သတင်းများ

ခန္တီးမြို့နယ်၌ ၂၀၂၆-၂၀၂၇ ပညာသင်နှစ်၊ အခြေခံပညာကျောင်းများစတင်ဖွင့်လှစ်
Jun 01,2026
မြန်မာနိုင်ငံတစ်ဝန်းတွင် ၂၀၂၆ ခုနှစ်၊ ဇွန်လ(၁)ရက်နေ့မှစ၍ ၂၀၂၆-၂၀၂၇ ပညာသင်နှစ်၊ အခြေခံပညာကျောင်းများ စတင်ဖွင့်လှစ်သင်ကြားလျက်ရှိရာ စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင်လည်း ယနေ့မှစ၍ စတင်ဖွင့်လှစ်သင်ကြားနေပြီဖြစ်ကြောင်းသိရသည်။
လပွတ္တာမြို့နယ်တွင် ဓာတ်မြေဩဇာ လျော့ချသုံးစွဲရေး တောင်သူပညာပေး‌ဆွေးနွေးပွဲ ကျင်းပ
Jun 01,2026
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ လပွတ္တာမြို့နယ်တွင် ဓာတ်မြေဩဇာလျော့ချသုံးစွဲရေး တောင်သူပညာပေး‌ဆွေးနွေးပွဲကို ယမန်နေ့နံနက် ၉ နာရီချိန်က လပွတ္တာမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရွေးနဒီခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
ကန့်ဘလူခရိုင်၌ မိုးရာသီ သီးနှံစုံ ၆၂၂၀၀၀ ကျော် လျာထားစိုက်ပျိုးသွားမည်
Jun 01,2026
စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူခရိုင်အတွင်းရှိ မြို့နယ်များမှ ဒေသခံပြည်သူများသည် အသက်မွေးဝမ်းကျောင်းလုပ်ငန်းဖြစ် စိုက်ပျိုးရေးကိုအဓိကလုပ်ကိုင်ကြသူများဖြစ်ပြီး နွေ၊ မိုး၊ ဆောင်း ရာသီအလိုက်သီးနှံများကို စိုက်ပျိုးကြကြောင်း သိရသည်။
သဲကုန်းမြို့နယ်တွင် ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲကျင်းပ
Jun 01,2026
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ်တွင် ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲကို ယနေ့နံနက် (၁၀) နာရီအချိန်က အင်းမမြို့၊ သီရိမင်္ဂလာရပ်ကွက်၌ ကျင်းပပြုလုပ်ခဲ့သည်။
ကချင်ပြည်နယ် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီး တန်ဖိုးမြှင့်စားသောက်ကုန် ထုတ်လုပ်မှုနည်းပညာသင်တန်းဖွင့်ပွဲသို့ တက်ရောက်
Jun 01,2026
မိသားစုဝင်ငွေ တိုးပွားစေရန်၊ တစ်ပိုင်တစ်နိုင် စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာစေရန်နှင့် ဆင်းရဲနွမ်းပါးမှု လျှော့ချနိုင်စေရန်ရည်ရွယ်၍ ကချင်ပြည်နယ်အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနက တန်ဖိုးမြှင့်စားသောက်ကုန် (Bakery) ထုတ်လုပ်မှုနည်းပညာသင်တန်းဖွင့်ပွဲကို ယနေ့နံနက်ပိုင်းက အဆိုပါဦးစီးဌာန သင်တန်းခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်နယ်အစိုးရအဖွဲ့ဝင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီး ဦးရဲရင့်ဆွေ တက်ရောက်ဖွင့်လှစ်ပေးသည်။
တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးအေးကျော် ကျန်းမာရေးဝန်ကြီးဌာနမှ ပါမောက္ခ/အထူးကု ဆရာဝန်ကြီးများက အထူးကုဆေးကုသရေးအစီအစဉ်ဖြင့် ပြည်သူများအား အခမဲ့ဆေးကုသ ပေးနေမှုများကို ကြည့်ရှုအားပေး
Jun 01,2026
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၊ ပုသိမ်ပြည်သူ့ဆေးရုံကြီးတွင် ကျန်းမာရေးဝန်ကြီးဌာနမှ ပါမောက္ခ/ အထူးကုဆရာဝန်ကြီးများက အထူးကုဆေးကုသရေး အစီအစဉ်ဖြင့် ပြည်သူများအား အခမဲ့ဆေးကုသဆောင်ရွက်ပေးလျက်ရှိရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအေးကျော်နှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများသည် မေ ၃၀ ရက်နေ့နံနက်ပိုင်းက သွားရောက်ကြည့်ရှုအားပေးခဲ့သည်။
မိုးညှင်းမြို့နယ်တွင် အခြေခံပညာကျောင်းများစတင်ဖွင့်လှစ်၍ ကျောင်းသားကျောင်းသူများ ပညာသင်ကြား
Jun 01,2026
ကချင်ပြည်နယ် မိုးညှင်းခရိုင် မိုးညှင်းမြို့နယ်တွင် ဇွန်လ (၁) ရက် နံနက်ပိုင်းမှစတင်ကာ ၂၀၂၆-၂၀၂၇ ပညာသင်နှစ် အခြေခံပညာစာသင်ကျောင်းများ စတင်ဖွင့်လှစ်ရာတွင် ကျောင်းသား ကျောင်းသူများ စိတ်အေးချမ်းမြေ့စွာဖြင့် ပညာသင်ကြားလျက်ရှိကြောင်း သိရသည်။
ဓနုဖြူမြို့နယ်တွင် အခြေခံပညာကျောင်းများစတင်ဖွင့်လှစ်သင်ကြားလျက်ရှိ
Jun 01,2026
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်တွင် ယနေ့ ဇွန်လ (၁) ရက်နေ့မှစ၍ အခြေခံပညာကျောင်းများအား စတင်ဖွင့်လှစ်သင်ကြားပေးလျက်ရှိသည်။