် အသေးစားကုန်ထုတ်လုပ်ငန်းများပေါ်ထွန်းလာစေရေး လူသုံးကုန်ထုတ်လုပ်မှုနည်းပညာသင်တန်း(၂/၂၀၂၅) ဖွင့်လှစ်
Dec 11,2025
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကော့ကရိတ်ခရိုင် အသေးစားစက်မှုလက်မှု လုပ်ငန်းဦးစီးဌာနသည် အသေးစားကုန်ထုတ်လုပ်ငန်းများပေါ်ထွန်းလာစေရေး၊ မိသားစုဝင်ငွေ တိုးပွားလာစေရေး၊ ကျေးလက်ဒေသဖွံ့ဖြိုးလာစေရေးတို့အတွက် အသက်မွေး ဝမ်းကျောင်း အထောက်အကူပြုသင်တန်းများကို ဖွင့်လှစ်ပေးလျက်ရှိရာ ဒီဇင်ဘာ ၈ ရက်နေ့က ကော့ကရိတ်မြို့၊ အမှတ်(၇)ရပ်ကွက် ခရိုင်သီးသန့်ရဲဝင်းတွင် လူသုံးကုန်ထုတ်လုပ်မှုနည်းပညာသင်တန်းဖွင့်ပွဲအခမ်းအနား ကျင်းပပြုလုပ်ရာ ကော့ကရိတ်ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီခေတ္တဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ဒုတိယခရိုင်ရဲတပ်ဖွဲ့မှူး၊ မြို့နယ်ရဲတပ်ဖွဲ့မှူး၊ ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ သင်တန်းသူများတက်ရောက်ခဲ့ကြသည်။