သတင်းများ

ရန်ကုန်တိုင်းဒေသကြီး အမျိုးသမီးရေးရာအဖွဲ့မှကြီးမှူးဖွင့်လှစ်သည့် ခေါင်းစည်းဆံညှပ် အလှဆင်ပြုလုပ်နည်း သင်တန်းဆင်းပွဲအခမ်းအနား ကျင်းပ
Dec 11,2025
ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ ပုဇွန်တောင်မြို့နယ်၊ အမှတ်(၁၀)ရပ်ကွက်ရှိ တိုင်းဒေသကြီးရုံးအစည်းအဝေးခန်းမတွင် ရန်ကုန်တိုင်းဒေသကြီးအမျိုးသမီးရေးရာအဖွဲ့မှ ကြီးမှူးဖွင့်လှစ်သည့် ခေါင်းစည်းဆံညှပ် အလှဆင်ပြုလုပ်နည်းသင်တန်းဆင်းပွဲအခမ်းအနားကို ယနေ့ မွန်းလွဲ ၃ နာရီက ကျင်းပခဲ့သည်။
ဘိုကလေးမြို့နယ်တွင် မဲရုံအဖြစ်အသုံးပြုမည့် အဆောက်အဦးများ မီးဘေးလုံခြုံရေး စစ်ဆေးဆောင်ရွက်
Dec 11,2025
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်တွင် ၂၀၂၅ ခုနှစ်ပါတီစုံ ဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအား မဲရုံ(၂၆၅)ရုံဖြင့် ကျင်းပပြုလုပ်မည်ဖြစ်ရာ အဆိုပါ မဲရုံအဖြစ်အသုံးပြုမည့် စာသင်ကျောင်းအဆောက်အဦးများအား မီးဘေးလုံခြုံရေးအတွက် ဒီဇင်ဘာ (၁၀)ရက်နေ့မှစတင်၍ မြို့နယ်မီးသတ်ဦးစီးဌာန တာဝန်ရှိသူများက လှည့်လည် စစ်ဆေးဆောင်ရွက်လျက်ရှိသည်။
ကျေးရွာတွင်း လမ်းပန်းဆက်သွယ်ရေးကောင်းမွန်စေရေးနှင့် အိမ်ခြေ(၁၂၀)အတွက် သန့်ရှင်းသောသောက်သုံးရေရရှိရေး ဆောင်ရွက်
Dec 11,2025
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်၊ တခွန်တိုင်ကျေးရွာအုပ်စု၊ သဖန်းတန်းကျေးရွာ၌ VDP စီမံကိန်းထောက်ပံ့ငွေဖြင့် ကျောက်ရောမြေလမ်းခင်းခြင်းလုပ်ငန်းနှင့် ရေသန့်စက်တပ်ဆင်ခြင်း လုပ်ငန်းဆောင်ရွက်နေမှုကို ယနေ့နံနက်ပိုင်းက မြို့နယ်ကျေးလက်ဒေသဖွံဖြိုးတိုးတက်ရေးဦးစီးဌာန၊ တောင်ငူခရိုင်ဦးစီးမှူးနှင့် ​မြို့နယ်ဦးစီးမှူးတို့ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ပုသိမ်တက္ကသိုလ် မောင်မယ်သစ်လွင်ကြိုဆိုပွဲ အခမ်းအနားတက်ရောက်
Dec 11,2025
၂၀၂၅ - ၂၀၂၆ ပညာသင်နှစ်၊ ပုသိမ်တက္ကသိုလ်၏ မောင်မယ်သစ်လွင်ကြိုဆိုပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက အဆိုပါတက္ကသိုလ်၏ ဘွဲ့နှင်းသဘင်ခန်းမတွင်ပြုလုပ်ခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်အတူ တက်ရောက်ခဲ့ပြီး ကြိုဆိုနှုတ်ခွန်းဆက် စကားပြောကြားခဲ့သည်။
အမရပူရမြို့နယ်၌ ဧရာမင်း မိုးစပါး တစ်ဧက အစိုအထွက်တင်း ၁၃၉ တင်းထွက်ရှိ
Dec 11,2025
မန္တလေးတိုင်းဒေသကြီး၊ အမရပူရခရိုင်၊ အမရပူရမြို့နယ်၊ တမုတ်ဆိုးကျေးရွာရှိ တောင်သူ ဦးအောင်မျိုးထွန်း၏ ကွင်းအမှတ် ၅၇၀-၁၊ ဦးပိုင်အမှတ် ၆၃/၁ ပေါက်အင်းကွင်းရှိ ဧရာမင်း  မိုးစပါးစိုက်ဧက ၃ဒသမ၁၈ ဧကကို ယနေ့နံနက် ၉ နာရီက အမရပူရမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနက ဦးဆောင်၍ မိုးစပါးစံကွက်ရိတ်သိမ်းပွဲ ကိုပြုလုပ်ခဲ့သည်။
ကသာမြို့၌ ရွေးကောက်ပွဲဆိုင်ရာ အသိပညာပေး မြေစိုက်ပိုစတာစိုက်ထူ
Dec 11,2025
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ကသာမြို့၌ ဒီဇင်ဘာ ၂၈ ရက်တွင်ကျင်းပမည့်ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအောင်မြင်စွာကျင်းပနိုင်ရေးအတွက် လှုံ့ဆော်ရေးမြေစိုက်ပိုစတာစိုက်ထူခြင်း၊ လက်ကမ်းစာစောင်ဖြန့်ဝေခြင်းများကို ယနေ့နံနက် ၉ နာရီက ဆောင် ရွက်ကြကြောင်း သိရသည်။
ပုလောမြို့၌ ဒို့အတူတူမဲပေးကြစို့ လှုံဆော်ရေးပိုစတာ စိုက်ထူ
Dec 11,2025
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပုလောမြို့၌ ဒို့အတူတူမဲပေးကြမယ် လှုံ့ဆော်ရေးပိုစတာစိုက်ထူခြင်းနှင့် လက်ကမ်းစာစောင် ဖြန့်ဝေခြင်းတို့ကို ဒီဇင်ဘာလ ၁၀ ရက် နံနက် ၁၀ နာရီက ပုလောမြို့နယ်ခန်းမရှေ့တွင် ဆောင်ရွက်ခဲ့ သည်။
အမရပူရမြို့နယ်၌ စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်စကားဝိုင်းဆွေးနွေး ကျင်းပ
Dec 11,2025
မန္တလေးတိုင်းဒေသကြီး၊ အမရပူရခရိုင်၊ အမရပူရမြို့နယ်၌ မျိုးဆက်သစ်ကျောင်းသား၊ ကျောင်းသူလေးများအား ဗလငါးတန်နှင့်ပြည့်စုံစေသည့် ကျောင်းသား၊ ကျောင်းသူများ ဖြစ်လာစေရန် စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်စကားဝိုင်းဆွေးနွေးပွဲကို ယနေ့နံနက် ၁ဝ နာရီခွဲအချိန်က အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း မေတ္တာရိပ်ခန်းမ၌ ကျင်းပခဲ့သည်။