သတင်းများ

လပွတ္တာမြို့နယ်တွင် မြို့ရွှေတာပဒေသာညဈေး ဖွင့်ပွဲအခမ်းအနားကျင်းပ
Dec 11,2025
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ လပွတ္တာမြို့ အမှတ်(၅)ရပ်ကွက် ဘုရားလမ်းနှင့်လမ်းမတော်လမ်း၌ "မြို့ရွှေတာပဒေသာညဈေး " ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ ညနေ ၅ နာရီခွဲအချိန်က ကျင်းပပြုလုပ်သည်။
ခမောက်ကြီးမြို့၌ ဒို့အတူတူမဲပေးကြစို့ လှုံ့ဆော်ရေးပိုစတာစိုက်ထူခြင်းနှင့် လက်ကမ်းစာစောင် ဖြန့်ဝေ
Dec 11,2025
တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ခမောက်ကြီးမြို့၌ ၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ ဒို့အတူတူမဲပေးကြမယ် လှုံ့ဆော်ရေးပိုစတာ စိုက်ထူခြင်းနှင့် လက်ကမ်းစာစောင်ဖြန့်ဝေခြင်းတို့ကို ယနေ့နံနက် ၉ နာရီက ခမောက်ကြီးမြို့ အမှတ် (၁) ရပ်ကွက်ရှိ ပြည်ထောင်စုလမ်းမကြီးနံဘေး လူစည်ကားရာနေရာများတွင် ဆောင်ရွက်ခဲ့သည်။
ကျွန်းလှမြို့နယ်၌ ဆောင်းမြေပဲလျာထားချက်ပိုမိုစိုက်ပျိုးပြီး အောင်မြင်ဖြစ်ထွန်း
Dec 11,2025
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် ဆီထွက်သီးနှံမျိုးစုံကို ရာသီအလိုက် စိုက်ပျိုးထုတ်လုပ်ကြရာ ယခုနှစ်ဆောင်းသီးနှံစိုက်ပျိုးရာသီ၌ မြေပဲလျာထားချက် ထက်ပိုမိုစိုက်ပျိုးနိုင်ပြီး အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း သိရသည်။
မင်းကင်းမြို့တွင် ရှေးဟောင်းသမိုင်းဝင် ဖောင်တော်ဦးမြတ်စွာဘုရားရုပ်ပွားတော်မြတ် မြို့တွင်းသို့ ဒေသဇာရီကြွချီအပူဇော်ခံယူပွဲကျင်းပ
Dec 11,2025
စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်၊ မင်းကင်းမြို့၊ အမှတ်(၁)ရပ်ကွက်အတွင်း တည်ထားကိုးကွယ်‌တော်မူသော ရှေးဟောင်းသမိုင်းဝင် ဖောင်တော်ဦးမြတ်စွာဘုရားရုပ်ပွားတော်မြတ်မြို့တွင်းသို့ အပူဇော်ခံယူပွဲကို ယနေ့နံနက် ၈ နာရီက ကျင်းပပြုလုပ်ခဲ့သည်။
အမရပူရမြို့နယ်၌ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ
Dec 11,2025
မန္တလေးတိုင်းဒေသကြီး၊ အမရပူရခရိုင်၊ အမရပူရမြို့နယ်၌ ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၂၈ ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ညနေ ၄ နာရီအချိန်က ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ယာယီအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
မင်းကင်းမြို့၌ ပဋ္ဌာန်းရွတ်ဖတ်ပူဇော်ပွဲ(အောင်ပွဲ) မြို့တွင်းသို့ လှည့်လည်ပွဲကျင်းပ
Dec 11,2025
စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်၊ မင်းကင်းမြို့အမှတ်(၂)ရပ်ကွက်၊ ကန်တော်ပရိယတ္တိစာသင်တိုက် ပဓာနနာယကဆရာတော်ဘဒ္ဒန္တတေဇနိယမွေးနေ့ ဝိဇ္ဇာဘမင်္ဂလာနှင့် ဂန္တဝါစကပဏ္ဍိတဘွဲ့တံဆိပ်တော် ဆက်ကပ်လှူဒါန်းပွဲအား လူပုဂ္ဂိုလ်ဆိုင်ရာပဋ္ဌာန်းရွတ်ဖတ် ပူဇော်ပွဲအောင်ပွဲမြို့တွင်းသို့ လှည့်လည်ရွတ်ဖတ်ပွဲကို ယမန်နေ့နံနက် ၈ နာရီအချိန်တွင် ကျင်းပပြုလုပ်ခဲ့သည်။
ဘားအံမြို့၌ ရွေးကောက်ခံမည့် နိုင်ငံရေးပါတီများမှ လွှတ်တော်ကိုယ်စားလှယ်များ၏ အမည်၊ သင်္ကေတအမှတ်အသားနှင့် အမှတ်စဉ်များကို မဲပေးစက်တွင် အတည်ပြုတပ်ဆင်ခြင်း ဆောင်ရွက်
Dec 11,2025
ကရင်ပြည်နယ်၊ ဘားအံမြို့တွင် ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ (၂၈) ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကို အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ပြင်ဆင်ဆောင်ရွက်ရမည့် လုပ်ငန်းရပ်များကို စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိရာ ရွေးကောက်ခံမည့် နိုင်ငံရေးပါတီအသီးသီးမှ လွှတ်တော်ကိုယ်စားလှယ်များ၏ အမည်၊ သင်္ကေတအမှတ်အသားနှင့် အမှတ်စဉ်များကို (MEVM) မဲပေးစက်တွင် အတည်ပြုတပ်ဆင်ခြင်းကို ယနေ့နံနက်ပိုင်းက ကရင်ပြည်နယ် လွှတ်တော်ရုံးတွင် ဆောင်ရွက်လျက်ရှိရာ ကရင်ပြည်နယ်အစိုးရအဖွဲ့ဝင် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး၊ ကရင်ပြည်နယ်မဲပေးစက်ဆိုင်ရာ တာဝန်ခံဝန်ကြီးဦးညီညီဇော်က ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ကျောင်းဆောင်သစ်ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်
Dec 11,2025
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့၊ အမှတ်(၄) အခြေခံပညာအလယ်တန်းကျောင်းတွင် အသစ်ဆောက်လုပ်ပြီးစီးခဲ့သော ကျောင်းဆောင်သစ်အား ပညာရေးဌာနသို့ လွှဲပြောင်းပေးအပ်ခြင်း အခမ်းအနားအား ဒီဇင်ဘာလ (၉) ရက်နေ့ မွန်းလွဲ (၁:၀၀) နာရီအချိန်က အဆိုပါကျောင်းတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။